1 Crônicas 15

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​တွက်​အိမ်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​တည်​ဆောက်​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​လည်း နေ​ရာ​တစ်​နေ​ရာ​ကို​အ​သင့်​ပြင်​ဆင်​ကာ တဲ​တော်​တစ်​ဆောင်​ကို​ဆောက်​လုပ်​လေ​သည်။-
1 Davi construiu várias casas para si na Cidade de Davi. Também preparou um lugar para a arca de Deus e armou uma tenda especial para ela.
2 ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-
2 Em seguida, ordenou: “Ninguém, a não ser os levitas, levará a arca de Deus. O S enhor os escolheu para carregarem a arca de Deus e o servirem para sempre”.
3 မိ​မိ​အ​သင့်​ပြင်​ဆင်​ထား​သည့်​အ​ရပ်​သို့ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် ယေ​ရု ရှ​လင်​မြို့​တွင်​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း တို့​အား​စု​ရုံး​စေ​၏။-
3 Então Davi convocou todo o Israel para ir a Jerusalém a fim de trazer a arca do S enhor para o lugar que ele havia preparado.
4 ထို​နောက်​မင်း​ကြီး​သည်​အာ​ရုန်​၏​သား​မြေး များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ခေါ်​ယူ​တော် မူ​၏။-
4 Este é o número de descendentes de Arão e de levitas convocados:
5 ကော​ဟတ်​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​ဥ​ရေ​လ​သည်၊-
5 Do clã de Coate, 120, e seu chefe era Uriel.
6 မေ​ရာ​ရိ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​အ​သာ​ယ​သည်၊-
6 Do clã de Merari, 220, e seu chefe era Asaías.
7 ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​သုံး​ဆယ် ကို​ခေါင်း​ဆောင်​၍​ယော​လ​သည်၊-
7 Do clã de Gérson, 130, e seu chefe era Joel.
8 ဧ​လိ​ဇ​ဖန်​သား​ချင်း​စု​မှ​လူ​နှစ်​ရာ​ကို ခေါင်း​ဆောင်​၍​ရှေ​မာ​ယ​သည်၊-
8 Dos descendentes de Elisafã, 200, e seu chefe era Semaías.
9 ဟေ​ဗြုန်​သား​ချင်း​စု​မှ​လူ​ရှစ်​ဆယ်​ကို​ခေါင်း ဆောင်​၍​ဧ​လျေ​လ​သည်၊-
9 Dos descendentes de Hebrom, 80, e seu chefe era Eliel.
10 သြ​ဇေ​လ​သား​ချင်း​စု​မှ​လူ​တစ်​ရာ​တစ်​ဆယ့် နှစ်​ယောက်​ကို​ခေါင်း​ဆောင်​၍ အ​မိ​န​ဒပ်​ရောက် ရှိ​လာ​၏။
10 Dos descendentes de Uziel, 112, e seu chefe era Aminadabe.
11 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ လေ​ဝိ​အ​နွယ်​ဝင်​များ ဖြစ်​ကြ​သော​သြ​ရေ​လ၊ အ​သာ​ယ၊ ယော​လ၊ ရှေ​မာ​ယ၊ ဧ​လျေ​လ​နှင့်​အ​မိ​န​ဒပ်​တို့​ကို ခေါ်​ယူ​တော်​မူ​၍၊-
11 Em seguida, Davi convocou os sacerdotes Zadoque e Abiatar, e os chefes dos levitas Uriel, Asaías, Joel, Semaías, Eliel e Aminadabe.
12 သူ​တို့​အား``သင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​အ​သင့် ပြင်​ဆင်​ထား​သည့်​ဌာ​န​တော်​သို့ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ နိုင်​စေ​ရန် သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လည်း ကောင်း၊ သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​သော လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​လည်း​ကောင်း​သန့် စင်​စေ​ကြ​လော့။-
12 Disse-lhes: “Vocês são os chefes das famílias levitas. Consagrem-se, vocês e todos os seus parentes levitas, para trazerem a arca do S enhor , o Deus de Israel, para o lugar que preparei para ela.
13 ပ​ထ​မ​အ​ကြိမ်​ပင့်​ဆောင်​စဉ်​အ​ခါ​က​သင် တို့​မ​ပါ​မ​ရှိ​ခဲ့​ကြ။ သို့​ဖြစ်​၍​ငါ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား လျောက်​ပတ်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို မ​ပြု​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခဲ့​၏'' ဟု​မိန့်​တော် မူ​လေ​သည်။
13 A ira do S enhor irrompeu contra nós da primeira vez, pois não foram vocês, os levitas, que levaram a arca. Não consultamos a Deus sobre o modo apropriado de transportá-la”.
14 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြောင်း​ရွှေ့​ပင့်​ဆောင်​နိုင် ရန် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​ကြ​ကုန်​၏။-
14 Então os sacerdotes e os levitas se consagraram a fim de trazer para Jerusalém a arca do S enhor , Deus de Israel.
15 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း သေတ္တာ​တော်​ကို​ထမ်း​ပိုး​များ​ဖြင့်​ပ​ခုန်း​ထက် တွင်​ထမ်း​ကာ​ပင့်​ဆောင်​ခဲ့​ကြ​၏။
15 Os levitas carregaram a arca de Deus sobre os ombros, usando as varas presas a ela, conforme o S enhor havia instruído por meio de Moisés.
16 ဒါ​ဝိဒ်​မင်း​သည်​စောင်း​များ၊ လင်း​ကွင်း​များ​ဖြင့် ပျော်​ရွှင်​ဖွယ်​ကောင်း​သော​သီ​ချင်း​များ​သီ​ဆို တီး​မှုတ်​ရန် လေ​ဝိ​အ​နွယ်​ဝင်​အ​သီး​သီး​တို့ ကို​တာ​ဝန်​ပေး​အပ်​မည့်​အ​ကြောင်း ထို​သူ​တို့ ၏​ခေါင်း​ဆောင်​များ​အား​အ​မိန့်​ပေး​တော်​မူ​၏။-
16 Davi também ordenou aos chefes dos levitas que nomeassem cantores e músicos para entoarem cânticos alegres acompanhados por harpas, liras e címbalos.
17 — ausente —
17 Os levitas escolheram Hemã, filho de Joel, e seus parentes levitas: Asafe, filho de Berequias, e Etã, filho de Cuxaías, do clã de Merari.
18 — ausente —
18 Foram escolhidos como seus ajudantes os seguintes homens: Zacarias, Jaaziel, Semiramote, Jeiel, Uni, Eliabe, Benaia, Maaseias, Matitias, Elifeleu, Micneias e os guardas das portas: Obede-Edom e Jeiel.
19 — ausente —
19 Os músicos Hemã, Asafe e Etã foram escolhidos para tocar os címbalos de bronze.
20 — ausente —
20 Zacarias, Aziel, Semiramote, Jeiel, Uni, Eliabe, Maaseias e Benaia foram escolhidos para tocar as harpas, em tons agudos.
21 — ausente —
21 Matitias, Elifeleu, Micneias, Obede-Edom, Azazias e Jeiel foram escolhidos para tocar as liras, em tons de oitava.
22 ခေ​န​နိ​သည်​ဂီ​တ​ပ​ညာ​တွင်​ကျွမ်း​ကျင် သူ​ဖြစ်​သ​ဖြင့် သူ့​အား​လေ​ဝိ​ဂီ​တ​ပ​ညာ သည်​တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ခန့်​ထား​ကြ​၏။-
22 Quenanias, chefe dos levitas, foi escolhido para dirigir o canto, pois tinha habilidade para isso.
23 — ausente —
23 Berequias e Elcana foram escolhidos para cuidar da arca.
24 — ausente —
24 Sebanias, Josafá, Natanael, Amasai, Zacarias, Benaia e Eliézer, todos sacerdotes, foram escolhidos para tocar as trombetas enquanto iam à frente da arca de Deus. Obede-Edom e Jeías também foram escolhidos para cuidar da arca.
25 သို့​ဖြစ်​၍​ဒါဝိဒ်​မင်း​နှင့်​တ​ကွ​ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ၊ စစ်​ဘက်​ဆိုင်​ရာ​တပ်​မှူး များ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ရန်​အ​တွက်​သြ​ဗ​ဒေ​ဒုံ​၏​အိမ်​သို့​သွား​ကြ ပြီး​လျှင်​ခမ်း​နား​သော​ပွဲ​လမ်း​သ​ဘင်​တစ်​ရပ် ကို​ကျင်း​ပ​ကြ​၏။-
25 Então Davi, as autoridades de Israel e os generais do exército foram à casa de Obede-Edom a fim de trazer a arca da aliança do S enhor para Jerusalém com grande celebração.
26 ဘု​ရား​သ​ခင်​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ကြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​မ​စ​တော် မူ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ခု​နစ် ကောင်​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-
26 E, como Deus estava claramente ajudando os levitas enquanto carregavam a arca da aliança do S enhor , ofereceram como sacrifício sete novilhos e sete carneiros.
27 ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​ကောင်း​မွန်​သော​ပိတ် ချော​ထည်​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​လေ​သည်။ ထို​နည်း​တူ​ဂီ​တ​ပ​ညာ​သည်​များ၊ သူ​တို့​၏ ခေါင်း​ဆောင်​ခေ​န​နိ​နှင့်၊ သေတ္တာ​တော်​ကို​ပင့် ဆောင်​ကြ​သူ​လေဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း ဝတ်​ဆင်​ထား​သ​တည်း။ ဒါ​ဝိဒ်​သည်​ပိတ်​ချော သင်​တိုင်း​ကို​လည်း​ဝတ်​ထား​သေး​၏။-
27 Davi vestia um manto de linho fino, assim como os levitas que carregavam a arca, os músicos e Quenanias, o dirigente do canto. Davi também vestia um colete sacerdotal.
28 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် ကာ တံ​ပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို တီး​မှုတ်​လျက်​ယေ​ရု​ရှ​လင်​မြို့​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​ကြ​၏။
28 Assim, todo o Israel trouxe a arca da aliança do S enhor com gritos de alegria, ao som de trombetas, cornetas, címbalos, harpas e liras.
29 သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​စဉ် ရှော​လု​မင်း​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​သော​အ​ခါ ဝမ်း မြောက်​စွာ​က​ခုန်​လျက်​နေ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လေ​သည်။ ထို​အ​ခါ​သူ​သည်​မင်း​ကြီး အား​ရွံ​ရှာ​စက်​ဆုပ်​စိတ်​ပေါ်​လာ​၏။
29 Enquanto a arca da aliança do S enhor entrava na Cidade de Davi, Mical, filha de Saul, olhava pela janela. Quando viu o rei Davi saltando e rindo de alegria, encheu-se de desprezo por ele.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Crônicas 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.