1 Samuel 28

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊
1 Por aquele tempo, os filisteus mobilizaram suas tropas em um só exército para combater contra Israel. Aquis disse a Davi: Sabe que virás comigo à guerra, tu e os teus homens.
2 ဒါ​ဝိဒ်​က``မှန်​လှ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အ​ဘယ်​သို့​စွမ်း ဆောင်​နိုင်​သည်​ကို​ကိုယ်​တော်​တွေ့​မြင်​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။
2 Davi respondeu: Tu verás do que é capaz o teu servo. Pois bem, disse Aquis, confio-te para sempre a guarda de minha pessoa!
3 ရှ​မွေ​လ​ကွယ်​လွန်​ရာ​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သည်​ငို​ကြွေး​မြည်​တမ်း​လျက် သူ​၏​နေ​ရင်း​ဌာ​န​ရာ​မ​မြို့​တွင်​သူ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ကြ​၏။ ရှော​လု​သည်​ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​အ​ပေါင်း​တို့​အား​ဣ​သ​ရေ​လ ပြည်​မှ​နှင်​ထုတ် ထား​တော်​မူ​ခဲ့​၏။
3 Samuel tinha falecido e todo o Israel o chorara. Tinham-no sepultado em Ramá, sua cidade. E Saul expulsara da terra os necromantes, os feiticeiros e os adivinhos.
4 ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-
4 Os filisteus mobilizados vieram acampar em Sunão, enquanto Saul ajuntava os israelitas, acampando em Gelboé.
5 ဖိ​လိတ္တိ​တပ်​မ​တော်​ကို​မြင်​သော​အ​ခါ​ရှော​လု သည်​ထိတ်​လန့်​လျက်၊-
5 Ao ver o acampamento dos filisteus, Saul inquietou-se e teve grande medo.
6 မိ​မိ​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ထာ​ဝ​ရ​ဘု​ရား အား​မေး​လျှောက်​လေ​သည်။ သို့​သော်​ထာ​ဝ​ရ ဘု​ရား​သည်​အိပ်​မက်​များ​အား​ဖြင့်​သော်​လည်း ကောင်း၊ ဥ​ရိမ်​နှင့်​သု​မိမ်​အား​ဖြင့်​သော်​လည်း ကောင်း၊ ပ​ရော​ဖက်​များ​အား​ဖြင့်​သော်​လည်း ကောင်း​လုံး​ဝ​ဖြေ​ကြား​တော်​မ​မူ။-
6 E consultou o Senhor, o qual não lhe respondeu nem por sonhos, nem pelo urim, nem pelos profetas.
7 ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​၏​တပ်​မှူး​တို့ အား``နတ်​ဝင်​သည်​တစ်​ဦး​ကို​ရှာ​ကြ​လော့။ သူ​၏​ထံ​သို့​သွား​၍​ငါ​စုံ​စမ်း​မေး​မြန်း မည်'' ဟု​ဆို​၏။
7 O rei disse aos seus servos: Procurai-me uma necromante para que eu a consulte. Há uma em Endor, responderam-lhe.
8 ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။
8 Saul disfarçou-se, tomou outras vestes e pôs-se a caminho com dois homens. Chegaram à noite à casa da mulher. Saul disse-lhe: Predize-me o futuro, evocando um morto; faze-me vir aquele que eu te designar.
9 ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။
9 Respondeu-lhe a mulher: Tu bem sabes o que fez Saul, como expulsou da terra os necromantes e os adivinhos. Por que me armas ciladas para matar-me?
10 ထို​အ​ခါ​ရှော​လု​က``ဤ​အ​မှု​ကို​ပြု​သည့် အ​တွက်​သင်​အ​ပြစ်​ဒဏ်​မ​သင့်​စေ​ရ​ပါ​ဟု အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​က​တိ​ပြု​ပါ​၏'' ဟု​ဆို​လျှင်၊
10 Saul, porém, jurou-lhe pelo Senhor: Por Deus, disse ele, não te acontecerá mal algum por causa disso.
11 နတ်​ဝင်​သည်​မ​က``သင့်​အ​တွက်​အ​ဘယ်​သူ ကို​ခေါ်​ပေး​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ ရှော​လု က``ရှ​မွေ​လ'' ဟု​ဆို​၏။
11 Disse-lhe então a mulher: A quem evocarei? Evoca-me Samuel.
12 နတ်​ဝင်​သည်​မ​သည်​ရှ​မွေ​လ​ကို​မြင်​လျှင် အ​သံ​ကုန်​အော်​၍​ရှော​လု​အား``အ​ဘယ်​ကြောင့် ကျွန်​မ​အား​လိမ်​လည်​လှည့်​စား​တော်​မူ​ပါ သ​နည်း။ အ​ရှင်​ကား​ရှော​လု​ဘု​ရင်​ပင်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ဆို​၏။
12 E a mulher, tendo visto Samuel, soltou um grande grito: Por que me enganaste?, disse ela ao rei. Tu és Saul!
13 မင်း​ကြီး​က​လည်း``မ​ကြောက်​နှင့်။ သင်​မြင်​သည့် အ​ရာ​ကို​ငါ့​အား​ဖော်​ပြ​လော့'' ဟု​မိန့်​တော် မူ​၏။
13 E o rei: Não temas! Que vês? A mulher: Vejo um deus que sobe da terra.
14 ရှော​လု​က``ထို​သူ​သည်​အ​ဘယ်​သို့​အ​ဆင်း သဏ္ဌာန်​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
14 Qual é o seu aspecto? É um ancião, envolto num manto. Saul compreendeu que era Samuel, e prostrou-se com o rosto por terra.
15 ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​ကို​နှောင့်​ယှက်​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ငါ့​ကို​ပြန်​၍​ခေါ်​ယူ​ပါ​သ​နည်း'' ဟု​မေး​၏။
15 Samuel disse ao rei: Por que me incomodaste, fazendo-me subir aqui? Estou em grande angústia, disse o rei. Os filisteus atacam-me e Deus se retirou de mim, não me respondendo mais, nem por profetas, nem por sonhos. Chamei-te para que me indiques o que devo fazer.
16 ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို စွန့်​တော်​မူ​၍​ရန်​ဘက်​ဖြစ်​ပါ​လျက် သင် သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ယူ​ပါ သ​နည်း။-
16 Samuel disse-lhe: Por que me consultas, uma vez que o Senhor se retirou de ti, tornando-se teu adversário?
17 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဖြင့်​မိန့်​မြွက် တော်​မူ​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင့်​ကို​ပြု တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​၏​နိုင်​ငံ ကို​သင့်​ထံ​မှ​ရုပ်​သိမ်း​၍​ဒါ​ဝိဒ်​အား​ပေး အပ်​တော်​မူ​လေ​ပြီ။-
17 Fez o Senhor como tinha anunciado pela minha boca: ele tira a realeza de tua mão para dá-la a outro, a Davi.
18 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​ကို လွန်​ဆန်​၍ အာ​မ​လက်​အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့​ကို​အ​ကုန် အ​စင်​မ​ဖျက်​ဆီး​သ​ဖြင့် ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​ဤ​သို့​ဒဏ်​ခတ်​တော် မူ​ခြင်း​ဖြစ်​၏။-
18 Não obedeceste à voz do Senhor e não fizeste sentir a Amalec o fogo de sua cólera; eis por que o Senhor te trata hoje assim.
19 ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ​ဣ​သ​ရေ​လ နိုင်​ငံ​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်။ နက်​ဖြန်​ခါ​သင် နှင့်​သင်​၏​သား​တို့​သည်​ငါ​ရှိ​ရာ​အရပ်​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို လည်း ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
19 E mais: o Senhor vai entregar Israel, juntamente contigo, nas mãos dos filisteus. Amanhã, tu e teus filhos estareis comigo, e o Senhor entregará aos filisteus o acampamento de Israel.
20 ရှ​မွေ​လ​၏​စ​ကား​ကြောင့်​ရှော​လု​သည်​ထိတ် လန့်​ကာ​ရုတ်​တ​ရက်​မြေ​ပေါ်​သို့​လဲ​ကျ​ပြီး လျှင် အ​လျား​မှောက်​၍​နေ​လေ​သည်။ သူ​သည် တစ်​နေ့​လုံး​တစ်​ညဥ့်​လုံး​မည်​သည့်​အ​စား အ​စာ​ကို​မျှ​မ​စား​သ​ဖြင့်​အား​အင် ချည့်​နဲ့​၍​နေ​၏။-
20 Saul, atemorizado com as palavras de Samuel, caiu estendido por terra, pois estava extenuado, nada tendo comido todo aquele dia e toda aquela noite.
21 နတ်​ဝင်​သည်​မ​သည်​သူ့​အား​သွား​၍​ကြည့် ရာ​ထိတ်​လန့်​လျက်​နေ​သည်​ကို​တွေ့​သ​ဖြင့် ``အ​ရှင်၊ ကျွန်​မ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍ အ​ရှင်​ခိုင်း​စေ​ရာ​ကို​ပြု​ခဲ့​ပါ​၏။-
21 A mulher aproximou-se de Saul, e, vendo-o assim extremamente aterrado, disse-lhe: Tua serva obedeceu-te. Expus minha vida para obedecer à ordem que me deste.
22 ယ​ခု​ကျွန်​မ​လျှောက်​ထား​သည့်​အ​တိုင်း​အ​ရှင် ပြု​တော်​မူ​ပါ။ အ​ရှင့်​အား​ကျွန်​မ​အ​စား အ​စာ​အ​နည်း​ငယ်​ကို​ရှေ့​တော်​၌​တင်​ပါ​ရ စေ။ အ​ရှင်​သည်​ခ​ရီး​ပြု​နိုင်​အောင်​ခွန်​အား ရ​ရှိ​ရန်​စား​တော်​ခေါ်​ပါ'' ဟု​လျှောက်​၏။
22 Ouve agora, tu também, a voz de tua serva. Vou dar-te um pouco de alimento, para que o comas e tenhas força para retomar o teu caminho.
23 ရှော​လု​က​မိ​မိ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​စား လို​ကြောင်း​ငြင်း​ဆန်​၍​နေ​၏။ သို့​ရာ​တွင်​သူ​၏ ငယ်​သား​တို့​က​ဝိုင်း​၍​တိုက်​တွန်း​ကြ​သ​ဖြင့် သူ​သည်​နောက်​ဆုံး​၌​အ​လျော့​ပေး​ပြီး​လျှင် မြေ​ပေါ်​မှ​ထ​၍​ကု​တင်​ပေါ်​တွင်​ထိုင်​တော် မူ​၏။-
23 Saul, porém, recusou: Não comerei, disse ele. Entretanto, insistindo com ele seus servos e a mulher, cedeu; levantou-se do chão e sentou-se na cama.
24 နတ်​ဝင်​သည်​မ​လည်း​မိ​မိ​ဝ​အောင်​ကျွေး​ထား သည့်​နွား​ငယ်​ကို​အ​လျင်​အ​မြန်​စီ​ရင်​၍ မုန့် ညက်​အ​နည်း​ငယ်​ကို​နယ်​ကာ​တ​ဆေး​မ​ပါ သော​မုန့်​ကို​ဖုတ်​လေ​၏။-
24 A mulher tinha em casa um bezerro cevado. Matou-o depressa e, tomando farinha, amassou-a, fazendo com ela pães sem fermento.
25 ထို​နောက်​ထို​အ​စား​အ​စာ​ကို​ရှော​လု​နှင့် ငယ်​သား​တို့​အား​ကျွေး​၏။ သူ​တို့​သည်​စား သောက်​ကြ​ပြီး​လျှင်​ထို​ညဥ့်​၌​ပင်​ထွက် ခွာ​သွား​ကြ​၏။
25 Cozeu-os e levou-os a Saul e à sua gente. Tendo comido, levantaram-se e partiram naquela mesma noite.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.