1 Reis 22
Common Language Bible (MYA) vs NAA
1 ဣသရေလပြည်နှင့်ရှုရိပြည်တို့သည် သုံး နှစ်တိုင်တိုင်စစ်ပြေငြိမ်းလျက်ရှိ၏။-
1 Três anos se passaram sem haver guerra entre Síria e Israel.
2 သို့ရာတွင်တတိယနှစ်၌ယုဒဘုရင်ယော ရှဖတ်သည် ဣသရေလဘုရင်အာဟပ်ထံသို့ အလည်အပတ်ရောက်ရှိလာလေသည်။
2 Porém, no terceiro ano, Josafá, rei de Judá, foi visitar o rei de Israel.
3 အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-
3 Este perguntou aos seus servos: — Vocês não sabem que Ramote-Gileade é nossa, e nós ficamos quietos e não a tiramos das mãos do rei da Síria?
4 ထို့နောက်အာဟပ်သည်ယောရှဖတ်အား``အဆွေ တော်သည်ရာမုတ်မြို့ကိုတိုက်ရန်ကျွန်ုပ်နှင့်အတူ ချီတက်မည်လော'' ဟုမေး၏။
4 Então perguntou a Josafá: — Você vai comigo à batalha contra Ramote-Gileade? Josafá respondeu ao rei de Israel: — Sou como você é, o meu povo é como o seu povo, e os meus cavalos são como os seus cavalos.
5 သို့ရာတွင်ဤကိစ္စကိုထာဝရဘုရားအားဦး စွာမေးမြန်းလျှောက်ထားပါလော့'' ဟုဆို၏။
5 Josafá disse mais ao rei de Israel: — Consulte primeiro a palavra do
6 သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။
6 Então o rei de Israel reuniu os profetas, cerca de quatrocentos homens, e lhes perguntou: — Devo ir e lutar contra Ramote-Gileade ou devo me conter? Eles responderam: — Vá, porque o Senhor a entregará nas mãos do rei.
7 သို့ရာတွင်ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖက်မရှိပါသလော'' ဟုမေး၏။
7 Mas Josafá perguntou: — Não há aqui ainda algum profeta do
8 အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။
8 O rei de Israel respondeu a Josafá: — Há um ainda, por meio de quem podemos consultar o Josafá disse: — O rei não deveria falar assim.
9 သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း သွားခေါ်ခဲ့ရန်အမိန့်ပေးတော်မူ၏။
9 Então o rei de Israel chamou um oficial e disse: — Traga-me depressa Micaías, filho de Inlá.
10 ဘုရင်နှစ်ပါးတို့သည် မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များအပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ပရော ဖက်အပေါင်းတို့သည်လည်းရှေ့ဖြစ်ကိုဟော ၍နေကြ၏။-
10 O rei de Israel e Josafá, rei de Judá, estavam assentados, cada um no seu trono, vestidos de trajes reais, numa eira à entrada do portão da cidade de Samaria; e todos os profetas profetizavam diante deles.
11 ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`ကိုယ်တော် သည်ဤဦးချိုများဖြင့်ရှုရိအမျိုးသားတို့ အားချေမှုန်းလိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
11 Zedequias, filho de Quenaana, fez para si uns chifres de ferro e disse: — Assim diz o
12 အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
12 Todos os profetas profetizaram assim, dizendo: — Suba a Ramote-Gileade! Você triunfará! O
13 ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။
13 O mensageiro que tinha ido chamar Micaías falou-lhe, dizendo: — Eis que as palavras dos profetas a uma voz predizem coisas boas para o rei. Portanto, que a sua palavra seja como a palavra de um deles; fale o que é bom.
14 သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
14 Micaías respondeu: — Tão certo como vive o
15 သူသည်မင်းကြီး၏ရှေ့တော်သို့ ရောက်သောအခါ မင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ်မင်းနှင့် ငါသည်ရာမုတ်မြို့သို့ချီတက်တိုက်ခိုက်ရန်သင့် မသင့်ဖြေကြားပါလော့'' ဟုမိန့်တော်မူ၏။
15 Quando ele chegou à presença do rei, este lhe perguntou: — Micaías, devemos ir a Ramote-Gileade para a batalha ou devemos nos conter? Ele respondeu: — Vá! Você triunfará! O
16 သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ ပြောဆိုရာတွင်သစ္စာစကား ကိုသာလျှင် သုံးစွဲရန်သင့်အားဘယ်နှစ်ကြိမ် ငါသတိပေးရပါမည်နည်း'' ဟုဆို၏။
16 O rei lhe disse: — Quantas vezes devo fazer você jurar que não me fale a não ser a verdade em nome do
17 ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့ သည်သိုးထိန်းမဲ့သည့်သိုးများကဲ့သို့ တောင် ကုန်းများပေါ်တွင်ကွဲလွင့်လျက်နေသည်ကို ငါမြင်၏။ ထာဝရဘုရားက`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့ဧချမ်းစွာပြန်ခွင့်ပြုကြလော့' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆိုလေ၏။
17 Então Micaías disse: — Vi todo o Israel disperso pelos montes, como ovelhas que não têm pastor. E o
18 အာဟပ်သည်ယောရှဖတ်အား``ဤသူသည် အဘယ်အခါ၌မျှ ကျွန်ုပ်အတွက်အကောင်း ကိုမဟော။ အဆိုးကိုသာဟောတတ်ကြောင်း ကျွန်ုပ်ပြောခဲ့ပြီမဟုတ်လော'' ဟုဆို၏။
18 Então o rei de Israel disse a Josafá: — Eu não disse a você que a meu respeito ele não profetiza o que é bom, mas somente o que é mau?
19 မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
19 Micaías prosseguiu: — Portanto, ouça a palavra do
20 ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ သို့ချီတက်၍ကျဆုံးစေရန် အဘယ်သူသည် သူ့အားလိမ်လည်လှည့်စားမည်နည်း' ဟုမေး တော်မူလျှင်ကောင်းကင်တမန်တို့သည် အမျိုးမျိုးအဖုံဖုံလျှောက်ထားကြ၏။-
20 Então o Senhor perguntou: “Quem enganará Acabe, para que vá e seja morto em Ramote-Gileade?” E um dizia uma coisa, e outro dizia outra coisa.
21 နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ်လည် လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရဘုရား က`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
21 Então um espírito saiu, se apresentou diante do Senhor e disse: “Eu o enganarei.” O Senhor perguntou: “Como?”
22 ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။
22 Ele respondeu: “Sairei e serei um espírito mentiroso na boca de todos os profetas do rei.” Então o Senhor disse: “Você conseguirá enganá-lo. Vá e faça assim.”
23 ထို့နောက်မိက္ခာက``ဖြစ်ပျက်ပုံကားဤသို့တည်း။ ထာဝရဘုရားသည်ဤပရောဖက်တို့ကို အရှင့်အားလိမ်လည်ဟောပြောစေတော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေးအန္တရာယ် ကိုမူကိုယ်တော်တိုင်စီရင်ထားတော်မူပြီ'' ဟု နိဂုံးချုပ်လိုက်လေသည်။
23 E agora eis que o Senhor pôs esse espírito mentiroso na boca de todos estes seus profetas e o Senhor declarou que um mal vai lhe acontecer.
24 ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
24 Então Zedequias, filho de Quenaana, chegou, deu uma bofetada em Micaías e perguntou: — Por onde é que passou o Espírito do
25 မိက္ခာကလည်း``သင်ပုန်းအောင်းရန်အတွက်အတွင်း ခန်းတစ်ခုခုသို့ဝင်သောအခါ၌သိရပါလိမ့် မည်'' ဟုပြန်ပြောလေသည်။
25 Micaías respondeu: — Eis que você o verá no dia em que estiver correndo de quarto em quarto, tentando se esconder!
26 ထို့နောက်အာဟပ်သည်နန်းတွင်းအရာရှိတစ် ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန်အာမုန် နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင်သွားလော့။-
26 Então o rei de Israel disse: — Prenda Micaías e leve-o de volta a Amom, governador da cidade, e a Joás, filho do rei.
27 သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။
27 E diga: “Assim diz o rei: Metam este homem na cadeia e o ponham a pão e água, até que eu volte em paz.”
28 မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာပါမူအကျွန်ုပ် ဆင့်ဆိုသောစကားများသည်ထာဝရဘုရား မိန့်တော်မူသောစကားများမဟုတ်နိုင်။ အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ထား ကြလော့'' ဟုဆို၏။
28 Micaías disse: — Se o rei de fato voltar em paz, é porque o E acrescentou: — Que todos os povos ouçam isto!
29 ဣသရေလဘုရင်အာဟပ်နှင့်ယုဒဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ ကိုတိုက်ခိုက်ရန်ချီတက်ကြ၏။-
29 O rei de Israel e Josafá, rei de Judá, foram atacar Ramote-Gileade.
30 အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်သော အခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွားမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာဝတ်ဆင် လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆို ပြီးသော်ဣသရေလဘုရင်သည်ရုပ်ဖျက်၍ တိုက်ပွဲဝင်လေ၏။
30 O rei de Israel disse a Josafá: — Eu vou me disfarçar e entrar no combate, mas você use os seus trajes reais. E assim o rei de Israel se disfarçou e entrou no combate.
31 ရှရိဘုရင်သည် မိမိ၏ရထားတပ်မှူးသုံးဆယ့် နှစ်ယောက်တို့အား ဣသရေလဘုရင်မှတစ်ပါး အခြားမည်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
31 Ora, o rei da Síria havia ordenado aos trinta e dois capitães dos seus carros de guerra que não lutassem nem contra pequeno nem contra grande, mas somente contra o rei de Israel.
32 ထို့ကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင်သော အခါ ဣသရေလဘုရင်ဟုထင်မှတ်ကာပြန်လှည့် ၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှဖတ်ဟစ်အော် လိုက်သောအခါ၊-
32 Quando os capitães dos carros viram Josafá, disseram: — Aquele certamente é o rei de Israel. E se dirigiram até ele para o atacar. Porém Josafá gritou.
33 သူတို့သည်ဣသရေလဘုရင်မဟုတ်မှန်းသိရ၍ လွှဲရှောင်ကြ၏။-
33 Quando os capitães dos carros de guerra viram que não era o rei de Israel, deixaram de persegui-lo.
34 သို့ရာတွင်ရှရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကို အမှတ်မထင်ပစ်လွှတ်လိုက်ရာအာဟပ် ၏သံချပ်အင်္ကျီအဆက်ကြားကိုထိမှန်သွားလေ သည်။ မင်းကြီးက``ငါ့ကိုမြားထိပြီ၊ တိုက်ပွဲမှ မောင်းထွက်သွားလော့'' ဟုရထားမှူးအားအမိန့် ပေးတော်မူ၏။
34 Então um homem entesou o arco e, atirando ao acaso, atingiu o rei de Israel por entre as juntas da sua armadura. Então o rei Acabe disse ao condutor do seu carro: — Dê a volta e leve-me para fora do combate, porque estou gravemente ferido.
35 တိုက်ပွဲဖြစ်လျက်နေချိန်၌အာဟပ်မင်းသည် ရှုရိတပ်ကိုမျက်နှာမူလျက် မိမိ၏ရထား ထက်တွင်မှီ၍ထိုင်နေတော်မူ၏။ သူ၏ဒဏ်ရာ မှယိုစီးလာသောသွေးသည်ရထားကြမ်းပြင် ပေါ်တွင်အိုင်ဖြစ်၍နေ၏။ ညနေစောင်းအချိန် ၌သူသည်ကွယ်လွန်လေသည်။-
35 A batalha se intensificou naquele dia. Quanto ao rei, seguraram-no em pé no seu carro de guerra de frente para os sírios, mas à tarde ele morreu. O sangue corria da ferida para o fundo do carro.
36 နေဝင်ချိန်နီးသောအခါ``လူတိုင်းကိုယ့်ပြည်၊ ကိုယ့်မြို့ရွာများသို့ပြန်ကြကုန်အံ့'' ဟူသော ဟစ်သံသည်ဣသရေလတပ်တစ်တပ်လုံး သို့ရောက်ရှိလာလေသည်။
36 Ao pôr do sol, fez-se ouvir um grito pelo acampamento, que dizia: — Cada um para a sua cidade, e cada um para a sua terra!
37 ဤသို့ဖြင့်အာဟပ်မင်းသည်ကွယ်လွန်လေသည်။ သူ၏အလောင်းကိုရှမာရိမြို့သို့ယူဆောင် ပြီးလျှင်သင်္ဂြိုဟ်ကြ၏။-
37 Morto o rei, levaram-no a Samaria, onde o sepultaram.
38 သူ၏ရထားကိုပြည့်တန်ဆာတို့ရေချိုးလေ့ရှိ သည့်ရှမာရိရေကန်တွင်ဆေးကြောကြ၏။ ထာ ဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခွေးတို့ သည်လာ၍သူ၏သွေးကိုလျက်ကြကုန်၏။
38 Quando lavaram o carro de guerra junto à cisterna de Samaria, os cães lamberam o sangue do rei, segundo a palavra que o Senhor tinha dito; as prostitutas banharam-se naquelas águas.
39 အာဟပ်မင်း၏ဆင်စွယ်နန်းတော်အကြောင်း နှင့် သူတည်ထောင်ခဲ့သောမြို့များအပါဝင် သူဆောင်ရွက်ခဲ့သည့်အခြားအမှုအရာရှိ သမျှကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
39 Quanto aos demais atos de Acabe, a tudo o que fez, ao palácio de marfim que construiu e a todas as cidades que edificou, não está tudo escrito no Livro da História dos Reis de Israel?
40 အာဟပ်ကွယ်လွန်သောအခါသားတော်အာခဇိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
40 Assim, Acabe morreu, e Acazias, seu filho, reinou em seu lugar.
41 ဣသရေလဘုရင်အာဟပ်၏နန်းစံစတုတ္ထနှစ်၌ အာသ၏သားတော်ယောရှဖတ်သည်ယုဒပြည် တွင်နန်းတက်၍၊-
41 Josafá, filho de Asa, começou a reinar sobre Judá no quarto ano do reinado de Acabe, rei de Israel.
42 ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ နန်းတက်ချိန်၌သူသည်အသက်သုံး ဆယ့်ငါးနှစ်ရှိ၏။ သူ၏မယ်တော်မှာရှိလဟိ ၏သမီးအဇုဘဖြစ်၏။-
42 Josafá tinha trinta e cinco anos de idade quando começou a reinar e reinou vinte e cinco anos em Jerusalém. A mãe dele se chamava Azuba e era filha de Sili.
43 သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
43 Josafá andou em todos os caminhos de Asa, seu pai; não se desviou deles e fez o que era reto aos olhos do Senhor .
44 ယောရှဖတ်သည်ဣသရေလဘုရင်နှင့်လည်း ငြိမ်းချမ်းစွာနေတော်မူ၏။
44 Os lugares altos, porém, não foram destruídos; neles, o povo ainda oferecia sacrifícios e queimava incenso.
45 ယောရှဖတ်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကိုလည်းကောင်း၊ သူ၏စွန့်စားမှုများနှင့် သူဆင်နွှဲခဲ့သည့်တိုက်ပွဲများကိုလည်းကောင်း ယုဒရာဇဝင်တွင်ရေးထားသတည်း။-
45 Josafá viveu em paz com o rei de Israel.
46 သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင်ခမည်း တော်အာသလက်ထက်မှ ကျန်ရစ်ခဲ့သည့်အမျိုး သားပြည့်တန်ဆာများနှင့်အမျိုးသမီးပြည့် တန်ဆာများအားလုံးကိုသုတ်သင်ပယ်ရှင်း တော်မူ၏။
46 Quanto aos demais atos de Josafá, ao poder que mostrou e como guerreou, não está tudo escrito no Livro da História dos Reis de Judá?
47 ဧဒုံပြည်တွင်ဘုရင်မရှိ။ ယုဒဘုရင်ခန့်ထား သည့်ဘုရင်ခံကထိုပြည်ကိုအုပ်ချုပ်ရလေသည်။
47 Também exterminou da terra os restantes dos prostitutos cultuais que ficaram nos dias de Asa, seu pai.
48 ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။-
48 Nessa época não havia rei em Edom, porém somente um governador.
49 ထိုအခါဣသရေလဘုရင်အာခဇိကမိမိ ၏လူတို့နှင့်အတူ ယောရှဖတ်၏လူတို့အား သင်္ဘောလွှင့်ခွင့်ပြုမည်ဟု စကားကမ်းလှမ်းသော် လည်းယောရှဖတ်ကထိုကမ်းလှမ်းချက်ကို လက်ခံတော်မမူ။
49 Josafá fez grandes navios, para irem a Ofir em busca de ouro; porém não foram, porque os navios se quebraram em Eziom-Geber.
50 ယောရှဖတ်ကွယ်လွန်သောအခါ သူ့ကိုယေရု ရှလင်မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ယဟောရံသည် ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
50 Então Acazias, filho de Acabe, disse a Josafá: — Deixe que os meus servos naveguem com os seus. Porém Josafá não quis.
51 ယုဒဘုရင်ယောရှဖတ်၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌အာဟပ်၏သားတော်အာခဇိသည် ဣသရေလပြည်တွင်နန်းတက်၍ရှမာရိမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
51 Josafá morreu e foi sepultado na Cidade de Davi, seu pai; e Jeorão, seu filho, reinou em seu lugar.
52 သူသည်ခမည်းတော်အာဟပ်နှင့်မယ်တော်ယေဇ ဗေလ၏စံနမူနာကိုလည်းကောင်း၊ ဣသရေလ ပြည်သူတို့အားအပြစ်ကူးစေရန် ရှေ့ဆောင် လမ်းပြခဲ့သူ ယေရောဗောင်မင်း၏စံနမူနာ ကိုလည်းကောင်းယူ၍၊-
52 Acazias, filho de Acabe, começou a reinar sobre Israel em Samaria, no décimo sétimo ano do reinado de Josafá, rei de Judá; e reinou dois anos sobre Israel.
53 ဗာလဘုရားကိုဝတ်ပြုကိုးကွယ်ကာ မိမိ အလျင်နန်းစံတော်မူခဲ့သည့်ခမည်းတော်ကဲ့ သို့ပင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို လှုံ့ဆော်လေသည်။ ဋ္ဌမ္မရာဇဝင်တတိယစောင်ပြီး၏။
53 Fez o que era mau aos olhos do Senhor , pois andou nos caminhos de seu pai, bem como nos caminhos de sua mãe e nos caminhos de Jeroboão, filho de Nebate, que levou Israel a pecar.
54 — ausente —
54 Ele serviu a Baal, e o adorou, como o seu pai havia feito antes dele, provocando o Senhor , Deus de Israel, à ira.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Reis 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.