1 Samuel 19
Common Language Bible (MYA) vs ARIB
1 ဒါဝိဒ်အားသတ်ပစ်ရန် မိမိကြံစည်တော်မူကြောင်း ရှောလုသည်သား တော်ယောနသန်နှင့်နန်းတွင်းအရာရှိအပေါင်း တို့အားပြောပြ၏။ သို့ရာတွင်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်ခင်စွဲလန်းသဖြင့်၊-
1 Falou, pois, Saul a Jônatas, seu filho, e a todos os seus servos, para que matassem a Davi. Porém Jônatas, filho de Saul, estava muito afeiçoado a Davi.
2 ``အကျွန်ုပ်၏ခမည်းတော်သည်သင့်အား သေကြောင်းကြံလေပြီ။ နက်ဖြန်နံနက်၌ သတိနှင့်ပုန်းရှောင်၍နေလော့။-
2 Pelo que Jônatas o anunciou a Davi, dizendo: Saul, meu pai, procura matar-te; portanto, guarda-te amanhã pela manhã, fica num lugar oculto e esconde-te;
3 ငါသည်သင်ရှိရာလယ်ကွင်းထဲသို့သွား၍ ခမည်း တော်အနီးတွင်ရပ်လျက်သင့်အကြောင်းကိုပြော ပြမည်။ သူ့ထံမှသတင်းတစ်စုံတစ်ရာရရှိ ပါက သင့်အားပြောကြားပါမည်'' ဟုဆို၏။
3 eu sairei e me porei ao lado de meu pai no campo em que estiveres; falarei acerca de ti a meu pai, verei o que há, e to anunciarei.
4 ယောနသန်သည်ခမည်းတော်ရှောလုထံ ဒါဝိဒ် ၏ဂုဏ်ကိုချီးကူးပြောဆို၏။ ထိုနောက်``အရှင်၊ အရှင့်အစေခံဒါဝိဒ်ကိုပြစ်မှားတော်မမူ ပါနှင့်။ သူသည်အရှင်ကိုအဘယ်အခါက မျှမပြစ်မှားခဲ့ပါ။ သူပြုလေသမျှအမှု များအားဖြင့် အရှင့်အတွက်အထောက်အကူ များစွာဖြစ်စေခဲ့ပါ၏။-
4 Então Jônatas falou bem de Davi a Saul, seu pai, e disse-lhe: Não peque o rei contra seu servo Davi, porque ele não pecou contra ti, e porque os seus feitos para contigo têm sido muito bons.
5 သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။
5 Porque expôs a sua vida e matou o filisteu, e o Senhor fez um grande livramento para todo o Israel. Tu mesmo o viste, e te alegraste; por que, pois, pecarias contra o sangue inocente, matando sem causa a Davi?
6 ယောနသန်၏စကားများမှန်ကန်ကြောင်းကို ရှောလုကောင်းစွာသဘောပေါက်သဖြင့် မိမိ သည်ဒါဝိဒ်အားသေကြောင်းကြံစည်တော့မည် မဟုတ်ကြောင်းကို ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကတိသစ္စာပြုတော်မူ၏။-
6 E Saul deu ouvidos à voz de Jônatas, e jurou: Como vive o Senhor, Davi não morrera.
7 ထို့ကြောင့်ယောနသန်သည်ဒါဝိဒ်ကိုခေါ်၍ အလုံးစုံကိုပြောကြားပြီးလျှင် ရှောလုထံ သို့ခေါ်ဆောင်သွား၏။ ဒါဝိဒ်သည်လည်းယခင် ကကဲ့သို့ဘုရင်၏ထံတွင်ခစားလေ၏။
7 Jônatas, pois, chamou a Davi, contou-lhe todas estas palavras, e o levou a Saul; e Davi o assistia como dantes.
8 ဖိလိတ္တိအမျိုးသားတို့နှင့်တစ်ဖန်စစ်ဖြစ် ပြန်၏။ ဒါဝိဒ်သည်သူတို့အားပြင်းထန်စွာ တိုက်ခိုက်နှိမ်နင်းလိုက်သဖြင့် သူတို့သည် ထွက်ပြေးကြကုန်၏။
8 Depois tornou a haver guerra; e saindo Davi, pelejou contra os filisteus, e os feriu com grande matança, e eles fugiram diante dele.
9 တစ်နေ့သ၌ထာဝရဘုရားထံတော်မှ နတ် မိစ္ဆာသည်ရှောလုအားပူးဝင်လာ၏။ ရှောလု သည်လှံတံတော်ကိုကိုင်၍နန်းတော်တွင် ထိုင်လျက်နေတော်မူ၏။ ဒါဝိဒ်ကားစောင်း တီးလျက်နေ၏။-
9 Então o espírito maligno da parte do Senhor veio sobre Saul, estando ele sentado em sua casa, e tendo na mão a sua lança; e Davi estava tocando a harpa.
10 ရှောလုသည်မိမိ၏လှံတံတော်ဖြင့်ဒါဝိဒ် အားနံရံတွင်ကပ်၍နေအောင်ထိုးလိုက် သော်လည်း ဒါဝိဒ်ရှောင်တိမ်းလိုက်သဖြင့် လှံတံသည်နံရံတွင်စိုက်လျက်နေ၏။ ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွားလေသည်။
10 E Saul procurou encravar a Davi na parede, porém ele se desviou de diante de Saul, que fincou a lança na parede. Então Davi fugiu, e escapou naquela mesma noite.
11 ထိုညဥ့်၌ပင်လျှင်ဒါဝိဒ်၏အိမ်ကိုစောင့်ကြည့် ရန်နှင့် နောက်တစ်နေ့နံနက်၌ဒါဝိဒ်ကိုသတ် ရန်ရှောလုသည် လူအချို့တို့ကိုစေလွှတ်လိုက်၏။ ဒါဝိဒ်၏ဇနီးမိခါလသည်ဒါဝိဒ်အား``အရှင်၊ သင်သည်ယနေ့ညဥ့်၌ပင်ထွက်ပြေးပါလော့။ သို့မဟုတ်ပါကနက်ဖြန်ခါအသတ်ခံရပါ လိမ့်မည်'' ဟုသတိပေးပြီးနောက်၊-
11 Mas Saul mandou mensageiros à casa de Davi, para que o vigiassem, e o matassem pela manhã; porém Mical, mulher de Davi, o avisou, dizendo: Se não salvares a tua vida esta noite, amanhã te matarão.
12 ဒါဝိဒ်ကိုပြူတင်းပေါက်မှလျောချပေးလေ သည်။ ဒါဝိဒ်သည်ထွက်ပြေးလွတ်မြောက်သွား ၏။-
12 Então Mical desceu Davi por uma janela, e ele se foi e, fugindo, escapou.
13 ထိုနောက်မိခါလသည်အိမ်စောင့်နတ်ရုပ်ကို ယူပြီးလျှင် အိပ်ရာပေါ်မှာတင်၍ဆိတ်မွေး ခေါင်းအုံးတစ်လုံးနှင့်သိပ်ထား၏။ ထိုနောက် စောင်ခြုံပေးထား၏။-
13 Mical tomou uma estátua, deitou-a na cama, pôs-lhe à cabeceira uma pele de cabra, e a cobriu com uma capa.
14 ရှောလု၏လူတို့သည်ဒါဝိဒ်အားဖမ်းဆီး ရန်လာကြသောအခါ မိခါလက``ဒါဝိဒ် ဖျားနေပါသည်'' ဟုဆို၏။-
14 Quando Saul enviou mensageiros para prenderem a Davi, ela disse: Está doente.
15 သို့ရာတွင်ရှောလုသည်မိမိလူတို့ကိုတစ် ဖန်စေလွှတ်လျက်``သင်တို့ကိုယ်တိုင်ဒါဝိဒ်ကို ဝင်ကြည့်ကြလော့။ သူ့ကိုအိပ်ရာနှင့်တကွ ယခုပင်ငါ့ထံသို့ယူဆောင်ခဲ့ကြလော့။ သူ့ကိုငါကိုယ်တိုင်သတ်မည်'' ဟုဆို၏။-
15 Tornou Saul a enviá-los, para que vissem a Davi, dizendo-lhes: Trazei-mo na cama, para que eu o mate.
16 သူတို့သည်အိပ်ခန်းထဲသို့ဝင်ကြည့်ကြသော အခါ ဆိတ်မွေးခေါင်းအုံးနှင့်သိပ်ထားသော အိမ်စောင့်နတ်ရုပ်ကိုအိပ်ရာပေါ်တွင်တွေ့ရှိ ကြ၏။-
16 Vindo, pois, os mensageiros, eis que estava a estátua na cama, e a pele de cabra à sua cabeceira.
17 ရှောလုကမိခါလအား``သင်သည်အဘယ် ကြောင့်ငါ့အားဤသို့လှည့်စား၍ ငါ့ရန်သူ ကိုထွက်ပြေးစေပါသနည်း''ဟုမေးတော် မူလျှင်၊
17 Então perguntou Saul a Mical: Por que assim me enganaste, e deixaste o meu inimigo ir e escapar? Respondeu Mical a Saul: Porque ele me disse: Deixa-me ir! Por que hei de matar-te?
18 ဒါဝိဒ်သည်ယင်းသို့ထွက်ပြေးလွတ်မြောက်သွား ပြီးလျှင် ရာမမြို့ရှိရှမွေလထံသို့သွား၍ မိမိ အားရှောလုပြုသမျှသောအမှုတို့ကို ပြောပြ၏။ ထိုနောက်သူနှင့်ရှမွေလတို့သည် နာယုတ်ရွာသို့သွားရောက်နေထိုင်ကြ၏။-
18 Assim Davi fugiu e escapou; e indo ter com Samuel, em Ramá, contou-lhe tudo quanto Saul lhe fizera; foram, pois, ele e Samuel, e ficaram em Naiote.
19 ရှောလုသည်ရာမမြို့အပိုင်နာယုတ်ရွာတွင် ဒါဝိဒ်ရှိနေကြောင်းသတင်းရသဖြင့်၊-
19 E foi dito a Saul: Eis que Davi está em Naiote, em Ramá.
20 သူ့ကိုဖမ်းဆီးရန်လူအချို့တို့ကိုစေလွှတ် တော်မူလိုက်၏။ သူတို့သည်ရှမွေလခေါင်း ဆောင်ကာ ကခုန်အော်ဟစ်နေကြသော ပရောဖက်တစ်စုကိုမြင်ကြ၏။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု ၏လူတို့အပေါ်သို့သက်ရောက်သဖြင့် သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။-
20 Então enviou Saul mensageiros para prenderem a Davi; quando eles viram a congregação de profetas profetizando, e Samuel a presidi-los, o Espírito de Deus veio sobre os mensageiros de Saul, e também eles profetizaram.
21 ဤအကြောင်းကိုရှောလုကြားသောအခါ စေတမန်များကိုထပ်မံ၍လွှတ်လိုက်ပြန်၏။ သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။ ရှောလု သည်တတိယအကြိမ်စေတမန်များကို လွှတ်လိုက်သောအခါ၌လည်း ဤနည်း အတိုင်းပင်ဖြစ်ပျက်ပြန်လေသည်။-
21 Avisado disso, Saul enviou outros mensageiros, e também estes profetizaram. Ainda terceira vez enviou Saul mensageiros, os quais também profetizaram.
22 ထိုအခါရှောလုသည်မိမိကိုယ်တိုင်ရာမ မြို့သို့ထွက်လာတော်မူ၏။ သူသည်စေခုရေ တွင်းကြီးသို့ရောက်ရှိလာသောအခါ ရှမွေလ နှင့်ဒါဝိဒ်တို့ရှိရာအရပ်ကိုမေးမြန်းစုံစမ်း ရာနာယုတ်ရွာတွင်ရှိနေကြကြောင်းသိရှိ တော်မူ၏။-
22 Então foi ele mesmo a Rama e, chegando ao poço grande que estava em Sécu, perguntou: Onde estão Samuel e Davi? Responderam-lhe: Eis que estão em Naiote, em Ramá.
23 ထိုရွာသို့ခရီးပြုနေခိုက်သူ၏အပေါ်သို့ လည်း ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက် တော်မူ၍ သူသည်တစ်လမ်းလုံးနာယုတ်ရွာ ရောက်သည်တိုင်အောင်ကခုန်အော်ဟစ်လျက် သွားလေသည်။-
23 Foi, pois, para Naiote, em Ramá; e o Espírito de Deus veio também sobre ele, e ele ia caminhando e profetizando, até chegar a Naiote, em Ramá.
24 သူသည်မိမိ၏အဝတ်များကိုချွတ်၍ ရှမွေလ၏ရှေ့တွင်လည်းကခုန်အော်ဟစ် သည်။ ထို့နောက်ယင်းနေ့တစ်နေ့လုံးနှင့်တစ်ည လုံးအဝတ်အချည်းစည်းနှင့်လဲလျက်နေ သည်။ (ဤနည်းအားဖြင့်ရှောလုပင်လျှင် ပရောဖက်ဖြစ်လေပြီလော'' ဟူသောဆို ရိုးစကားဖြစ်ပေါ်၍လာသတည်း။)
24 E despindo as suas vestes, ele também profetizou diante de Samuel; e esteve nu por terra todo aquele dia e toda aquela noite. Pelo que se diz: Está também Saul entre os profetas?
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.