1 Pedro 3
Common Language Bible (MYA) vs NTLH
1 ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ ၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအား ဖြင့်သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုမယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့ ၏အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြော ရန်ပင်မလိုပေ။-
1 Assim também você, esposa, deve obedecer ao seu marido a fim de que, se ele não crê na mensagem de Deus, seja levado a crer pelo modo de você agir. Não será preciso dizer nada
2 အဘယ်ကြောင့်ဆိုသော်သင်တို့အဘယ်မျှ စိတ်ထားဖြူစင်သည်ကိုလည်းကောင်း၊ ဘုရား တရားရိုသေကိုင်းရှိုင်းသည်ကိုလည်းကောင်း သူတို့တွေ့မြင်မည်ဖြစ်သောကြောင့်တည်း။-
2 porque ele verá como a conduta de você é honesta e respeitosa.
3 သင်တို့၏ရုပ်ရည်လှပမှုသည်အပြင်အပ လက္ခဏာများဖြစ်သောဖီးလိမ်းဝတ်စားမှု၊ ကျောက်မျက်ရတနာဆင်ယင်မှုတို့အပေါ် တွင်မတည်စေဘဲ၊-
3 Não procure ficar bonita usando enfeites, penteados exagerados, joias ou vestidos caros.
4 မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဉ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော် မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။-
4 Pelo contrário, a beleza de você deve estar no coração, pois ela não se perde; ela é a beleza de um espírito calmo e delicado, que tem muito valor para Deus.
5 ရှေးအခါကဘုရားတရားကြည်ညို၍ ဘုရားသခင်ကိုမျှော်လင့်ကိုးစားသော အမျိုးသမီးတို့သည် မိမိတို့ခင်ပွန်းများ ၏စကားကိုနားထောင်ခြင်းအားဖြင့်လှပ အောင်တန်ဆာဆင်ကြ၏။-
5 Porque era assim que costumavam se enfeitar as mulheres do passado, as mulheres que eram dedicadas a Deus e que punham a sua esperança nele. Elas eram obedientes ao seu marido.
6 ဥပမာပြောရသော်စာရာသည်အာဗြဟံ ၏စကားကိုနားထောင်၏။ အာဗြဟံကိုသခင် ဟုခေါ်၏။ သင်တို့သည်မည်သည်ကိုမျှကြောက်ရွံ့ ခြင်းမရှိဘဲ ကောင်းမြတ်သည့်အကျင့်ကိုပြု ကျင့်ပါလျှင်စာရာ၏သမီးများဖြစ်ကြ၏။
6 Sara foi assim; ela obedecia a Abraão e o chamava de “meu senhor”. Você será agora sua filha se praticar o bem e não tiver medo de nada.
7 ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့် အတူခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံ ရကြမည်။ သို့မှသာသင်တို့၏ပတ္ထနာများ ကိုအဆီးအတားရှိမည်မဟုတ်။
7 Também você, marido, na vida em comum com a esposa, reconheça que a mulher é o sexo mais fraco e que por isso deve ser tratada com respeito. Porque a esposa também vai receber, junto com você, o dom da vida, que é dado por Deus. Aja assim para que nada atrapalhe as orações de vocês.
8 နောက်ဆုံးဖော်ပြလိုသည်မှာ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာ ထောက်ထား၍တစ်ယောက်ကိုတစ်ယောက် ညီ ရင်းအစ်ကိုကဲ့သို့ချစ်ကြလော့။ ကြင်နာ သနားတတ်သောသဘော၊ နှိမ့်ချတတ်သော သဘောရှိကြလော့။-
8 Finalmente, que todos vocês tenham o mesmo modo de pensar e de sentir. Amem uns aos outros e sejam educados e humildes uns com os outros.
9 အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-
9 Não paguem mal com mal, nem ofensa com ofensa. Pelo contrário, paguem a ofensa com uma bênção porque, quando Deus os chamou , ele prometeu dar uma bênção a vocês.
10 အောက်ပါကျမ်းစာတော်အရဖော်ပြသည် နှင့်အညီဖြစ်သည်။
10 Como dizem as Escrituras Sagradas : “Quem quiser gozar a vida e ter dias felizes não fale coisas más e não conte mentiras.
11 သူသည်ဒုစရိုက်ကိုရှောင်ရှားလျက် သုစရိုက်ကိုပြုရမည်။
11 Afaste-se do mal e faça o bem; procure a paz e faça tudo para alcançá-la.
12 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည်
12 Pois o Senhor olha com atenção as pessoas honestas e ouve os seus pedidos, porém é contra os que fazem o mal.”
13 သို့ဖြစ်၍သုစရိုက်တရားကိုသင်တို့ခုံမင် စွဲလမ်းကြပါမူအဘယ်သူသည်သင်တို့အား ဘေးသင့်စေနိုင်မည်နည်း။-
13 Se, de fato, vocês quiserem fazer o bem, quem lhes fará o mal?
14 သို့ရာတွင်အကယ်၍သင်တို့သည်အမှန်တရား ကိုကျင့်သုံးမှုကြောင့်ဒုက္ခဆင်းရဲခံရသော်မင်္ဂ လာရှိကြ၏။ မည်သူအားမျှမကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။-
14 Como vocês serão felizes se tiverem de sofrer por fazerem o que é certo! Não tenham medo de ninguém, nem fiquem preocupados.
15 သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-
15 Tenham no coração de vocês respeito por Cristo e o tratem como Senhor. Estejam sempre prontos para responder a qualquer pessoa que pedir que expliquem a esperança que vocês têm.
16 သို့ရာတွင်သိမ်မွေ့ရိုသေစွာဖြေကြားကြလော့။ သင်တို့အားမတရားဝေဖန်၍စော်ကားပြောဆို သူတို့သည် ခရစ်တော်၏တပည့်များအနေဖြင့် သင်တို့ပြုမူပုံကောင်းမွန်သင့်မြတ်သည်ကိုမြင် ၍အရှက်ရကြစေရန် သင်တို့၏သြတ္တပ္ပစိတ် ကိုကြည်လင်စေကြလော့။-
16 Porém façam isso com educação e respeito. Tenham sempre a consciência limpa. Assim, quando vocês forem insultados, os que falarem mal da boa conduta de vocês como seguidores de Cristo ficarão envergonhados.
17 သုစရိုက်ကိုပြုသဖြင့်ဆင်းရဲဒုက္ခရောက်ခြင်း သည်ဘုရားသခင်၏အလိုတော်အရဖြစ်လျှင် ယင်းသည်ဒုစရိုက်ကိုပြုခြင်းထက်ပို၍ ကောင်း၏။-
17 Porque é melhor sofrer por fazer o bem, se for esta a vontade de Deus, do que por fazer o mal.
18 အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
18 Pois o próprio Cristo sofreu uma vez por todas pelos pecados, um homem bom em favor dos maus, para levar vocês a Deus. Ele morreu no corpo, mas foi ressuscitado no espírito,
19 ဝိညာဉ်အားဖြင့်ကိုယ်တော်သည်အကျဉ်းကျ လျက်နေသောဝိညာဉ်များထံသို့သွားရောက် ၍တရားဟောတော်မူ၏။-
19 e no espírito foi e pregou aos espíritos que estavam presos .
20 ထိုဝိညာဉ်တို့ကားသင်္ဘောကိုနောဧတည်ဆောက် လျက်နေစဉ်တွင် သည်းခံစောင့်ဆိုင်းလျက်နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဉ်များပင်ဖြစ်သတည်း။ သို့ ရာတွင်ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူ များမှာသင်္ဘောပေါ်တွင်အနည်းငယ်သာရှိ ၍အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာ ဖြစ်၏။-
20 Estes eram os espíritos daqueles que não tinham obedecido a Deus, quando ele ficou esperando com paciência nos dias em que Noé estava construindo a barca. As poucas pessoas que estavam nela, oito ao todo, foram salvas pela água.
21 ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။-
21 Aquela água representava o batismo, que agora salva vocês. Esse batismo não é lavar a sujeira do corpo, mas é o compromisso feito com Deus, o qual vem de uma consciência limpa. Essa salvação vem por meio da ressurreição de Jesus Cristo,
22 ထိုသခင်သည်ကောင်းကင်ဘုံသို့ဝင်တော်မူ ၍ ယခုအခါဘုရားသခင်လက်ယာတော် ဘက်တွင်ရှိတော်မူပြီးလျှင်ကောင်းကင်တမန် များ၊ ကောင်းကင်အာဏာပိုင်များနှင့်တန်ခိုး ရှင်များကိုအုပ်စိုး၍နေတော်မူ၏။
22 que foi para o céu e está do lado direito de Deus, governando os anjos, as autoridades e os poderes do céu .
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Pedro 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.