1 Crônicas 14
Common Language Bible (MYA) vs VC
1 တုရုမြို့မှဟိရံမင်းသည်ဒါဝိဒ်ထံသို့ကုန်သွယ် ရေးသံတမန်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ကာ နန်း တော်တည်ဆောက်ရန်အတွက်အာရဇ်သစ်များ နှင့်တကွ လက်သမားများ၊ ပန်းရံများကို ပေးပို့လိုက်၏။-
1 Hirão, rei de Tiro, enviou mensageiros a Davi, com madeiras de Cedro, pedreiros e carpinteiros, para construir-lhe um palácio.
2 သို့ဖြစ်၍ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားခန့်ထား တော်မူပြီဖြစ်ကြောင်း၊ မိမိ၏ပြည်သူတို့ အကျိုးငှာဣသရေလနိုင်ငံကို ချမ်းသာ ကြွယ်ဝစေတော်မူပြီဖြစ်ကြောင်းသိရှိ ရ၏။
2 E Davi reconheceu que o Senhor o confirmava rei de Israel, pois que seu reino era exaltado por causa de Israel, seu povo.
3 ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ထပ်မံ၍ လက်ထပ်ထိမ်းမြားမှုများကိုပြုသဖြင့် သားသမီးများထပ်မံ၍ရရှိလေသည်။-
3 Davi tomou ainda mulheres de Jerusalém e gerou filhos e filhas.
4 ယေရုရှလင်မြို့တွင်ရရှိသောသားတို့၏ နာမည်များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှော လမုန်၊-
4 Eis os nomes dos filhos que teve em Jerusalém: Samua, Sobad, Natã, Salomão,
5 ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊-
5 Jebaar, Elisua, Elifelet,
6 နောဂ၊ နေဖက်၊ ယာဖျာ၊
6 Noga, Nafeg, Jafia,
7 ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်ဟူ၍ ဖြစ်၏။
7 Elisama, Baaliada e Elifalet.
8 ဣသရေလနိုင်ငံတော်တစ်ဝှမ်းလုံးမှဒါဝိဒ် အားမင်းမြှောက်လိုက်ကြကြောင်း ဖိလိတ္တိအမျိုး သားတို့ကြားသိကြသောအခါ ဒါဝိဒ်ကိုဖမ်း ဆီးရန်တပ်ချီလာကြ၏။ သို့ဖြစ်၍ဒါဝိဒ် သည်ထိုသူတို့နှင့်ရင်ဆိုင်ရန်ထွက်ခွာလာခဲ့၏။-
8 Quando os filisteus souberam que Davi tinha sido sagrado rei de todo o Israel, subiram todos para prendê-lo. Mas ele o soube e saiu-lhes ao encontro.
9 ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်းသို့ ရောက်ရှိကြသောအခါ လူတို့အားစတင်တိုက် ခိုက်လုယက်ကြကုန်၏။-
9 Contudo, os filisteus que vinham espalharam-se pelo vale de Refaim.
10 ဒါဝိဒ်က``ကျွန်တော်မျိုးသည်ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော် မူပါမည်လော'' ဟုဘုရားသခင်အားမေး လျှောက်၏။
10 Davi consultou a Deus: Subirei contra os filisteus? Entregá-los-eis em minhas mãos? E o Senhor disse-lhe: Sobe e entregá-los-ei em tuas mãos.
11 သို့ဖြစ်၍ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့တွင် ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက်ရာအနိုင် ရလေ၏။ ဒါဝိဒ်က``ထာဝရဘုရားသည်ရန်သူ တပ်ကိုမြစ်ရေလျှံ၍ဖြိုခွင်းသကဲ့သို့ ငါ့ကို အသုံးပြု၍ဖြိုခွင်းတော်မူလေပြီ'' ဟုဆို ၏။ သို့ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိမ်မြို့ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။-
11 Subiram, portanto, a Baal-Farasim, e lá Davi os desbaratou. Disse então ele: Deus dispersou meus inimigos, por minha mão, como se dispersam as águas. Por isso esse lugar se denominou: Baal-Farasim.
12 ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုးကွယ် သည့်ရုပ်တုများကို ထိုအရပ်တွင်ထားရစ်ခဲ့ ကြ၏။ ဒါဝိဒ်သည်လည်းယင်းတို့ကိုမီးရှို့ ပစ်ရန်အမိန့်ပေးတော်မူ၏။
12 Ali abandonaram eles seus deuses. E Davi os mandou queimar.
13 ထိုနောက်များမကြာမီဖိလိတ္တိအမျိုးသား တို့သည် ထိုချိုင့်ဝှမ်းသို့တစ်ဖန်ပြန်လာကြ လျက်စတင်လုယက်တိုက်ခိုက်ကြပြန်၏။-
13 Os filisteus espalharam-se novamente pelo vale.
14 ဒါဝိဒ်သည်လည်းနောက်တစ်ကြိမ်ဘုရားသခင် အားလျှောက်ထားစုံစမ်းပြန်၏။ ဘုရားသခင် က``သင်သည်ဤအရပ်မှနေ၍မတိုက်နှင့်။ အခြားတစ်ဖက်သို့လှည့်၍သွားပြီးလျှင် သစ်ဆီမွှေးပင်များအနီးမှနေ၍တိုက်လော့။-
14 Davi consultou de novo a Deus, e este lhe respondeu: Não te ponhas a persegui-los; desvia-te deles e os atacarás diante das amoreiras.
15 ငါသည်ဖိလိတ္တိတပ်ကိုဖြိုခွင်းရန်သင်တို့၏ ရှေ့မှချီတက်တော်မူမည်ဖြစ်၍ သင်တို့သည် သစ်ဆီမွှေးပင်ထိပ်ဖျားများတွင်စစ်ချီသံ များကိုကြားရသောအခါတိုက်ခိုက်ကြ လော့'' ဟုမိန့်တော်မူ၏။-
15 Quando ouvires um ruído de passos nas copas das amoreiras, então começarás o combate, porque Deus sairá diante de ti para desbaratar o exército dos filisteus.
16 ဒါဝိဒ်မင်းသည်ဘုရားသခင်မိန့်တော်မူသည် အတိုင်းပြု၍ ဖိလိတ္တိအမျိုးသားတို့ကိုဂိ ဗောင်မြို့မှသည်ဂါဇေရမြို့သို့တိုင်အောင် နှင်ထုတ်တော်မူ၏။-
16 Fez Davi o que Deus lhe ordenava, e derrotou o exército dos filisteus desde Gabaon até Gazer.
17 ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။
17 A fama de Davi espalhou-se por todos os países, e o Senhor tornou-o temível para todas as nações.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.