1 Reis 22

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဣ​သ​ရေ​လ​ပြည်​နှင့်​ရှု​ရိ​ပြည်​တို့​သည် သုံး နှစ်​တိုင်​တိုင်​စစ်​ပြေ​ငြိမ်း​လျက်​ရှိ​၏။-
1 Três anos se passaram sem lutas entre a Síria e Israel.
2 သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​ယု​ဒ​ဘု​ရင်​ယော ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ထံ​သို့ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​လေ​သည်။
2 No terceiro ano, Josafá, rei de Judá, veio ter com o rei de Israel.
3 အာ​ဟပ်​သည်​မိ​မိ​၏​မှူး​မတ်​တို့​အား``ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို​ရှု​ရိ​ဘု​ရင်​ထံ​မှ​ပြန် လည်​ရ​ရှိ​ရန် အ​ဘယ်​ကြောင့်​မည်​သို့​မျှ​မ​ပြု​ဘဲ နေ​ကြ​ပါ​သ​နည်း။ ထို​မြို့​ကို​ငါ​တို့​ပိုင်​သည် မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော်​မူ​၏။-
3 Este tinha dito aos seus servos: Sabeis porventura que Ramot de Galaad é nossa, e que nós temos descuidado de retomá-la do rei da Síria?
4 ထို့​နောက်​အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``အ​ဆွေ တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ ချီ​တက်​မည်​လော'' ဟု​မေး​၏။
4 E disse a Josafá; Queres vir comigo à guerra contra Ramot de Galaad? Josafá respondeu: Farei o que fizeres: meu povo fará o que fizer o teu, e minha cavalaria fará o que fizer a tua.
5 သို့​ရာ​တွင်​ဤ​ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး စွာ​မေး​မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။
5 E continuando a falar ao rei de Israel, Josafá ajuntou: Consulta antes de tudo, eu te peço, o oráculo do Senhor.
6 သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။
6 O rei de Israel, tendo reunido os profetas, que eram em número de quatrocentos, perguntou-lhes: Devo eu ir atacar Ramot de Galaad, eu devo-me abster? Eles responderam: Vai; o Senhor a entregará nas mãos do rei.
7 သို့​ရာ​တွင်​ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖက်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။
7 Mas Josafá replicou: Haverá porventura algum outro profeta do Senhor por aqui, a quem possamos consultar?
8 အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣ​မ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အ​ခါ​မျှ​အ​ကောင်း​ကို​မ​ဟော၊ အ​ဆိုး ကို​သာ​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့​ကို​ကျွန်ုပ် မ​နှစ်​သက်​ပါ'' ဟု​ပြန်​ပြော​လေ​သည်။
8 Sim, respondeu o rei de Israel, há ainda outro por quem poderíamos consultar o Senhor; mas eu o detesto, porque ele não profetiza jamais o bem, e sim sempre o mal: é Miquéias, filho de Jemla. Josafá disse: Não fale o rei assim.
9 သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း သွား​ခေါ်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။
9 Chamou então o rei de Israel um eunuco e deu-lhe esta ordem: Traze-me aqui depressa Miquéias, filho de Jemla.
10 ဘု​ရင်​နှစ်​ပါး​တို့​သည် မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​အ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌​ပ​ရော ဖက်​အ​ပေါင်း​တို့​သည်​လည်း​ရှေ့​ဖြစ်​ကို​ဟော ၍​နေ​ကြ​၏။-
10 O rei de Israel e Josafá, rei de Judá, sentaram cada um no seu trono, revestidos de suas insígnias reais, na praça que está à entrada da porta de Samaria, e todos os profetas profetizavam diante deles.
11 ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝ​ရ​ဘု​ရား​က`ကိုယ်​တော် သည်​ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​အ​မျိုး​သား​တို့ အား​ချေ​မှုန်း​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-
11 Sedecias, filho de Canaana, fez para si uns chifres de ferro, e disse: Eis o que diz o Senhor: com estes chifres ferirás os sírios até que sejam exterminados.
12 အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း ဤ အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​သို့​ချီ​တက်​တော်​မူ​ပါ။ အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု​ဟော​ကြ​၏။
12 E todos os profetas profetizavam da mesma maneira, dizendo: Sobe a Ramot de Galaad: serás vencedor, porque o Senhor entregará a cidade nas mãos do rei.
13 ဤ​အ​တော​အ​တွင်း​၌ မိက္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``အ​ခြား ပ​ရော​ဖက်​အား​လုံး​က​ပင်​မင်း​ကြီး​သည် အောင်​မြင်​မှု​ရ​ရှိ​လိမ့်​မည်​ဟု​ဟော​ခဲ့​ကြ လေ​ပြီ။ အ​ရှင်​သည်​လည်း​ဤ​အ​တိုင်း​ပင် ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။
13 Entretanto, o mensageiro que fora buscar Miquéias dizia-lhe: Os profetas são unânimes em predizer a vitória do rei. Que o teu oráculo seja conforme o deles. Predize bom êxito.
14 သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။
14 Miquéias, porém, respondeu: Por Deus que eu só direi o que o Senhor me disser.
15 သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့ ရောက်​သော​အ​ခါ မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ်​မင်း​နှင့် ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ဖြေ​ကြား​ပါ​လော့'' ဟု​မိန့်​တော်​မူ​၏။
15 Quando ele se apresentou ao rei, este disse-lhe: Miquéias, devemos nós ir atacar Ramot de Galaad, ou não? Vai, respondeu Miquéias, serás vencedor; o Senhor a entregará nas mãos do rei.
16 သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​ရာ​တွင်​သစ္စာ​စ​ကား ကို​သာ​လျှင် သုံး​စွဲ​ရန်​သင့်​အား​ဘယ်​နှစ်​ကြိမ် ငါ​သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။
16 O rei disse-lhe: Quantas vezes será preciso conjurar-te a que só digas a verdade em nome do Senhor?
17 ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။
17 Ao que Miquéias respondeu: Vejo todo o Israel espalhado pelas montanhas como um rebanho sem pastor. O Senhor disse: Essa gente não tem um guia; volte cada um em paz para a sua casa!
18 အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​ဟော​တတ်​ကြောင်း ကျွန်ုပ်​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဆို​၏။
18 O rei de Israel disse a Josafá: Não te disse eu que ele nunca profetiza o bem, mas sempre o mal?
19 မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-
19 Miquéias replicou: Ouve o oráculo do Senhor: Eu, vi o Senhor sentado no seu trono e todo o exército dos céus ao redor dele, à direita e à esquerda.
20 ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့ သို့​ချီ​တက်​၍​ကျ​ဆုံး​စေ​ရန် အ​ဘယ်​သူ​သည် သူ့​အား​လိမ်​လည်​လှည့်​စား​မည်​နည်း' ဟု​မေး တော်​မူ​လျှင်​ကောင်း​ကင်​တ​မန်​တို့​သည် အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။-
20 O Senhor disse: Quem seduzirá Acab, para que ele suba e pereça em Ramot de Galaad? Um disse uma coisa e outro, outra.
21 နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ်​လည် လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘုရား က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊-
21 Então um espírito adiantou-se e apresentou-se diante do Senhor, dizendo: Eu irei seduzi-lo. O Senhor perguntou: De que modo?
22 ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော ဖက်​များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည် ဟော​ပြော​စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ ဘု​ရား​က​လည်း`သင်​သွား​၍​အာ​ဟပ်​အား​လိမ် လည်​လှည့်​စား​လော့။ အောင်​မြင်​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​လျှောက်​ထား​၏။
22 Ele respondeu: Irei e serei um espírito de mentira na boca de seus profetas. - É isto, replicou o Senhor. Conseguirás seduzi-lo. Vai e faze como disseste.
23 ထို့​နောက်​မိက္ခာ​က``ဖြစ်​ပျက်​ပုံ​ကား​ဤ​သို့​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပ​ရော​ဖက်​တို့​ကို အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး​အန္တ​ရာယ် ကို​မူ​ကိုယ်​တော်​တိုင်​စီ​ရင်​ထား​တော်​မူ​ပြီ'' ဟု နိ​ဂုံး​ချုပ်​လိုက်​လေ​သည်။
23 O Senhor pôs um espírito de mentira na boca de todos os profetas aqui presentes, mas é a tua perda que o Senhor decretou.
24 ထို​အ​ခါ​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး​သို့​ချဉ်း​ကပ်​၍ ပါး​ကို​ရိုက်​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ် တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန်​အ​ဘယ် အ​ခါ​က ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ သ​နည်း'' ဟု​ဆို​၏။
24 Nesse momento, Sedecias, filho de Canaana, aproximou-se de Miquéias e deu-lhe uma bofetada, dizendo: Por onde saiu de mim o espírito do Senhor para falar a ti?
25 မိက္ခာ​က​လည်း``သင်​ပုန်း​အောင်း​ရန်​အ​တွက်​အ​တွင်း ခန်း​တစ်​ခု​ခု​သို့​ဝင်​သော​အ​ခါ​၌​သိ​ရ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​လေ​သည်။
25 Tu o verás, respondeu Miquéias, no dia em que fores de quarto em quarto para te esconder.
26 ထို့​နောက်​အာ​ဟပ်​သည်​နန်း​တွင်း​အ​ရာ​ရှိ​တစ် ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန်​အာ​မုန် နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင်​သွား​လော့။-
26 Então o rei de Israel ordenou: Prende Miquéias; leva-o à casa de Amon, governador da cidade, e de Joás, filho do rei.
27 သူ့​အား​ထောင်​သွင်း​အ​ကျဉ်း​ချ​ကာ​ကောင်း မွန်​ချော​မော​စွာ ငါ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန် တိုင်​အောင်​မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား ရန်​သူ​တို့​အား​မှာ​ကြား​လော့'' ဟု​အ​မိန့် ပေး​တော်​မူ​၏။
27 Dize-lhes: Esta é a ordem do rei: Metei este homem na prisão e alimentai-o com um pão de miséria, até que eu volte são e salvo.
28 မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​မူ​အ​ကျွန်ုပ် ဆင့်​ဆို​သော​စ​ကား​များ​သည်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​များ​မ​ဟုတ်​နိုင်။ အို လူ အပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ထား ကြ​လော့'' ဟု​ဆို​၏။
28 Ao que respondeu Miquéias: Se voltares são e salvo, será um sinal de que o Senhor não falou por mim. E ajuntou: Ouvi, povo, tudo isso!
29 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့ ကို​တိုက်​ခိုက်​ရန်​ချီ​တက်​ကြ​၏။-
29 O rei de Israel subiu com Josafá, rei de Judá, a Ramot de Galaad.
30 အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​သော အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ​ဝတ်​ဆင် လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို ပြီး​သော်​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ရုပ်​ဖျက်​၍ တိုက်​ပွဲ​ဝင်​လေ​၏။
30 Disse-lhe: Vou disfarçar-me para ir ao combate; tu, porém, conserva as tuas vestes. E o rei de Israel disfarçou-se antes de entrar em combate.
31 ရှ​ရိ​ဘု​ရင်​သည် မိ​မိ​၏​ရ​ထား​တပ်​မှူး​သုံး​ဆယ့် နှစ်​ယောက်​တို့​အား ဣ​သ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​မည်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-
31 Ora, o rei da Síria tinha dado aos seus trinta e dois chefes de carros a seguinte ordem: Não atacareis ninguém, pequeno ou grande, mas unicamente o rei de Israel.
32 ထို့​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင်​သော အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ​ပြန်​လှည့် ၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ​ဖတ်​ဟစ်​အော် လိုက်​သော​အ​ခါ၊-
32 Os chefes de carros, tendo visto Josafá, disseram entre si: Aquele é seguramente o rei de Israel. E o atacaram. Josafá soltou o seu grito {de guerra},
33 သူ​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​မ​ဟုတ်​မှန်း​သိ​ရ​၍ လွှဲ​ရှောင်​ကြ​၏။-
33 e os chefes de carros, vendo que não era o rei de Israel, afastaram-se dele.
34 သို့​ရာ​တွင်​ရှ​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို အ​မှတ်​မ​ထင်​ပစ်​လွှတ်​လိုက်​ရာ​အာ​ဟပ် ၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို​ထိ​မှန်​သွား​လေ သည်။ မင်း​ကြီး​က``ငါ့​ကို​မြား​ထိ​ပြီ၊ တိုက်​ပွဲ​မှ မောင်း​ထွက်​သွား​လော့'' ဟု​ရ​ထား​မှူး​အား​အ​မိန့် ပေး​တော်​မူ​၏။
34 Nesse momento, estirando um homem o seu arco ao acaso, feriu o rei de Israel entre as junturas da couraça. O rei disse ao condutor de seu carro: Volta a rédea, leva-me para fora do campo de batalha, porque estou ferido.
35 တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​၏​ရ​ထား ထက်​တွင်​မှီ​၍​ထိုင်​နေ​တော်​မူ​၏။ သူ​၏​ဒဏ်​ရာ မှ​ယို​စီး​လာ​သော​သွေး​သည်​ရ​ထား​ကြမ်း​ပြင် ပေါ်​တွင်​အိုင်​ဖြစ်​၍​နေ​၏။ ည​နေ​စောင်း​အ​ချိန် ၌​သူ​သည်​ကွယ်​လွန်​လေ​သည်။-
35 Mas o combate foi naquele dia tão violento, que o rei teve que ficar de pé em seu carro diante dos sírios. Morreu ao cair da tarde. O sangue corria de sua ferida e inundava o seu carro.
36 နေ​ဝင်​ချိန်​နီး​သော​အ​ခါ``လူ​တိုင်း​ကိုယ့်​ပြည်၊ ကိုယ့်​မြို့​ရွာ​များ​သို့​ပြန်​ကြ​ကုန်​အံ့'' ဟူ​သော ဟစ်​သံ​သည်​ဣ​သ​ရေ​လ​တပ်​တစ်​တပ်​လုံး သို့​ရောက်​ရှိ​လာ​လေ​သည်။
36 Ao pôr-do-sol, ouviu-se um clamor que corria por todo o exército: Volte cada um para a sua cidade e para a sua casa!
37 ဤ​သို့​ဖြင့်​အာ​ဟပ်​မင်း​သည်​ကွယ်​လွန်​လေ​သည်။ သူ​၏​အ​လောင်း​ကို​ရှ​မာ​ရိ​မြို့​သို့​ယူ​ဆောင် ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။-
37 Morreu o rei! Levaram-no para Samaria e enterraram-no ali.
38 သူ​၏​ရ​ထား​ကို​ပြည့်​တန်​ဆာ​တို့​ရေ​ချိုး​လေ့​ရှိ သည့်​ရှ​မာ​ရိ​ရေ​ကန်​တွင်​ဆေး​ကြော​ကြ​၏။ ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခွေး​တို့ သည်​လာ​၍​သူ​၏​သွေး​ကို​လျက်​ကြ​ကုန်​၏။
38 Quando lavaram o carro na piscina de Samaria, os cães lamberam o sangue do rei, e as prostitutas banhavam-se ali, conforme o oráculo do Senhor.
39 အာ​ဟပ်​မင်း​၏​ဆင်​စွယ်​နန်း​တော်​အ​ကြောင်း နှင့် သူ​တည်​ထောင်​ခဲ့​သော​မြို့​များ​အ​ပါ​ဝင် သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
39 O resto da história de Acab, suas ações, o palácio de marfim que construiu, as cidades que edificou, tudo isso se acha consignado no livro das Crônicas dos reis de Israel.
40 အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ​သား​တော်​အာ​ခ​ဇိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
40 Acab adormeceu com os seus pais, e seu filho Ocozias sucedeu-lhe no trono.
41 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​နန်း​စံ​စ​တုတ္ထ​နှစ်​၌ အာ​သ​၏​သား​တော်​ယော​ရှ​ဖတ်​သည်​ယု​ဒ​ပြည် တွင်​နန်း​တက်​၍၊-
41 No quarto ano de Acab, rei de Israel, Josafá, filho de Asa, tornou-se rei de Judá.
42 ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ နန်း​တက်​ချိန်​၌​သူ​သည်​အသက်​သုံး ဆယ့်​ငါး​နှစ်​ရှိ​၏။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ ၏​သ​မီး​အ​ဇု​ဘ​ဖြစ်​၏။-
42 Tinha trinta e cinco anos quando começou a reinar, e reinou vinte e cinco anos em Jerusalém. Sua mãe chamava-se Azuba, filha de Salai.
43 သူ​သည်​မိ​မိ​အ​လျင်​နန်း​စံ​ခဲ့​သည့်​ခ​မည်း​တော် အာ​သ​ကဲ့​သို့​ပင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက် တွင်​ဖြောင့်​မှန်​စွာ​ပြု​ကျင့်​လေ့​ရှိ​၏။ သို့​ရာ​တွင်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ​မ​ဖြို​မ​ဖျက်​သ​ဖြင့် လူ တို့​သည်​ထို​အ​ရပ်​များ​တွင်​ဆက်​လက်​၍​ယဇ်​ပူ​ဇော် ၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လေ​သည်။-
43 Andou em todos os caminhos de Asa, seu pai, e não se desviou deles. Fez o que é bom aos olhos do Senhor.
44 ယော​ရှ​ဖတ်​သည်​ဣသ​ရေ​လ​ဘု​ရင်​နှင့်​လည်း ငြိမ်း​ချမ်း​စွာ​နေ​တော်​မူ​၏။
44 Todavia, não desapareceram os lugares altos, onde o povo continuava sacrificando e queimando incenso.
45 ယော​ရှ​ဖတ်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​၏​စွန့်​စား​မှု​များ​နှင့် သူ​ဆင်​နွှဲ​ခဲ့​သည့်​တိုက်​ပွဲ​များ​ကို​လည်း​ကောင်း ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
45 Josafá viveu em paz com o rei de Israel.
46 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​ခ​မည်း တော်​အာ​သ​လက်​ထက်​မှ ကျန်​ရစ်​ခဲ့​သည့်​အ​မျိုး သား​ပြည့်​တန်​ဆာ​များ​နှင့်​အ​မျိုး​သ​မီး​ပြည့် တန်​ဆာ​များ​အား​လုံး​ကို​သုတ်​သင်​ပယ်​ရှင်း တော်​မူ​၏။
46 O resto da história de Josafá, seus grandes feitos e suas campanhas, tudo se acha consignado no livro das Crônicas dos reis de Judá.
47 ဧ​ဒုံ​ပြည်​တွင်​ဘု​ရင်​မ​ရှိ။ ယု​ဒ​ဘု​ရင်​ခန့်​ထား သည့်​ဘု​ရင်​ခံ​က​ထို​ပြည်​ကို​အုပ်​ချုပ်​ရ​လေ​သည်။
47 Expulsou da terra as prostitutas {sagradas} que ainda restavam do tempo de seu pai.
48 ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။-
48 Não havia então rei em Edom, mas um governador que exercia as funções de rei.
49 ထို​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​က​မိ​မိ ၏​လူ​တို့​နှင့်​အ​တူ ယော​ရှ​ဖတ်​၏​လူ​တို့​အား သင်္ဘော​လွှင့်​ခွင့်​ပြု​မည်​ဟု စ​ကား​ကမ်း​လှမ်း​သော် လည်း​ယော​ရှ​ဖတ်​က​ထို​ကမ်း​လှမ်း​ချက်​ကို လက်​ခံ​တော်​မ​မူ။
49 Josafá construiu um navio de Társis para ir buscar ouro em Ofir. Mas não pôde ir, porque o seu navio naufragou em Asiongaber.
50 ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ယ​ဟော​ရံ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
50 Ocozias, filho de Acab, disse a Josafá: Deixa os meus servos embarcar com os teus. Mas Josafá não quis.
51 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​အာ​ဟပ်​၏​သား​တော်​အာ​ခ​ဇိ​သည် ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-
51 Josafá adormeceu com os seus pais, e foi sepultado com eles na cidade de Davi. Seu filho Jorão sucedeu-lhe no trono.
52 သူ​သည်​ခ​မည်း​တော်​အာဟပ်​နှင့်​မယ်​တော်​ယေ​ဇ ဗေ​လ​၏​စံ​န​မူ​နာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​စေ​ရန် ရှေ့​ဆောင် လမ်း​ပြ​ခဲ့​သူ ယေ​ရော​ဗောင်​မင်း​၏​စံ​န​မူ​နာ ကို​လည်း​ကောင်း​ယူ​၍၊-
52 No décimo sétimo ano de Josafá, rei de Judá, Ocozias, filho de Acab, tornou-se rei de Israel em Samaria, e reinou dois anos sobre Israel.
53 ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ မိ​မိ အ​လျင်​နန်း​စံ​တော်​မူ​ခဲ့​သည့်​ခ​မည်း​တော်​ကဲ့ သို့​ပင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​သည်။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး​၏။
53 Fez o mal aos olhos do Senhor: seguiu os caminhos de seu pai e de sua mãe, e de Jeroboão, filho de Nabat, que tinha arrastado Israel ao pecado.
54 — ausente —
54 Prestou culto a Baal e prostrou-se diante dele, provocando desse modo a cólera do Senhor, Deus de Israel, como o fizera seu pai.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Reis 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.