1 Samuel 16
Common Language Bible (MYA) vs VC
1 ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
1 O Senhor disse-lhe: Até quando chorarás tu Saul, tendo-o eu rejeitado da realeza de Israel? Enche o teu corno de óleo. Vai; envio-te a Isaí de Belém, porque escolhi um rei entre os seus filhos.
2 ရှမွေလသည်``ဤအမှုကိုအဘယ်သို့ပြုနိုင် ပါမည်နည်း။ ရှောလုကြားသိပါကအကျွန်ုပ် အားသတ်ပစ်ပါလိမ့်မည်'' ဟုလျှောက်၏။
2 Samuel respondeu: Como hei de ir? Se Saul souber, matar-me-á. O Senhor disse: Levarás contigo uma novilha e dirás que vais oferecer um sacrifício ao Senhor.
3 ဘုရားသခင်က``နွားကလေးတစ်ကောင်ကိုယူ ၍သွားပြီးလျှင် သင်သည်ထာဝရဘုရားအား ယဇ်ပူဇော်ရန်ရောက်ရှိလာကြောင်းပြောကြား လော့။ ယေရှဲအားယဇ်ပူဇော်ပွဲသို့ဖိတ်ခေါ် လော့။ သင်အဘယ်သို့ပြုရမည်ကိုငါပြော မည်။ ငါဖော်ပြသူအားရာဇဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။
3 Convidarás Isaí ao sacrifício, e eu te mostrarei o que deverás fazer. Ungirás para mim aquele que eu mandar.
4 ရှမွေလသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း ဆောင်ရွက်ပြီးနောက်ဗက်လင်မြို့သို့ သွား၏။ ထိုမြို့မှခေါင်းဆောင်များသည်တုန် လှုပ်လျက်ခရီးဦးကြိုပြုပြီးလျှင်``ကိုယ် တော်အေးချမ်းစွာကြွလာပါသလော'' ဟု မေးကြ၏။
4 Fez Samuel como o Senhor queria. Ao chegar a Belém, os anciãos da cidade vieram-lhe ao encontro, inquietos: É de paz a tua vinda?, perguntaram-lhe.
5 ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။
5 Sim, disse ele; venho oferecer um sacrifício ao Senhor; purificai-vos para a cerimônia. Ele mesmo purificou Isaí e seus filhos e os convidou ao sacrifício.
6 သူတို့ရောက်လာကြသောအခါရှမွေလ သည်ယေရှဲ၏သားဧလျာဘကိုမြင်လျှင်``ဤ တွင်ထာဝရဘုရား၏ရှေ့တော်၌ရပ်နေ သောသူကားကိုယ်တော်ရွေးချယ်တော်မူ သည့်သူအမှန်ပင်ဖြစ်ရာ၏'' ဟုတွေး တောမိ၏။-
6 Logo que entraram, Samuel viu Eliab e pensou consigo: Certamente é esse o ungido do Senhor.
7 သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။
7 Mas o Senhor disse-lhe: Não te deixes impressionar pelo seu belo aspecto, nem pela sua alta estatura, porque eu o rejeitei. O que o homem vê não é o que importa: o homem vê a face, mas o Senhor olha o coração.
8 ထိုနောက်ယေရှဲသည်မိမိသားအဘိနဒပ် ကိုရှမွေလထံသို့ခေါ်ခဲ့၏။ သို့ရာတွင် ရှမွေလက``သူ့ကိုလည်းထာဝရဘုရား ရွေးချယ်တော်မမူ'' ဟုဆို၏။-
8 Isaí chamou Abinadab e fê-lo passar diante de Samuel. Não é tampouco este, pensou Samuel, que o Senhor escolheu.
9 ယေရှဲသည်ရှိမာကိုခေါ်လိုက်၏။ ထိုအခါ``ဤ သူ့ကိုလည်းထာဝရဘုရားရွေးချယ်တော် မမူ'' ဟုရှမွေလဆိုပြန်၏။-
9 Isaí fez passar Sama. Não é ainda este que escolheu o Senhor, pensou Samuel.
10 ဤနည်းအားဖြင့်ယေရှဲသည်မိမိ၏သား ခုနစ်ယောက်အထိရှမွေလထံသို့ခေါ်ပေး လေသည်။ ရှမွေလကလည်း``ဤသူတို့အထဲ မှမည်သူ့ကိုမျှထာဝရဘုရားရွေးချယ် တော်မမူ'' ဟုဆိုပြီးလျှင်၊-
10 Isaí mandou vir assim os seus sete filhos diante do profeta, que lhe disse: O Senhor não escolheu nenhum deles.
11 ``သင့်မှာအခြားသားများရှိပါသေးသလော'' ဟုယေရှဲအားမေး၏။
11 E ajuntou: Estão aqui todos os teus filhos? Resta ainda o mais novo, confessou Isaí, que está .pastoreando as ovelhas. Samuel ordenou a Isaí: Manda buscá-lo, pois não nos poremos à mesa antes que ele esteja aqui.
12 သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။-
12 E Isaí mandou buscá-lo. Ele era louro, de belos olhos e mui formosa aparência. O Senhor disse: Vamos, unge-o: é ele.
13 ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။
13 Samuel tomou o corno de óleo e ungiu-o no meio dos seus irmãos. E, a partir daquele momento, o Espírito do Senhor apoderou-se de Davi. Samuel, porém, retomou o caminho de Ramá.
14 ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုထံ မှထွက်ခွာသွားတော်မူ၏။ ထိုအခါသူသည် ကိုယ်တော်စေလွှတ်လိုက်သည့် နတ်မိစ္ဆာ၏နှောင့် ယှက်ညှင်းဆဲခြင်းကိုခံရလေတော့သည်။-
14 O Espírito do Senhor retirou-se de Saul, e um espírito mau veio sobre ele, enviado pelo Senhor.
15 အစေခံတို့ကလည်းထာဝရဘုရားစေလွှတ် လိုက်သည့်နတ်မိစ္ဆာသည် အရှင်မင်းကြီးအားနှောင့် ယှက်ညှင်းဆဲလျက်နေသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။-
15 Os homens de Saul disseram-lhe: Eis que um mau espírito de Deus veio sobre ti.
16 သို့ဖြစ်၍အရှင်မင်းကြီး၊ ကိုယ်တော်သည်အကျွန်ုပ် တို့အားအမိန့်ပေးတော်မူပါလျှင် စောင်းတီးတတ် သူကိုအကျွန်ုပ်တို့ရှာပါမည်။ သူသည်နတ်မိစ္ဆာ ဝင်လာချိန်၌စောင်းကိုတီးသဖြင့် အရှင်မင်း ကြီးသည်ပြန်လည်၍အကောင်းပကတိဖြစ် လာပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
16 Que nosso senhor ordene, e teus servos aqui presentes procurarão um homem que saiba tocar harpa e, quando o mau espírito de Deus estiver sobre ti, ele tocará o instrumento para acalmar-te.
17 ရှောလုက``သာယာစွာစောင်းတီးတတ်သူကို ရှာ၍ငါ့ထံသို့ခေါ်ခဲ့လော့'' ဟုအမိန့်ပေး တော်မူလျှင်၊-
17 Está bem, respondeu Saul, procurai-me um bom músico e trazei-mo.
18 အပါးတော်တွင်ခစားနေသူတစ်ဦးက``ဗက်လင် မြို့သားယေရှဲတွင် တူရိယာကောင်းစွာတီးတတ် သူသားတစ်ယောက်ရှိပါ၏။ သူသည်ရဲစွမ်းသတ္တိ ရှိသူ၊ အဆင်းလှသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိ ရှိသူဖြစ်ပါ၏။ ထာဝရဘုရားသည်သူနှင့် အတူရှိတော်မူပါ၏'' ဟုလျှောက်ထား၏။
18 Um dos servos declarou: Conheço um filho de Isaí de Belém que sabe tocar muito bem: é valente e forte, fala bem, tem um belo rosto, e o Senhor está com ele.
19 ရှောလုသည်ယေရှဲထံသို့စေတမန်များ လွှတ်၍``သိုးများကိုထိန်းကျောင်းနေသူသင် ၏သားဒါဝိဒ်အားငါ့ထံသို့စေလွှတ်လော့'' ဟုအမိန့်ပေးတော်မူ၏။-
19 Saul mandou mensageiros a Isaí, para dizer-lhe: Manda-me o teu filho Davi, o pastor.
20 ယေရှဲသည်မုန့်တင်မြည်းတစ်စီး၊ စပျစ်ရည် အပြည့်ပါသောသားရေဘူးတစ်ဘူးနှင့်ဆိတ်ငယ် တစ်ကောင်ကို ဒါဝိဒ်နှင့်အတူရှောလုမင်းထံ သို့ပို့ဆက်လေ၏။-
20 Isaí tomou um jumento carregado com pão, um odre de vinho e um cabrito, e mandou esses presentes a Saul, por seu filho.
21 ဒါဝိဒ်သည်ရှောလုထံသို့လာရောက်ပြီးလျှင် အမှုတော်ကိုထမ်းဆောင်လေသည်။ ရှောလု သည်လည်းသူ့ကိုလွန်စွာနှစ်သက်တော်မူ သဖြင့်မိမိ၏လက်နက်သယ်ဆောင်သူ အရာ၌ခန့်ထားတော်မူ၏။-
21 Davi chegou à casa do rei e apresentou-se a ele. Saul afeiçoou-se a Davi e o fez seu escudeiro.
22 ထိုနောက်``ငါသည်ဒါဝိဒ်ကိုနှစ်သက်တော်မူသည်။ သူ့အားငါ့ထံ၌ခစားပါစေ'' ဟုယေရှဲထံလူ လွှတ်မိန့်ကြားတော်မူလိုက်၏။-
22 Mandou então dizer a Isaí: Peço-te que deixes Davi a meu serviço, porque ele me é simpático.
23 ထိုနေ့မှအစပြု၍ရှောလုကိုဘုရားသခင် စေလွှတ်တော်မူသောနတ်မိစ္ဆာဝင်သည့်အခါတိုင်း ဒါဝိဒ်သည်စောင်းကိုယူ၍တီးလေ့ရှိ၏။ ထို အခါနတ်မိစ္ဆာသည်ထွက်ခွာသွားသဖြင့် ရှောလုသည်သက်သာ၍တစ်ဖန်ကျန်းမာ လာလေသည်။
23 E sempre que o espírito mau de Deus acometia o rei, Davi tomava a harpa e tocava. Saul acalmava-se, sentia-se aliviado e o espírito mau o deixava.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.