1 Samuel 10

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​နောက်​ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ဘူး​ကို​ယူ ၍ ရှော​လု​၏​ဦး​ခေါင်း​ပေါ်​သို့​သွန်း​လောင်း​ပြီး လျှင် သူ့​အား​နမ်း​ရှုပ်​လျက်``ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​တော်​မူ​၏။ သင်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​လျက် ရန်​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရ​သူ​အ​ဖြစ်​ဖြင့် ဘိ​သိက်​ပေး​တော် မူ​ကြောင်း​သက်​သေ​ကား​ဤ​သို့​တည်း။-
1 Samuel tinha levado consigo um frasco de azeite. Ele derramou o azeite na cabeça de Saul, beijou-o e disse: — O
2 ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။-
2 Hoje, quando você for embora, encontrará dois homens perto do túmulo de Raquel, em Zelza, no território da tribo de Benjamim. Eles vão contar a você que já foram achadas as jumentas que estavam perdidas. Contarão também que agora o seu pai não está mais preocupado com elas e sim com você; e que ele está dizendo: “Que posso fazer para encontrar meu filho?”
3 သင်​သည်​ထို​အ​ရပ်​မှ​နေ​၍​တာ​ဗော်​လွင်​ပြင် ရှိ မြတ်​သည့်​ဝက်​သစ်​ချ​ပင်​သို့​ရောက်​သည်​တိုင် အောင်​သွား​ရ​မည်။ ထို​နေ​ရာ​တွင်​လူ​သုံး​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ကြ သူ​များ​ဖြစ်​၏။ သူ​တို့​အ​နက်​တစ်​ယောက် သည်​ဆိတ်​သုံး​ကောင်​ကို​ဆွဲ​လျက်​တစ်​ယောက် က​မုန့်​သုံး​လုံး​ကို​ကိုင်​လျက်၊ အ​ခြား​တစ် ယောက်​က​စ​ပျစ်​ရည်​အ​ပြည့်​ပါ​သော​သား ရေ​ဘူး​ကို​ဆောင်​လျက်​လာ​လိမ့်​မည်။-
3 — Você deve seguir até chegar à árvore sagrada que fica em Tabor. Ali você vai encontrar três homens que estarão indo a Betel, para lá oferecerem sacrifício a Deus. Um deles estará carregando três cabritos; o outro, três pães; e o terceiro, um odre de vinho.
4 သူ​တို့​သည်​သင့်​အား​နှုတ်​ခွန်း​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး​လိမ့်​မည်။ ထို​မုန့်​တို့​ကို သင်​သည်​လက်​ခံ​ရ​မည်။-
4 Eles vão cumprimentar você e vão lhe oferecer dois pães. E você deve aceitar.
5 ထို​နောက်​သင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏ တပ်​စ​ခန်း​ချ​ရာ ဂိ​ဗာ​မြို့​ရှိ​ဘု​ရား​သ​ခင် ၏​တောင်​တော်​သို့​သွား​ရောက်​ရ​မည်။ ဂိ​ဗာ​မြို့ အ​ဝင်​ဝ​၌​သင်​သည်​စောင်း​ကြီး၊ စောင်း​ငယ်၊ ပတ်​သာ၊ ပြွေ​တို့​ကို​တီး​မှုတ်​လျက်​တောင်​ပေါ် ရှိ​ယဇ်​ပလ္လင်​မှ​လာ​ကြ​သော​ပ​ရော​ဖက်​တစ်​စု ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​က​ခုန်​ဟစ်​အော် ၍​နေ​ကြ​လိမ့်​မည်။-
5 Em seguida você irá para o monte de Deus, em Gibeá, onde há um acampamento dos filisteus. Na entrada da cidade vai encontrar um grupo de profetas descendo o morro, vindos do altar. Eles estarão tocando harpas , tambores, flautas e liras . E estarão profetizando .
6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သင်​၏​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သင်​သည် ထို​သူ​တို့​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​အော်​ဟစ် ကာ​ခြား​နား​သော​သူ​ဖြစ်​၍​သွား​လိမ့်​မည်။-
6 Então o Espírito do Senhor dominará você, e você vai agir como um profeta junto com eles e ficará uma pessoa diferente.
7 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင့်​အား​ဘု​ရား​သ​ခင်​လမ်း​ပြ​တော်​မူ​သည့် အ​တိုင်း​ပြု​လော့။-
7 Quando isso acontecer, faça tudo o que tiver de fazer, pois Deus estará com você.
8 သင်​သည်​ငါ​၏​အ​လျင်​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​ထို​မြို့​တွင်​သင်​နှင့်​တွေ့ ဆုံ​၍​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​များ​ကို​ပူဇော်​မည်။ သင်​အ​ဘယ်​သို့​ပြု ရ​မည်​ကို ငါ​လာ​၍​မ​ဖော်​ပြ​မ​ချင်း​ထို မြို့​တွင်​ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​နေ​လော့'' ဟု​ဆို​၏။
8 Vá na minha frente para Gilgal. Eu me encontrarei com você lá e oferecerei sacrifícios que serão completamente queimados e ofertas de paz. Espere lá sete dias até que eu chegue e diga o que você deve fazer.
9 ရှော​လု​သည်​ရှ​မွေ​လ​ထံ​မှ​ထွက်​ခွာ​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​အား စိတ်​သ​ဘော​သစ်​ကို​ပေး​တော်​မူ​၏။ ရှ​မွေ​လ ဖော်​ပြ​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည် လည်း​ထို​နေ့​၌​ဖြစ်​ပျက်​လာ​လေ​သည်။-
9 Deus mudou o coração de Saul no momento em que ele se despediu de Samuel. E naquele dia aconteceu tudo o que Samuel tinha dito.
10 ရှော​လု​နှင့်​သူ​၏​အ​စေ​ခံ​သည်​ဂိ​ဗာ​မြို့ သို့​ရောက်​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​တစ် စု​သည်​သူ​တို့​အား​ဆီး​ကြို​ကြ​၏။ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​အ​ပေါ် သို့​သက်​ရောက်​သ​ဖြင့်​သူ​သည်​ပ​ရော​ဖက် များ​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​ဟစ်​အော် လေ​သည်။-
10 Quando Saul e o seu empregado chegaram a Gibeá, um grupo de profetas o encontrou. O Espírito de Deus tomou conta de Saul, e ele se juntou a eles, agindo como um profeta.
11 သူ့​အား​ယ​ခင်​က​သိ​ရှိ​ခဲ့​ကြ​သော​လူ တို့​သည် ရှော​လု​ဤ​သို့​က​ခုန်​ဟစ်​အော်​နေ သည်​ကို​မြင်​လျှင်``ကိ​ရှ​၏​သား​ကား​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟု အ​ချင်း​ချင်း​ပြော​ဆို​မေး​မြန်း​ကြ​၏။-
11 Algumas pessoas que o conheciam viram isso e perguntavam: — O que aconteceu com o filho de Quis? Será que Saul virou profeta?
12 ထို​အ​ရပ်​သား​တစ်​ဦး​က``အ​ခြား​ပ​ရော ဖက်​တို့​၏​ဖ​ခင်​များ​ကား​မည်​သူ​တို့​နည်း'' ဟု​ဆို​၏။ ဤ​သို့​လျှင်``ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟူ​သော ဆို​ရိုး​စ​ကား​စ​တင်​ပေါ်​ပေါက်​လာ သ​တည်း။-
12 Um homem que morava ali perguntou: — E os outros? Será que os pais deles são profetas? Foi assim que surgiu o seguinte ditado: “Será que Saul também virou profeta?”
13 က​ခုန်​ဟစ်​အော်​ပြီး​သော​အ​ခါ​ရှော​လု သည်​တောင်​ကုန်း​ပေါ်​ရှိ​ယဇ်​ပလ္လင်​သို့​ထွက် ခွာ​သွား​၏။
13 Quando Saul acabou de profetizar, foi para o altar, no monte.
14 ရှော​လု​၏​ဦး​လေး​သည်​ရှော​လု​နှင့်​အ​စေ​ခံ ကို​မြင်​လျှင် ``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​ပြန် လာ​ကြ​သ​နည်း'' ဟု​မေး​၏။
14 O tio de Saul perguntou a ele e ao seu empregado: — Onde foi que vocês estiveram? — Estávamos procurando as jumentas! — respondeu Saul. — E, como não as encontramos, fomos falar com Samuel.
15 ``သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​ပြော လိုက်​ပါ​သ​နည်း'' ဟု​ဦး​လေး​က​မေး ပြန်​သော်၊
15 — E o que foi que ele disse? — perguntou o tio.
16 ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။
16 — Ele nos disse que os animais já haviam sido encontrados! — respondeu Saul. Porém não contou ao tio o que Samuel tinha dito a respeito de ele se tornar rei.
17 ရှ​မွေ​လ​သည်​လူ​တို့​အား​မိ​ဇ​ပါ​မြို့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်​ယူ​စု​ရုံး စေ​ပြီး​လျှင်၊-
17 Samuel chamou todo o povo para uma reunião religiosa em Mispa
18 ဤ​သို့​ဆို​၏။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​၍ သင်​တို့ အား​နှိပ်​စက်​က​လူ​ပြု​သော​အီ​ဂျစ်​အ​မျိုး သား​များ​နှင့်​အ​ခြား​အ​မျိုး​သား​အ​ပေါင်း တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့​သည်။-
18 e disse: — O
19 ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။''
19 Eu sou o Deus de vocês, o único que os livra de todos os seus problemas e dificuldades, mas hoje vocês me rejeitaram e pediram que eu lhes desse um rei. Muito bem, então reúnam-se na minha presença, separados por tribos e por grupos de famílias.”
20 ထို​နောက်​ရှ​မွေ​လ​သည်​အ​နွယ်​တို့​ကို​တစ် စု​ပြီး​တစ်​စု ရှေ့​သို့​လာ​ရောက်​စေ​ပြီး​လျှင် မဲ​ချ​၍ ဗင်္ယာ​မိန်​အ​နွယ်​ကို​ရွေး​ချယ်​၏။-
20 Samuel mandou que todas as tribos viessem para perto dele, e o sorteio indicou a tribo de Benjamim.
21 ထို​နောက်​ရှ​မွေ​လ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အိမ်​ထောင်​စု​များ​ကို ရှေ့​သို့​လာ​ရောက်​စေ သော​အ​ခါ​မာ​တ​ရိ​အိမ်​ထောင်​စု​သည် အ​ရွေး​ခံ​ရ​၏။ ထို​နောက်​မာ​တ​ရိ​အိမ်​ထောင် စု​မှ​အ​မျိုး​သား​တို့​သည်​ရှေ့​သို့​ထွက်​၍ လာ​ကြ​လျှင် ကိ​ရှ​၏​သား​ရှော​လု​သည် အ​ရွေး​ခံ​ရ​၏။ သို့​ရာ​တွင်​သူ့​ကို​ရှာ​၍ မ​တွေ့​ကြ​သော​အ​ခါ၊-
21 Então Samuel mandou que as famílias da tribo de Benjamim avançassem, e a família de Matri foi indicada. Aí os homens da família de Matri avançaram, e Saul, filho de Quis, foi indicado. Eles o procuraram, porém não puderam achá-lo.
22 လူ​တို့​သည်``ရှော​လု​အ​ပြင်​အ​ခြား​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။
22 Então perguntaram a Deus, o Senhor : — Ainda há mais alguém? — Há, e ele está escondido no meio da bagagem! — respondeu o
23 သို့​ဖြစ်​၍​သူ​တို့​သည်​ပြေး​၍​ရှော​လု​ကို လူ​တို့​ရှေ့​သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ သူ​သည် အ​ခြား​သူ​အ​ပေါင်း​တို့​ထက်​အ​ရပ်​တစ် ပေ​မျှ​ပို​၍​မြင့်​သည်​ကို​တွေ့​မြင်​ရ​ကြ​၏။-
23 Então eles correram e trouxeram Saul. E ele era o mais alto de todos, aparecendo dos ombros para cima no meio do povo.
24 ရှ​မွေ​လ​က​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကား​ဤ​သူ​တည်း။ ငါ​တို့​တွင်​သူ​နှင့်​တူ​သူ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​ဆို​၏။
24 Samuel disse ao povo: — Aqui está o homem que o E todo o povo gritou: — Viva o rei!
25 ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။-
25 Samuel explicou ao povo os direitos e deveres de um rei e os escreveu num livro, que foi colocado na presença de Deus, o Senhor . Aí mandou todos para casa.
26 ရှော​လု​သည်​လည်း​ဂိ​ဗာ​မြို့​နေ​အိမ်​သို့​ပြန် လေ​သည်။ သူ​ရဲ​ကောင်း​အ​ချို့​တို့​၏​စိတ်​ကို ဘု​ရား​သ​ခင်​ပြု​ပြင်​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ရှော​လု​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။-
26 Saul também voltou para a sua casa em Gibeá. Alguns homens corajosos, que no seu coração sentiram a orientação de Deus, foram com Saul.
27 သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။
27 Mas algumas pessoas de mau caráter disseram: — Como é que este homem vai poder nos salvar? E desprezaram Saul e não lhe deram presentes.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.