1 Samuel 30
Common Language Bible (MYA) vs VC
1 နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊-
1 Tendo Davi e seus homens chegado a Siceleg ao terceiro dia, com sua tropa, tinham os amalecitas feito uma incursão no Negeb e em Siceleg, ferindo e incendiando a cidade.
2 အမျိုးသမီးအပေါင်းတို့ကိုဖမ်းဆီးပြီး လျှင်ခေါ်ဆောင်သွားကြ၏။ သို့ရာတွင်မည် သူတစ်စုံတစ်ယောက်ကိုမျှမသတ်ခဲ့ကြ။
2 Haviam tomado as mulheres e todos os que ali se achavam, desde o menor até o maior; não mataram ninguém, mas levaram todos cativos para a sua terra.
3 ဒါဝိဒ်တို့လူစုရောက်ရှိလာသောအခါ မြို့မှာ မီးကျွမ်းလျက် မိမိတို့၏မယားနှင့်သားသမီး များကို ရန်သူတို့ဖမ်းဆီးသွားကြောင်းကို တွေ့ရှိသဖြင့်၊-
3 Davi e seus homens, ao chegarem, encontraram a cidade incendiada, e suas mulheres, filhos e filhas levados cativos.
4 အားအင်ကုန်ခန်းသည့်တိုင်အောင်ငိုကြွေး ကြ၏။-
4 Por isso choraram até não poder mais.
5 ဒါဝိဒ်၏မယားများဖြစ်ကြသော အဟိနောင် နှင့်အဘိဂဲလတို့ပင်လျှင်ပါသွားကြလေ သည်။
5 As duas mulheres de Davi, Aquinoã de Jezrael e Abigail de Carmelo, viúva de Nabal, estavam também presas.
6 ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-
6 Davi afligiu-se em extremo, porque os seus queriam apedrejá-lo, estando todos amargurados por causa da perda de seus filhos e filhas. Mas Davi se reconfortou no Senhor, seu Deus.
7 ဒါဝိဒ်သည်အဟိမလက်၏သား၊ ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆိုလျှင်အဗျာသာသည် သင်တိုင်းတော်ကိုယူဆောင်ခဲ့၏။-
7 E disse ao sacerdote Abiatar, filho de Aquimelec: Traze-me o efod. Abiatar trouxe-lhe o efod.
8 ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။
8 Davi consultou o Senhor: Devo perseguir essa gente? Alcançá-la-ei? Persegue-os, respondeu o Senhor; tu os alcançarás certamente e os vencerás.
9 သို့ဖြစ်၍ဒါဝိဒ်နှင့်လူခြောက်ရာတို့သည် ထွက်ခွာသွားကြရာဗေသော်ချောင်းသို့ရောက် ရှိသောအခါ အချို့သောသူတို့သည်ထို အရပ်တွင်နေရစ်ကြ၏။-
9 Davi pôs-se em marcha com os seiscentos homens de sua tropa, e chegaram à torrente de Besor, onde ficaram os que já estavam esgotados.
10 ဒါဝိဒ်သည်လူလေးရာနှင့်ဆက်၍သွား၏။ အခြားလူနှစ်ရာမှာမောပန်းလွန်းသဖြင့် ချောင်းကိုမကူးနိုင်ဘဲနေရစ်ကြ၏။
10 Davi prosseguiu a perseguição com quatrocentos homens, pois duzentos tinham ficado atrás, estando por demais cansados para poderem atravessar a torrente de Besor.
11 ဒါဝိဒ်နှင့်ပါလာသောလူတို့သည် အီဂျစ် အမျိုးသားလူငယ်တစ်ယောက်ကိုကျေးတော တွင်တွေ့၍ဒါဝိဒ်ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ သူတို့သည်ထိုလူငယ်အားအစားအစာ နှင့်ရေကိုလည်းကောင်း၊-
11 Encontraram no campo um egípco e levaram-no a Davi. Deram-lhe pão para comer, água para beber,
12 သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။-
12 um pedaço de torta de figos secos e duas tortas de uvas secas. Ele comeu e recobrou as forças, porque havia três dias e três noites que nada tinha comido nem bebido.
13 ဒါဝိဒ်သည်သူ့အား``သင်၏သခင်ကားမည်သူ နည်း။ သင်အဘယ်အရပ်မှလာသနည်း'' ဟု မေး၏။
13 Davi disse-lhe: Quem és tu, e de onde és? Eu sou um escravo egípcio, respondeu ele, a serviço de um amalecita. Meu senhor abandonou-me há três dias, porque caí doente.
14 ကျွန်တော်တို့သည်ယုဒပြည်တောင်ပိုင်းခေရသိ နယ်မြေနှင့် ကာလက်သားချင်းစု၏နယ်မြေကို တိုက်ခိုက်၍ဇိကလတ်မြို့ကိုမီးရှို့ခဲ့ကြပါ ၏'' ဟုပြန်ပြော၏။
14 Fizemos uma incursão no Negeb dos cereteus, no território de Judá, no Negeb de Caleb, e incendiamos Siceleg.
15 ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊
15 Davi disse-lhe: Queres conduzir-me a esse bando? Jura-me pelo nome de Deus, respondeu o homem, que não me matarás, nem me entregarás ao meu senhor, e eu te guiarei até esse bando.
16 ဒါဝိဒ်ကိုထိုသူတို့ထံသို့ခေါ်ဆောင်သွားလေသည်။
16 Guiados pelo egípcio, alcançaram-nos. Os amalecitas estavam espalhados por todo o campo, comendo, bebendo e festejando por causa da enorme presa que tinham tomado na terra dos filisteus e de Judá.
17 ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-
17 Davi feriu-os do romper do dia à tarde do dia seguinte, e só escaparam quatrocentos homens, que fugiram montados em camelos.
18 ဒါဝိဒ်သည်မိမိမယားနှစ်ယောက်နှင့်တကွ အာမလက်အမျိုးသားတို့သိမ်းယူသွား သမျှတို့ကိုပြန်လည်ရရှိလိုက်လေသည်။-
18 Recobrou Davi tudo o que os amalecitas tinham tomado, salvando também as suas duas mulheres.
19 အဘယ်အရာမျှပျောက်ဆုံးမှုမရှိ။ ဒါဝိဒ် သည်မိမိလူစု၏သားသမီးအပေါင်းကို လည်းကောင်း၊ အာမလက်အမျိုးသားတို့တိုက် ယူသွားသည့်ပစ္စည်းမှန်သမျှကိုလည်းကောင်း ပြန်၍ရလေသည်။-
19 E não faltou ninguém, nem pequeno nem grande, nem filho nem filha, nem o que quer que seja do espólio que tinham levado: Davi reconduziu tudo de volta.
20 သူတို့လူစုသည် သိုးအုပ်နွားအုပ်တို့ကိုလည်းပြန်လည်ရရှိသ ဖြင့် မိမိတို့ရှေ့တွင်မောင်းနှင်ကာ``ဤသိုးနွားများ ကားဒါဝိဒ်ပိုင်ပစ္စည်းများဖြစ်သည်'' ဟုဆိုကြ၏။
20 E tomou também todos os rebanhos e manadas, diante dos quais iam os homens, gritando: Eis a presa de Davi!
21 ထိုနောက်မောပန်းလွန်းသဖြင့် မိမိနှင့်မလိုက်နိုင် ဘဲဗေသော်ချောင်းအနီးတွင် နေရစ်သူလူနှစ်ရာ ရှိရာသို့ဒါဝိဒ်ပြန်လည်ရောက်ရှိလာ၏။ ထိုသူ တို့သည်ခရီးဦးကြိုပြုရန်ထွက်လာ၍ ဒါဝိဒ် တို့လူစုအားနှုတ်ဆက်ကြ၏။-
21 Foi, pois, Davi juntar-se aos duzentos homens deixados na torrente de Besor, por estarem cansados demais para segui-lo. E eles vieram ao encontro de Davi e de sua tropa, e Davi saudou-os ao chegar junto deles.
22 သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။
22 Todos os malvados, porém, todos os maus elementos que se encontravam na tropa de Davi, começaram a dizer: Visto que eles não foram conosco, nada lhes daremos do espólio recuperado, salvo, a cada um, a sua mulher e seus filhos. Que os tomem e se retirem!
23 သို့သော်ဒါဝိဒ်က``ညီအစ်ကိုတို့၊ ထာဝရဘုရား ငါတို့အားပေးသနားတော်မူသောပစ္စည်းဥစ္စာများ ကိုသင်တို့ဤသို့မပြုရ။ ကိုယ်တော်သည်ငါတို့ အားဘေးမဲ့လုံခြုံစွာထားတော်မူ၍ ငါတို့မြို့ ကိုချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သူတို့အား နှိမ်နင်းနိုင်ခွင့်ပေးတော်မူ၏။-
23 Não façais assim, meus irmãos, interveio Davi, com o que o Senhor nos deu, depois de nos ter protegido e nos ter entregue nas mãos a tropa que se tinha levantado contra nós!
24 သင်တို့၏အကြံပေးချက်ကိုအဘယ်သူမျှ လက်ခံနိုင်လိမ့်မည်မဟုတ်။ သင်တို့အားလုံးညီ တူညီမျှခွဲဝေယူရကြမည်။ စခန်းစောင့်နေ ရစ်ခဲ့သူသည်စစ်ပွဲဝင်ရန်သွားရောက်သူရရှိ သည့်အတိုင်းပင်ရရှိစေရမည်'' ဟုဆို၏။-
24 Quem poderia aceitar a proposta que fazeis? A parte dos que ficaram junto às bagagens será a mesma que a daqueles que foram ao combate. Eles compartilharão.
25 ဒါဝိဒ်သည်ဤသို့ဥပဒေကိုပြုလုပ်ခဲ့သဖြင့် ဣသရေလပြည်တွင်ယင်းဥပဒေသည်ယနေ့ တိုင်အောင်တည်မြဲလျက်ရှိပေသည်။
25 A partir daquele dia, estabeleceu Davi em Israel esse costume e esse direito que subsiste ainda hoje.
26 ဒါဝိဒ်သည်ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိ လာသောအခါ တိုက်ရာပါပစ္စည်းအချို့တို့ကို မိမိ၏မိတ်ဆွေများဖြစ်သောယုဒခေါင်းဆောင် များထံသို့အမှာစာရေး၍ပေးပို့လိုက်လေ သည်။ အမှာစာတွင်``ထာဝရဘုရား၏ရန်သူ များထံမှအကျွန်ုပ်ရရှိခဲ့သည့်တိုက်ရာပါ ပစ္စည်းအချို့ကိုသင်တို့အတွက်လက်ဆောင် ပေးပို့လိုက်ပါသည်'' ဟုဖော်ပြပါရှိ၏။-
26 De volta a Siceleg, enviou Davi uma parte do espólio aos anciãos de Judá, seus amigos, com esta mensagem: Eis um presente para vós, proveniente do espólio tomado aos inimigos do Senhor.
27 သူသည်ပစ္စည်းအချို့ကိုလည်းဗေသလမြို့၊ ယုဒပြည်တောင်ပိုင်းရှိရာမမြို့၊ ယတ္တိယမြို့၊-
27 Enviou igualmente uma parte aos de Betel, de Ramot, do Negeb,
28 အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊-
28 de Jeter, de Aroer, de Sefamot, de Estamo,
29 ရာခလမြို့၊ ယေရမေလသားချင်းစုတို့နေ ထိုင်ရာမြို့၊ ကေနိသားချင်းစုတို့နေထိုင်ရာမြို့၊-
29 de Racal, aos das cidades dos jerameelitas, aos das cidades dos cineus, aos de Arama,
30 ဟောမာမြို့၊ ခေါရာရှန်မြို့၊ အာသက်မြို့၊-
30 de Cor-Asã, de Atac,
31 ဟေဗြုန်မြို့မှစ၍မိမိနှင့်မိမိ၏လူစုတည်း ခိုခဲ့ဖူးသည့်မြို့ရွာရှိသမျှသို့ပေးပို့လိုက် လေသည်။
31 de Hebron e de todos os lugares por onde Davi tinha passado com seus homens.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 30, comparar traduções ou montar um estudo — tudo direto pelo WhatsApp.