1 Samuel 19

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ဒါ​ဝိဒ်​အား​သတ်​ပစ်​ရန် မိ​မိ​ကြံ​စည်​တော်​မူ​ကြောင်း ရှော​လု​သည်​သား တော်​ယော​န​သန်​နှင့်​နန်း​တွင်း​အ​ရာ​ရှိ​အ​ပေါင်း တို့​အား​ပြော​ပြ​၏။ သို့​ရာ​တွင်​ယော​န​သန်​သည် ဒါ​ဝိဒ်​ကို​အ​လွန်​ချစ်​ခင်​စွဲ​လန်း​သ​ဖြင့်၊-
1 Falou Saul a Jônatas, seu filho, e a todos os servos sobre matar Davi. Jônatas, filho de Saul, mui afeiçoado a Davi,
2 ``အ​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့်​အား သေ​ကြောင်း​ကြံ​လေ​ပြီ။ နက်​ဖြန်​နံ​နက်​၌ သတိ​နှင့်​ပုန်း​ရှောင်​၍​နေ​လော့။-
2 o fez saber a este, dizendo: Meu pai, Saul, procura matar-te; acautela-te, pois, pela manhã, fica num lugar oculto e esconde-te.
3 ငါ​သည်​သင်​ရှိ​ရာ​လယ်​ကွင်း​ထဲ​သို့​သွား​၍ ခ​မည်း တော်​အ​နီး​တွင်​ရပ်​လျက်​သင့်​အ​ကြောင်း​ကို​ပြော ပြ​မည်။ သူ့​ထံ​မှ​သ​တင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ ပါ​က သင့်​အား​ပြော​ကြား​ပါ​မည်'' ဟု​ဆို​၏။
3 Eu sairei e estarei ao lado de meu pai no campo onde estás; falarei a teu respeito a meu pai, e verei o que houver, e te farei saber.
4 ယော​န​သန်​သည်​ခ​မည်း​တော်​ရှော​လု​ထံ ဒါ​ဝိဒ် ၏​ဂုဏ်​ကို​ချီး​ကူး​ပြော​ဆို​၏။ ထို​နောက်``အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ပြစ်​မှား​တော်​မ​မူ ပါ​နှင့်။ သူ​သည်​အ​ရှင်​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြစ်​မှား​ခဲ့​ပါ။ သူ​ပြု​လေ​သ​မျှ​အ​မှု များ​အား​ဖြင့် အ​ရှင့်​အ​တွက်​အ​ထောက်​အ​ကူ များ​စွာ​ဖြစ်​စေ​ခဲ့​ပါ​၏။-
4 Então, Jônatas falou bem de Davi a Saul, seu pai, e lhe disse: Não peque o rei contra seu servo Davi, porque ele não pecou contra ti, e os seus feitos para contigo têm sido mui importantes.
5 သူ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍​ဂေါ​လျတ်​ကို သတ်​ခဲ့​ပါ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောင်​ပွဲ ကြီး​တစ်​ရပ်​ကို​ခံ​စေ​တော်​မူ​ခဲ့​ပါ​၏။ ထို အ​ချင်း​အ​ရာ​ကို​အ​ရှင်​မြင်​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ပြစ်​မ​ရှိ​သူ​တစ်​ယောက် အား အ​ဘယ်​ကြောင့်​ပြစ်​မှား​လို​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ဒါ​ဝိဒ်​ကို​အ​ကြောင်း​မဲ့​သတ် တော်​မူ​လို​ပါ​သ​နည်း'' ဟု​လျှောက်​၏။
5 Arriscando ele a vida, feriu os filisteus e efetuou o Senhor grande livramento a todo o Israel; tu mesmo o viste e te alegraste; por que, pois, pecarias contra sangue inocente, matando Davi sem causa?
6 ယော​န​သန်​၏​စ​ကား​များ​မှန်​ကန်​ကြောင်း​ကို ရှော​လု​ကောင်း​စွာ​သ​ဘော​ပေါက်​သ​ဖြင့် မိ​မိ သည်​ဒါ​ဝိဒ်​အား​သေ​ကြောင်း​ကြံ​စည်​တော့​မည် မ​ဟုတ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​တော်​မူ​၏။-
6 Saul atendeu à voz de Jônatas e jurou: Tão certo como vive o Senhor , ele não morrerá.
7 ထို့​ကြောင့်​ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​၍ အ​လုံး​စုံ​ကို​ပြော​ကြား​ပြီး​လျှင် ရှော​လု​ထံ သို့​ခေါ်​ဆောင်​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​ယ​ခင် က​ကဲ့​သို့​ဘု​ရင်​၏​ထံ​တွင်​ခ​စား​လေ​၏။
7 Jônatas chamou a Davi, contou-lhe todas estas palavras e o levou a Saul; e esteve Davi perante este como dantes.
8 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တစ်​ဖန်​စစ်​ဖြစ် ပြန်​၏။ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ပြင်း​ထန်​စွာ တိုက်​ခိုက်​နှိမ်​နင်း​လိုက်​သ​ဖြင့် သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။
8 Tornou a haver guerra, e, quando Davi pelejou contra os filisteus e os feriu com grande derrota, e fugiram diante dele,
9 တစ်​နေ့​သ​၌​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နတ် မိစ္ဆာ​သည်​ရှော​လု​အား​ပူး​ဝင်​လာ​၏။ ရှော​လု သည်​လှံ​တံ​တော်​ကို​ကိုင်​၍​နန်း​တော်​တွင် ထိုင်​လျက်​နေ​တော်​မူ​၏။ ဒါ​ဝိဒ်​ကား​စောင်း တီး​လျက်​နေ​၏။-
9 o espírito maligno, da parte do Senhor , tornou sobre Saul; estava este assentado em sua casa e tinha na mão a sua lança, enquanto Davi dedilhava o seu instrumento músico.
10 ရှောလု​သည်​မိ​မိ​၏​လှံ​တံ​တော်​ဖြင့်​ဒါ​ဝိဒ် အား​နံ​ရံ​တွင်​ကပ်​၍​နေ​အောင်​ထိုး​လိုက် သော်​လည်း ဒါ​ဝိဒ်​ရှောင်​တိမ်း​လိုက်​သ​ဖြင့် လှံ​တံ​သည်​နံ​ရံ​တွင်​စိုက်​လျက်​နေ​၏။ ဒါ​ဝိဒ် ထွက်​ပြေး​လွတ်​မြောက်​သွား​လေ​သည်။
10 Procurou Saul encravar a Davi na parede, porém ele se desviou do seu golpe, indo a lança ferir a parede; então, fugiu Davi e escapou.
11 ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-
11 Porém Saul, naquela mesma noite, mandou mensageiros à casa de Davi, que o vigiassem, para ele o matar pela manhã; disto soube Davi por Mical, sua mulher, que lhe disse: Se não salvares a tua vida esta noite, amanhã serás morto.
12 ဒါ​ဝိဒ်​ကို​ပြူ​တင်း​ပေါက်​မှ​လျော​ချ​ပေး​လေ သည်။ ဒါ​ဝိဒ်​သည်​ထွက်​ပြေး​လွတ်​မြောက်​သွား ၏။-
12 Então, Mical desceu Davi por uma janela; e ele se foi, fugiu e escapou.
13 ထို​နောက်​မိ​ခါ​လ​သည်​အိမ်​စောင့်​နတ်​ရုပ်​ကို ယူ​ပြီး​လျှင် အိပ်​ရာ​ပေါ်​မှာ​တင်​၍​ဆိတ်​မွေး ခေါင်း​အုံး​တစ်​လုံး​နှင့်​သိပ်​ထား​၏။ ထို​နောက် စောင်​ခြုံ​ပေး​ထား​၏။-
13 Mical tomou um ídolo do lar, e o deitou na cama, e pôs-lhe à cabeça um tecido de pelos de cabra, e o cobriu com um manto.
14 ရှော​လု​၏​လူ​တို့​သည်​ဒါ​ဝိဒ်​အား​ဖမ်း​ဆီး ရန်​လာ​ကြ​သော​အ​ခါ မိ​ခါ​လ​က``ဒါ​ဝိဒ် ဖျား​နေ​ပါ​သည်'' ဟု​ဆို​၏။-
14 Tendo Saul enviado mensageiros que trouxessem Davi, ela disse: Está doente.
15 သို့​ရာ​တွင်​ရှော​လု​သည်​မိ​မိ​လူ​တို့​ကို​တစ် ဖန်​စေ​လွှတ်​လျက်``သင်​တို့​ကိုယ်​တိုင်​ဒါ​ဝိဒ်​ကို ဝင်​ကြည့်​ကြ​လော့။ သူ့​ကို​အိပ်​ရာ​နှင့်​တ​ကွ ယ​ခု​ပင်​ငါ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​လော့။ သူ့​ကို​ငါ​ကိုယ်​တိုင်​သတ်​မည်'' ဟု​ဆို​၏။-
15 Então, Saul mandou mensageiros que vissem Davi, ordenando-lhes: Trazei-mo mesmo na cama, para que o mate.
16 သူ​တို့​သည်​အိပ်​ခန်း​ထဲ​သို့​ဝင်​ကြည့်​ကြ​သော အ​ခါ ဆိတ်​မွေး​ခေါင်း​အုံး​နှင့်​သိပ်​ထား​သော အိမ်​စောင့်​နတ်​ရုပ်​ကို​အိပ်​ရာ​ပေါ်​တွင်​တွေ့​ရှိ ကြ​၏။-
16 Vindo, pois, os mensageiros, eis que estava na cama o ídolo do lar, e o tecido de pelos de cabra, ao redor de sua cabeça.
17 ရှော​လု​က​မိ​ခါ​လ​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​အား​ဤ​သို့​လှည့်​စား​၍ ငါ့​ရန်​သူ ကို​ထွက်​ပြေး​စေ​ပါ​သ​နည်း''ဟု​မေး​တော် မူ​လျှင်၊
17 Então, disse Saul a Mical: Por que assim me enganaste e deixaste ir e escapar o meu inimigo? Respondeu-lhe Mical: Porque ele me disse: Deixa-me ir; se não, eu te mato.
18 ဒါ​ဝိဒ်​သည်​ယင်း​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား ပြီး​လျှင် ရာ​မ​မြို့​ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​၍ မိ​မိ အား​ရှော​လု​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ပြော​ပြ​၏။ ထို​နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည် နာ​ယုတ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​၏။-
18 Assim, Davi fugiu, e escapou, e veio a Samuel, a Ramá, e lhe contou tudo quanto Saul lhe fizera; e se retiraram, ele e Samuel, e ficaram na casa dos profetas.
19 ရှော​လု​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ်​ရွာ​တွင် ဒါ​ဝိဒ်​ရှိ​နေ​ကြောင်း​သ​တင်း​ရ​သ​ဖြင့်၊-
19 Foi dito a Saul: Eis que Davi está na casa dos profetas, em Ramá.
20 သူ့​ကို​ဖမ်း​ဆီး​ရန်​လူ​အ​ချို့​တို့​ကို​စေ​လွှတ် တော်​မူ​လိုက်​၏။ သူ​တို့​သည်​ရှ​မွေ​လ​ခေါင်း ဆောင်​ကာ က​ခုန်​အော်​ဟစ်​နေ​ကြ​သော ပ​ရော​ဖက်​တစ်​စု​ကို​မြင်​ကြ​၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ရှော​လု ၏​လူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။-
20 Então, enviou Saul mensageiros para trazerem Davi, os quais viram um grupo de profetas profetizando, onde estava Samuel, que lhes presidia; e o Espírito de Deus veio sobre os mensageiros de Saul, e também eles profetizaram.
21 ဤ​အ​ကြောင်း​ကို​ရှော​လု​ကြား​သော​အ​ခါ စေ​တ​မန်​များ​ကို​ထပ်​မံ​၍​လွှတ်​လိုက်​ပြန်​၏။ သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။ ရှော​လု သည်​တ​တိ​ယ​အ​ကြိမ်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​သော​အ​ခါ​၌​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ပြန်​လေ​သည်။-
21 Avisado disto, Saul enviou outros mensageiros, e também estes profetizaram; então, enviou Saul ainda uns terceiros, os quais também profetizaram.
22 ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​ကိုယ်​တိုင်​ရာ​မ မြို့​သို့​ထွက်​လာ​တော်​မူ​၏။ သူ​သည်​စေ​ခု​ရေ တွင်း​ကြီး​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ရှ​မွေ​လ နှင့်​ဒါ​ဝိဒ်​တို့​ရှိ​ရာ​အ​ရပ်​ကို​မေး​မြန်း​စုံ​စမ်း ရာ​နာ​ယုတ်​ရွာ​တွင်​ရှိ​နေ​ကြ​ကြောင်း​သိ​ရှိ တော်​မူ​၏။-
22 Então, foi também ele mesmo a Ramá e, chegando ao poço grande que estava em Seco, perguntou: Onde estão Samuel e Davi? Responderam-lhe: Eis que estão na casa dos profetas, em Ramá.
23 ထို​ရွာ​သို့​ခ​ရီး​ပြု​နေ​ခိုက်​သူ​၏​အ​ပေါ်​သို့ လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သက်​ရောက် တော်​မူ​၍ သူ​သည်​တစ်​လမ်း​လုံး​နာ​ယုတ်​ရွာ ရောက်​သည်​တိုင်​အောင်​က​ခုန်​အော်​ဟစ်​လျက် သွား​လေ​သည်။-
23 Então, foi para a casa dos profetas, em Ramá; e o mesmo Espírito de Deus veio sobre ele, que, caminhando, profetizava até chegar à casa dos profetas, em Ramá.
24 သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ချွတ်​၍ ရှ​မွေ​လ​၏​ရှေ့​တွင်​လည်း​က​ခုန်​အော်​ဟစ် သည်။ ထို့​နောက်​ယင်း​နေ့​တစ်​နေ့​လုံး​နှင့်​တစ်ည လုံး​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လဲ​လျက်​နေ သည်။ (ဤ​နည်း​အား​ဖြင့်​ရှော​လု​ပင်​လျှင် ပ​ရော​ဖက်​ဖြစ်​လေ​ပြီ​လော'' ဟူ​သော​ဆို ရိုး​စ​ကား​ဖြစ်​ပေါ်​၍​လာ​သ​တည်း။)
24 Também ele despiu a sua túnica, e profetizou diante de Samuel, e, sem ela, esteve deitado em terra todo aquele dia e toda aquela noite; pelo que se diz: Está também Saul entre os profetas?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.