1 Crônicas 15
Common Language Bible (MYA) vs ARA
1 ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။-
1 Fez também Davi casas para si mesmo, na Cidade de Davi; e preparou um lugar para a arca de Deus e lhe armou uma tenda.
2 ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
2 Então, disse Davi: Ninguém pode levar a arca de Deus, senão os levitas; porque o Senhor os elegeu, para levarem a arca de Deus e o servirem para sempre.
3 မိမိအသင့်ပြင်ဆင်ထားသည့်အရပ်သို့ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် ယေရု ရှလင်မြို့တွင်ဣသရေလပြည်သားအပေါင်း တို့အားစုရုံးစေ၏။-
3 Davi reuniu a todo o Israel em Jerusalém, para fazerem subir a arca do Senhor ao seu lugar, que lhe tinha preparado.
4 ထိုနောက်မင်းကြီးသည်အာရုန်၏သားမြေး များနှင့် လေဝိအနွယ်ဝင်တို့ကိုခေါ်ယူတော် မူ၏။-
4 Reuniu Davi os filhos de Arão e os levitas:
5 ကောဟတ်သားချင်းစုမှလူတစ်ရာ့နှစ်ဆယ် ကိုခေါင်းဆောင်၍ဥရေလသည်၊-
5 dos filhos de Coate: Uriel, o chefe, e seus irmãos, cento e vinte;
6 မေရာရိသားချင်းစုမှလူတစ်ရာ့နှစ်ဆယ် ကိုခေါင်းဆောင်၍အသာယသည်၊-
6 dos filhos de Merari: Asaías, o chefe, e seus irmãos, duzentos e vinte;
7 ဂေရရှုံသားချင်းစုမှလူတစ်ရာ့သုံးဆယ် ကိုခေါင်းဆောင်၍ယောလသည်၊-
7 dos filhos de Gérson: Joel, o chefe, e seus irmãos, cento e trinta;
8 ဧလိဇဖန်သားချင်းစုမှလူနှစ်ရာကို ခေါင်းဆောင်၍ရှေမာယသည်၊-
8 dos filhos de Elisafã: Semaías, o chefe, e seus irmãos, duzentos;
9 ဟေဗြုန်သားချင်းစုမှလူရှစ်ဆယ်ကိုခေါင်း ဆောင်၍ဧလျေလသည်၊-
9 dos filhos de Hebrom: Eliel, o chefe, e seus irmãos, oitenta;
10 သြဇေလသားချင်းစုမှလူတစ်ရာတစ်ဆယ့် နှစ်ယောက်ကိုခေါင်းဆောင်၍ အမိနဒပ်ရောက် ရှိလာ၏။
10 dos filhos de Uziel: Aminadabe, o chefe, e seus irmãos, cento e doze.
11 ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များဖြစ်ကြသော ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအနွယ်ဝင်များ ဖြစ်ကြသောသြရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလနှင့်အမိနဒပ်တို့ကို ခေါ်ယူတော်မူ၍၊-
11 Chamou Davi os sacerdotes Zadoque e Abiatar e os levitas Uriel, Asaías, Joel, Semaías, Eliel e Aminadabe
12 သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
12 e lhes disse: Vós sois os cabeças das famílias dos levitas; santificai-vos, vós e vossos irmãos, para que façais subir a arca do Senhor , Deus de Israel, ao lugar que lhe preparei.
13 ပထမအကြိမ်ပင့်ဆောင်စဉ်အခါကသင် တို့မပါမရှိခဲ့ကြ။ သို့ဖြစ်၍ငါတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား အား လျောက်ပတ်စွာဝတ်ပြုကိုးကွယ်မှုကို မပြုကြသဖြင့် ကိုယ်တော်သည်ငါတို့အား အပြစ်ဒဏ်ခတ်တော်မူခဲ့၏'' ဟုမိန့်တော် မူလေသည်။
13 Pois, visto que não a levastes na primeira vez, o Senhor , nosso Deus, irrompeu contra nós, porque, então, não o buscamos, segundo nos fora ordenado.
14 ထိုအခါယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ဣသရေလအမျိုးသား တို့ဘုရားသခင်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပြောင်းရွှေ့ပင့်ဆောင်နိုင် ရန် မိမိတို့ကိုယ်ကိုသန့်စင်ကြကုန်၏။-
14 Santificaram-se, pois, os sacerdotes e levitas, para fazerem subir a arca do Senhor , Deus de Israel.
15 လေဝိအနွယ်ဝင်တို့သည်မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သေတ္တာတော်ကိုထမ်းပိုးများဖြင့်ပခုန်းထက် တွင်ထမ်းကာပင့်ဆောင်ခဲ့ကြ၏။
15 Os filhos dos levitas trouxeram a arca de Deus aos ombros pelas varas que nela estavam, como Moisés tinha ordenado, segundo a palavra do Senhor .
16 ဒါဝိဒ်မင်းသည်စောင်းများ၊ လင်းကွင်းများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောသီချင်းများသီဆို တီးမှုတ်ရန် လေဝိအနွယ်ဝင်အသီးသီးတို့ ကိုတာဝန်ပေးအပ်မည့်အကြောင်း ထိုသူတို့ ၏ခေါင်းဆောင်များအားအမိန့်ပေးတော်မူ၏။-
16 Disse Davi aos chefes dos levitas que constituíssem a seus irmãos, os cantores, para que, com instrumentos músicos, com alaúdes, harpas e címbalos se fizessem ouvir e levantassem a voz com alegria.
17 — ausente —
17 Designaram, pois, os levitas Hemã, filho de Joel; e dos irmãos dele, Asafe, filho de Berequias; e dos filhos de Merari, irmãos deles, Etã, filho de Cusaías.
18 — ausente —
18 E com eles a seus irmãos da segunda ordem: Zacarias, Bene, Jaaziel, Semiramote, Jeiel, Uni, Eliabe, Benaia, Maaseias, Matitias, Elifeleu e Micneias e os porteiros Obede-Edom e Jeiel.
19 — ausente —
19 Assim, os cantores Hemã, Asafe e Etã se faziam ouvir com címbalos de bronze;
20 — ausente —
20 Zacarias, Aziel, Semiramote, Jeiel, Uni, Eliabe, Maaseias e Benaia, com alaúdes, em voz de soprano;
21 — ausente —
21 Matitias, Elifeleu, Micneias, Obede-Edom, Jeiel e Azazias, com harpas, em voz de baixo, para conduzir o canto.
22 ခေနနိသည်ဂီတပညာတွင်ကျွမ်းကျင် သူဖြစ်သဖြင့် သူ့အားလေဝိဂီတပညာ သည်တို့၏ခေါင်းဆောင်အဖြစ်ဖြင့်ရွေး ချယ်ခန့်ထားကြ၏။-
22 Quenanias, chefe dos levitas músicos, tinha o encargo de dirigir o canto, porque era perito nisso.
23 — ausente —
23 Berequias e Elcana eram porteiros da arca.
24 — ausente —
24 Sebanias, Josafá, Natanael, Amasai, Zacarias, Benaia e Eliézer, os sacerdotes, tocavam as trombetas perante a arca de Deus; Obede-Edom e Jeías eram porteiros da arca.
25 သို့ဖြစ်၍ဒါဝိဒ်မင်းနှင့်တကွဣသရေလ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာတပ်မှူး များသည်ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင် ရန်အတွက်သြဗဒေဒုံ၏အိမ်သို့သွားကြ ပြီးလျှင်ခမ်းနားသောပွဲလမ်းသဘင်တစ်ရပ် ကိုကျင်းပကြ၏။-
25 Foram Davi, e os anciãos de Israel, e os capitães de milhares, para fazerem subir, com alegria, a arca da Aliança do Senhor , da casa de Obede-Edom.
26 ဘုရားသခင်သည်သေတ္တာတော်ကိုပင့်ဆောင် ကြသူလေဝိအနွယ်ဝင်တို့အားမစတော် မူစေခြင်းငှာ ဣသရေလအမျိုးသားတို့ သည်နွားထီးခုနစ်ကောင်နှင့်သိုးခုနစ် ကောင်ကိုယဇ်ပူဇော်ကြ၏။-
26 Tendo Deus ajudado os levitas que levavam a arca da Aliança do Senhor , ofereceram em sacrifício sete novilhos e sete carneiros.
27 ဒါဝိဒ်မင်းသည်အလွန်ကောင်းမွန်သောပိတ် ချောထည်ဝတ်လုံကိုဝတ်ဆင်ထားလေသည်။ ထိုနည်းတူဂီတပညာသည်များ၊ သူတို့၏ ခေါင်းဆောင်ခေနနိနှင့်၊ သေတ္တာတော်ကိုပင့် ဆောင်ကြသူလေဝိအနွယ်ဝင်တို့သည်လည်း ဝတ်ဆင်ထားသတည်း။ ဒါဝိဒ်သည်ပိတ်ချော သင်တိုင်းကိုလည်းဝတ်ထားသေး၏။-
27 Davi ia vestido de um manto de linho fino, como também todos os levitas que levavam a arca, e os cantores, e Quenanias, chefe dos que levavam a arca e dos cantores; Davi vestia também uma estola sacerdotal de linho.
28 ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
28 Assim, todo o Israel fez subir com júbilo a arca da Aliança do Senhor , ao som de clarins, de trombetas e de címbalos, fazendo ressoar alaúdes e harpas.
29 သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာစဉ် ရှောလုမင်း၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်သောအခါ ဝမ်း မြောက်စွာကခုန်လျက်နေသောဒါဝိဒ်မင်း ကိုမြင်လေသည်။ ထိုအခါသူသည်မင်းကြီး အားရွံရှာစက်ဆုပ်စိတ်ပေါ်လာ၏။
29 Ao entrar a arca da Aliança do Senhor na Cidade de Davi, Mical, filha de Saul, estava olhando pela janela e, vendo ao rei Davi dançando e folgando, o desprezou no seu coração.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.