1 Samuel 1

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။-
1 Houve um homem de Ramataim-Zofim, da região montanhosa de Efraim, cujo nome era Elcana, filho de Jeroão, filho de Eliú, filho de Toú, filho de Zufe, efraimita.
2 ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။-
2 Tinha ele duas mulheres: uma se chamava Ana, e a outra, Penina; Penina tinha filhos; Ana, porém, não os tinha.
3 ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-
3 Este homem subia da sua cidade de ano em ano a adorar e a sacrificar ao Senhor dos Exércitos, em Siló. Estavam ali os dois filhos de Eli, Hofni e Fineias, como sacerdotes do Senhor .
4 ဧ​လ​ကာ​န​သည်​ယဇ်​ပူ​ဇော်​သည့်​အ​ခါ ပေ​နိန္န နှင့်​သား​သ​မီး​တို့​အား​ဝေ​စု​တစ်​စု​စီ​ခွဲ​ဝေ ပေး​၏။-
4 No dia em que Elcana oferecia o seu sacrifício, dava ele porções deste a Penina, sua mulher, e a todos os seus filhos e filhas.
5 ဟန္န​ကို​မူ​အ​ထူး​ဝေ​စု​ပေး​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ဟန္န​အား​သား​သ​မီး​မွေး​ဖွား​ခွင့်​ကို​ပေး တော်​မ​မူ​သော်​လည်း ဧ​လ​ကာ​န​သည်​ဟန္န အား​လွန်​စွာ​ချစ်​မြတ်​နိုး​လေ​သည်။-
5 A Ana, porém, dava porção dupla, porque ele a amava, ainda mesmo que o Senhor a houvesse deixado estéril.
6 ဟန္န​တွင်​သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ပြိုင် ဘက်​ဖြစ်​သူ ပေ​နိန္န​သည်​ဟန္န​အား​ရှုတ်​ချ​ကာ စိတ်​ဒုက္ခ​ပေး​လေ့​ရှိ​၏။-
6 (A sua rival a provocava excessivamente para a irritar, porquanto o Senhor lhe havia cerrado a madre.)
7 ဤ​အ​တိုင်း​တစ်​နှစ်​ပြီး​တစ်​နှစ်​လွန်​ခဲ့​၏။ သူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​သွား​ရောက် သည့်​အ​ခါ​တိုင်း ပေ​နိန္န​သည်​ဟန္န​အား​စိတ်​ဒုက္ခ ရောက်​စေ​သ​ဖြင့် ဟန္န​သည်​အ​ဘယ်​အ​စား​အ​စာ ကို​မျှ​မ​စား​ဘဲ​ငို​၍​သာ​နေ​တတ်​၏။-
7 E assim o fazia ele de ano em ano; e, todas as vezes que Ana subia à Casa do Senhor , a outra a irritava; pelo que chorava e não comia.
8 သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။
8 Então, Elcana, seu marido, lhe disse: Ana, por que choras? E por que não comes? E por que estás de coração triste? Não te sou eu melhor do que dez filhos?
9 — ausente —
9 Após terem comido e bebido em Siló, estando Eli, o sacerdote, assentado numa cadeira, junto a um pilar do templo do Senhor ,
10 — ausente —
10 levantou-se Ana, e, com amargura de alma, orou ao Senhor , e chorou abundantemente.
11 ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။
11 E fez um voto, dizendo: Senhor dos Exércitos, se benignamente atentares para a aflição da tua serva, e de mim te lembrares, e da tua serva te não esqueceres, e lhe deres um filho varão, ao Senhor o darei por todos os dias da sua vida, e sobre a sua cabeça não passará navalha.
12 ဟန္န​သည်​အ​ချိန်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။ ဧ​လိ​သည်​သူ​၏​နှုတ် ကို​ကြည့်​ရှု​လျက်​နေ​၏။-
12 Demorando-se ela no orar perante o Senhor , passou Eli a observar-lhe o movimento dos lábios,
13 ဟန္န​သည်​ဆိတ်​ဆိတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​နေ သ​ဖြင့် သူ​၏​နှုတ်​ခမ်း​တို့​သည်​လှုပ်​ရှား​လျက်​ရှိ သော်​လည်း​အ​သံ​ကား​မ​ထွက်။ သို့​ဖြစ်​၍​သူ့ အား​အ​ရက်​မူး​သည်​ဟု​ထင်​မှတ်​သ​ဖြင့်၊-
13 porquanto Ana só no coração falava; seus lábios se moviam, porém não se lhe ouvia voz nenhuma; por isso, Eli a teve por embriagada
14 ဧ​လိ​က``သင်​သည်​အ​ဘယ်​မျှ​ကြာ​အ​ရက်​မူး လျက်​နေ​ပါ​သ​နည်း။ အ​ရက်​ကို​ကြဉ်​ရှောင် လော့'' ဟု​ဆို​၏။
14 e lhe disse: Até quando estarás tu embriagada? Aparta de ti esse vinho!
15 ဟန္န​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရက်​မ​မူး​ပါ။ အ​ရက်​မ​သောက်​ပါ။ ကျွန်​မ​သည်​အ​လွန်​ပင် စိတ်​ပျက်​၍ မိ​မိ​၏​ဆင်း​ရဲ​ဒုက္ခ​ကို​ရင်​ဖွင့်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း​ပတ္ထ​နာ ပြု​လျက်​နေ​ခဲ့​ပါ​၏။-
15 Porém Ana respondeu: Não, senhor meu! Eu sou mulher atribulada de espírito; não bebi nem vinho nem bebida forte; porém venho derramando a minha alma perante o Senhor .
16 ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။
16 Não tenhas, pois, a tua serva por filha de Belial; porque pelo excesso da minha ansiedade e da minha aflição é que tenho falado até agora.
17 ဧ​လိ​က``စိတ်​ချမ်း​သာ​စွာ​သွား​ပါ​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တောင်း​လျှောက်​သည်​အ​တိုင်း​ပေး​သနား​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။
17 Então, lhe respondeu Eli: Vai-te em paz, e o Deus de Israel te conceda a petição que lhe fizeste.
18 ဟန္န​က​လည်း``ကျွန်​မ​သည်​အ​ရှင်​ပေး​သည့်​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ ထို​နောက်​သူ​သည်​စိတ်​သက်​သာ​မှု​ရ​လျက်​ထွက် ခွာ​သွား​ပြီး​လျှင် အ​စား​အ​စာ​အ​နည်း​ငယ်​ကို စား​လေ​၏။
18 E disse ela: Ache a tua serva mercê diante de ti. Assim, a mulher se foi seu caminho e comeu, e o seu semblante já não era triste.
19 နောက်​တစ်​နေ့​၌​ဧ​လ​ကာ​န​နှင့်​အိမ်​ထောင်​စု​သား တို့​သည် နံ​နက်​စော​စော​ထ​၍​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ထို​နောက်​ရာ​မ​မြို့​နေ​အိမ် သို့​ပြန်​ကြ​၏။ ဧ​လ​ကာ​န​သည်​သူ​၏​ဇ​နီး​ဟန္န နှင့်​ဆက်​ဆံ​လေ​၏။ ဘု​ရား​သ​ခင်​သည်​ဟန္န​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့်၊-
19 Levantaram-se de madrugada, e adoraram perante o Senhor , e voltaram, e chegaram a sua casa, a Ramá. Elcana coabitou com Ana, sua mulher, e, lembrando-se dela o Senhor ,
20 ဟန္န​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​သည်။ သူ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား အား​တောင်း​ခံ​သ​ဖြင့်​ဤ​သား​ကို​ရ​၏'' ဟု​ဆို ပြီး​လျှင်​ရှ​မွေ​လ​ဟု​နာ​မည်​မှည့်​လေ​သည်။
20 ela concebeu e, passado o devido tempo, teve um filho, a que chamou Samuel, pois dizia: Do Senhor o pedi.
21 ဧ​လ​ကာ​န​သည်​မိ​မိ​၏​အိမ်​ထောင်​စု​နှင့်​အ​တူ နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို​လည်း​ကောင်း၊ မိ​မိ သစ္စာ​ဝတ်​ကို​ဖြေ​ရာ​အ​ထူး​ယဇ်​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့ သွား​ရောက်​ဖို့​အ​ချိန်​ကျ​ရောက်​လာ​ပြန်​၏။-
21 Subiu Elcana, seu marido, com toda a sua casa, a oferecer ao Senhor o sacrifício anual e a cumprir o seu voto.
22 သို့​ရာ​တွင်​ယ​ခု​အ​ကြိမ်​၌​ဟန္န​သည်​မ​လိုက် ဘဲ​နေ​၏။ သူ​သည်​မိ​မိ​ခင်​ပွန်း​အား``က​လေး ကို​နို့​ဖြတ်​ပြီး​လျှင်​ပြီး​ချင်း သူ့​အား​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင်​အ​မြဲ​နေ​စေ​ရန် ကျွန်​မ​ခေါ်​ဆောင်​သွား​ပါ​မည်'' ဟု​ပြော​၏။
22 Ana, porém, não subiu e disse a seu marido: Quando for o menino desmamado, levá-lo-ei para ser apresentado perante o Senhor e para lá ficar para sempre.
23 ဧ​လ​ကာ​န​က``ကောင်း​ပြီ။ သင်​ပြု​လို​သည် အ​တိုင်း​ပြု​ပါ​လေ။ က​လေး​နို့​ဖြတ်​သည်​တိုင် အောင်​အိမ်​တွင်​နေ​လော့။ သင်​ပြု​သော​သစ္စာ​က​တိ ကို​အ​ကောင်​အ​ထည်​ဖော်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍ ဟန္န​သည်​သူ​ငယ်​ကို​နို့​တိုက်​လျက်၊ နို့​မ​ဖြတ် မီ​တိုင်​အောင်​အိမ်​မှာ​နေ​လေ​၏။
23 Respondeu-lhe Elcana, seu marido: Faze o que melhor te agrade; fica até que o desmames; tão somente confirme o Senhor a sua palavra. Assim, ficou a mulher e criou o filho ao peito, até que o desmamou.
24 သူ​သည်​သား​ငယ်​ကို​နို့​ဖြတ်​ပြီး​သော​အ​ခါ သုံး​နှစ်​သား​နွား​ထီး က​လေး​တစ်​ကောင်၊ မုန့်​ညက်​တစ်​တင်း၊ စ​ပျစ်​ရည် တစ်​ဘူး​ကို​ယူ​ဆောင်​လျက်​သား​ငယ်​နှင့်​အ​တူ ရှိ​လော​မြို့​သို့​သွား​၏။ သား​ငယ်​ရှ​မွေ​လ​သည် လွန်​စွာ​ငယ်​ရွယ်​နု​နယ်​သေး​သ​တည်း။-
24 Havendo-o desmamado, levou-o consigo, com um novilho de três anos, um efa de farinha e um odre de vinho, e o apresentou à Casa do Senhor , a Siló. Era o menino ainda muito criança.
25 နွား​ကို​သတ်​ပြီး​နောက်​သူ​ငယ်​ကို​ဧ​လိ​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။-
25 Imolaram o novilho e trouxeram o menino a Eli.
26 ဟန္န​က​ဧ​လိ​အား``အ​ရှင်၊ ကျွန်​မ​သည်​အ​ထက် က​အ​ရှင်​၏​အ​နီး​၌​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​မိန်း​မ​ဖြစ် ပါ​၏။-
26 E disse ela: Ah! Meu senhor, tão certo como vives, eu sou aquela mulher que aqui esteve contigo, orando ao Senhor .
27 ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​တွင် ဤ သား​ဆု​ကို​ပန်​ပါ​၏။ ဆု​ပန်​သည့်​အ​တိုင်း ကိုယ်​တော်​သည်​ပေး​သ​နား​တော်​မူ​ပါ​ပြီ။-
27 Por este menino orava eu; e o Senhor me concedeu a petição que eu lhe fizera.
28 သို့​ဖြစ်​၍​ကျွန်​မ​သည်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​ကပ်​အပ်​နှင်း​ပါ​၏။ သူ​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား အား​အပ်​နှင်း​ပါ​၏'' ဟု​လျှောက်​ထား​၏။
28 Pelo que também o trago como devolvido ao Senhor , por todos os dias que viver; pois do Senhor o pedi. E eles adoraram ali o Senhor .

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.