1 Samuel 28
Common Language Bible (MYA) vs NVT
1 ကာလအနည်းငယ်ကြာသောအခါဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလပြည်ကို တိုက်ခိုက်ရန်စစ်သည်များကိုစုရုံးကြ၏။ ထိုအခါအာခိတ်သည်ဒါဝိဒ်အား``သင်တို့ လူစုသည်ငါ၏ဘက်မှနေ၍တိုက်ရကြ မည်'' ဟုဆိုလျှင်၊
1 Naqueles dias, os filisteus reuniram suas tropas para outra guerra contra Israel. O rei Aquis disse a Davi: “Saiba que você e seus homens sairão à batalha comigo”.
2 ဒါဝိဒ်က``မှန်လှပါ။ အကျွန်ုပ်သည်အရှင်၏ အစေခံဖြစ်ပါ၏။ အကျွန်ုပ်အဘယ်သို့စွမ်း ဆောင်နိုင်သည်ကိုကိုယ်တော်တွေ့မြင်ရပါ လိမ့်မည်'' ဟုလျှောက်၏။
2 “Está bem”, disse Davi. “Agora o senhor verá por si mesmo o que somos capazes de fazer.” Então Aquis disse a Davi: “Colocarei você como meu guarda pessoal enquanto eu viver”.
3 ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။
3 Nesse tempo, Samuel já havia morrido, e todo o Israel tinha chorado sua morte. Estava sepultado em Ramá, sua cidade natal. Saul havia expulsado da nação todos os médiuns e todos os que consultam os espíritos dos mortos.
4 ဖိလိတ္တိအမျိုးသားစစ်သည်များသည်ရှုနင် မြို့အနီးတွင်စုရုံး၍တပ်စခန်းချလျက်နေ ကြ၏။ ရှောလုမူကားဣသရေလအမျိုး သားတို့ကိုစုရုံးပြီးလျှင် ဂိလဗောတောင် ထိပ်တွင်တပ်စခန်းချလျက်နေ၏။-
4 Os filisteus acamparam em Suném, e Saul reuniu todo o exército israelita e acampou em Gilboa.
5 ဖိလိတ္တိတပ်မတော်ကိုမြင်သောအခါရှောလု သည်ထိတ်လန့်လျက်၊-
5 Quando Saul viu o imenso exército dos filisteus, entrou em pânico.
6 မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။-
6 Consultou o S enhor a respeito do que deveria fazer, mas o S enhor não lhe respondeu, nem por sonhos, nem pelo Urim, nem por profetas.
7 ထိုအခါရှောလုသည်မိမိ၏တပ်မှူးတို့ အား``နတ်ဝင်သည်တစ်ဦးကိုရှာကြလော့။ သူ၏ထံသို့သွား၍ငါစုံစမ်းမေးမြန်း မည်'' ဟုဆို၏။
7 Então Saul disse a seus conselheiros: “Procurem uma mulher que seja médium, para que eu pergunte a ela o que fazer”. Seus conselheiros responderam: “Há uma médium em En-Dor”.
8 ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။
8 Então Saul se disfarçou com roupas comuns e, acompanhado de dois de seus homens, foi à noite à casa da mulher. “Preciso falar com um homem que está morto”, disse ele à mulher. “Você pode invocar o espírito dele para mim?”
9 ထိုအမျိုးသမီးက``ရှောလုမင်းသည်ဗေဒင် ဆရာနှင့်နတ်ဝင်သည်တို့အား ဣသရေလ ပြည်မှအဘယ်သို့နှင်ထုတ်တော်မူခဲ့သည် ကိုသင်အမှန်ပင်သိပါလျက် ကျွန်မအသတ် ခံရလေအောင်အဘယ်ကြောင့်ဤသို့ကျွန်မ အားကျော့ကွင်းထောင်၍ဖမ်းပါသနည်း'' ဟု ဆို၏။
9 “Quer que me matem?”, respondeu ela. “Você sabe que Saul expulsou todos os médiuns e todos os que consultam os espíritos dos mortos. Por que prepara uma armadilha contra a minha vida?”
10 ထိုအခါရှောလုက``ဤအမှုကိုပြုသည့် အတွက်သင်အပြစ်ဒဏ်မသင့်စေရပါဟု အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါကျိန်ဆိုကတိပြုပါ၏'' ဟုဆိုလျှင်၊
10 Saul, porém, jurou em nome do S enhor e prometeu: “Tão certo como vive o S enhor , nenhum mal lhe acontecerá por isso”.
11 နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။
11 Por fim, a mulher disse: “De quem é o espírito que devo invocar?”. “De Samuel”, respondeu Saul.
12 နတ်ဝင်သည်မသည်ရှမွေလကိုမြင်လျှင် အသံကုန်အော်၍ရှောလုအား``အဘယ်ကြောင့် ကျွန်မအားလိမ်လည်လှည့်စားတော်မူပါ သနည်း။ အရှင်ကားရှောလုဘုရင်ပင်ဖြစ် ပါသည်တကား'' ဟုဆို၏။
12 Quando a mulher viu Samuel, gritou: “Você me enganou! Você é Saul!”.
13 မင်းကြီးကလည်း``မကြောက်နှင့်။ သင်မြင်သည့် အရာကိုငါ့အားဖော်ပြလော့'' ဟုမိန့်တော် မူ၏။
13 “Não tenha medo”, disse o rei. “O que você vê?” “Vejo um deus
14 ရှောလုက``ထိုသူသည်အဘယ်သို့အဆင်း သဏ္ဌာန်ရှိပါသနည်း'' ဟုမေးတော်မူ၏။
14 “Qual é a aparência dele?”, perguntou Saul. “É um ancião envolto num manto”, respondeu ela. Saul entendeu que era Samuel e se curvou diante dele com o rosto em terra.
15 ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။
15 Então Samuel perguntou a Saul: “Por que me perturba, chamando-me de volta?”. “Porque estou muito angustiado”, respondeu Saul. “Os filisteus estão em guerra contra mim! Deus me abandonou e não me responde por meio de profetas nem por sonhos. Por isso chamei o senhor, para que me diga o que fazer.”
16 ရှမွေလက``ထာဝရဘုရားသည်သင့်ကို စွန့်တော်မူ၍ရန်ဘက်ဖြစ်ပါလျက် သင် သည်အဘယ်ကြောင့်ငါ့ကိုခေါ်ယူပါ သနည်း။-
16 Samuel, porém, disse: “Por que me consultar, se o S enhor o abandonou e se tornou seu inimigo?
17 ထာဝရဘုရားသည်ငါ့အားဖြင့်မိန့်မြွက် တော်မူခဲ့သည့်အတိုင်း ယခုသင့်ကိုပြု တော်မူလေပြီ။ ကိုယ်တော်သည်သင်၏နိုင်ငံ ကိုသင့်ထံမှရုပ်သိမ်း၍ဒါဝိဒ်အားပေး အပ်တော်မူလေပြီ။-
17 O S enhor fez exatamente conforme tinha dito por meu intermédio. Rasgou de suas mãos o reino e o entregou a outro, Davi.
18 သင်သည်ထာဝရဘုရား၏အမိန့်တော်ကို လွန်ဆန်၍ အာမလက်အမျိုးသားများနှင့် သူတို့၏ပစ္စည်းဥစ္စာရှိသမျှတို့ကိုအကုန် အစင်မဖျက်ဆီးသဖြင့် ယခုထာဝရ ဘုရားသည်သင့်အားဤသို့ဒဏ်ခတ်တော် မူခြင်းဖြစ်၏။-
18 O S enhor lhe fez isso hoje porque você se recusou a executar a ira ardente dele contra os amalequitas.
19 ကိုယ်တော်သည်သင်နှင့်တကွဣသရေလ နိုင်ငံကို ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်။ နက်ဖြန်ခါသင် နှင့်သင်၏သားတို့သည်ငါရှိရာအရပ်သို့ ရောက်ရှိလာကြလိမ့်မည်။ ထိုနောက်ထာဝရ ဘုရားသည်ဣသရေလတပ်မတော်ကို လည်း ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်'' ဟုဆို၏။
19 Além disso, o S enhor entregará você e o exército de Israel nas mãos dos filisteus e, amanhã, você e seus filhos estarão aqui comigo. O S enhor entregará o exército de Israel nas mãos dos filisteus”.
20 ရှမွေလ၏စကားကြောင့်ရှောလုသည်ထိတ် လန့်ကာရုတ်တရက်မြေပေါ်သို့လဲကျပြီး လျှင် အလျားမှောက်၍နေလေသည်။ သူသည် တစ်နေ့လုံးတစ်ညဥ့်လုံးမည်သည့်အစား အစာကိုမျှမစားသဖြင့်အားအင် ချည့်နဲ့၍နေ၏။-
20 No mesmo instante, Saul caiu estendido no chão, paralisado de terror com as palavras de Samuel. Estava fraco de fome, pois não havia comido nada durante todo aquele dia e toda aquela noite.
21 နတ်ဝင်သည်မသည်သူ့အားသွား၍ကြည့် ရာထိတ်လန့်လျက်နေသည်ကိုတွေ့သဖြင့် ``အရှင်၊ ကျွန်မသည်မိမိအသက်ကိုစွန့်၍ အရှင်ခိုင်းစေရာကိုပြုခဲ့ပါ၏။-
21 Quando a mulher viu quanto ele estava perturbado, disse: “Meu senhor, obedeci à sua ordem e arrisquei minha vida.
22 ယခုကျွန်မလျှောက်ထားသည့်အတိုင်းအရှင် ပြုတော်မူပါ။ အရှင့်အားကျွန်မအစား အစာအနည်းငယ်ကိုရှေ့တော်၌တင်ပါရ စေ။ အရှင်သည်ခရီးပြုနိုင်အောင်ခွန်အား ရရှိရန်စားတော်ခေါ်ပါ'' ဟုလျှောက်၏။
22 Agora, faça o que digo e deixe que eu lhe dê alguma coisa para comer, a fim de que recupere as forças para a viagem de volta”.
23 ရှောလုကမိမိအဘယ်အရာကိုမျှမစား လိုကြောင်းငြင်းဆန်၍နေ၏။ သို့ရာတွင်သူ၏ ငယ်သားတို့ကဝိုင်း၍တိုက်တွန်းကြသဖြင့် သူသည်နောက်ဆုံး၌အလျော့ပေးပြီးလျှင် မြေပေါ်မှထ၍ကုတင်ပေါ်တွင်ထိုင်တော် မူ၏။-
23 Mas Saul se recusou a comer. Seus servos também insistiram para que ele se alimentasse, até que, por fim, ele concordou. Então ele se levantou do chão e foi sentar-se na cama.
24 နတ်ဝင်သည်မလည်းမိမိဝအောင်ကျွေးထား သည့်နွားငယ်ကိုအလျင်အမြန်စီရင်၍ မုန့် ညက်အနည်းငယ်ကိုနယ်ကာတဆေးမပါ သောမုန့်ကိုဖုတ်လေ၏။-
24 A mulher estava engordando um bezerro, de modo que saiu depressa e o matou. Pegou um punhado de farinha, preparou a massa e assou um pão sem fermento.
25 ထိုနောက်ထိုအစားအစာကိုရှောလုနှင့် ငယ်သားတို့အားကျွေး၏။ သူတို့သည်စား သောက်ကြပြီးလျှင်ထိုညဥ့်၌ပင်ထွက် ခွာသွားကြ၏။
25 Trouxe a refeição para Saul e seus conselheiros, e eles comeram. Depois, saíram naquela mesma noite.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.