1 Samuel 16

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``သင်​သည် အ​ဘယ်​မျှ​ကြာ​အောင်​ရှော​လု​အ​တွက်​ဝမ်း​နည်း နေ​ပါ​မည်​နည်း။ ငါ​သည်​သူ့​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ။ သံ​လွင်​ဆီ​ယူ ၍​ဗက်​လင်​မြို့​ရှိ​ယေ​ရှဲ​နာ​မည်​တွင်​သူ​လူ​တစ် ယောက်​ထံ​သို့​သွား​လော့။ ငါ​သည်​သူ​၏​သား တစ်​ယောက်​အား​ဘု​ရင်​အ​ဖြစ်​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။
1 O Senhor disse a Samuel: "Até quando você irá se entristecer por causa de Saul? Eu o rejeitei como rei de Israel. Encha um chifre com óleo e vá a Belém; eu o enviarei a Jessé. Escolhi um de seus filhos para ser rei".
2 ရှ​မွေ​လ​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သို့​ပြု​နိုင် ပါ​မည်​နည်း။ ရှော​လု​ကြား​သိ​ပါ​က​အ​ကျွန်ုပ် အား​သတ်​ပစ်​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
2 Samuel, porém, disse: "Como poderei ir? Saul saberá disto e me matará". O Senhor disse: "Leve um novilho com você e diga que foi sacrificar ao Senhor.
3 ဘု​ရား​သ​ခင်​က``နွား​က​လေး​တစ်​ကောင်​ကို​ယူ ၍​သွား​ပြီး​လျှင် သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရန်​ရောက်​ရှိ​လာ​ကြောင်း​ပြော​ကြား လော့။ ယေ​ရှဲ​အား​ယဇ်​ပူ​ဇော်​ပွဲ​သို့​ဖိတ်​ခေါ် လော့။ သင်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ငါ​ပြော မည်။ ငါ​ဖော်​ပြ​သူ​အား​ရာ​ဇ​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။
3 Convide Jessé para o sacrifício, e eu lhe mostrarei o que fazer. Você irá ungir para mim aquele que eu indicar".
4 ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း ဆောင်​ရွက်​ပြီး​နောက်​ဗက်​လင်​မြို့​သို့ သွား​၏။ ထို​မြို့​မှ​ခေါင်း​ဆောင်​များ​သည်​တုန် လှုပ်​လျက်​ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်``ကိုယ် တော်​အေး​ချမ်း​စွာ​ကြွ​လာ​ပါ​သ​လော'' ဟု မေး​ကြ​၏။
4 Samuel fez o que o Senhor disse. Quando chegou a Belém, as autoridades da cidade foram encontrar-se com ele tremendo e perguntaram: "Você vem em paz? "
5 ရှ​မွေ​လ​က``အေး​ချမ်း​စွာ​လာ​ခြင်း​ဖြစ်​ပါ သည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ ဇော်​ရန်​ရောက်​လာ​ခြင်း​ဖြစ်​၏။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​၍​ငါ​နှင့်​အ​တူ လိုက်​ခဲ့​ကြ​လော့'' ဟု​ဆို​၏။ ယေ​ရှဲ​၏​သား များ​ကို​လည်း​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ ပြီး​လျှင် ယဇ်​ပူ​ဇော်​ရာ​သို့​လိုက်​လာ​ရန် ခေါ်​ဖိတ်​လေ​၏။
5 Respondeu Samuel: "Sim, venho em paz; vim sacrificar ao Senhor. Consagrem-se e venham ao sacrifício comigo". Então ele consagrou Jessé e os filhos dele e os convidou para o sacrifício.
6 သူ​တို့​ရောက်​လာ​ကြ​သော​အ​ခါ​ရှ​မွေ​လ သည်​ယေ​ရှဲ​၏​သား​ဧ​လျာ​ဘ​ကို​မြင်​လျှင်``ဤ တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရပ်​နေ သော​သူ​ကား​ကိုယ်​တော်​ရွေး​ချယ်​တော်​မူ သည့်​သူ​အ​မှန်​ပင်​ဖြစ်​ရာ​၏'' ဟု​တွေး တော​မိ​၏။-
6 Quando chegaram, Samuel viu Eliabe e pensou: "Com certeza este aqui é o que o Senhor quer ungir".
7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။
7 O Senhor, contudo, disse a Samuel: "Não considere a sua aparência nem sua altura, pois eu o rejeitei. O Senhor não vê como o homem: o homem vê a aparência, mas o Senhor vê o coração".
8 ထို​နောက်​ယေ​ရှဲ​သည်​မိ​မိ​သား​အ​ဘိ​န​ဒပ် ကို​ရှ​မွေ​လ​ထံ​သို့​ခေါ်​ခဲ့​၏။ သို့​ရာ​တွင် ရှ​မွေ​လ​က``သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မ​မူ'' ဟု​ဆို​၏။-
8 Então Jessé chamou Abinadabe e o levou a Samuel. Ele, porém, disse: "O Senhor também não escolheu a este".
9 ယေ​ရှဲ​သည်​ရှိ​မာ​ကို​ခေါ်​လိုက်​၏။ ထို​အ​ခါ``ဤ သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မ​မူ'' ဟု​ရှ​မွေ​လ​ဆို​ပြန်​၏။-
9 Então Jessé levou Samá a Samuel, mas este disse: "Também não foi este que o Senhor escolheu".
10 ဤ​နည်း​အား​ဖြင့်​ယေ​ရှဲ​သည်​မိ​မိ​၏​သား ခု​နစ်​ယောက်​အ​ထိ​ရှ​မွေ​လ​ထံ​သို့​ခေါ်​ပေး လေ​သည်။ ရှ​မွေ​လ​က​လည်း``ဤ​သူ​တို့​အ​ထဲ မှ​မည်​သူ့​ကို​မျှ​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မ​မူ'' ဟု​ဆို​ပြီး​လျှင်၊-
10 Jessé levou a Samuel sete de seus filhos, mas Samuel lhe disse: "O Senhor não escolheu nenhum destes".
11 ``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။
11 Então perguntou a Jessé: "Estes são todos os filhos que você tem? " Jessé respondeu: "Ainda tenho o caçula, mas ele está cuidando das ovelhas". Samuel disse: "Traga-o aqui; não nos sentaremos para comer até que ele chegue".
12 သို့​ဖြစ်​၍​ယေ​ရှဲ​သည်​ထို​သား​ကို​ခေါ်​စေ​၏။ သူ​သည်​တင့်​တယ်​လှ​ပ၊ ကျန်း​မာ​သန်​စွမ်း​သော လူ​ငယ်​လူ​ရွယ်​တစ်​ဦး​ဖြစ်​၏။ သူ​၏​မျက်​စိ များ​သည်​တောက်​ပ​ကြည်​လင်​၏။ ထာ​ဝ​ရ ဘု​ရား​က​ရှ​မွေ​လ​အား``ငါ​ရွေး​ချယ်​သူ ကား​ဤ​သူ​ပေ​တည်း။ သူ့​အား​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။-
12 Então Jessé mandou chamá-lo e ele veio. Ele era ruivo, de belos olhos e boa aparência. Então o Senhor disse a Samuel: "É este! Levante-se e unja-o".
13 ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။
13 Samuel então apanhou o chifre cheio de óleo e o ungiu na presença de seus irmãos, e a partir daquele dia o Espírito do Senhor apoderou-se de Davi. E Samuel voltou para Ramá.
14 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​ထံ မှ​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​သူ​သည် ကိုယ်​တော်​စေ​လွှတ်​လိုက်​သည့် နတ်​မိစ္ဆာ​၏​နှောင့် ယှက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​လေ​တော့​သည်။-
14 O Espírito do Senhor se retirou de Saul, e um espírito maligno, vindo da parte do Senhor, o atormentava.
15 အ​စေ​ခံ​တို့​က​လည်း​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ် လိုက်​သည့်​နတ်​မိစ္ဆာ​သည် အ​ရှင်​မင်း​ကြီး​အား​နှောင့် ယှက်​ညှင်း​ဆဲ​လျက်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။-
15 Os funcionários de Saul lhe disseram: "Há um espírito maligno mandado por Deus te atormentando.
16 သို့​ဖြစ်​၍​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​အား​အ​မိန့်​ပေး​တော်​မူ​ပါ​လျှင် စောင်း​တီး​တတ် သူ​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​မည်။ သူ​သည်​နတ်​မိစ္ဆာ ဝင်​လာ​ချိန်​၌​စောင်း​ကို​တီး​သ​ဖြင့် အ​ရှင်​မင်း ကြီး​သည်​ပြန်​လည်​၍​အ​ကောင်း​ပ​က​တိ​ဖြစ် လာ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
16 Que nosso soberano mande estes seus servos procurar um homem que saiba tocar a harpa. Quando o espírito maligno se apoderar de ti, o homem tocará a harpa e tu te sentirás melhor".
17 ရှော​လု​က``သာ​ယာ​စွာ​စောင်း​တီး​တတ်​သူ​ကို ရှာ​၍​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး တော်​မူ​လျှင်၊-
17 E Saul respondeu aos que o serviam: "Encontrem alguém que toque bem e o tragam até aqui".
18 အ​ပါး​တော်​တွင်​ခ​စား​နေ​သူ​တစ်​ဦး​က``ဗက်​လင် မြို့​သား​ယေ​ရှဲ​တွင် တူ​ရိ​ယာ​ကောင်း​စွာ​တီး​တတ် သူ​သား​တစ်​ယောက်​ရှိ​ပါ​၏။ သူ​သည်​ရဲစွမ်း​သတ္တိ ရှိ​သူ၊ အ​ဆင်း​လှ​သူ၊ စစ်​ရေး​တတ်​သူ၊ နှုတ်​သတ္တိ ရှိ​သူ​ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။
18 Um dos funcionários respondeu: "Conheço um dos filhos de Jessé, de Belém, que sabe tocar harpa. É um guerreiro valente, sabe falar bem, tem boa aparência e o Senhor está com ele".
19 ရှော​လု​သည်​ယေ​ရှဲ​ထံ​သို့​စေ​တ​မန်​များ လွှတ်​၍``သိုး​များ​ကို​ထိန်း​ကျောင်း​နေ​သူ​သင် ၏​သား​ဒါ​ဝိဒ်​အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။-
19 Então Saul mandou mensageiros a Jessé com a seguinte mensagem: "Envie-me seu filho Davi, que cuida das ovelhas".
20 ယေ​ရှဲ​သည်​မုန့်​တင်​မြည်း​တစ်​စီး၊ စ​ပျစ်​ရည် အ​ပြည့်​ပါ​သော​သား​ရေ​ဘူး​တစ်​ဘူး​နှင့်​ဆိတ်​ငယ် တစ်​ကောင်​ကို ဒါ​ဝိဒ်​နှင့်​အ​တူ​ရှော​လု​မင်း​ထံ သို့​ပို့​ဆက်​လေ​၏။-
20 Jessé apanhou um jumento e o carregou de pães, uma vasilha de couro cheia de vinho e um cabrito e o enviou a Saul por meio de Davi, seu filho.
21 ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​သို့​လာ​ရောက်​ပြီး​လျှင် အ​မှု​တော်​ကို​ထမ်း​ဆောင်​လေ​သည်။ ရှော​လု သည်​လည်း​သူ့​ကို​လွန်​စွာ​နှစ်​သက်​တော်​မူ သ​ဖြင့်​မိ​မိ​၏​လက်​နက်​သယ်​ဆောင်​သူ အ​ရာ​၌​ခန့်​ထား​တော်​မူ​၏။-
21 Davi foi apresentar-se a Saul e passou a trabalhar para ele. Saul gostou muito dele, e Davi tornou-se seu escudeiro.
22 ထို​နောက်``ငါ​သည်​ဒါ​ဝိဒ်​ကို​နှစ်​သက်​တော်​မူ​သည်။ သူ့​အား​ငါ့​ထံ​၌​ခ​စား​ပါ​စေ'' ဟု​ယေရှဲ​ထံ​လူ လွှတ်​မိန့်​ကြား​တော်​မူ​လိုက်​၏။-
22 Então Saul enviou a seguinte mensagem a Jessé: "Deixe que Davi continue trabalhando para mim, pois estou satisfeito com ele".
23 ထို​နေ့​မှ​အ​စ​ပြု​၍​ရှော​လု​ကို​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​နတ်​မိစ္ဆာ​ဝင်​သည့်​အ​ခါ​တိုင်း ဒါ​ဝိဒ်​သည်​စောင်း​ကို​ယူ​၍​တီး​လေ့​ရှိ​၏။ ထို အ​ခါ​နတ်​မိစ္ဆာ​သည်​ထွက်​ခွာ​သွား​သ​ဖြင့် ရှော​လု​သည်​သက်​သာ​၍​တစ်​ဖန်​ကျန်း​မာ လာ​လေ​သည်။
23 E sempre que o espírito mandado por Deus se apoderava de Saul, Davi apanhava sua harpa e tocava. Então Saul sentia alívio e melhorava, e o espírito maligno o deixava.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.