1 Samuel 10
Common Language Bible (MYA) vs NAA
1 ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
1 Samuel pegou um vaso de azeite e o derramou sobre a cabeça de Saul. Então ele o beijou e disse: — O
2 ယနေ့ငါ့ထံမှထွက်ခွာသွားသောအခါ သင်သည်ဗင်္ယာမိန်နယ်၊ ဇေလဇမြို့ရှိရာ ခေလ၏သင်္ချိုင်းအနီးတွင်လူနှစ်ယောက် ကိုတွေ့လိမ့်မည်။ သူတို့ကသင်လိုက်လံရှာ ဖွေနေသောမြည်းတို့ကိုပြန်လည်တွေ့ရှိပြီ ဖြစ်၍ သင့်အဖသည်မြည်းများအတွက် စိုးရိမ်ပူပန်မှုမရှိတော့ဘဲသင်၏အတွက် သာလျှင် စိုးရိမ်ပူပန်လျက်နေကြောင်းကို လည်းကောင်း`ငါ့သားအတွက်အဘယ်သို့ ငါပြုရပါမည်နည်း' ဟုမြည်တမ်းလျက် နေကြောင်းကိုလည်းကောင်းသင့်အားပြော ကြားကြလိမ့်မည်။-
2 Hoje, quando você se afastar de mim, encontrará dois homens junto ao túmulo de Raquel, no território de Benjamim, em Zelza. Eles lhe dirão: “Já foram achadas as jumentas que você foi procurar. E eis que agora o seu pai já não pensa no caso delas e está aflito por causa de vocês, dizendo: ‘Que posso fazer por meu filho?’”
3 သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-
3 Ao seguir adiante, você chegará ao carvalho de Tabor. Ali virão ao seu encontro três homens, que vão subindo a Deus em Betel. Um estará levando três cabritos; outro, três pães; e o outro, um odre de vinho.
4 သူတို့သည်သင့်အားနှုတ်ခွန်းဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေးလိမ့်မည်။ ထိုမုန့်တို့ကို သင်သည်လက်ခံရမည်။-
4 Eles irão saudar você e lhe darão dois pães, que você deve aceitar.
5 ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
5 Então você seguirá para Gibeá-Eloim, onde está a guarnição dos filisteus. Ao entrar na cidade, você encontrará um grupo de profetas que descem do lugar alto. Eles estarão tocando liras, tambores, flautas e harpas. E estarão profetizando.
6 ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည် သင်၏အပေါ်သို့သက်ရောက်သဖြင့် သင်သည် ထိုသူတို့နှင့်အတူပါဝင်ကခုန်အော်ဟစ် ကာခြားနားသောသူဖြစ်၍သွားလိမ့်မည်။-
6 O Espírito do Senhor se apossará de você, e você profetizará com eles e será mudado em outro homem.
7 ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင့်အားဘုရားသခင်လမ်းပြတော်မူသည့် အတိုင်းပြုလော့။-
7 Quando estes sinais se cumprirem, faça o que a ocasião exigir, porque Deus está com você.
8 သင်သည်ငါ၏အလျင်ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်ထိုမြို့တွင်သင်နှင့်တွေ့ ဆုံ၍မီးရှို့ရာယဇ်များနှင့်မိတ်သဟာယ ယဇ်များကိုပူဇော်မည်။ သင်အဘယ်သို့ပြု ရမည်ကို ငါလာ၍မဖော်ပြမချင်းထို မြို့တွင်ခုနစ်ရက်တိုင်တိုင်စောင့်နေလော့'' ဟုဆို၏။
8 Vá na minha frente para Gilgal. Eis que eu descerei para junto de você, a fim de oferecer holocaustos e apresentar ofertas pacíficas. Espere sete dias, até que eu venha para junto de você e diga o que você deve fazer.
9 ရှောလုသည်ရှမွေလထံမှထွက်ခွာလာ ချိန်၌ ထာဝရဘုရားသည်ရှောလုအား စိတ်သဘောသစ်ကိုပေးတော်မူ၏။ ရှမွေလ ဖော်ပြခဲ့သမျှသောအမှုအရာတို့သည် လည်းထိုနေ့၌ဖြစ်ပျက်လာလေသည်။-
9 Aconteceu que, no momento em que Saul se virou para se despedir de Samuel, Deus lhe mudou o coração. E todos esses sinais aconteceram naquele mesmo dia.
10 ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-
10 Quando eles chegaram a Gibeá, eis que um grupo de profetas saiu ao encontro deles. O Espírito de Deus se apossou de Saul, e ele profetizou no meio deles.
11 သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။-
11 Todos os que já o conheciam, vendo que ele profetizava com os profetas, perguntavam uns aos outros: — Que é isso que aconteceu com o filho de Quis? Está também Saul entre os profetas?
12 ထိုအရပ်သားတစ်ဦးက``အခြားပရော ဖက်တို့၏ဖခင်များကားမည်သူတို့နည်း'' ဟုဆို၏။ ဤသို့လျှင်``ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟူသော ဆိုရိုးစကားစတင်ပေါ်ပေါက်လာ သတည်း။-
12 Então um homem do lugar perguntou: — E quem é o pai dos outros? Por isso surgiu este provérbio: “Está também Saul entre os profetas?”
13 ကခုန်ဟစ်အော်ပြီးသောအခါရှောလု သည်တောင်ကုန်းပေါ်ရှိယဇ်ပလ္လင်သို့ထွက် ခွာသွား၏။
13 E, depois de profetizar, Saul seguiu para o alto do monte.
14 ရှောလု၏ဦးလေးသည်ရှောလုနှင့်အစေခံ ကိုမြင်လျှင် ``သင်တို့အဘယ်အရပ်မှပြန် လာကြသနည်း'' ဟုမေး၏။
14 O tio de Saul perguntou a ele e ao seu servo: — Aonde vocês foram? Saul respondeu: — Fomos procurar as jumentas e, quando vimos que não apareciam, fomos falar com Samuel.
15 ``သူသည်သင်တို့အား အဘယ်သို့ပြော လိုက်ပါသနည်း'' ဟုဦးလေးကမေး ပြန်သော်၊
15 Então o tio de Saul disse: — Conte-me, por favor, o que Samuel disse a vocês.
16 ရှောလုက``မြည်းများကိုပြန်၍တွေ့ပြီ ဖြစ်ကြောင်း အကျွန်ုပ်တို့အားပြောကြား လိုက်ပါသည်'' ဟုဆို၏။ သို့ရာတွင်ရှမွေလ မိန့်မြွက်သည့်နိုင်ငံရေးအကြောင်းကိုမူ ဦးလေးအားမပြောဘဲနေ၏။
16 Saul respondeu: — Ele nos disse que as jumentas tinham sido encontradas. Porém Saul não contou ao tio o que Samuel tinha dito a respeito do reino.
17 ရှမွေလသည်လူတို့အားမိဇပါမြို့တွင် ထာဝရဘုရားထံတော်သို့ခေါ်ယူစုရုံး စေပြီးလျှင်၊-
17 Samuel convocou o povo para comparecer diante do Senhor , em Mispa,
18 ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။-
18 e disse aos filhos de Israel: — Assim diz o
19 ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
19 Mas hoje vocês rejeitaram o seu Deus, que os livrou de todos os seus males e trabalhos. Vocês lhe disseram: ‘Não! Queremos um rei sobre nós.’ Agora, pois, reúnam-se diante do Senhor , por tribos e grupos de milhares.”
20 ထိုနောက်ရှမွေလသည်အနွယ်တို့ကိုတစ် စုပြီးတစ်စု ရှေ့သို့လာရောက်စေပြီးလျှင် မဲချ၍ ဗင်္ယာမိန်အနွယ်ကိုရွေးချယ်၏။-
20 Samuel fez com que todas as tribos se aproximassem, e a tribo sorteada foi a de Benjamim.
21 ထိုနောက်ရှမွေလသည်ဗင်္ယာမိန်အနွယ်ဝင် အိမ်ထောင်စုများကို ရှေ့သို့လာရောက်စေ သောအခါမာတရိအိမ်ထောင်စုသည် အရွေးခံရ၏။ ထိုနောက်မာတရိအိမ်ထောင် စုမှအမျိုးသားတို့သည်ရှေ့သို့ထွက်၍ လာကြလျှင် ကိရှ၏သားရှောလုသည် အရွေးခံရ၏။ သို့ရာတွင်သူ့ကိုရှာ၍ မတွေ့ကြသောအခါ၊-
21 Então Samuel chamou a tribo de Benjamim pelas suas famílias, e foi indicada a família de Matri. E da família de Matri foi indicado Saul, filho de Quis. Mas, quando o procuraram, não puderam encontrá-lo.
22 လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။
22 Então perguntaram ao Senhor se aquele homem já havia chegado ali. E o Senhor respondeu: — Ele está aí escondido entre a bagagem.
23 သို့ဖြစ်၍သူတို့သည်ပြေး၍ရှောလုကို လူတို့ရှေ့သို့ခေါ်ခဲ့ကြသောအခါ သူသည် အခြားသူအပေါင်းတို့ထက်အရပ်တစ် ပေမျှပို၍မြင့်သည်ကိုတွေ့မြင်ရကြ၏။-
23 Então correram e o tiraram de lá. Ele ficou em pé no meio do povo, e era o mais alto de todos; dos ombros para cima, ele sobressaía a todo o povo.
24 ရှမွေလကလူတို့အား``ထာဝရဘုရား ရွေးချယ်တော်မူသောသူကားဤသူတည်း။ ငါတို့တွင်သူနှင့်တူသူတစ်ယောက်မျှ မရှိ'' ဟုဆို၏။
24 Então Samuel disse a todo o povo: — Vocês estão vendo quem o Então todo o povo começou a gritar: — Viva o rei!
25 ရှမွေလသည်မင်းကျင့်တရားများနှင့် ဘုရင့် ရပိုင်ခွင့်များကို လူတို့အားရှင်းလင်းဖော် ပြ၏။ ထိုနောက်ထိုအရာများကိုစာအုပ် တွင်ရေးမှတ်ကာ သန့်ရှင်းရာဌာနတွင်သိမ်း ဆည်းထား၏။ ထိုနောက်သူသည်လူတို့အား မိမိတို့နေရပ်အသီးသီးသို့ပြန်စေ၏။-
25 Samuel explicou ao povo o direito do reino, escreveu-o num livro e o pôs diante do Senhor . Então Samuel despediu todo o povo, cada um para sua casa.
26 ရှောလုသည်လည်းဂိဗာမြို့နေအိမ်သို့ပြန် လေသည်။ သူရဲကောင်းအချို့တို့၏စိတ်ကို ဘုရားသခင်ပြုပြင်တော်မူသဖြင့် သူတို့ သည်ရှောလုနှင့်အတူလိုက်သွားကြ၏။-
26 Também Saul foi para a sua casa, em Gibeá. Com ele foi uma tropa de homens cujo coração Deus havia tocado.
27 သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။
27 Mas alguns homens malignos disseram: — Como poderá este homem nos salvar? E o desprezaram e não lhe trouxeram presentes. Mas Saul se fez de surdo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.