1 Samuel 6
Common Language Bible (MYA) vs ARA
1 ဖိလိတ္တိပြည်တွင်ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်သည် ခုနစ်လမျှရောက်ရှိနေပြီး နောက်၊-
1 Sete meses esteve a arca do Senhor na terra dos filisteus.
2 ဖိလိတ္တိအမျိုးသားခေါင်းဆောင်များသည် ယဇ်ပုရောဟိတ်များနှင့် မှော်ဆရာများကို ဖိတ်ခေါ်ကာ``ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့အဘယ်သို့ပြုရ ကြပါမည်နည်း။ ထိုသေတ္တာတော်ကိုမူရင်း အရပ်သို့ပြန်လည်ပို့ဆောင်မည်ဆိုပါက ယင်းနှင့်အတူအဘယ်ပူဇော်သကာကို ပေးသင့်ပါသနည်း'' ဟုမေးမြန်းကြ၏။
2 Estes chamaram os sacerdotes e os adivinhadores e lhes disseram: Que faremos da arca do Senhor ? Fazei-nos saber como a devolveremos para o seu lugar.
3 ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။
3 Responderam eles: Quando enviardes a arca do Deus de Israel, não a envieis vazia, porém enviá-la-eis a seu Deus com uma oferta pela culpa; então, sereis curados e sabereis por que a sua mão se não tira de vós.
4 ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင်
4 Então, disseram: Qual será a oferta pela culpa que lhe havemos de apresentar? Responderam: Segundo o número dos príncipes dos filisteus, cinco tumores de ouro e cinco ratos de ouro, porquanto a praga é uma e a mesma sobre todos vós e sobre todos os vossos príncipes.
5 အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-
5 Fazei umas imitações dos vossos tumores e dos vossos ratos, que andam destruindo a terra, e dai glória ao Deus de Israel; porventura, aliviará a sua mão de cima de vós, e do vosso deus, e da vossa terra.
6 သင်တို့သည်အဘယ်ကြောင့်အီဂျစ်ဘုရင် နှင့် အီဂျစ်အမျိုးသားတို့ကဲ့သို့ခေါင်းမာ နေကြပါမည်နည်း။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုအီဂျစ်ပြည်မှထွက်ခွာ ခွင့်မပြုမချင်းဘုရားသခင်သည် သူတို့ အားအဘယ်သို့ဒဏ်ခတ်တော်မူခဲ့သည်ကို သင်တို့မမေ့ကြနှင့်။-
6 Por que, pois, endureceríeis o coração, como os egípcios e Faraó endureceram o coração? Porventura, depois de os haverem tratado tão mal, não os deixaram ir, e eles não se foram?
7 သို့ဖြစ်၍လှည်းသစ်ကိုပြုလုပ်ပြီးနောက် တစ် ခါမျှထမ်းပိုးမတင်ဘူးသေးသောသားငယ် ရှိသည့်နွားမနှစ်ကောင်ကိုလှည်း၌တပ်၍ သားငယ်တို့ကိုမူခြံသို့ပြန်ပို့လော့။-
7 Agora, pois, fazei um carro novo, tomai duas vacas com crias, sobre as quais não se pôs ainda jugo, e atai-as ao carro; seus bezerros, levá-los-eis para casa.
8 ထိုနောက်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုလှည်းပေါ်သို့တင်ပြီးလျှင် သင်တို့၏ အပြစ်ဖြေရာပူဇော်သကာတည်းဟူသောရွှေ ရုပ်တုများကိုအခြားသောသေတ္တာတစ်လုံး တွင်ထည့်၍သေတ္တာတော်အနီး၌ထားလော့။ ထို နောက်လှည်းကိုအလိုရှိရာသို့ထွက်ခွာသွား စေလော့။-
8 Então, tomai a arca do Senhor , e ponde-a sobre o carro, e metei num cofre, ao seu lado, as figuras de ouro que lhe haveis de entregar como oferta pela culpa; e deixai-a ir.
9 လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''
9 Reparai: se subir pelo caminho rumo do seu território a Bete-Semes, foi ele que nos fez este grande mal; e, se não, saberemos que não foi a sua mão que nos feriu; foi casual o que nos sucedeu.
10 သူတို့သည်ယဇ်ပုရောဟိတ်တို့စေခိုင်းသည့် အတိုင်း နွားမနှစ်ကောင်ကိုလှည်းတွင်တပ်၍ နွားငယ်ကလေးများကိုခြံတွင်လှောင်ထား ကြ၏။-
10 Assim fizeram aqueles homens, e tomaram duas vacas com crias, e as ataram ao carro, e os seus bezerros encerraram em casa.
11 ပဋိညာဉ်သေတ္တာတော်ကိုရွှေကြွက်ရုပ်နှင့် ရွှေအနာစိမ်းရုပ်တုပုံများ ပါရှိသည့်သေတ္တာ နှင့်အတူလှည်းပေါ်သို့တင်ကြ၏။-
11 Puseram a arca do Senhor sobre o carro, como também o cofre com os ratos de ouro e com as imitações dos tumores.
12 နွားမတို့သည်ဗက်ရှေမက်လမ်းအတိုင်း စတင်ထွက်ခွာပြီး ဝဲယာမကွေ့ဘဲတည့် မတ်စွာတစ်လမ်းလုံးအော်မြည်လျက် ဗက် ရှေမက်မြို့ရှိရာသို့သွားကြလေသည်။ ဖိ လိတ္တိဘုရင်ငါးပါးတို့သည်ဗက်ရှေမက် မြို့နယ်စပ်အနီးအထိလိုက်ပါသွားကြ ၏။
12 As vacas se encaminharam diretamente para Bete-Semes e, andando e berrando, seguiam sempre por esse mesmo caminho, sem se desviarem nem para a direita nem para a esquerda; os príncipes dos filisteus foram atrás delas, até ao território de Bete-Semes.
13 ဗက်ရှေမက်မြို့သားတို့သည်ချိုင့်ဝှမ်းထဲတွင် ဂျုံစပါးများကိုရိတ်သိမ်းလျက်နေစဉ်ရုတ် တရက်မျှော်ကြည့်လိုက်သောအခါ ပဋိညာဉ် သေတ္တာတော်ကိုတွေ့မြင်ကြသဖြင့်အတိုင်း ထက်အလွန်ဝမ်းမြောက်ကြ၏။-
13 Andavam os de Bete-Semes fazendo a sega do trigo no vale e, levantando os olhos, viram a arca; e, vendo-a, se alegraram.
14 လှည်းသည်ဗက်ရှေမက်မြို့သားယောရှု၏ လယ်သို့ရောက်သောအခါ ကျောက်တုံးကြီး အနီးတွင်ရပ်တန့်လေသည်။ လူတို့သည်လှည်း ကိုခုတ်ဖြတ်၍နွားမတို့ကိုသတ်ပြီးလျှင် မီးရှို့ရာယဇ်အဖြစ်ဖြင့်ထာဝရဘုရား အားပူဇော်ကြ၏။-
14 O carro veio ao campo de Josué, o bete-semita, e parou ali, onde havia uma grande pedra; fenderam a madeira do carro e ofereceram as vacas ao Senhor , em holocausto.
15 လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။-
15 Os levitas desceram a arca do Senhor , como também o cofre que estava junto a ela, em que estavam as obras de ouro, e os puseram sobre a grande pedra. No mesmo dia, os homens de Bete-Semes ofereceram holocaustos e imolaram sacrifícios ao Senhor .
16 ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဤအခြင်း အရာကိုကြည့်ရှုကြပြီးနောက် ထိုနေ့၌ပင် ဧကြုန်မြို့သို့ပြန်သွားကြ၏။
16 Viram aquilo os cinco príncipes dos filisteus e voltaram para Ecrom no mesmo dia.
17 ဖိလိတ္တိအမျိုးသားတို့သည်ရွှေအနာစိမ်း ရုပ်ငါးခုကိုမြို့တစ်မြို့လျှင် တစ်ခုနှုန်းဖြင့် အာဇုတ်မြို့၊ ဂါဇမြို့၊ အာရှကေလုန်မြို့၊ ဂါသ မြို့နှင့်ဧကြုန်မြို့တို့ကိုရည်စူး၍မိမိတို့ အတွက် အပြစ်ဖြေရာပူဇော်သကာအဖြစ် ဖြင့်ထာဝရဘုရားထံပေးပို့ကြ၏။-
17 São estes, pois, os tumores de ouro que enviaram os filisteus ao Senhor como oferta pela culpa: por Asdode, um; por Gaza, outro; por Asquelom, outro; por Gate, outro; por Ecrom, outro;
18 သူတို့သည်ကြွက်ရုပ်များကိုလည်းဖိလိတ္တိ ဘုရင်များ အစိုးရသည့်ခံတပ်မြို့များနှင့် ကျေးရွာများအတွက် တစ်မြို့လျှင်တစ်ခု ကျစီဆက်သပေးပို့ကြ၏။ ဗက်ရှေမက် မြို့သားယောရှု၏လယ်၌ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်တင်ရာကျောက်တုံး ကြီးသည် ထိုစဉ်အခါကဖြစ်ပျက်ခဲ့သည့် အမှု၌အသိသက်သေအဖြစ်ဖြင့်ယနေ့ တိုင်အောင်တည်ရှိနေလေသည်။
18 como também os ratos de ouro, segundo o número de todas as cidades dos filisteus, pertencentes aos cinco príncipes, desde as cidades fortes até às aldeias campestres. A grande pedra, sobre a qual puseram a arca do Senhor , está até ao dia de hoje no campo de Josué, o bete-semita.
19 ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။
19 Feriu o Senhor os homens de Bete-Semes, porque olharam para dentro da arca do Senhor , sim, feriu deles setenta homens; então, o povo chorou, porquanto o Senhor fizera tão grande morticínio entre eles.
20 သို့ဖြစ်၍ဗက်ရှေမက်မြို့သားတို့က``သန့်ရှင်း မြင့်မြတ်တော်မူသည့်ဘုရားတည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ အဘယ်သူသည် ရပ်တည်နိုင်ပါမည်နည်း။ ငါတို့နှင့်ဝေးအောင် ကိုယ်တော်အားအဘယ်အရပ်သို့ပင့်ဆောင် သွားရပါမည်နည်း'' ဟုဆို၍၊-
20 Então, disseram os homens de Bete-Semes: Quem poderia estar perante o Senhor , este Deus santo? E para quem subirá desde nós?
21 ကိရယတ်ယာရိမ်မြို့သားတို့ထံသို့တမန် များစေလွှတ်ပြီးလျှင်``ဖိလိတ္တိအမျိုးသား တို့သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပြန်လည်ပို့ဆောင်ကြလေပြီ။ သင် တို့လာ၍သေတ္တာတော်ကိုပင့်ဆောင်ကြပါ လော့'' ဟုမှာကြားလိုက်ကြ၏။
21 Enviaram, pois, mensageiros aos habitantes de Quiriate-Jearim, dizendo: Os filisteus devolveram a arca do Senhor ; descei, pois, e fazei-a subir para vós outros.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.