1 Samuel 30

Common Language Bible (MYA) vs BKJ

Sair da comparação
1 နှစ်​ရက်​မျှ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​တို့​လူ​စု သည် ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ ကြ​၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ယု​ဒ ပြည်​တောင်​ပိုင်း​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ​ဇိ က​လတ်​မြို့​ကို​တိုက်​ခိုက်​မီး​ရှို့​၍၊-
1 E sucedeu, quando Davi e os seus homens haviam chegado a Ziclague, no terceiro dia, que os amalequitas haviam invadido o sul e Ziclague, e ferido a Ziclague, e a queimaram com fogo;
2 အ​မျိုး​သ​မီး​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ခေါ်​ဆောင်​သွား​ကြ​၏။ သို့​ရာ​တွင်​မည် သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​သတ်​ခဲ့​ကြ။
2 e haviam levado cativas as mulheres que nela estavam: eles não mataram nenhuma delas, nem grande, nem pequena, mas as tomaram, e prosseguiram no seu caminho.
3 ဒါ​ဝိဒ်​တို့​လူ​စု​ရောက်​ရှိ​လာ​သော​အ​ခါ မြို့​မှာ မီး​ကျွမ်း​လျက် မိ​မိ​တို့​၏​မ​ယား​နှင့်​သား​သ​မီး များ​ကို ရန်​သူ​တို့​ဖမ်း​ဆီး​သွား​ကြောင်း​ကို တွေ့​ရှိ​သ​ဖြင့်၊-
3 Então, Davi e os seus homens vieram à cidade, e eis que ela estava queimada pelo fogo; e as suas esposas, e os seus filhos, e as suas filhas tinham sido levados cativos.
4 အား​အင်​ကုန်​ခန်း​သည့်​တိုင်​အောင်​ငို​ကြွေး ကြ​၏။-
4 Então, Davi e o povo que com ele estava ergueram a sua voz e choraram, até que não tiveram mais força para chorar.
5 ဒါ​ဝိဒ်​၏​မ​ယား​များ​ဖြစ်​ကြ​သော အ​ဟိ​နောင် နှင့်​အ​ဘိ​ဂဲ​လ​တို့​ပင်​လျှင်​ပါ​သွား​ကြ​လေ သည်။
5 E as duas esposas de Davi foram levadas cativas: Ainoã, a jezreelita, e Abigail, a esposa de Nabal, o carmelita.
6 ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။-
6 E Davi ficou mui angustiado; pois o povo falou em apedrejá-lo, porque a alma de todo o povo estava aflita, cada homem por causa dos seus filhos e suas filhas; Davi, porém, animou-se no SENHOR, seu Deus.
7 ဒါ​ဝိဒ်​သည်​အ​ဟိ​မ​လက်​၏​သား၊ ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​လျှင်​အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို​ယူ​ဆောင်​ခဲ့​၏။-
7 E Davi disse a Abiatar, o sacerdote, filho de Aimeleque: Rogo-te que me traga aqui o éfode. E Abiatar trouxe o éfode para Davi.
8 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။
8 E Davi consultou o SENHOR, dizendo: Devo perseguir esta tropa? Devo alcançá-los? E Ele lhe respondeu: Persegue; pois tu certamente os alcançarás, e sem falta recuperará tudo.
9 သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​လူ​ခြောက်​ရာ​တို့​သည် ထွက်​ခွာ​သွား​ကြ​ရာ​ဗေ​သော်​ချောင်း​သို့​ရောက် ရှိ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ရစ်​ကြ​၏။-
9 Assim, Davi foi, ele e os seiscentos homens que com ele estavam, e chegou ao ribeiro de Besor, onde permaneciam os que foram deixados para trás.
10 ဒါ​ဝိဒ်​သည်​လူ​လေး​ရာ​နှင့်​ဆက်​၍​သွား​၏။ အ​ခြား​လူ​နှစ်​ရာ​မှာ​မော​ပန်း​လွန်း​သ​ဖြင့် ချောင်း​ကို​မ​ကူး​နိုင်​ဘဲ​နေ​ရစ်​ကြ​၏။
10 Davi porém foi ao encalço, ele e quatrocentos homens; pois duzentos ficaram para trás, os quais estavam tão fragilizados que não conseguiram atravessar o ribeiro de Besor.
11 ဒါ​ဝိဒ်​နှင့်​ပါ​လာ​သော​လူ​တို့​သည် အီ​ဂျစ် အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​ကို​ကျေး​တော တွင်​တွေ့​၍​ဒါ​ဝိဒ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သူ​တို့​သည်​ထို​လူ​ငယ်​အား​အ​စား​အ​စာ နှင့်​ရေ​ကို​လည်း​ကောင်း၊-
11 E eles acharam um egípcio no campo, e o trouxeram até Davi, e lhe deram pão, e ele comeu; e o fizeram beber água;
12 သင်္ဘော​သ​ဖန်း​သီး​ခြောက်​အ​နည်း​ငယ်​နှင့် စ​ပျစ် သီး​ခြောက်​နှစ်​ပြွတ်​ကို​လည်း​ကောင်း​ပေး​ကြ​၏။ လူ​ငယ်​သည်​ထို​အ​စား​အ​စာ​များ​ကို​စား​ပြီး နောက်​ပြန်​၍​အား​ပြည့်​လာ​လေ​သည်။ သူ​သည် သုံး​ရက်​တိုင်​တိုင်​မည်​သည့်​အ​စာ​ရေ​စာ​မျှ မ​စား​မ​သောက်​ခဲ့​ရ။-
12 e eles lhe deram um pedaço de um bolo de figos, e dois cachos de uvas passas; e quando ele terminou de comer, o seu espírito lhe retornou; pois ele não havia comido pão, nem bebido água, havia três dias e três noites.
13 ဒါ​ဝိဒ်​သည်​သူ့​အား``သင်​၏​သ​ခင်​ကား​မည်​သူ နည်း။ သင်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု မေး​၏။
13 E disse-lhe Davi: A quem tu pertences? E de onde és tu? E ele disse: Eu sou um jovem do Egito, servo de um amalequita; e o meu senhor me abandonou, porque três dias atrás eu caí enfermo.
14 ကျွန်​တော်​တို့​သည်​ယု​ဒ​ပြည်​တောင်​ပိုင်း​ခေ​ရ​သိ နယ်​မြေ​နှင့် ကာ​လက်​သား​ချင်း​စု​၏​နယ်​မြေ​ကို တိုက်​ခိုက်​၍​ဇိ​က​လတ်​မြို့​ကို​မီး​ရှို့​ခဲ့​ကြ​ပါ ၏'' ဟု​ပြန်​ပြော​၏။
14 Nós fizemos uma invasão ao sul dos queretitas, e ao termo que pertence a Judá, e ao sul de Calebe; e queimamos Ziclague com fogo.
15 ဒါ​ဝိဒ်​က``သင်​သည်​ထို​လူ​စု​ရှိ​ရာ​သို့​ငါ့​ကို လမ်း​ပြ​ပါ​မည်​လော'' ဟု​မေး​လျှင်၊
15 E Davi lhe disse: Podes tu me fazer descer até esta companhia? E ele disse: Jura-me por Deus, que tu não me matarás, nem me entregarás nas mãos do meu senhor, e eu te farei descer até esta companhia.
16 ဒါဝိဒ်​ကို​ထို​သူ​တို့​ထံ​သို့​ခေါ်​ဆောင်​သွား​လေ​သည်။
16 E quando ele desceu, eis que eles estavam espalhados ao largo de toda a terra, comendo e bebendo, e dançando, por causa de todo o grande despojo que haviam retirado da terra dos filisteus, e da terra de Judá.
17 ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​မှ​အ​စ ပြု​၍​ညဥ့်​ဦး​တိုင်​အောင် သူ​တို့​အား​တိုက်​ခိုက်​ရာ ကု​လား​အုတ်​စီး​သူ​လူ​ငယ်​လေး​ရာ​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထွက်​မ​ပြေး​နိုင်​ချေ။-
17 E Davi os feriu desde o crepúsculo até o anoitecer do dia seguinte; e não escapou dali nenhum dos homens deles, salvo quatrocentos jovens, os quais montaram em camelos e fugiram.
18 ဒါ​ဝိဒ်​သည်​မိ​မိ​မ​ယား​နှစ်​ယောက်​နှင့်​တ​ကွ အာ​မ​လက်​အ​မျိုး​သား​တို့​သိမ်း​ယူ​သွား သ​မျှ​တို့​ကို​ပြန်​လည်​ရ​ရှိ​လိုက်​လေ​သည်။-
18 E Davi recuperou tudo o que os amalequitas haviam levado consigo; e Davi resgatou suas duas esposas.
19 အ​ဘယ်​အ​ရာ​မျှ​ပျောက်​ဆုံး​မှု​မ​ရှိ။ ဒါ​ဝိဒ် သည်​မိ​မိ​လူ​စု​၏​သား​သ​မီး​အ​ပေါင်း​ကို လည်း​ကောင်း၊ အာ​မ​လက်​အ​မျိုး​သား​တို့​တိုက် ယူ​သွား​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း ပြန်​၍​ရ​လေ​သည်။-
19 E não houve nada que lhes faltasse, nem pequeno nem grande, nem filhos, nem filhas, nem despojo, nem coisa alguma que deles haviam levado. Davi recuperou tudo.
20 သူ​တို့​လူ​စု​သည် သိုး​အုပ်​နွား​အုပ်​တို့​ကို​လည်း​ပြန်​လည်​ရ​ရှိ​သ ဖြင့် မိ​မိ​တို့​ရှေ့​တွင်​မောင်း​နှင်​ကာ``ဤ​သိုး​နွား​များ ကား​ဒါ​ဝိဒ်​ပိုင်​ပစ္စည်း​များ​ဖြစ်​သည်'' ဟု​ဆို​ကြ​၏။
20 E Davi pegou todos os rebanhos e manadas, os quais eles levavam adiante daquele outro gado, e disse: Este é o despojo de Davi.
21 ထို​နောက်​မော​ပန်း​လွန်း​သ​ဖြင့် မိ​မိ​နှင့်​မ​လိုက်​နိုင် ဘဲ​ဗေ​သော်​ချောင်း​အ​နီး​တွင် နေ​ရစ်​သူ​လူ​နှစ်​ရာ ရှိ​ရာ​သို့​ဒါ​ဝိဒ်​ပြန်​လည်​ရောက်​ရှိ​လာ​၏။ ထို​သူ တို့​သည်​ခ​ရီး​ဦး​ကြို​ပြု​ရန်​ထွက်​လာ​၍ ဒါ​ဝိဒ် တို့​လူ​စု​အား​နှုတ်​ဆက်​ကြ​၏။-
21 E Davi veio até aos duzentos homens que estavam tão fragilizados que não conseguiram seguir Davi, os quais ele também fez com que permanecessem junto ao ribeiro de Besor; e eles se adiantaram para se encontrar com Davi, e para se encontrar com o povo que com ele estava; e, quando Davi se aproximou do povo, ele os saudou.
22 သို့​ရာ​တွင်​ဒါ​ဝိဒ်​နှင့်​အ​တူ​လိုက်​ပါ​သွား​သူ​များ အ​နက် စိတ်​သ​ဘော​ထား​သေး​သိမ်​ယုတ်​မာ​သော​လူ အ​ချို့​တို့​က``ထို​သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​မ​လိုက် ခဲ့​ကြ​သ​ဖြင့် သူ​တို့​အား​တိုက်​ရာ​ပါ​ပစ္စည်း​ကို​မျှ မ​ပေး​နိုင်​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​သား​သ​မီး များ​ကို​ခေါ်​၍​ထွက်​ခွာ​သွား​နိုင်​ပါ​သည်'' ဟု​ဆို ကြ​၏။
22 Então, responderam todos os homens ímpios, e os homens de Belial, daqueles que foram com Davi, e disseram: Como eles não foram conosco, não lhes daremos nada do despojo que recuperamos, salvo a esposa e os filhos de cada homem, para que eles possam guiá-los para longe e partir.
23 သို့​သော်​ဒါ​ဝိဒ်​က``ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ပစ္စည်း​ဥစ္စာ​များ ကို​သင်​တို့​ဤ​သို့​မ​ပြု​ရ။ ကိုယ်​တော်​သည်​ငါ​တို့ အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၍ ငါ​တို့​မြို့ ကို​ချင်း​နင်း​ဝင်​ရောက်​တိုက်​ခိုက်​ခဲ့​သူ​တို့​အား နှိမ်​နင်း​နိုင်​ခွင့်​ပေး​တော်​မူ​၏။-
23 Então disse Davi: Vós não fareis assim, irmãos meus, com aquilo que o SENHOR nos deu, aquele que nos preservou e entregou na nossa mão a companhia que veio contra nós.
24 သင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​အ​ဘယ်​သူ​မျှ လက်​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​လုံး​ညီ တူ​ညီ​မျှ​ခွဲ​ဝေ​ယူ​ရ​ကြ​မည်။ စ​ခန်း​စောင့်​နေ ရစ်​ခဲ့​သူ​သည်​စစ်​ပွဲ​ဝင်​ရန်​သွား​ရောက်​သူ​ရ​ရှိ သည့်​အ​တိုင်း​ပင်​ရ​ရှိ​စေ​ရ​မည်'' ဟု​ဆို​၏။-
24 Pois quem vos atentará nesta questão? Mas como é a parte daquele que desce à batalha, também será a parte daquele que esperou junto aos pertences: eles, igualmente, tomarão parte.
25 ဒါ​ဝိဒ်​သည်​ဤ​သို့​ဥ​ပ​ဒေ​ကို​ပြု​လုပ်​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​တွင်​ယင်း​ဥ​ပ​ဒေ​သည်​ယ​နေ့ တိုင်​အောင်​တည်​မြဲ​လျက်​ရှိ​ပေ​သည်။
25 E assim foi daquele dia em diante: ele fez disso um estatuto e uma ordenança para Israel até este dia.
26 ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-
26 E quando Davi chegou a Ziclague, ele enviou do despojo aos anciãos de Judá, aos seus amigos, dizendo: Eis aqui um presente para vós do despojo dos inimigos do SENHOR;
27 သူ​သည်​ပစ္စည်း​အချို့​ကို​လည်း​ဗေ​သ​လ​မြို့၊ ယု​ဒ​ပြည်​တောင်​ပိုင်း​ရှိ​ရာ​မ​မြို့၊ ယတ္တိ​ယ​မြို့၊-
27 para aqueles que estavam em Betel, e para aqueles que estavam no sul de Ramote, e para aqueles que estavam em Jatir,
28 အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊-
28 e para aqueles que estavam em Aroér, e para aqueles que estavam em Sifmote, e para aqueles que estavam em Estemoa,
29 ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​သား​ချင်း​စု​တို့​နေ ထိုင်​ရာ​မြို့၊ ကေ​နိ​သား​ချင်း​စု​တို့​နေ​ထိုင်​ရာ​မြို့၊-
29 e para aqueles que estavam em Racal, e para aqueles que estavam nas cidades dos jerameelitas, e para aqueles que estavam nas cidades dos queneus,
30 ဟော​မာ​မြို့၊ ခေါ​ရာ​ရှန်​မြို့၊ အာ​သက်​မြို့၊-
30 e para aqueles que estavam em Horma, e para aqueles que estavam em Borasã, e para aqueles que estavam em Atace,
31 ဟေ​ဗြုန်​မြို့​မှ​စ​၍​မိ​မိ​နှင့်​မိ​မိ​၏​လူ​စု​တည်း ခို​ခဲ့​ဖူး​သည့်​မြို့​ရွာ​ရှိ​သ​မျှ​သို့​ပေး​ပို့​လိုက် လေ​သည်။
31 e para aqueles que estavam em Hebrom, e para todos os lugares onde o próprio Davi e os seus homens estavam acostumados a se refugiar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 30, comparar traduções ou montar um estudo — tudo direto pelo WhatsApp.