1 Samuel 20
Common Language Bible (MYA) vs NTLH
1 ထိုနောက်ဒါဝိဒ်သည်ရာမမြို့အပိုင်နာယုတ် ရွာမှထွက်ပြေးပြီးလျှင် ယောနသန်ထံသို့ သွား၍``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိပါသနည်း။ အဘယ်ရာဇဝတ်မှုကူးလွန် မိပါသနည်း။ အကျွန်ုပ်ကိုသတ်ချင်ရအောင် သင့်ခမည်းတော်အားကျွန်ုပ်သည်အဘယ် သို့ပြစ်မှားမိပါသနည်း'' ဟုမေး၏။
1 Então Davi fugiu da casa dos profetas , em Ramá, foi até o lugar onde Jônatas estava e disse: — O que foi que eu fiz? Qual foi o meu crime? Que mal fiz eu ao seu pai, para ele querer me matar?
2 ယောနသန်က``ထိုသို့မဖြစ်ပါစေနှင့်။ သင် သည်မသေရပါ။ ကျွန်ုပ်၏ခမည်းတော်သည် အမှုကြီးငယ်မှန်သမျှကိုမပြုမီကျွန်ုပ် အားပြောပြတတ်ပါ၏။ ကျွန်ုပ်ထံမှအဘယ် အရာကိုမျှဖုံးကွယ်ထားလေ့မရှိပါ။ သင့် ကိုသတ်မည်ဆိုသည်မှာမဖြစ်နိုင်ပါ'' ဟု ဆို၏။
2 Jônatas respondeu: — Que Deus não permita que você morra! O meu pai me conta tudo o que faz, seja importante ou não. Ele não esconderia isso de mim. Isso não é bem assim!
3 သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။
3 Mas Davi respondeu: — O seu pai sabe muito bem o quanto você gosta de mim. Por isso, resolveu não deixar que você fique sabendo dos planos dele, para você não sofrer muito. Eu juro pela sua vida e pela vida de Deus, o
4 ယောနသန်က``သင်အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်'' ဟုဆိုလျှင်၊
4 — O que você quer que eu faça? — perguntou Jônatas.
5 ဒါဝိဒ်က``နက်ဖြန်နေ့သည်လဆန်းနေ့ပွဲ တော်ဖြစ်၍ကျွန်ုပ်သည်မင်းကြီးနှင့်အတူ စားသောက်သင့်သည့်အချိန်ဖြစ်ပါ၏။ သို့ ရာတွင်သင်ကန့်ကွက်ရန်မရှိပါလျှင် ကျွန်ုပ် သည်ကွင်းထဲသို့သွား၍သန်ဘက်ခါ ညနေအထိပုန်းအောင်းနေပါမည်။-
5 Davi respondeu: — Amanhã é a
6 အကယ်၍စားပွဲတွင်ကျွန်ုပ်မရှိကြောင်း သင့်ခမည်းတော်မြင်သွားခဲ့သော် ယခု အချိန်သည်ကျွန်ုပ်၏အိမ်ထောင်စုသားတို့ နှစ်ပတ်လည်ယဇ်ပူဇော်ရာကာလဖြစ် သဖြင့် သင့်ထံတွင်ကျွန်ုပ်အခွင့်ပန်သွား ကြောင်းလျှောက်ထားပေးပါ။-
6 Se o seu pai notar que eu não estou à mesa, diga que eu pedi a você para me deixar ir com urgência a Belém, pois está na época de toda a minha família oferecer lá o sacrifício anual.
7 အကယ်၍မင်းကြီးက`ကောင်းပြီ' ဟုဆိုပါ ကကျွန်ုပ်အသက်ချမ်းသာခွင့်ရပါလိမ့်မည်။ သို့ရာတွင်အကယ်၍အမျက်တော်ထွက်လျှင် မူကားမင်းကြီးသည် ကျွန်ုပ်အားဘေးအန္တရာယ် ပြုရန်အကြံရှိကြောင်းသင်သိရှိနိုင်ပါ လိမ့်မည်။-
7 Se ele disser: “Está bem”, eu estarei salvo. Mas, se ele ficar com raiva, então você ficará sabendo que ele está com más intenções.
8 ကျွန်ုပ်အားကျေးဇူးပြုပါ။ သင်နှင့်ကျွန်ုပ်ပြု ထားကြသည့်သစ္စာကတိကိုလည်းတည်မြဲ စေပါ။ သို့ရာတွင်အကယ်၍ကျွန်ုပ်မှာအပြစ် ရှိခဲ့သော် သင်ကိုယ်တိုင်ပင်ကျွန်ုပ်အားသတ် ပါလော့။ အဘယ်ကြောင့်သင့်ခမည်းတော် လက်သို့အပ်ပါတော့မည်နည်း'' ဟုဆို၏။
8 Peço que você me faça este favor e cumpra assim a promessa sagrada que me fez. Porém, se eu sou culpado, mate-me você mesmo! Por que deixar o seu pai fazer isso?
9 ယောနသန်က``ထိုသို့မစဉ်းစားပါနှင့်။ အကယ်၍ကျွန်ုပ်၏ခမည်းတော်သည်သင့် အားဘေးအန္တရာယ်ပြုရန် စိတ်ပိုင်းဖြတ် ထားသည်ကိုကျွန်ုပ်သိပါမူသင့်ကို မပြောဘဲနေမည်လော'' ဟုဆို၏။
9 — Nem pense numa coisa dessas! — respondeu Jônatas. — Se eu soubesse que o meu pai estava mesmo resolvido a acabar com você, acha que eu não o avisaria?
10 ထိုအခါဒါဝိဒ်က``အကယ်၍သင်၏ ခမည်းတော်သည်သင့်အားအမျက်ထွက်၍ ပြန်လည်ဖြေကြားပါက ကျွန်ုပ်အားအဘယ် သူလာ၍အသိပေးပါမည်နည်း'' ဟုမေး ၏။
10 Então Davi perguntou: — E, se o seu pai responder com raiva, quem vai me avisar?
11 ယောနသန်က``ကွင်းထဲသို့ငါတို့သွားကြ စို့'' ဟုဆိုပြီးလျှင်သူတို့နှစ်ယောက်သွား ကြ၏။-
11 Jônatas respondeu: — Venha comigo, vamos até o campo. Eles foram,
12 ထိုနောက်ယောနသန်သည်ဒါဝိဒ်အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ကျွန်ုပ်ကတိပြု ပါ၏။ ကျွန်ုပ်သည်နက်ဖြန်ခါနှင့်သန်ဘက်ခါ ဤအချိန်တွင်ခမည်းတော်အားစုံစမ်းမေး မြန်းပါမည်။ သင့်အပေါ်တွင်သူ၏စိတ်နေ စိတ်ထားကောင်းမွန်ပါက သင့်ထံသို့ အကြောင်းကြားပါမည်။-
12 e Jônatas disse a Davi: — Que o
13 သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-
13 Mas, se ele tiver a intenção de fazer alguma coisa contra você, que o Senhor Deus me mate se eu não enviar uma mensagem a você e não deixá-lo ir embora são e salvo! Que o Senhor esteja com você, assim como esteve com o meu pai!
14 သင်သည်ကျွန်ုပ်အသက်ရှင်စဉ်အခါ၌မိမိ ကျိန်ဆိုကတိပြုခဲ့သည်အတိုင်း ကျွန်ုပ်အား သစ္စာစောင့်ရမည်သာမက၊ ကျွန်ုပ်သေဆုံးပြီး နောက်၊-
14 E agora, se eu continuar vivo, cumpra a sua promessa sagrada e seja fiel a mim. Mas, se eu morrer,
15 သင်၏ရန်သူအပေါင်းကိုထာဝရဘုရား သုတ်သင်ပယ်ရှင်းတော်မူသောအခါ၌ လည်း ကျွန်ုပ်၏အိမ်ထောင်စုသားတို့အပေါ် တွင်အစဉ်အမြဲသစ္စာစောင့်ပါလော့။-
15 trate sempre a minha família com bondade. E, quando o Senhor destruir completamente todos os nossos inimigos,
16 ကျွန်ုပ်တို့နှစ်ဦးထားရှိကြသည့်ကတိ သစ္စာမပျက်မပြယ်တည်မြဲပါစေသတည်း။ အကယ်၍ထိုကတိသစ္စာကိုဖျက်ခဲ့သော် ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ် စီရင်တော်မူပါစေသော''ဟုဆို၏။
16 que nós não quebremos a promessa que fizemos um ao outro. Se você a quebrar, Deus o castigará.
17 ယောနသန်သည်ဒါဝိဒ်အားကိုယ်နှင့်အမျှ ချစ်သဖြင့် မိမိကိုလည်းချစ်ရန်ကတိပြု စေ၏။-
17 Novamente Jônatas fez um juramento de amizade a Davi, pois ele amava Davi como a si mesmo.
18 ထိုနောက်ယောနသန်က``နက်ဖြန်နေ့သည် လဆန်းပွဲတော်အခါဖြစ်သဖြင့် ပွဲတော် သို့သင်မတက်ရောက်ပါမူ သင်၏နေရာ လစ်လပ်လျက်နေသည်ကိုတွေ့ရှိကြလိမ့် မည်။-
18 E disse a Davi: — Amanhã é a Festa da Lua Nova, e, se você não estiver lá, a sua falta será notada.
19 သန်ဘက်ခါ၌လည်းယင်းသို့ပင်သင်မရှိ ကြောင်းတွေ့ရှိကြလိမ့်မည်။ သို့ဖြစ်၍ယခင်က သင်ပုန်းအောင်းနေခဲ့ဖူးသည့်အရပ်သို့သွား ၍ကျောက်ပုံ နောက်တွင်ပုန်းကွယ်လျက်နေလော့။-
19 Depois de amanhã a sua falta será notada ainda mais. Assim vá para o lugar onde você se escondeu da outra vez e fique atrás do monte de pedras que há ali.
20 ထိုအခါကျွန်ုပ်၏သည်ကျောက်ပုံကိုပစ် မှတ်သဖွယ်ပြု၍ မြားသုံးစင်းပစ်လွှတ် လိုက်မည်။-
20 Então eu atirarei três flechas, como se o monte de pedras fosse um alvo.
21 ထိုနောက်ကျွန်ုပ်၏အစေခံအားမြားတို့ ကိုသွား၍ရှာစေမည်။ ကျွန်ုပ်သည်သူ့အား`မြား တို့သည်ဤဘက်မှာရှိသည်၊ သွား၍ယူချေ' ဟု ဆိုလျှင်သင့်မှာဘေးအန္တရာယ်မရှိတော့သဖြင့် ထွက်၍လာနိုင်ပြီဟုဆိုလိုကြောင်းသိမှတ် ပါလော့။-
21 Aí direi ao meu empregado para ir buscá-las. Se eu disser a ele: “Olhe, as flechas estão para cá de você, pegue-as” — isso quer dizer que tudo está bem, e você pode sair. Eu juro por Deus, o Senhor , que nesse caso você não estará em perigo.
22 အကယ်၍ကျွန်ုပ်က`မြားတို့သည်ဟိုဘက်မှာ တွင်ရှိသည်၊ သွား၍ယူချေ' ဟုဆိုလျှင်မူကား ထာဝရဘုရားသည် သင့်အားထွက်ခွာသွား စေတော်မူပြီဖြစ်၍သင်သည်ထွက်ခွာသွား ပါလော့။-
22 Mas, se disser a ele: “As flechas estão mais para lá de você” — então fuja, pois o Senhor estará mandando que você vá.
23 ကျွန်ုပ်တို့နှစ်ဦးအချင်းချင်းပြုခဲ့ကြသည့် ကတိသစ္စာကို ထာဝစဉ်မပျက်မကွက်စောင့် ထိန်းနိုင်ကြစေရန်ထာဝရဘုရားသည် စီမံတော်မူပါလိမ့်မည်'' ဟုဆို၏။
23 Quanto à promessa que fizemos um ao outro, o Senhor Deus nos ajudará a cumpri-la para sempre.
24 ထို့ကြောင့်ဒါဝိဒ်သည်ကွင်းထဲတွင်ပုန်းအောင်း လျက်နေ၏။ လဆန်းပွဲတော်နေ့၌ရှောလု မင်းသည်စားတော်ခေါ်ရန်ကြွလာတော် မူ၍၊-
24 Então Davi se escondeu no campo. O rei Saul chegou para a Festa da Lua Nova
25 နံရံအနီးမိမိထိုင်နေကျနေရာတွင်ထိုင် တော်မူ၏။ အာဗနာသည်မင်းကြီး၏နံဘေး တွင်လည်းကောင်း၊ ယောနသန်သည်မင်းကြီး ၏ရှေ့တွင်လည်းကောင်းထိုင်၏။ ဒါဝိဒ်၏ နေရာမူကားလပ်၍နေ၏။-
25 e sentou-se para comer no lugar de costume, perto da parede. Abner sentou-se ao lado de Saul, e Jônatas, na sua frente. Mas o lugar de Davi ficou vazio.
26 သို့သော်ထိုနေ့၌မင်းကြီးသည်အဘယ်သို့ မျှမိန့်မြွက်တော်မမူ။ အကြောင်းတစ်ခုခု ကြောင့်ဒါဝိဒ်သည်ဘာသာရေးကျင့်ဝတ်အရ သန့်စင်မှုမရှိသဖြင့် မလာမရောက်ခြင်း သာဖြစ်မည်ဟုမှတ်ယူတော်မူ၏။-
26 Naquele dia Saul não disse nada porque pensou: “Deve ter acontecido alguma coisa com ele, e de certo ele não passou pela cerimônia de purificação .”
27 လဆန်းပွဲတော်နေ့အလွန်နောက်တစ်နေ့၌ လည်းဒါဝိဒ်၏နေရာသည်လပ်လျက်ပင်ရှိ သောကြောင့် ရှောလုကယောနသန်အား``အဘယ် ကြောင့်ဒါဝိဒ်သည်ဤစားပွဲတော်သို့ယမန် နေ့ကမလာ၊ ယနေ့လည်းမလာသနည်း'' ဟုမေးတော်မူ၏။
27 No dia seguinte, o segundo dia da Festa da Lua Nova, o lugar de Davi continuava desocupado. Aí Saul perguntou a Jônatas: — Por que Davi não veio comer nem ontem nem hoje?
28 ယောနသန်က``ဒါဝိဒ်သည်ကျွန်ုပ်ထံတွင် ခွင့်ပန်၍ ဗက်လင်မြို့သို့သွားပါသည်။ သူ က`အကျွန်ုပ်တို့အားကျေးဇူးပြု၍သွား ခွင့်ပြုပါ။-
28 Jônatas respondeu: — Ele me pediu licença para ir a Belém.
29 ထိုမြို့တွင်အကျွန်ုပ်၏ဆွေမျိုးသားချင်း တို့သည်ယဇ်ပူဇော်ပွဲကျင်းပလျက်နေကြ သဖြင့် အစ်ကိုကလည်းအကျွန်ုပ်အားလာ ရမည်ဟုဆိုပါသည်။ သင်သည်အကျွန်ုပ်ကို ခင်မင်ပါကအကျွန်ုပ်အားညီအစ်ကိုတို့ ကိုတွေ့ရန်သွားခွင့်ပြုပါဟုပန်ကြားပါ၏။ ထို့ကြောင့်သူသည်အရှင်၏စားပွဲတော် တွင်မရှိခြင်းဖြစ်ပါသည်'' ဟုပြန်ကြား လျှောက်ထား၏။
29 Ele me disse: “Deixe-me ir a Belém porque a minha família está lá fazendo a festa do sacrifício, e o meu irmão mandou que eu também fosse. Se você é meu amigo, deixe que eu vá ver os meus parentes.” E Jônatas continuou: — É por isso que ele não está no seu lugar, à mesa.
30 ရှောလုသည်ယောနသန်အားပြင်းစွာအမျက် ထွက်သဖြင့်``တရားမဝင်သောသား၊ သင်သည် ဒါဝိဒ်ဘက်သားဖြစ်ကြောင်းယခုငါသိပြီ။ သင်သည်ကိုယ့်ကိုယ်ကိုလည်းကောင်း၊ ကိုယ့် မိခင်ကိုလည်းကောင်းအသရေယုတ်စေ လေပြီတကား။-
30 Então Saul ficou muito zangado com Jônatas e disse: — Seu filho de uma mulher à toa! Agora eu sei que você passou para o lado de Davi, trazendo desonra para você e para a sua mãe!
31 ဒါဝိဒ်အသက်ရှင်နေသမျှကာလပတ်လုံး သင်သည်ဤတိုင်းပြည်တွင်အဘယ်အခါ၌ မျှဘုရင်မဖြစ်နိုင်သည်ကိုမသိပါသလော။ ယခုပင်သွား၍သူ့ကိုခေါ်ခဲ့လော့။ သူသည် မုချသေဒဏ်ခံရမည်'' ဟုမိန့်တော်မူ၏။
31 Enquanto Davi for vivo, você não será rei deste país. Vá agora e traga-o aqui porque é preciso que ele morra!
32 ယောနသန်က``အဘယ်ကြောင့်သေဒဏ်ခံ ရပါမည်နည်း။ သူသည်အဘယ်အမှုကို ပြုမိပါသနည်း'' ဟုလျှောက်လျှင်၊
32 — Por que é que ele deve morrer? — perguntou Jônatas. — O que foi que ele fez?
33 ရှောလုသည်ယောနသန်အားထိမှန်စေရန် လှံတံတော်နှင့်ပစ်လိုက်လေသည်။ ထိုအခါ ယောနသန်သည် မင်းကြီးအကယ်ပင်ဒါဝိဒ် အားသတ်ရန်စိတ်ပိုင်းဖြတ်ထားတော်မူ ကြောင်းကိုသိလေ၏။-
33 Então Saul atirou a sua lança contra Jônatas para matá-lo. E assim Jônatas compreendeu que o seu pai estava mesmo resolvido a matar Davi.
34 သူသည်ဒေါသဖြစ်လျက်စားပွဲမှထသွား ပြီးလျှင် လဆန်းပွဲတော်ဒုတိယနေ့တစ်နေ့ လုံးမည်သည့်အစားအစာကိုမျှမစားဘဲ နေ၏။ သူသည်ဒါဝိဒ်အားရှောလုအသရေ ဖျက်သည့်အတွက်များစွာစိတ်မချမ်း မသာဖြစ်၏။-
34 Jônatas levantou-se furioso da mesa e não comeu nada naquele dia, o segundo dia da Festa da Lua Nova. Ele estava muito sentido porque Saul tinha insultado Davi.
35 နောက်တစ်နေ့နံနက်၌ယောနသန်သည်ယခင် ကချိန်းဆိုထားသည့်အတိုင်း ဒါဝိဒ်နှင့်တွေ့ဆုံ ရန်ကွင်းထဲသို့သွား၏။ မိမိနှင့်အတူသူငယ် တစ်ယောက်ကိုလည်းခေါ်ဆောင်သွားကာ၊-
35 Na manhã seguinte ele foi ao campo a fim de encontrar Davi, como tinham combinado. Levou consigo um rapazinho
36 ထိုသူငယ်အား``ယခုပင်ငါပစ်လွှတ်လိုက်မည့် မြားကိုပြေး၍ရှာလော့'' ဟုဆို၏။ ထိုသူငယ် ပြေးလေလျှင်ယောနသန်သည်သူ့ကိုလွန် အောင်မြားတစ်စင်းကိုပစ်လွှတ်၏။-
36 e disse: — Corra e vá buscar as flechas que eu atirar. O rapaz correu, e Jônatas atirou uma flecha que passou além dele.
37 မြားကျရာသို့သူငယ်ရောက်သောအခါ ယောနသန်က``မြားသည်ဟိုဘက်မှာရှိသည်။-
37 Quando o rapaz chegou ao lugar onde a flecha tinha caído, Jônatas gritou: — A flecha caiu mais para lá de você!
38 ရပ်၍မနေနှင့်။ မြန်မြန်ပြေး၍ကောက်လော့'' ဟုဟစ်အော်လိုက်၏။ သူငယ်သည်မြားကို ကောက်ပြီးလျှင် မိမိသခင်ရှိရာသို့ပြန် လာလေသည်။-
38 Não fique aí parado! Ande logo! O rapaz pegou as flechas e voltou para perto do seu patrão,
39 သူသည်ထိုစကား၏အနက်အဋ္ဌိပ္ပါယ်ကို မသိ။ ယောနသန်နှင့်ဒါဝိဒ်တို့သာလျှင် သိကြ၏။-
39 não sabendo o que queria dizer tudo aquilo — somente Jônatas e Davi sabiam.
40 ယောနသန်သည်မိမိ၏လေးနှင့်မြားတို့ကို သူငယ်အားပေး၍မြို့သို့ပြန်ယူသွားစေ၏။
40 Aí Jônatas entregou as suas armas ao rapaz e mandou que as levasse de volta para a cidade.
41 သူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် ကျောက်ပုံ နောက်မှထွက်လာပြီးလျှင်ဒူးထောက်၍ ယော နသန်အားသုံးကြိမ်တိုင်တိုင်ပျပ်ဝပ်ဦး ညွှတ်၏။ ထိုနောက်သူတို့သည်အချင်းချင်း ဖက်နမ်းငိုကြွေးကြ၏။ ဒါဝိဒ်၏ကြေကွဲ မှုသည် ယောနသန်၏ကြေကွဲမှုထက်ပင် ပိုမိုပြင်းထန်လေသည်။-
41 Depois que o rapaz foi embora, Davi saiu de trás do monte de pedras, jogou-se no chão e encostou o rosto na terra três vezes. Então eles se beijaram chorando. E a tristeza de Davi era maior do que a de Jônatas.
42 ထိုအခါယောနသန်က``ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ ငါတို့ နှစ်ယောက်သည်လည်းကောင်း၊ ငါတို့သားမြေး များသည်လည်းကောင်းငါတို့တစ်ယောက်ကို တစ်ယောက်ပြုခဲ့သည့်ကတိသစ္စာကို ထာဝစဉ် မပျက်မကွက်စောင့်ထိန်းနိုင်ကြစေရန် ထာဝရဘုရားမုချကူမတော်မူပါ လိမ့်မည်'' ဟုဆို၏။ ထိုနောက်ဒါဝိဒ်ထွက်ခွာ သွား၏။ ယောနသန်သည်လည်းမြို့ထဲသို့ ပြန်လေ၏။
42 Aí Jônatas disse a Davi: — Deus esteja com você! O Então Davi partiu, e Jônatas voltou para a cidade.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.