1 Samuel 20

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထို​နောက်​ဒါ​ဝိဒ်​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ် ရွာ​မှ​ထွက်​ပြေး​ပြီး​လျှင် ယော​န​သန်​ထံ​သို့ သွား​၍``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​ပါ​သ​နည်း။ အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကူး​လွန် မိ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ကို​သတ်​ချင်​ရ​အောင် သင့်​ခ​မည်း​တော်​အား​ကျွန်ုပ်​သည်​အ​ဘယ် သို့​ပြစ်​မှား​မိ​ပါ​သ​နည်း'' ဟု​မေး​၏။
1 Partiu Davi de Naiot, perto de Ramá e veio ter com Jônatas. Disse-lhe: Que fiz eu? Qual é o meu crime, e que mal fiz ao teu pai, para que ele queira matar-me?
2 ယော​န​သန်​က``ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ သင် သည်​မ​သေ​ရ​ပါ။ ကျွန်ုပ်​၏​ခ​မည်း​တော်​သည် အ​မှု​ကြီး​ငယ်​မှန်​သ​မျှ​ကို​မ​ပြု​မီ​ကျွန်ုပ် အား​ပြော​ပြ​တတ်​ပါ​၏။ ကျွန်ုပ်​ထံ​မှ​အ​ဘယ် အ​ရာ​ကို​မျှ​ဖုံး​ကွယ်​ထား​လေ့​မ​ရှိ​ပါ။ သင့် ကို​သတ်​မည်​ဆို​သည်​မှာ​မ​ဖြစ်​နိုင်​ပါ'' ဟု ဆို​၏။
2 Não, respondeu Jônatas, tu não morrerás! Meu pai não faz coisa alguma, grande ou pequena, sem me dizer. Por que me ocultaria isso? Não é possível!
3 သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​ကျွန်ုပ်​အား​အ​ဘယ် မျှ​ခင်​မင်​သည်​ကို သင်​၏​ခ​မည်း​တော်​ကောင်း စွာ​သိ​ပါ​၏။ သင်​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​မည်​စိုး​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ကြံ အ​စည်​ကို​သင့်​အား​မ​ပြော​ကြား​ဘဲ​နေ လေ​ပြီ။ ကျွန်ုပ်​သည်​သေ​ဘေး​နှင့်​ခြေ​တစ် လှမ်း​မျှ​သာ​ကွာ​တော့​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင် တည်​၍​သင့်​အား​ကျိန်​ဆို​ဖော်​ပြ​ပါ​၏'' ဟု​ပြန်​ပြော​၏။
3 Mas Davi insistiu com juramento: Teu pai bem sabe que eu te sou simpático, e por isso deve ter pensado: que Jônatas não o saiba, para que não se entristeça demasiado. Por Deus e pela tua vida, há apenas um passo entre mim e a morte!
4 ယော​န​သန်​က``သင်​အ​လို​ရှိ​သည်​အ​တိုင်း ကျွန်ုပ်​ပြု​ပါ​မည်'' ဟု​ဆို​လျှင်၊
4 Jônatas respondeu-lhe: Que queres que eu faça? Eu o farei.
5 ဒါ​ဝိဒ်​က``နက်​ဖြန်​နေ့​သည်​လ​ဆန်း​နေ့​ပွဲ တော်​ဖြစ်​၍​ကျွန်ုပ်​သည်​မင်း​ကြီး​နှင့်​အ​တူ စား​သောက်​သင့်​သည့်​အ​ချိန်​ဖြစ်​ပါ​၏။ သို့ ရာ​တွင်​သင်​ကန့်​ကွက်​ရန်​မ​ရှိ​ပါ​လျှင် ကျွန်ုပ် သည်​ကွင်း​ထဲ​သို့​သွား​၍​သန်​ဘက်​ခါ ည​နေ​အ​ထိ​ပုန်း​အောင်း​နေ​ပါ​မည်။-
5 Amanhã, disse Davi, é lua nova, e eu devia jantar à mesa do rei. Deixa-me partir; ocultar-me-ei no campo até a tarde do terceiro dia.
6 အ​ကယ်​၍​စား​ပွဲ​တွင်​ကျွန်ုပ်​မ​ရှိ​ကြောင်း သင့်​ခ​မည်း​တော်​မြင်​သွား​ခဲ့​သော် ယ​ခု အ​ချိန်​သည်​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့ နှစ်​ပတ်​လည်​ယဇ်​ပူ​ဇော်​ရာ​ကာ​လ​ဖြစ် သ​ဖြင့် သင့်​ထံ​တွင်​ကျွန်ုပ်​အ​ခွင့်​ပန်​သွား ကြောင်း​လျှောက်​ထား​ပေး​ပါ။-
6 Se teu pai notar minha ausência, dir-lhe-ás que te pedi licença para ir até Belém, minha cidade natal, onde toda a minha família oferece um sacrifício anual.
7 အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။-
7 Se ele disser que está bem, o teu servo nada terá a temer; mas se ele, ao contrário, se irritar, fica sabendo que ele decretou a minha perda.
8 ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။
8 Mostra-te amigo para com teu servo, pois que fizeste um pacto comigo em nome do Senhor. Se eu tenho alguma culpa, mata-me tu mesmo; por que fazer-me comparecer diante do teu pai?
9 ယော​န​သန်​က``ထို​သို့​မ​စဉ်း​စား​ပါ​နှင့်။ အ​ကယ်​၍​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန် စိတ်​ပိုင်း​ဖြတ် ထား​သည်​ကို​ကျွန်ုပ်​သိ​ပါ​မူ​သင့်​ကို မ​ပြော​ဘဲ​နေ​မည်​လော'' ဟု​ဆို​၏။
9 Jônatas disse-lhe: Longe de ti tal coisa! Se eu souber que de fato meu pai resolveu perder-te, juro que te avisarei.
10 ထို​အ​ခါ​ဒါ​ဝိဒ်​က``အ​ကယ်​၍​သင်​၏ ခ​မည်း​တော်​သည်​သင့်​အား​အ​မျက်​ထွက်​၍ ပြန်​လည်​ဖြေ​ကြား​ပါ​က ကျွန်ုပ်​အား​အ​ဘယ် သူ​လာ​၍​အ​သိ​ပေး​ပါ​မည်​နည်း'' ဟု​မေး ၏။
10 Mas quem me informará, perguntou Davi, se teu pai te responder duramente?
11 ယော​န​သန်​က``ကွင်း​ထဲ​သို့​ငါ​တို့​သွား​ကြ စို့'' ဟု​ဆို​ပြီး​လျှင်​သူ​တို့​နှစ်​ယောက်​သွား ကြ​၏။-
11 Vamos ao campo, disse-lhe Jônatas. E foram ambos ao campo.
12 ထို​နောက်​ယော​န​သန်​သည်​ဒါ​ဝိဒ်​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ကျွန်ုပ်​က​တိ​ပြု ပါ​၏။ ကျွန်ုပ်​သည်​နက်​ဖြန်​ခါ​နှင့်​သန်​ဘက်​ခါ ဤ​အ​ချိန်​တွင်​ခ​မည်း​တော်​အား​စုံ​စမ်း​မေး မြန်း​ပါ​မည်။ သင့်​အ​ပေါ်​တွင်​သူ​၏​စိတ်​နေ စိတ်​ထား​ကောင်း​မွန်​ပါ​က သင့်​ထံ​သို့ အ​ကြောင်း​ကြား​ပါ​မည်။-
12 Então Jônatas falou: Por Javé, Deus de Israel! Amanhã ou depois de amanhã sondarei meu pai. Se tudo for favorável a ti e eu não te avisar,
13 သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-
13 então o Senhor me trate com todo o seu rigor! E se meu pai te quiser fazer mal, avisar-te-ei da mesma forma; deixar-te-ei então partir e poderás estar tranqüilo. Que o Senhor esteja contigo, como esteve com meu pai!
14 သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊-
14 Mais tarde, se eu for ainda vivo, conservar-me-ás tua amizade {em nome} do Senhor. Mas, se eu morrer,
15 သင်​၏​ရန်​သူ​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော​အ​ခါ​၌ လည်း ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့​အ​ပေါ် တွင်​အ​စဉ်​အ​မြဲ​သစ္စာ​စောင့်​ပါ​လော့။-
15 não retires jamais tua benevolência de minha casa, nem mesmo quando o Senhor exterminar da face da terra todos os inimigos de Davi!
16 ကျွန်ုပ်​တို့​နှစ်​ဦး​ထား​ရှိ​ကြ​သည့်​က​တိ သစ္စာ​မ​ပျက်​မ​ပြယ်​တည်​မြဲ​ပါ​စေ​သ​တည်း။ အ​ကယ်​၍​ထို​ကတိ​သစ္စာ​ကို​ဖျက်​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ပါ​စေ​သော''ဟု​ဆို​၏။
16 Foi assim que Jônatas fez aliança com a casa de Davi, e o Senhor vingou-se dos inimigos de Davi.
17 ယော​န​သန်​သည်​ဒါ​ဝိဒ်​အား​ကိုယ်​နှင့်​အ​မျှ ချစ်​သ​ဖြင့် မိ​မိ​ကို​လည်း​ချစ်​ရန်​က​တိ​ပြု စေ​၏။-
17 Jônatas conjurou ainda uma vez a Davi, em nome da amizade que lhe consagrava, pois o amava de toda a sua alma.
18 ထို​နောက်​ယော​န​သန်​က``နက်​ဖြန်​နေ့​သည် လ​ဆန်း​ပွဲ​တော်​အ​ခါ​ဖြစ်​သ​ဖြင့် ပွဲ​တော် သို့​သင်​မ​တက်​ရောက်​ပါ​မူ သင်​၏​နေ​ရာ လစ်​လပ်​လျက်​နေ​သည်​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။-
18 Amanhã, continuou Jônatas, é lua nova, e notarão tua ausência.
19 သန်​ဘက်​ခါ​၌​လည်း​ယင်း​သို့​ပင်​သင်​မ​ရှိ ကြောင်း​တွေ့​ရှိ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယခင်​က သင်​ပုန်း​အောင်း​နေ​ခဲ့​ဖူး​သည့်​အ​ရပ်​သို့​သွား ၍​ကျောက်​ပုံ နောက်​တွင်​ပုန်း​ကွယ်​လျက်​နေ​လော့။-
19 Descerás, pois, sem falta, depois de amanhã ao lugar onde te escondeste no dia do ajuste, e ficarás junto à pedra de Ezel.
20 ထို​အ​ခါ​ကျွန်ုပ်​၏​သည်​ကျောက်​ပုံ​ကို​ပစ် မှတ်​သ​ဖွယ်​ပြု​၍ မြား​သုံး​စင်း​ပစ်​လွှတ် လိုက်​မည်။-
20 Atirarei três flechas para o lado da pedra como se visasse a um alvo.
21 ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။-
21 Depois mandarei meu servo buscar as flechas. Se eu lhe gritar: Olha! Estão atrás de ti, apanha-as! Então poderás vir, porque tudo te é favorável, e não há mal algum a temer, por Deus!
22 အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။-
22 Se, porém, eu disser ao rapaz: Olha! As flechas estão diante de ti, um pouco mais longe. Então foge, porque essa é a vontade de Deus.
23 ကျွန်ုပ်​တို့​နှစ်​ဦး​အ​ချင်း​ချင်း​ပြု​ခဲ့​ကြ​သည့် က​တိ​သစ္စာ​ကို ထာ​ဝ​စဉ်​မ​ပျက်​မ​ကွက်​စောင့် ထိန်း​နိုင်​ကြ​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် စီ​မံ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
23 Quanto à palavra que nos demos um ao outro, o Senhor seja testemunha entre nós para sempre.
24 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ကွင်း​ထဲ​တွင်​ပုန်း​အောင်း လျက်​နေ​၏။ လ​ဆန်း​ပွဲ​တော်​နေ့​၌​ရှော​လု မင်း​သည်​စား​တော်​ခေါ်​ရန်​ကြွ​လာ​တော် မူ​၍၊-
24 Davi escondeu-se no campo. No dia da lua nova, o rei pôs-se à mesa para comer,
25 နံ​ရံ​အ​နီး​မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင် တော်​မူ​၏။ အာ​ဗ​နာ​သည်​မင်း​ကြီး​၏​နံ​ဘေး တွင်​လည်း​ကောင်း၊ ယော​န​သန်​သည်​မင်း​ကြီး ၏​ရှေ့​တွင်​လည်း​ကောင်း​ထိုင်​၏။ ဒါ​ဝိဒ်​၏ နေ​ရာ​မူ​ကား​လပ်​၍​နေ​၏။-
25 sentando-se, como de costume, numa cadeira junto à parede. Jônatas levantou-se para que Abner pudesse sentar-se ao lado de Saul, e o lugar de Davi ficou desocupado.
26 သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။-
26 Naquele dia Saul não disse nada. Algo aconteceu-lhe, pensou ele; provavelmente não está puro; deve ter contraído alguma impureza.
27 လ​ဆန်း​ပွဲ​တော်​နေ့​အ​လွန်​နောက်​တစ်​နေ့​၌ လည်း​ဒါ​ဝိဒ်​၏​နေ​ရာ​သည်​လပ်​လျက်​ပင်​ရှိ သော​ကြောင့် ရှော​လု​က​ယော​န​သန်​အား``အ​ဘယ် ကြောင့်​ဒါ​ဝိဒ်​သည်​ဤ​စား​ပွဲ​တော်​သို့​ယ​မန် နေ့​က​မ​လာ၊ ယ​နေ့​လည်း​မ​လာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
27 No dia seguinte, segundo dia da lua, o lugar de Davi continuava vazio. Saul disse ao seu filho Jônatas: Por que o filho de Isaí não veio comer, nem ontem nem hoje?
28 ယော​န​သန်​က``ဒါ​ဝိဒ်​သည်​ကျွန်ုပ်​ထံ​တွင် ခွင့်​ပန်​၍ ဗက်​လင်​မြို့​သို့​သွား​ပါ​သည်။ သူ က`အ​ကျွန်ုပ်​တို့​အား​ကျေး​ဇူး​ပြု​၍​သွား ခွင့်​ပြု​ပါ။-
28 Davi pediu-me com instâncias, respondeu Jônatas, para ir a Belém.
29 ထို​မြို့​တွင်​အ​ကျွန်ုပ်​၏​ဆွေ​မျိုး​သား​ချင်း တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကျင်း​ပ​လျက်​နေ​ကြ သ​ဖြင့် အစ်​ကို​က​လည်း​အ​ကျွန်ုပ်​အား​လာ ရ​မည်​ဟု​ဆို​ပါ​သည်။ သင်​သည်​အ​ကျွန်ုပ်​ကို ခင်​မင်​ပါ​က​အ​ကျွန်ုပ်​အား​ညီ​အစ်​ကို​တို့ ကို​တွေ့​ရန်​သွား​ခွင့်​ပြု​ပါ​ဟု​ပန်​ကြား​ပါ​၏။ ထို့​ကြောင့်​သူ​သည်​အ​ရှင်​၏​စား​ပွဲ​တော် တွင်​မ​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန်​ကြား လျှောက်​ထား​၏။
29 Disse-me: deixa-me ir, rogo-te, porque temos na cidade um sacrifício de família, ao qual meu irmão me convidou. Se me queres dar um prazer, permite-me que vá rever meus irmãos. Por isso não veio ele à mesa do rei.
30 ရှော​လု​သည်​ယော​န​သန်​အား​ပြင်း​စွာ​အ​မျက် ထွက်​သ​ဖြင့်``တ​ရား​မ​ဝင်​သော​သား၊ သင်​သည် ဒါ​ဝိဒ်​ဘက်​သား​ဖြစ်​ကြောင်း​ယ​ခု​ငါ​သိ​ပြီ။ သင်​သည်​ကိုယ့်​ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ့် မိ​ခင်​ကို​လည်း​ကောင်း​အ​သ​ရေ​ယုတ်​စေ လေ​ပြီ​တ​ကား။-
30 Então Saul encolerizou-se contra Jônatas: Filho de prostituta, disse-lhe, não sei eu porventura que és amigo do filho de Isaí, o que é uma vergonha para ti e para tua mãe?
31 ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
31 Enquanto viver esse homem na terra, não estarás seguro, nem tu nem o teu trono. Vamos! Vai buscá-lo e traze-mo; ele merece a morte!
32 ယော​န​သန်​က``အ​ဘယ်​ကြောင့်​သေ​ဒဏ်​ခံ ရ​ပါ​မည်​နည်း။ သူ​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း'' ဟု​လျှောက်​လျှင်၊
32 Jônatas respondeu ao seu pai: Por que deverá ele morrer? Que fez ele?
33 ရှော​လု​သည်​ယော​န​သန်​အား​ထိ​မှန်​စေ​ရန် လှံ​တံ​တော်​နှင့်​ပစ်​လိုက်​လေ​သည်။ ထို​အ​ခါ ယော​န​သန်​သည် မင်း​ကြီး​အ​ကယ်​ပင်​ဒါ​ဝိဒ် အား​သတ်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​တော်​မူ ကြောင်း​ကို​သိ​လေ​၏။-
33 Saul brandiu sua lança para feri-lo, e Jônatas viu que a morte de Davi era coisa decidida pelo seu pai.
34 သူ​သည်​ဒေါ​သ​ဖြစ်​လျက်​စား​ပွဲ​မှ​ထ​သွား ပြီး​လျှင် လ​ဆန်း​ပွဲ​တော်​ဒု​တိ​ယ​နေ့​တစ်​နေ့ လုံး​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ဘဲ နေ​၏။ သူ​သည်​ဒါ​ဝိဒ်​အား​ရှော​လု​အ​သ​ရေ ဖျက်​သည့်​အ​တွက်​များ​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​၏။-
34 Furioso, deixou a mesa sem comer naquele segundo dia da lua. As injúrias que seu pai tinha proferido contra a Davi tinham-no afligido profundamente.
35 နောက်​တစ်​နေ့​နံ​နက်​၌​ယော​န​သန်​သည်​ယ​ခင် က​ချိန်း​ဆို​ထား​သည့်​အ​တိုင်း ဒါ​ဝိဒ်​နှင့်​တွေ့​ဆုံ ရန်​ကွင်း​ထဲ​သို့​သွား​၏။ မိ​မိ​နှင့်​အ​တူ​သူ​ငယ် တစ်​ယောက်​ကို​လည်း​ခေါ်​ဆောင်​သွား​ကာ၊-
35 Na manhã seguinte, Jônatas saiu ao campo e foi ao lugar combinado com Davi, acompanhado de um jovem servo.
36 ထို​သူ​ငယ်​အား``ယ​ခု​ပင်​ငါ​ပစ်​လွှတ်​လိုက်​မည့် မြား​ကို​ပြေး​၍​ရှာ​လော့'' ဟု​ဆို​၏။ ထို​သူ​ငယ် ပြေး​လေ​လျှင်​ယော​န​သန်​သည်​သူ့​ကို​လွန် အောင်​မြား​တစ်​စင်း​ကို​ပစ်​လွှတ်​၏။-
36 Vai, disse ele, e traze-me as setas que vou atirar. Mas, enquanto o rapaz corria, Jônatas atirou outra flecha mais para além dele.
37 မြား​ကျ​ရာ​သို့​သူ​ငယ်​ရောက်​သော​အ​ခါ ယော​န​သန်​က``မြား​သည်​ဟို​ဘက်​မှာ​ရှိ​သည်။-
37 Quando chegou ao lugar da flecha, Jônatas gritou-lhe: Não está a flecha mais para lá de ti?
38 ရပ်​၍​မ​နေ​နှင့်။ မြန်​မြန်​ပြေး​၍​ကောက်​လော့'' ဟု​ဟစ်​အော်​လိုက်​၏။ သူ​ငယ်​သည်​မြား​ကို ကောက်​ပြီး​လျှင် မိ​မိ​သ​ခင်​ရှိ​ရာ​သို့​ပြန် လာ​လေ​သည်။-
38 E ajuntou: Vamos, apressa-te, não te demores. O servo apanhou a flecha e voltou ao seu senhor; e de nada suspeitou,
39 သူ​သည်​ထို​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို မ​သိ။ ယော​န​သန်​နှင့်​ဒါ​ဝိဒ်​တို့​သာ​လျှင် သိ​ကြ​၏။-
39 porque só Jônatas e Davi conheciam o ajuste.
40 ယော​န​သန်​သည်​မိ​မိ​၏​လေး​နှင့်​မြား​တို့​ကို သူ​ငယ်​အား​ပေး​၍​မြို့​သို့​ပြန်​ယူ​သွား​စေ​၏။
40 Depois disso, entregou Jônatas suas armas ao rapaz, dizendo-lhe: Vai, leva-as para a cidade.
41 သူ​ငယ်​ထွက်​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည် ကျောက်​ပုံ နောက်​မှ​ထွက်​လာ​ပြီး​လျှင်​ဒူး​ထောက်​၍ ယော န​သန်​အား​သုံး​ကြိမ်​တိုင်​တိုင်​ပျပ်​ဝပ်​ဦး ညွှတ်​၏။ ထို​နောက်​သူ​တို့​သည်​အ​ချင်း​ချင်း ဖက်​နမ်း​ငို​ကြွေး​ကြ​၏။ ဒါ​ဝိဒ်​၏​ကြေ​ကွဲ မှု​သည် ယော​န​သန်​၏​ကြေ​ကွဲ​မှု​ထက်​ပင် ပို​မို​ပြင်း​ထန်​လေ​သည်။-
41 Logo que ele partiu, deixou Davi o seu esconderijo e curvou-se até a terra, prostrando-se três vezes; beijaram-se mutuamente, chorando, e Davi estava ainda mais comovido que o seu amigo.
42 ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။
42 Jônatas disse-lhe: Vai em paz, agora que demos um ao outro nossa palavra com este juramento: o Senhor seja para sempre testemunha entre ti e mim, entre a tua posteridade e a minha!
43 — ausente —
43 Davi partiu, e Jônatas voltou para a cidade.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.