1 Crônicas 14

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 တု​ရု​မြို့​မှ​ဟိ​ရံ​မင်း​သည်​ဒါဝိဒ်​ထံ​သို့​ကုန်​သွယ် ရေး​သံ​တ​မန်​အ​ဖွဲ့​တစ်​ဖွဲ့​ကို​စေ​လွှတ်​ကာ နန်း တော်​တည်​ဆောက်​ရန်​အ​တွက်​အာ​ရဇ်​သစ်​များ နှင့်​တ​ကွ လက်​သ​မား​များ၊ ပန်း​ရံ​များ​ကို ပေး​ပို့​လိုက်​၏။-
1 Hirão, rei de Tiro, enviou a Davi mensageiros, madeira de cedro, pedreiros e carpinteiros, para lhe construírem um palácio.
2 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ မိ​မိ​၏​ပြည်​သူ​တို့ အ​ကျိုး​ငှာ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို ချမ်း​သာ ကြွယ်​ဝ​စေ​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ရ​၏။
2 Então Davi reconheceu que o Senhor o havia confirmado como rei sobre Israel e que tinha exaltado muito o seu reino por amor do seu povo de Israel.
3 ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထပ်​မံ​၍ လက်​ထပ်​ထိမ်း​မြား​မှု​များ​ကို​ပြု​သ​ဖြင့် သား​သ​မီး​များ​ထပ်​မံ​၍​ရ​ရှိ​လေ​သည်။-
3 Davi tomou ainda mais mulheres em Jerusalém e gerou ainda mais filhos e filhas.
4 ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​တို့​၏ နာ​မည်​များ​မှာ​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော လ​မုန်၊-
4 São estes os nomes dos filhos de Davi que nasceram em Jerusalém: Samua, Sobabe, Natã, Salomão,
5 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊-
5 Ibar, Elisua, Elpelete,
6 နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊
6 Nogá, Nefegue, Jafia,
7 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​ဟူ​၍ ဖြစ်​၏။
7 Elisama, Beeliada e Elifelete.
8 ဣ​သ​ရေ​လ​နိုင်​ငံ​တော်​တစ်​ဝှမ်း​လုံး​မှ​ဒါ​ဝိဒ် အား​မင်း​မြှောက်​လိုက်​ကြ​ကြောင်း ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​ကို​ဖမ်း ဆီး​ရန်​တပ်​ချီ​လာ​ကြ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ် သည်​ထို​သူ​တို့​နှင့်​ရင်​ဆိုင်​ရန်​ထွက်​ခွာ​လာ​ခဲ့​၏။-
8 Quando os filisteus ouviram que Davi tinha sido ungido rei sobre todo o Israel, subiram todos para prendê-lo. Quando soube disso, Davi saiu contra eles.
9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ လူ​တို့​အား​စ​တင်​တိုက် ခိုက်​လု​ယက်​ကြ​ကုန်​၏။-
9 Mas os filisteus vieram e investiram contra ele no vale dos Refains.
10 ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကို​တိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော် မူ​ပါ​မည်​လော'' ဟု​ဘု​ရား​သခင်​အား​မေး လျှောက်​၏။
10 Então Davi consultou Deus, dizendo: — Devo atacar os filisteus? Tu os entregarás nas minhas mãos? O — Vá, porque os entregarei nas suas mãos.
11 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရာ​အ​နိုင် ရ​လေ​၏။ ဒါ​ဝိဒ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ တပ်​ကို​မြစ်​ရေ​လျှံ​၍​ဖြို​ခွင်း​သ​ကဲ့​သို့ ငါ့​ကို အ​သုံး​ပြု​၍​ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​ဆို ၏။ သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိမ်​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-
11 Então Davi foi até Baal-Perazim e os derrotou ali. E disse: — Deus, por meio de mim, rompeu as fileiras inimigas, como as águas rompem barreiras. Por isso, chamaram aquele lugar de Baal-Perazim.
12 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး​ကွယ် သည့်​ရုပ်​တု​များ​ကို ထို​အ​ရပ်​တွင်​ထား​ရစ်​ခဲ့ ကြ​၏။ ဒါ​ဝိဒ်​သည်​လည်း​ယင်း​တို့​ကို​မီး​ရှို့ ပစ်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။
12 Os filisteus deixaram lá os seus deuses, e Davi ordenou que fossem queimados.
13 ထို​နောက်​များ​မ​ကြာ​မီ​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ထို​ချိုင့်​ဝှမ်း​သို့​တစ်​ဖန်​ပြန်​လာ​ကြ လျက်​စတင်​လု​ယက်​တိုက်​ခိုက်​ကြ​ပြန်​၏။-
13 Os filisteus tornaram a subir e fizeram uma nova investida no vale.
14 ဒါ​ဝိဒ်​သည်​လည်း​နောက်​တစ်​ကြိမ်​ဘု​ရား​သ​ခင် အား​လျှောက်​ထား​စုံ​စမ်း​ပြန်​၏။ ဘု​ရား​သ​ခင် က``သင်​သည်​ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​နှင့်။ အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​သွား​ပြီး​လျှင် သစ်​ဆီ​မွှေး​ပင်​များ​အ​နီး​မှ​နေ​၍​တိုက်​လော့။-
14 De novo, Davi consultou Deus, e este lhe respondeu: — Não vá atrás deles, mas rodeie por detrás deles e ataque-os por diante das amoreiras.
15 ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ဖြို​ခွင်း​ရန်​သင်​တို့​၏ ရှေ့​မှ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည် သစ်​ဆီ​မွှေး​ပင်​ထိပ်​ဖျား​များ​တွင်​စစ်​ချီ​သံ များ​ကို​ကြား​ရ​သော​အ​ခါ​တိုက်​ခိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
15 Quando você ouvir um barulho de marcha pelas copas das amoreiras, saia para a batalha: é Deus que saiu à sua frente, para atacar o exército dos filisteus.
16 ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သခင်​မိန့်​တော်​မူ​သည် အ​တိုင်း​ပြု​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​ဂိ ဗောင်​မြို့​မှ​သည်​ဂါ​ဇေ​ရ​မြို့​သို့​တိုင်​အောင် နှင်​ထုတ်​တော်​မူ​၏။-
16 Davi fez como Deus lhe havia ordenado, e atacou o exército dos filisteus desde Gibeão até Gezer.
17 ဒါ​ဝိဒ်​မင်း​၏​ဂုဏ်​သ​တင်း​သည်​အ​ရပ်​တ​ကာ သို့​ပြန့်​နှံ့​၍​သွား​၏။ မင်း​ကြီး​အား​လူ​မျိုး တ​ကာ​တို့​ကြောက်​လန့်​လာ​ကြ​စေ​ရန် ထာ​ဝ​ရ ဘု​ရား​သည်​စီ​ရင်​တော်​မူ​သ​တည်း။
17 Assim a fama de Davi se espalhou por todas aquelas terras, e o Senhor fez com que todas as nações tivessem medo dele.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Crônicas 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.