1 Samuel 6

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဖိ​လိတ္တိ​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​သည် ခု​နစ်​လ​မျှ​ရောက်​ရှိ​နေ​ပြီး နောက်၊-
1 Esteve a arca do Senhor na terra dos filisteus sete meses.
2 ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မှော်​ဆ​ရာ​များ​ကို ဖိတ်​ခေါ်​ကာ``ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း။ ထို​သေတ္တာ​တော်​ကို​မူ​ရင်း အ​ရပ်​သို့​ပြန်​လည်​ပို့​ဆောင်​မည်​ဆို​ပါ​က ယင်း​နှင့်​အ​တူ​အ​ဘယ်​ပူ​ဇော်​သကာ​ကို ပေး​သင့်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
2 Estes convocaram os seus sacerdotes e adivinhos e perguntaram-lhes: Que faremos da arca do Senhor? Dizei-nos como havemos de a devolver ao seu lugar. Eles responderam:
3 ထို​သူ​တို့​က``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြန်​ပို့​မည်​ဆို​လျှင်​ပူ ဇော်​သ​ကာ​မ​ပါ​၍​မ​ဖြစ်။ သင်​တို့​၏​အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ကို​ပါ​ပေး​လှူ​ရ​ကြ မည်။ ယင်း​သို့​ပြု​လျှင်​သင်​တို့​သည်​အ​နာ ရော​ဂါ​ပျောက်​ကင်း​ကြ​လိမ့်​မည်။ ကိုယ်​တော် သည်​သင်​တို့​အား အ​ဘယ်​ကြောင့်​ဒဏ်​ခတ် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​သိ​ရှိ ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။
3 Se devolveis a arca do Deus de Israel, não a mandeis vazia, mas juntai a ela uma oferta expiatória. Se fordes curados, sabereis então por que sua mão não cessou de pesar sobre vós.
4 ဖိ​လိတ္တိ​ခေါင်း​ဆောင်​များ​က``ငါ​တို့​သည် အ​ဘယ်​ပူ​ဇော်​သကာ​ကို​ပေး​လှူ​ရ​ပါ​မည် နည်း'' ဟု​မေး​ကြ​လျှင်
4 Que oferta expiatória, perguntaram eles, devemos fazer? Responderam: Cinco tumores de ouro e cinco ratos de ouro, conforme o número dos príncipes dos filisteus, porque foi essa a praga que vos feriu a vós e aos vossos príncipes.
5 အ​နာ​စိမ်း​၏​ပုံ​စံ၊ သင်​တို့​ပြည်​ကို​ဖျက်​ဆီး လျက်​နေ​သည့်​ကြွက်​၏​ပုံ​စံ​တို့​ကို​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​ကို​ဂုဏ် ပြု​ချီး​မြှင့်​ရ​မည်။ ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​ပြည်​ကို​လည်း​ကောင်း​ဒဏ်​မ ခတ်​တော့​ဘဲ​နေ​ကောင်း​နေ​တော်​မူ​လိမ့်​မည်။-
5 Fazei, pois, figuras de vossos tumores e figuras de ratos que devastam a terra. Dai assim glória ao Deus de Israel; talvez retire ele a sua mão de cima de vós, de vosso deus e de vossa terra.
6 သင်​တို့​သည်​အ​ဘယ်​ကြောင့်​အီ​ဂျစ်​ဘု​ရင် နှင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့​ခေါင်း​မာ နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ ခွင့်​မ​ပြု​မ​ချင်း​ဘု​ရား​သ​ခင်​သည် သူ​တို့ အား​အ​ဘယ်​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​မေ့​ကြ​နှင့်။-
6 Por que endureceis os vossos corações como os egípcios e o faraó? Estes só deixaram partir os israelitas quando o Senhor mandou os seus castigos sobre eles.
7 သို့​ဖြစ်​၍​လှည်း​သစ်​ကို​ပြု​လုပ်​ပြီး​နောက် တစ် ခါ​မျှ​ထမ်း​ပိုး​မ​တင်​ဘူး​သေး​သော​သား​ငယ် ရှိ​သည့်​နွား​မ​နှစ်​ကောင်​ကို​လှည်း​၌​တပ်​၍ သား​ငယ်​တို့​ကို​မူ​ခြံ​သို့​ပြန်​ပို့​လော့။-
7 Fazei um carro novo, escolhei duas vacas que aleitam, e que não tenham ainda levado o jugo, e metei-as no carro, depois de terdes preso os seus bezerros no curral.
8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လှည်း​ပေါ်​သို့​တင်​ပြီး​လျှင် သင်​တို့​၏ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော​ရွှေ ရုပ်​တု​များ​ကို​အ​ခြား​သော​သေတ္တာ​တစ်​လုံး တွင်​ထည့်​၍​သေတ္တာ​တော်​အ​နီး​၌​ထား​လော့။ ထို နောက်​လှည်း​ကို​အ​လို​ရှိ​ရာ​သို့​ထွက်​ခွာ​သွား စေ​လော့။-
8 Colocareis no carro a arca do Senhor, juntamente com um cofre, no qual poreis todos os objetos de ouro que ofereceis como expiação; depois deixai-a partir.
9 လှည်း​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​စောင့်​၍ ကြည့်​လော့။ အ​ကယ်​၍​ဗက်​ရှေ​မက်​မြို့​ရှိ​ရာ​သို့ သွား​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သည် ငါ​တို့​အ​ပေါ်​သို့​ကြောက်​မက်​ဖွယ်​ရာ​ကပ် ရော​ဂါ​ကို​ကျ​ရောက်​စေ​ကြောင်း​သိ​မှတ်​ရ​မည်။ သို့​ရာ​တွင်​လှည်း​သည်​ထို​မြို့​ရှိ​ရာ​သို့​မ​သွား ခဲ့​သော် ကိုယ်​တော်​သည်​ငါ​တို့​ထံ​ကပ်​ရော​ဂါ ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကပ်​ရော​ဂါ သည်​အ​လို​အ​လျောက်​ဆိုက်​ရောက်​လာ​ခြင်း သာ​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​မည်။''
9 Segui-a com os olhos: se ela subir pelo caminho de sua terra, para as bandas de Bet-Sames, é o Senhor quem nos enviou esta praga; do contrário, conheceremos que não foi a sua mão que nos feriu, mas que tudo isto foi um simples acidente.
10 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​စေ​ခိုင်း​သည့် အ​တိုင်း နွား​မ​နှစ်​ကောင်​ကို​လှည်း​တွင်​တပ်​၍ နွား​ငယ်​က​လေး​များ​ကို​ခြံ​တွင်​လှောင်​ထား ကြ​၏။-
10 Assim o fizeram. Tomaram duas vacas que aleitavam e prenderam-nas a um carro, pondo os seus bezerros no curral.
11 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ရွှေ​ကြွက်​ရုပ်​နှင့် ရွှေ​အ​နာ​စိမ်း​ရုပ်​တု​ပုံ​များ ပါ​ရှိ​သည့်​သေတ္တာ နှင့်​အ​တူ​လှည်း​ပေါ်​သို့​တင်​ကြ​၏။-
11 Puseram no carro a arca do Senhor com o cofre que continha os ratos de ouro e as figuras dos tumores.
12 နွား​မ​တို့​သည်​ဗက်​ရှေ​မက်​လမ်း​အ​တိုင်း စ​တင်​ထွက်​ခွာ​ပြီး ဝဲ​ယာ​မ​ကွေ့​ဘဲ​တည့် မတ်​စွာ​တစ်​လမ်း​လုံး​အော်​မြည်​လျက် ဗက် ရှေ​မက်​မြို့​ရှိ​ရာ​သို့​သွား​ကြ​လေ​သည်။ ဖိ လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဗက်​ရှေ​မက် မြို့​နယ်​စပ်​အ​နီး​အ​ထိ​လိုက်​ပါ​သွား​ကြ ၏။
12 As vacas tomaram diretamente o caminho que vai a Bet-Sames e seguiram sempre o mesmo caminho, mugindo, sem se desviarem nem para a direita nem para a esquerda. Os príncipes dos filisteus seguiram-nas até o limite de Bet-Sames.
13 ဗက်​ရှေ​မက်​မြို့​သား​တို့​သည်​ချိုင့်​ဝှမ်း​ထဲ​တွင် ဂျုံ​စ​ပါး​များ​ကို​ရိတ်​သိမ်း​လျက်​နေ​စဉ်​ရုတ် တ​ရက်​မျှော်​ကြည့်​လိုက်​သော​အ​ခါ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​အ​တိုင်း ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​၏။-
13 Ora, os betsamitas segavam o trigo no vale. Levantando os olhos, viram a arca e alegraram-se.
14 လှည်း​သည်​ဗက်​ရှေ​မက်​မြို့​သား​ယော​ရှု​၏ လယ်​သို့​ရောက်​သော​အ​ခါ ကျောက်​တုံး​ကြီး အ​နီး​တွင်​ရပ်​တန့်​လေ​သည်။ လူ​တို့​သည်​လှည်း ကို​ခုတ်​ဖြတ်​၍​နွား​မ​တို့​ကို​သတ်​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။-
14 O carro chegou à terra de Josué, o betsamita, onde se deteve. Havia ali uma grande pedra. Cortaram em pedaços a madeira do carro e ofereceram as vacas em holocausto ao Senhor.
15 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့် ရွှေ​ရုပ်​များ​ပါ ရှိ​သည့်​သေတ္တာ​ကို​ချီ​ပင့်​ပြီး​လျှင်​ကျောက်​တုံး ကြီး​ပေါ်​တွင်​တင်​ထား​ကြ​၏။ ထို​နောက်​ဗက် ရှေ​မက်​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ​ဇော် သကာ​များ​ကို​တင်​လှူ​ကြ​၏။-
15 Os levitas desceram a arca do Senhor, juntamente com o cofre que vinha junto, contendo os objetos de ouro, e colocaram-na sobre a grande pedra. Os betsamitas ofereceram holocaustos e sacrifícios ao Senhor naquele dia.
16 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဤ​အ​ခြင်း အ​ရာ​ကို​ကြည့်​ရှု​ကြ​ပြီး​နောက် ထို​နေ့​၌​ပင် ဧ​ကြုန်​မြို့​သို့​ပြန်​သွား​ကြ​၏။
16 E os cinco príncipes dos filisteus, que tudo tinham visto, voltaram naquele mesmo dia para Acaron.
17 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရွှေ​အ​နာ​စိမ်း ရုပ်​ငါး​ခု​ကို​မြို့​တစ်​မြို့​လျှင် တစ်​ခု​နှုန်း​ဖြင့် အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့၊ အာ​ရှ​ကေ​လုန်​မြို့၊ ဂါ​သ မြို့​နှင့်​ဧ​ကြုန်​မြို့​တို့​ကို​ရည်​စူး​၍​မိ​မိ​တို့ အ​တွက် အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပေး​ပို့​ကြ​၏။-
17 Eis o número das figuras de hemorróidas de ouro que os filisteus ofereceram ao Senhor como oferta expiatória: uma por Azot, uma por Gaza, uma por Ascalon, uma por Get, uma por Acaron.
18 သူ​တို့​သည်​ကြွက်​ရုပ်​များ​ကို​လည်း​ဖိ​လိတ္တိ ဘု​ရင်​များ အ​စိုး​ရ​သည့်​ခံ​တပ်​မြို့​များ​နှင့် ကျေး​ရွာ​များ​အ​တွက် တစ်​မြို့​လျှင်​တစ်​ခု ကျ​စီ​ဆက်​သ​ပေး​ပို့​ကြ​၏။ ဗက်​ရှေ​မက် မြို့​သား​ယော​ရှု​၏​လယ်​၌​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တင်​ရာ​ကျောက်​တုံး ကြီး​သည် ထို​စဉ်​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​၌​အ​သိ​သက်​သေ​အ​ဖြစ်​ဖြင့်​ယ​နေ့ တိုင်​အောင်​တည်​ရှိ​နေ​လေ​သည်။
18 Ofereceram, além disso, tantos ratos de ouro quantas cidades havia pertencentes aos cinco príncipes, cidades fortificadas e aldeias sem muros, Disto é testemunha a grande pedra, sobre a qual puseram a arca do Senhor, no campo de Josué, o betsamita, onde pode ser vista até o dia de hoje.
19 ဗက်​ရှေ​မက်​မြို့​သား​ခု​နစ်​ဆယ်​တို့​သည် ပ​ဋိ ညာဉ်​သေတ္တာ​တော်​ထဲ​သို့​ကြည့်​မိ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သေ​ဒဏ် ခတ်​တော်​မူ​၏။ မြို့​သား​တို့​သည်​မိ​မိ​တို့ အ​ထဲ​မှ​လူ​မြောက်​မြား​စွာ​ကို ထာ​ဝ​ရ ဘု​ရား​သေ​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​၏။
19 O Senhor feriu os habitantes de Bet-Sames, porque tinham olhado para dentro de sua arca: feriu setenta homens entre cinqüenta mil. O povo chorou por causa desse grande golpe com que o Senhor, o tinha ferido.
20 သို့​ဖြစ်​၍​ဗက်​ရှေ​မက်​မြို့​သား​တို့​က``သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ အ​ဘယ်​သူ​သည် ရပ်​တည်​နိုင်​ပါ​မည်​နည်း။ ငါ​တို့​နှင့်​ဝေး​အောင် ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​သို့​ပင့်​ဆောင် သွား​ရ​ပါ​မည်​နည်း'' ဟု​ဆို​၍၊-
20 Os habitantes de Bet-Sames disseram: Quem poderá subsistir na presença do Senhor, deste Deus Santo? E para quem irá {a arca}, afastando-se de nós?
21 ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။
21 Mandaram dizer aos habitantes de Cariatiarim: Os filisteus devolveram a arca do Senhor; vinde e levai-a para vós.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.