1 Samuel 23
Common Language Bible (MYA) vs NVI
1 ဖိလိတ္တိအမျိုးသားတို့သည်ကိလမြို့ကို တိုက်ခိုက်၍ ရိတ်သိမ်းပြီးစကောက်သစ်များ ကိုလုယူသောသတင်းကိုဒါဝိဒ်ကြား လျှင်၊-
1 Quando disseram a Davi que os filisteus estavam atacando a cidade de Queila e saqueando as eiras,
2 ထာဝရဘုရားအား``ကျွန်တော်မျိုးသည် ဖိလိတ္တိအမျိုးသားတို့ကိုသွားရောက်တိုက် ခိုက်ရပါမည်လော'' ဟုမေးလျှောက်၏။
2 ele perguntou ao Senhor: "Devo atacar esses filisteus? " O Senhor lhe respondeu: "Vá, ataque os filisteus e liberte Queila".
3 သို့ရာတွင်ဒါဝိဒ်၏အပေါင်းပါတို့က``ဤ ယုဒပြည်တွင်ပင်လျှင်အကျွန်ုပ်တို့ကြောက် လန့်လျက်နေရကြပါ၏။ ဖိလိတ္တိအမျိုးသား တို့ကိုသွားရောက်တိုက်ခိုက်ပါမူ ပို၍ပင်အခြေ အနေဆိုးရွားပါလိမ့်မည်'' ဟုဆိုကြသဖြင့်၊-
3 Os soldados de Davi, porém, lhe disseram: "Aqui em Judá estamos com medo. Quanto mais, então, se formos a Queila lutar contra as tropas dos filisteus! "
4 ဒါဝိဒ်သည်ထာဝရဘုရားအားတစ်ဖန် လျှောက်ထားမေးမြန်းပြန်၏။ ထာဝရဘုရား က``ကိလမြို့သို့သွားရောက်တိုက်ခိုက်လော့။ ငါ သည်သင့်အားဖိလိတ္တိအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံစေမည်'' ဟုမိန့်တော်မူ၏။-
4 Davi consultou o Senhor novamente. "Levante-se", disse o Senhor, "vá à cidade de Queila, pois estou entregando os filisteus em suas mãos".
5 ထို့ကြောင့်ဒါဝိဒ်နှင့်သူ၏အပေါင်းပါတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ကြ၏။ သူတို့သည်လူအမြောက်အမြား ကိုသတ်ဖြတ်၍သိုးနွားများကိုသိမ်းယူကြ၏။ ဤသို့လျှင်ဒါဝိဒ်သည်ကိလမြို့ကိုကယ်တင် လေသည်။
5 Então Davi e seus homens foram a Queila, combateram os filisteus e se apoderaram de seus rebanhos, impondo-lhes grande derrota e libertando o povo de Queila.
6 အဟိမလက်၏သားအဗျာသာသည်ထွက် ပြေးလွတ်မြာက်ပြီးနောက် ကိလမြို့ရှိဒါဝိဒ် ထံသို့ဝင်ရောက်လာသောအခါ သူသည်မိမိ နှင့်အတူယဇ်ပုရောဟိတ်သင်တိုင်းကိုယူ ဆောင်လာခဲ့၏။
6 Ora, Abiatar, filho de Aimeleque, tinha levado o colete sacerdotal, quando fugiu para se juntar a Davi, em Queila.
7 ကိလမြို့သို့ဒါဝိဒ်ရောက်ကြောင်းကိုရှောလု ကြားလျှင်``ထာဝရဘုရားသည်ဒါဝိဒ်အား ငါ၏လက်သို့အပ်တော်မူပြီ။ ဒါဝိဒ်သည်မြို့ ရိုးနှင့်မြို့တံခါးအခိုင်အမာရှိသည့်မြို့ထဲ သို့ရောက်ခြင်းအားဖြင့် ထောင်ချောက်တွင်း သို့သက်ဆင်းလေပြီ'' ဟုဆို၏။-
7 Foi dito a Saul que Davi tinha ido a Queila, e ele disse: "Deus o entregou nas minhas mãos, pois Davi se aprisionou ao entrar numa cidade com portas e trancas".
8 ထို့ကြောင့်ရှောလုသည်စစ်သည်တပ်သားများ အားဆင့်ခေါ်ပြီးလျှင် ကိလမြို့သို့ချီတက် ၍ဒါဝိဒ်နှင့်အပေါင်းပါတို့အားဝိုင်းရံရန် အမိန့်ပေးတော်မူ၏။
8 E Saul convocou todo o seu exército para a batalha, para irem a Queila e cercarem Davi e os homens que o seguiam.
9 ဒါဝိဒ်သည်မိမိအား ရှောလုတိုက်ခိုက်ရန်ကြံ စည်လျက်နေကြောင်းကြားလျှင် ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆို၏။-
9 Quando Davi soube que Saul tramava atacá-lo, disse a Abiatar: "Traga o colete sacerdotal".
10 ထိုနောက်ဒါဝိဒ်က``အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ရှောလု သည်ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုး ကြောင့်ကိလမြို့သို့လာရောက်၍ မြို့ကိုဖျက် ဆီးပစ်ရန်ကြံစည်လျက်ရှိကြောင်းကြားရ ပါ၏။-
10 Então orou: "Ó Senhor, Deus de Israel, este teu servo ouviu claramente que Saul planeja vir a Queila e destruir a cidade por causa dele.
11 ကိလမြို့သားတို့သည်ကျွန်တော်မျိုးအား ရှောလုလက်သို့ပေးအပ်ကြပါမည်လော။ ကျွန် တော်မျိုးကြားရသည့်အတိုင်း ရှောလုသည် အကယ်ပင်လာရောက်ပါမည်လော။ အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကျွန်တော်မျိုးအားဗျာ ဒိတ်ပေးသနားတော်မူပါ'' ဟုလျှောက်၏။
11 Será que os cidadãos de Queila me entregarão a ele? Saul virá de fato, conforme teu servo ouviu? Ó Senhor, Deus de Israel, responde". E o Senhor disse: "Ele virá".
12 ဒါဝိဒ်က``ကိလမြို့သားတို့သည်ကျွန်တော် မျိုးနှင့်အပေါင်းပါတို့အားရှောလုလက်သို့ ပေးအပ်ကြမည်လော'' ဟုတစ်ဖန်မေးလျှောက် ပြန်၏။
12 E Davi, novamente, perguntou: "Será que os cidadãos de Queila entregarão a mim e a meus soldados a Saul? " E o Senhor respondeu: "Entregarão".
13 ထို့ကြောင့်ဒါဝိဒ်နှင့်ခြောက်ရာခန့်ရှိသောအပေါင်း ပါတို့သည် ချက်ချင်းပင်ကိလမြို့မှထွက်၍သင့် ရာသို့ဆုတ်ခွာသွားကြ၏။ ကိလမြို့မှဒါဝိဒ် ထွက်ပြေးသွားကြောင်းရှောလုကြားသိသော အခါ မိမိ၏အကြံအစည်ကိုဖျက်သိမ်းလိုက် လေသည်။
13 Então Davi e seus soldados, que eram cerca de seiscentos, partiram de Queila, e ficaram andando sem direção definida. Quando informaram a Saul que Davi tinha fugido de Queila, ele interrompeu a marcha.
14 ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။-
14 Davi permaneceu nas fortalezas do deserto e nas colinas do deserto de Zife. Dia após dia, Saul o procurava, mas Deus não entregou Davi em suas mãos.
15 ဒါဝိဒ်သည်မိမိ၏အသက်အန္တရာယ်ကို ရှောလုရှာကြံကြောင်းသိမြင်၏။
15 Quando Davi estava em Horesa, no deserto de Zife, soube que Saul tinha saído para matá-lo.
16 ယောနသန်သည်ဒါဝိဒ်ထံသို့လာ၍ ဘုရားသခင်၏ကွယ်ကာစောင့်ထိန်းမှုကိုစိတ်ချ ယုံကြည်ရန်အားပေးလျက်၊-
16 E Jônatas, filho de Saul, foi falar com ele, em Horesa, e o ajudou a encontrar forças em Deus.
17 ``မကြောက်ပါနှင့်။ ငါ၏ခမည်းတော်ရှောလု သည်သင့်အား အဘယ်သို့မျှဘေးအန္တရာယ် ပြုနိုင်လိမ့်မည်မဟုတ်ပါ။ သင်သည်ဣသ ရေလဘုရင်ဖြစ်မည်ကိုလည်းကောင်း၊ ငါ သည်သင်၏ညာလက်ရုံးဖြစ်မည်ကိုလည်း ကောင်းသူကောင်းစွာသိပါ၏'' ဟုပြော ကြား၏။-
17 "Não tenha medo", disse ele, "meu pai não porá as mãos em você. Você será rei de Israel, e eu lhe serei o segundo em comando. Até meu pai sabe disso. "
18 ထိုနောက်သူတို့သည်အပြန်အလှန်ကတိသစ္စာ ပြုကြပြီးလျှင် ဒါဝိဒ်သည်ဟောရေရှအရပ် တွင်နေရစ်၍ယောနသန်မူကားမိမိ၏အိမ် သို့ပြန်လေ၏။
18 Os dois fizeram um acordo perante o Senhor. Então, Jônatas foi para casa, mas Davi ficou em Horesa.
19 ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-
19 Alguns zifeus foram informar a Saul, em Gibeá: "Davi está se escondendo entre nós nas fortalezas de Horesa, na colina de Haquilá, ao sul do Deserto de Jesimom.
20 အရှင်မင်းကြီး၊ ကိုယ်တော်သည်သူ့အားအလွန် ပင်ဖမ်းဆီးရမိလိုကြောင်းကိုအကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့၏နယ် သို့ကြွတော်မူပါ။ သူ့အားဖမ်းမိရန်အကျွန်ုပ် တို့တာဝန်ယူပါမည်'' ဟုလျှောက်ထားကြ၏။
20 Agora, ó rei, vá quando quiser, e nós seremos responsáveis por entregá-lo em suas mãos".
21 ရှောလုက``ဤသို့ငါ့အပေါ်တွင်ကရုဏာ ထားကြသည့်အတွက် သင်တို့အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။-
21 Saul respondeu: "O Senhor os abençoe por terem compaixão de mim.
22 သင်တို့သည်သွား၍တစ်ဖန်သေချာအောင် ပြုကြလော့။ သူသည်အဘယ်အရပ်တွင်ရှိ သည်ကိုလည်းကောင်း၊ ထိုအရပ်တွင်သူ့အား အဘယ်သူတွေ့ရှိခဲ့သည်ကိုလည်းကောင်း အသေအချာစုံစမ်းကြလော့။ သူသည် အလွန်ပါးနပ်လိမ္မာသည်ဟုငါကြားသိ ရသည်။-
22 Vão e façam mais preparativos. Descubram aonde Davi geralmente vai e quem o tem visto ali. Dizem-me que ele é muito astuto.
23 သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။
23 Descubram todos os esconderijos dele e voltem aqui com informações exatas. Então irei com vocês; se ele estiver na região, eu o procurarei entre todos os clãs de Judá".
24 သို့ဖြစ်၍ထိုသူတို့သည်ရှောလု၏အလျင် ဇိဖအရပ်သို့ပြန်လည်ထွက်ခွာလာခဲ့ကြ ၏။ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်ယေရှိမုန် မြို့တောင်ဘက်၊ အာရဗာချိုင့်ဝှမ်းရှိမောန တောကန္တာရတွင်ရှိနေကြ၏။-
24 E eles voltaram para Zife, à frente de Saul. Davi e seus soldados estavam no deserto de Maom, na Arabá, ao sul do deserto de Jesimom.
25 ရှောလုနှင့်စစ်သည်တပ်သားတို့သည်ဒါဝိဒ် ကိုရှာရန်ထွက်လာကြ၏။ သို့ရာတွင်ထို အကြောင်းကိုဒါဝိဒ်ကြားသိရလျှင် မောန တောကန္တာရရှိကျောက်တောင်သို့သွားရောက် ပုန်းအောင်းလေသည်။ ဤအကြောင်းကို ကြားသောအခါ ရှောလုသည်ဒါဝိဒ်ရှိ ရာသို့လိုက်၍ရှာတော်မူ၏။-
25 Saul e seus soldados começaram a busca, e, ao ser informado disso, Davi desceu à rocha e permaneceu no deserto de Maom. Sabendo disso, Saul foi para lá em perseguição a Davi.
26 ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊-
26 Saul ia por um lado da montanha, e Davi e seus soldados pelo outro, fugiam depressa para escapar de Saul. Quando Saul e suas tropas estavam cercando Davi e seus soldados para capturá-los,
27 ခြေလျင်တော်သည်ရှောလုထံသို့ရောက်ရှိ လာ၍``ဖိလိတ္တိအမျိုးသားတို့သည်အကျွန်ုပ် တို့၏ပြည်ကိုချင်းနင်းဝင်ရောက်လျက်နေ ပါပြီ။ ချက်ချင်းပြန်၍ကြွတော်မူပါ'' ဟုမင်းကြီးအားလျှောက်ထားသဖြင့်၊-
27 um mensageiro veio dizer a Saul: "Venha depressa! Os filisteus estão atacando Israel".
28 ရှောလုသည်ဒါဝိဒ်ကိုဆက်၍လိုက်လံဖမ်း ဆီးမှုမပြုတော့ဘဲ ဖိလိတ္တိအမျိုးသား တို့အားတိုက်ခိုက်ရန်ချီသွားတော်မူ၏။ ထို အရပ်တွင်သူတို့နှစ်စုအားခွဲခြားထား သည်ကိုအကြောင်းပြု၍ ထိုအရပ်ကို``ခွဲ ခြားထားသောတောင်'' ဟုခေါ်ဝေါ်သမုတ် ကြသတည်း။-
28 Então Saul interrompeu a perseguição a Davi e foi enfrentar os filisteus. Por isso chamam esse lugar Selá-Hamalecote.
29 ဒါဝိဒ်သည်ထိုနေရာမှထွက်ခွာ၍ အင်္ဂေဒိ ဒေသသို့သွားရောက်ပုန်းအောင်းလျက်နေ လေသည်။
29 E Davi saiu daquele lugar e foi viver nas fortalezas de En-Gedi.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.