1 Samuel 1
Common Language Bible (MYA) vs NAA
1 ဧဖရိမ်တောင်ကုန်းဒေသရှိရာမမြို့တွင် ဧလကာနဟုနာမည်တွင်သောလူတစ် ယောက်ရှိ၏။ သူသည်ဧဖရိမ်အနွယ်ဝင်ဖြစ် ၍အဖမှာယေရောဟံ၊ အဖိုးကားဧလိ ဖြစ်၏။ သူသည်ဇုဖသားချင်းစု၊ တောဟူ အိမ်ထောင်စုဝင်ဖြစ်သတည်း။-
1 Houve um homem de Ramataim-Zofim, da região montanhosa de Efraim, cujo nome era Elcana, filho de Jeroão, filho de Eliú, filho de Toú, filho de Zufe, efraimita.
2 ဧလကာနတွင်ဟန္နနှင့်ပေနိန္နဟူသောမယား နှစ်ယောက်ရှိ၏။ ပေနိန္နတွင်သားသမီးများရှိ ၍ဟန္နမှာမရှိချေ။-
2 Elcana tinha duas mulheres: uma se chamava Ana, e a outra se chamava Penina. Penina tinha filhos; Ana, porém, não tinha.
3 ဧလကာနသည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရန် ရာမမြို့မှ ရှိလောမြို့သို့နှစ်စဉ်နှစ်တိုင်းသွားရောက်၏။ ထိုမြို့တွင်ဧလိ၏သားများဖြစ်ကြသော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိကြ၏။-
3 Todos os anos esse homem ia da sua cidade para adorar e sacrificar ao Senhor dos Exércitos, em Siló, onde Hofni e Fineias, os dois filhos de Eli, eram sacerdotes do Senhor .
4 ဧလကာနသည်ယဇ်ပူဇော်သည့်အခါ ပေနိန္န နှင့်သားသမီးတို့အားဝေစုတစ်စုစီခွဲဝေ ပေး၏။-
4 No dia em que Elcana oferecia o seu sacrifício, ele dava porções deste a Penina, sua mulher, e a todos os seus filhos e filhas.
5 ဟန္နကိုမူအထူးဝေစုပေး၏။ ထာဝရဘုရား သည်ဟန္နအားသားသမီးမွေးဖွားခွင့်ကိုပေး တော်မမူသော်လည်း ဧလကာနသည်ဟန္န အားလွန်စွာချစ်မြတ်နိုးလေသည်။-
5 A Ana, porém, dava uma porção dobrada, porque ele a amava, mesmo que o Senhor a tivesse deixado estéril.
6 ဟန္နတွင်သားသမီးမရသဖြင့်သူ၏ပြိုင် ဘက်ဖြစ်သူ ပေနိန္နသည်ဟန္နအားရှုတ်ချကာ စိတ်ဒုက္ခပေးလေ့ရှိ၏။-
6 Penina, sua rival, a provocava excessivamente para a irritar, porque o Senhor a tinha deixado sem filhos.
7 ဤအတိုင်းတစ်နှစ်ပြီးတစ်နှစ်လွန်ခဲ့၏။ သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့သွားရောက် သည့်အခါတိုင်း ပေနိန္နသည်ဟန္နအားစိတ်ဒုက္ခ ရောက်စေသဖြင့် ဟန္နသည်အဘယ်အစားအစာ ကိုမျှမစားဘဲငို၍သာနေတတ်၏။-
7 Isso acontecia ano após ano. Todas as vezes que Ana ia à Casa do Senhor , a outra a irritava. Por isso Ana se punha a chorar e não comia nada.
8 သူ၏ခင်ပွန်းဧလကာနက``ဟန္န၊ သင်သည် အဘယ်ကြောင့်ငိုကြွေးနေပါသနည်း။ အဘယ် ကြောင့်အစားအစာမစားသောက်ဘဲနေပါ သနည်း။ အဘယ်ကြောင့်အစဉ်ပင်စိတ်မချမ်းမ သာဖြစ်၍နေပါသနည်း။ ငါသည်သင်၏အဖို့ သားတစ်ကျိပ်ထက်အဖိုးထိုက်သည်မဟုတ်ပါ လော'' ဟုမေးလေ့ရှိ၏။
8 Então Elcana, seu marido, lhe disse: — Ana, por que você está chorando? E por que não quer comer? E por que está tão triste? Será que eu não sou melhor para você do que dez filhos?
9 — ausente —
9 Certa vez após terem comido e bebido em Siló, Ana se levantou, quando o sacerdote Eli estava sentado na sua cadeira, junto a um pilar do templo do Senhor .
10 — ausente —
10 E Ana, com amargura de alma, orou ao Senhor e chorou muito.
11 ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။
11 Ela fez um voto, dizendo: —
12 ဟန္နသည်အချိန်ကြာမြင့်စွာဆိတ်ဆိတ်ဆု တောင်းပတ္ထနာပြု၏။ ဧလိသည်သူ၏နှုတ် ကိုကြည့်ရှုလျက်နေ၏။-
12 Ana continuava a orar diante do Senhor , e o sacerdote Eli começou a observar o movimento dos lábios dela,
13 ဟန္နသည်ဆိတ်ဆိတ်ဆုတောင်းပတ္ထနာပြု၍နေ သဖြင့် သူ၏နှုတ်ခမ်းတို့သည်လှုပ်ရှားလျက်ရှိ သော်လည်းအသံကားမထွက်။ သို့ဖြစ်၍သူ့ အားအရက်မူးသည်ဟုထင်မှတ်သဖြင့်၊-
13 porque Ana só falava em seu coração. Os seus lábios se moviam, porém não se ouvia voz nenhuma. Por isso Eli pensou que ela estava embriagada
14 ဧလိက``သင်သည်အဘယ်မျှကြာအရက်မူး လျက်နေပါသနည်း။ အရက်ကိုကြဉ်ရှောင် လော့'' ဟုဆို၏။
14 e lhe disse: — Até quando você vai ficar embriagada? Trate de ficar longe do vinho!
15 ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။-
15 Porém Ana respondeu: — Não, meu senhor! Eu sou uma mulher angustiada de espírito. Não bebi vinho nem bebida forte. Apenas estava derramando a minha alma diante do
16 ကျွန်မအားတန်ဖိုးမရှိသည့်မိန်းမဟုမထင် မှတ်ပါနှင့်။ ကျွန်မသည်အလွန်စိတ်မချမ်းမသာ ဖြစ်သဖြင့် ဤသို့ဆုတောင်းပတ္ထနာပြုလျက်နေ ခြင်းဖြစ်ပါ၏'' ဟုပြန်၍လျှောက်၏။
16 Não pense que esta sua serva é ímpia. Eu estava orando assim até agora porque é grande a minha ansiedade e a minha aflição.
17 ဧလိက``စိတ်ချမ်းသာစွာသွားပါလော့။ ဣသရေလ အမျိုးသားတို့ကိုးကွယ်သောထာဝရဘုရားသည် သင်တောင်းလျှောက်သည်အတိုင်းပေးသနားတော် မူပါစေသော'' ဟုဆို၏။
17 Então Eli disse: — Vá em paz, e que o Deus de Israel lhe conceda o que você pediu.
18 ဟန္နကလည်း``ကျွန်မသည်အရှင်ပေးသည့်ကောင်း ချီးမင်္ဂလာကိုခံရပါစေသော'' ဟုလျှောက်လေ၏။ ထိုနောက်သူသည်စိတ်သက်သာမှုရလျက်ထွက် ခွာသွားပြီးလျှင် အစားအစာအနည်းငယ်ကို စားလေ၏။
18 Ana respondeu: — Que eu possa encontrar favor aos seus olhos. Então ela seguiu o seu caminho, comeu alguma coisa, e o seu semblante já não era triste.
19 နောက်တစ်နေ့၌ဧလကာနနှင့်အိမ်ထောင်စုသား တို့သည် နံနက်စောစောထ၍ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုကြ၏။ ထိုနောက်ရာမမြို့နေအိမ် သို့ပြန်ကြ၏။ ဧလကာနသည်သူ၏ဇနီးဟန္န နှင့်ဆက်ဆံလေ၏။ ဘုရားသခင်သည်ဟန္န၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့်၊-
19 Eles se levantaram de madrugada e adoraram diante do Senhor . Depois, voltaram para casa, em Ramá. Elcana teve relações com Ana, sua mulher, e o Senhor se lembrou dela.
20 ဟန္နသည်ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွား မြင်လေသည်။ သူက``ငါသည်ထာဝရဘုရား အားတောင်းခံသဖြင့်ဤသားကိုရ၏'' ဟုဆို ပြီးလျှင်ရှမွေလဟုနာမည်မှည့်လေသည်။
20 Ana ficou grávida e, passado o devido tempo, teve um filho, a quem deu o nome de Samuel, pois dizia: — Do
21 ဧလကာနသည်မိမိ၏အိမ်ထောင်စုနှင့်အတူ နှစ်စဉ်ပူဇော်နေကျယဇ်ကိုလည်းကောင်း၊ မိမိ သစ္စာဝတ်ကိုဖြေရာအထူးယဇ်ကိုလည်းကောင်း ဘုရားသခင်အားပူဇော်ရန်ရှိလောမြို့သို့ သွားရောက်ဖို့အချိန်ကျရောက်လာပြန်၏။-
21 Elcana, seu marido, foi com toda a sua casa para oferecer ao Senhor o sacrifício anual e para cumprir o seu voto.
22 သို့ရာတွင်ယခုအကြိမ်၌ဟန္နသည်မလိုက် ဘဲနေ၏။ သူသည်မိမိခင်ပွန်းအား``ကလေး ကိုနို့ဖြတ်ပြီးလျှင်ပြီးချင်း သူ့အားထာဝရ ဘုရား၏အိမ်တော်တွင်အမြဲနေစေရန် ကျွန်မခေါ်ဆောင်သွားပါမည်'' ဟုပြော၏။
22 Ana, porém, não foi. Ela disse a seu marido: — Quando o menino for desmamado, eu o levarei para ser apresentado ao
23 ဧလကာနက``ကောင်းပြီ။ သင်ပြုလိုသည် အတိုင်းပြုပါလေ။ ကလေးနို့ဖြတ်သည်တိုင် အောင်အိမ်တွင်နေလော့။ သင်ပြုသောသစ္စာကတိ ကိုအကောင်အထည်ဖော်နိုင်ရန် ထာဝရဘုရား ကူမတော်မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ ဟန္နသည်သူငယ်ကိုနို့တိုက်လျက်၊ နို့မဖြတ် မီတိုင်အောင်အိမ်မှာနေလေ၏။
23 Elcana, seu marido, respondeu: — Faça o que achar melhor. Fique aqui até desmamá-lo. E que o Assim, Ana ficou em casa e amamentou o filho, até que o desmamou.
24 သူသည်သားငယ်ကိုနို့ဖြတ်ပြီးသောအခါ သုံးနှစ်သားနွားထီး ကလေးတစ်ကောင်၊ မုန့်ညက်တစ်တင်း၊ စပျစ်ရည် တစ်ဘူးကိုယူဆောင်လျက်သားငယ်နှင့်အတူ ရှိလောမြို့သို့သွား၏။ သားငယ်ရှမွေလသည် လွန်စွာငယ်ရွယ်နုနယ်သေးသတည်း။-
24 Depois de o ter desmamado, ela o levou consigo, com um novilho de três anos, uma medida de farinha e um odre de vinho, e o apresentou à Casa do Senhor , em Siló. O menino ainda era muito pequeno.
25 နွားကိုသတ်ပြီးနောက်သူငယ်ကိုဧလိထံသို့ ယူဆောင်သွားကြ၏။-
25 Depois de terem sacrificado o novilho, levaram o menino a Eli.
26 ဟန္နကဧလိအား``အရှင်၊ ကျွန်မသည်အထက် ကအရှင်၏အနီး၌ရပ်လျက် ထာဝရဘုရား ထံသို့ဆုတောင်းပတ္ထနာပြုသောမိန်းမဖြစ် ပါ၏။-
26 E Ana disse: — Ah! Meu senhor, tão certo como você vive, eu sou aquela mulher que esteve aqui ao seu lado, orando ao
27 ကျွန်မသည်ထာဝရဘုရားထံတော်တွင် ဤ သားဆုကိုပန်ပါ၏။ ဆုပန်သည့်အတိုင်း ကိုယ်တော်သည်ပေးသနားတော်မူပါပြီ။-
27 Era por este menino que eu orava, e o Senhor Deus me concedeu o pedido que eu fiz.
28 သို့ဖြစ်၍ကျွန်မသည်သူ့ကိုထာဝရဘုရား အား ဆက်ကပ်အပ်နှင်းပါ၏။ သူအသက်ရှင် သမျှကာလပတ်လုံးထာဝရဘုရား အားအပ်နှင်းပါ၏'' ဟုလျှောက်ထား၏။
28 Por isso também o entrego ao Senhor . Por todos os dias que viver, será dedicado ao Senhor . E ali eles adoraram o
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.