1 Samuel 23

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ကိ​လ​မြို့​ကို တိုက်​ခိုက်​၍ ရိတ်​သိမ်း​ပြီး​စ​ကောက်​သစ်​များ ကို​လု​ယူ​သော​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား လျှင်၊-
1 Disseram a Davi: Os filisteus estão atacando Ceila e pilhando as eiras.
2 ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။
2 Davi consultou o Senhor: Devo ferir os filisteus? O Senhor respondeu: Vai; tu os ferirás e libertarás Ceila.
3 သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ပေါင်း​ပါ​တို့​က``ဤ ယု​ဒ​ပြည်​တွင်​ပင်​လျှင်​အ​ကျွန်ုပ်​တို့​ကြောက် လန့်​လျက်​နေ​ရ​ကြ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကို​သွား​ရောက်​တိုက်​ခိုက်​ပါ​မူ ပို​၍​ပင်​အ​ခြေ အ​နေ​ဆိုး​ရွား​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​သ​ဖြင့်၊-
3 Os homens de Davi, porém, disseram-lhe: Mesmo aqui em Judá estamos cheios de medo; quanto mais se formos a Ceila contra as tropas dos filisteus?
4 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ဖန် လျှောက်​ထား​မေး​မြန်း​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား က``ကိ​လ​မြို့​သို့​သွား​ရောက်​တိုက်​ခိုက်​လော့။ ငါ သည်​သင့်​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
4 Davi consultou novamente o Senhor, que lhe respondeu: Vai; desce a Ceila, porque entrego os filisteus nas tuas mãos.
5 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​သူ​၏​အ​ပေါင်း​ပါ​တို့​သည် ကိ​လ​မြို့​သို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​လူ​အ​မြောက်​အ​မြား ကို​သတ်​ဖြတ်​၍​သိုး​နွား​များ​ကို​သိမ်း​ယူ​ကြ​၏။ ဤ​သို့​လျှင်​ဒါ​ဝိဒ်​သည်​ကိ​လ​မြို့​ကို​ကယ်​တင် လေ​သည်။
5 Davi foi para Ceila com os seus homens e atacou os filisteus, tomando-lhes o gado e infligindo-lhes uma grande derrota. Assim libertou os habitantes de Ceila.
6 အ​ဟိ​မ​လက်​၏​သား​အ​ဗျာ​သာ​သည်​ထွက် ပြေး​လွတ်​မြာက်​ပြီး​နောက် ကိ​လ​မြို့​ရှိ​ဒါ​ဝိဒ် ထံ​သို့​ဝင်​ရောက်​လာ​သော​အ​ခါ သူ​သည်​မိ​မိ နှင့်​အ​တူ​ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ယူ ဆောင်​လာ​ခဲ့​၏။
6 {Ora, quando Abiatar, filho de Aquimelec, fugira para junto de Davi a Ceila, levava consigo o efod.}
7 ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-
7 Saul foi informado de que Davi se encontrava em Ceila, e disse: Deus entregou-o nas minhas mãos, pois foi encerrar-se em uma cidade com portas e ferrolhos.
8 ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။
8 O rei convocou todo o povo às armas para descer a Ceila e sitiar Davi com sua tropa.
9 ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-
9 Mas Davi, sabendo que Saul maquinava perdê-lo, disse ao sacerdote Abiatar: Traze o efod!
10 ထို​နောက်​ဒါ​ဝိဒ်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး ကြောင့်​ကိ​လ​မြို့​သို့​လာ​ရောက်​၍ မြို့​ကို​ဖျက် ဆီး​ပစ်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကြား​ရ ပါ​၏။-
10 E ajuntou: Senhor, Deus de Israel, vosso servo sabe que Saul pretende penetrar em Ceila para destruir a cidade por causa de mim.
11 ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။
11 Será que os habitantes de Ceila me entregarão nas suas mãos? Saul descerá como o vosso servo ouviu dizer? Senhor, Deus de Israel, fazei-o saber ao vosso servo. O Senhor respondeu: Ele descerá.
12 ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။
12 E Davi ajuntou: Os habitantes de Ceila entregar-me-ão a mim e a meus homens, nas mãos de Saul? O Senhor respondeu: Entregarão.
13 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။
13 Então Davi partiu precipitadamente com a sua tropa, em número de aproximadamente seiscentos homens, e saíram de Ceila, marchando ao acaso. Saul, informado de que Davi deixara Ceila, renunciou à expedição.
14 ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-
14 Davi permaneceu no deserto, em lugares bem protegidos, e habitou no monte do deserto de Zif. Saul procurava-o sem cessar; mas Deus não o entregou nas suas mãos.
15 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။
15 Davi, sabendo que Saul tinha saído para tirar-lhe a vida, ficou no deserto de Zif, em Horcha.
16 ယော​န​သန်​သည်​ဒါ​ဝိဒ်​ထံ​သို့​လာ​၍ ဘု​ရား​သ​ခင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​စိတ်​ချ ယုံ​ကြည်​ရန်​အား​ပေး​လျက်၊-
16 Então Jônatas, filho de Saul, foi ter com ele em Horcha. E confortou-o em Deus, dizendo:
17 ``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-
17 Não temas, porque não te atingirá a mão de meu pai. Tu reinarás sobre Israel, e eu serei o teu segundo; meu pai bem o sabe.
18 ထို​နောက်​သူ​တို့​သည်​အ​ပြန်​အ​လှန်​ကတိ​သစ္စာ ပြု​ကြ​ပြီး​လျှင် ဒါ​ဝိဒ်​သည်​ဟော​ရေ​ရှ​အ​ရပ် တွင်​နေ​ရစ်​၍​ယော​န​သန်​မူ​ကား​မိ​မိ​၏​အိမ် သို့​ပြန်​လေ​၏။
18 Fizeram ambos aliança diante do Senhor. Davi ficou em Horcha e Jônatas voltou para a sua casa.
19 ဇိ​ဖ​အ​ရပ်​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ ရာ​ဂိ​ဗာ​မြို့​သို့​သွား​၍``ဒါ​ဝိဒ်​သည်​အ​ကျွန်ုပ် တို့​၏​နယ်​အ​တွင်း​ယု​ဒ​တော​ကန္တာ​ရ​တောင် ပိုင်း၊ ဟ​ခိ​လ​တောင်​ထိပ်​ပေါ်​ရှိ​ဟော​ရေ​ရှ အ​ရပ်​တွင်​ပုန်း​အောင်း​နေ​ပါ​သည်။-
19 Alguns zifeus subiram a ter com Saul em Gabaa, e disseram-lhe: Davi está escondido entre nós no fortim de Horcha, na colina de Haquila, à direita do deserto.
20 အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​သူ့​အား​အ​လွန် ပင်​ဖမ်း​ဆီး​ရ​မိ​လို​ကြောင်း​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​နယ် သို့​ကြွ​တော်​မူ​ပါ။ သူ့​အား​ဖမ်း​မိ​ရန်​အ​ကျွန်ုပ် တို့​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။
20 Desce, pois, ó rei, já que tanto o desejas, e nós nos encarregamos de entregá-lo nas tuas mãos.
21 ရှော​လု​က``ဤ​သို့​ငါ့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​ကြ​သည့်​အ​တွက် သင်​တို့​အား​ထာ​ဝ​ရ ဘုရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။-
21 Que o Senhor vos abençoe, respondeu Saul, porque vos compadecestes de mim.
22 သင်​တို့​သည်​သွား​၍​တစ်​ဖန်​သေ​ချာ​အောင် ပြု​ကြ​လော့။ သူ​သည်​အ​ဘယ်​အ​ရပ်​တွင်​ရှိ သည်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​သူ့​အား အ​ဘယ်​သူ​တွေ့​ရှိ​ခဲ့​သည်​ကို​လည်း​ကောင်း အ​သေ​အ​ချာ​စုံ​စမ်း​ကြ​လော့။ သူ​သည် အ​လွန်​ပါး​နပ်​လိမ္မာ​သည်​ဟု​ငါ​ကြား​သိ ရ​သည်။-
22 Ide, informai-vos diligentemente, e procurai saber o lugar onde ele se encontra, ou se alguém o viu, porque me foi dito que ele é muito astuto!
23 သူ​ပုန်း​အောင်း​နေ​သည့်​အ​ရပ်​များ​ကို​တိ​ကျ သေ​ချာ​စွာ​မှတ်​သား​ပြီး​မှ ငါ့​ထံ​သို့​ချက် ချင်း​သ​တင်း​ပေး​ပို့​လော့။ ထို​အ​ခါ​သင်​တို့ နှင့်​အ​တူ​ငါ​လိုက်​၍​ရှာ​ဖွေ​မည်။ ဒါ​ဝိဒ်​သည် ယု​ဒ​ပြည်​တွင်​ရှိ​နေ​သေး​လျှင် ငါ​သည်​ယု​ဒ ပြည်​တစ်​လျှောက်​လုံး​ကို​ပင်​လိုက်​လံ​ရှာ​ဖွေ ရ​စေ​ကာ​မူ​သူ့​ကို​မိ​အောင်​ဖမ်း​မည်'' ဟု မိန့်​တော်​မူ​၏။
23 Explorai e descobri todos os seus esconderijos, e voltai a mim com notícias seguras, a fim de eu ir convosco, pois se ele estiver na terra, eu o descobrirei entre a multidão de Judá.
24 သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ရှော​လု​၏​အ​လျင် ဇိ​ဖ​အ​ရပ်​သို့​ပြန်​လည်​ထွက်​ခွာ​လာ​ခဲ့​ကြ ၏။ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​ယေ​ရှိ​မုန် မြို့​တောင်​ဘက်၊ အာ​ရ​ဗာ​ချိုင့်​ဝှမ်း​ရှိ​မော​န တော​ကန္တာ​ရ​တွင်​ရှိ​နေ​ကြ​၏။-
24 Partiram antes de Saul para Zif; mas Davi e os seus estavam já no deserto de Maon, na planície ao sul do deserto.
25 ရှော​လု​နှင့်​စစ်​သည်​တပ်​သား​တို့​သည်​ဒါ​ဝိဒ် ကို​ရှာ​ရန်​ထွက်​လာ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​ရ​လျှင် မော​န တော​ကန္တာ​ရ​ရှိ​ကျောက်​တောင်​သို့​သွား​ရောက် ပုန်း​အောင်း​လေ​သည်။ ဤ​အ​ကြောင်း​ကို ကြား​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​ရှိ ရာ​သို့​လိုက်​၍​ရှာ​တော်​မူ​၏။-
25 Saul partiu com seus homens à sua procura. Mas Davi, informado disso, desceu à Rocha e permaneceu no deserto de Maon. Saul o soube e foi persegui-lo ali.
26 ရှော​လု​နှင့်​တပ်​သား​များ​က​တောင်​တစ်​ဘက် တွင်​ရှိ​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​က​အ​ခြား တစ်​ဘက်​တွင်​ရှိ​ကြ​၏။ ရှော​လု​နှင့်​တပ်​သား တို့​သည်​ဒါ​ဝိဒ်​တို့​လူ​စု​အား​ဖမ်း​မိ​ခါ​နီး ပြီ​ဖြစ်​၍ ဒါ​ဝိဒ်​တို့​လူ​စု​သည်​လွတ်​မြောက် ရန်​ကြိုး​စား​နေ​စဉ်၊-
26 Saul ia por um flanco da montanha, e Davi com os seus pelo outro, em fuga precipitada para escapar de Saul. No momento, porém, em que Saul com seus homens iam apoderar-se de Davi e sua gente,
27 ခြေ​လျင်​တော်​သည်​ရှော​လု​ထံ​သို့​ရောက်​ရှိ လာ​၍``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ကျွန်ုပ် တို့​၏​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လျက်​နေ ပါ​ပြီ။ ချက်​ချင်း​ပြန်​၍​ကြွ​တော်​မူ​ပါ'' ဟု​မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့်၊-
27 veio um mensageiro anunciar ao rei: Vem depressa; os filisteus entraram na terra.
28 ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ဆက်​၍​လိုက်​လံ​ဖမ်း ဆီး​မှု​မ​ပြု​တော့​ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​သွား​တော်​မူ​၏။ ထို အ​ရပ်​တွင်​သူ​တို့​နှစ်​စု​အား​ခွဲ​ခြား​ထား သည်​ကို​အ​ကြောင်း​ပြု​၍ ထို​အ​ရပ်​ကို``ခွဲ ခြား​ထား​သော​တောင်'' ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​သ​တည်း။-
28 Saul abandonou a perseguição e foi combater os filisteus. Por isso, àquele lugar foi dado o nome de Rocha da Separação.
29 ဒါ​ဝိဒ်​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​၍ အင်္ဂေ​ဒိ ဒေ​သ​သို့​သွား​ရောက်​ပုန်း​အောင်း​လျက်​နေ လေ​သည်။
29 Subindo dali, veio Davi habitar nas alturas de Engadi.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.