1 Crônicas 13

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဒါ​ဝိဒ်​မင်း​သည်​တစ်​ထောင်​တပ်​နှင့် တစ်​ရာ​တပ် တို့​၏​တပ်​မှူး​အား​လုံး​နှင့်​ဆွေး​နွေး​တိုင်​ပင်​၏။-
1 Davi consultou todos os seus oficiais, incluindo os generais e capitães de seu exército.
2 ထို​နောက်​စု​ရုံး​လျက်​ရှိ​သော​ဣ​သ​ရေ​လ​ပြည် သား​တို့​အား``သင်​တို့​သ​ဘော​တူ​ညီ​၍​ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​လို တော်​ရှိ​မည်​ဆို​ပါ​က ကျန်​ရှိ​နေ​သော​အ​ခြား ငါ​တို့​အ​မျိုး​သား​အ​ပေါင်း​နှင့်​မြို့​ရွာ​များ ရှိ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​အား ဤ​အ​ရပ်​သို့​အ​ရောက်​စု​ဝေး​ကြ ရန်​စေ​တ​မန်​များ​လွှတ်​၍​ခေါ်​ဖိတ်​ကြ ကုန်​အံ့။-
2 Em seguida, dirigiu-se a toda a comunidade de Israel e disse: “Se vocês estiverem de acordo, e se for da vontade do S enhor , nosso Deus, enviemos uma mensagem aos israelitas por toda a terra, incluindo os sacerdotes e levitas em suas cidades, com suas pastagens, para que se unam a nós.
3 ထို​နောက်​ရှော​လု​နန်း​စံ​ခဲ့​စဉ်​အ​ခါ​က လျစ် လူ​ရှု​ထား​ခဲ့​သည့်​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​သွား​၍​ယူ​ဆောင်​ကြ​ကုန် အံ့'' ဟု​ကြေ​ညာ​၏။-
3 É hora de trazermos de volta a arca de nosso Deus, pois descuidamos dela durante o reinado de Saul”.
4 လူ​တို့​သည်​ဤ​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် သ​ဘော​တူ​လက်​ခံ​ကြ​၏။
4 Toda a comunidade concordou, pois o povo entendeu que era a coisa certa a fazer.
5 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​တောင်​ဘက်​အီ​ဂျစ်​နယ် စပ်​မှ မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​လမ်း​သို့ တိုင်​အောင် နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ဣ​သ​ရေ​လ ပြည်​သား​အ​ပေါင်း​တို့​အား​လာ​ရောက်​စု​ဝေး ကြ​ရန်​ခေါ်​ယူ​လေ​သည်။ သူ​တို့​သည်​ကိ​ရ ယတ်​ယာ​ရိမ်​မြို့​မှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဆောင်​ယူ​ကြ​ရန်​စု​ဝေး​ကြ​၏။-
5 Então Davi convocou todos os israelitas, desde o ribeiro Sior, no Egito, ao sul, até Lebo-Hamate, ao norte, para trazerem a arca de Deus, que estava em Quiriate-Jearim.
6 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ခေ​ရု​ဗိမ်​များ​ထက်​တွင်​စံ​ပယ်​တော်​မူ​သည့် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယူ​ဆောင်​ရန် ယု​ဒ​ပြည်​ရှိ​ဗာ​လာ​မြို့​တည်း ဟူ​သော​ကိ​ရိ​ယတ်​ယာ​ရိမ်​မြို့​သို့​သွား ကြ​၏။-
6 Davi e todo o Israel foram a Baalá de Judá (também chamada de Quiriate-Jearim), a fim de buscar a arca de Deus, junto à qual era invocado o nome do S enhor , que está entronizado entre os querubins.
7 သူ​တို့​သည်​အ​ဘိ​န​ဒပ်​၏​အိမ်​မှ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ထုတ်​ယူ​ပြီး​နောက်​လှည်း​သစ် ပေါ်​သို့​တင်​ကြ​၏။ သြ​ဇ​နှင့်​အ​ဟိ​သြ​တို့ က​ထို​လှည်း​ကို​မောင်း​လျက်-
7 Puseram a arca de Deus numa carroça nova e a levaram da casa de Abinadabe. Uzá e Aiô guiavam a carroça.
8 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​က​အ​စွမ်း ကုန်​က​လျက် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး ကူး​လျက်​လာ​ကြ​၏။ သူ​တို့​သည်​သီ​ချင်း​ဆို ၍​စောင်း၊ ပတ်​သာ၊ လင်း​ကွင်း​နှင့်​တံ​ပိုး​ခ​ရာ များ​ကို​တီး​မှုတ်​ကြ​၏။
8 Davi e todo o Israel se alegravam diante de Deus com todas as suas forças, entoando cânticos e tocando todo tipo de instrumentos musicais: liras, harpas, tamborins, címbalos e trombetas.
9 ထို​သူ​တို့​ခိ​ဒုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ​နွား​တို့​သည်​ခြေ​ချော်​လဲ​သ​ဖြင့် သြ​ဇ​သည်​လက်​ကို​ဆန့်​၍​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​ထား​လိုက်​၏။-
9 Quando chegaram à eira de Nacom, os bois que puxavam a carroça tropeçaram, e Uzá estendeu a mão para segurar a arca.
10 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ခဏ​၌​အ​မျက်​ထွက် တော်​မူ​၍ သြ​ဇ​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တို့​ထိ​သည့်​အ​တွက်​သေ​ဒဏ်​ပေး​တော်​မူ​၏။ သြ​ဇ​သည်​ထို​အ​ရပ်​၌​ပင်​ဘုရား​သခင်​၏ ရှေ့​တော်​ဝယ်​သေ​လေ​၏။-
10 A ira do S enhor se acendeu contra Uzá, e ele o matou por haver tocado na arca. E Uzá morreu ali mesmo, na presença de Deus.
11 သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ပေ​ရ​ဇော​ဇ​ဟု​ယ​နေ့ တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။ ယင်း သို့​သြ​ဇ​အား​ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော် ထွက်​၍ ဒဏ်​ခတ်​တော်​မူ​သည့်​အ​တွက်​ဒါ​ဝိဒ် သည်​စိတ်​နာ​လေ​၏။
11 Davi ficou indignado porque a ira do S enhor irrompeu contra Uzá e chamou aquele lugar de Perez-Uzá, como é conhecido até hoje.
12 ထို့​နောက်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​ကို​ကြောက် ရွံ့​တော်​မူ​သ​ဖြင့်``ယ​ခု​ငါ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​အ​ဘယ်​သို့​လျှင်​ယူ​ဆောင် ရ​ပါ​တော့​မည်​နည်း'' ဟု​ဆို​၍။-
12 Davi teve medo do S enhor e perguntou: “Como poderei levar a arca do S enhor ?”.
13 သေတ္တာ​တော်​ကို​မိ​မိ​နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့ သို့​မ​ယူ​ဆောင်​တော့​ချေ။ ယင်း​သို့​ယူ​ဆောင်​မည့် အ​စား​သေတ္တာ​တော်​ကို​ဂိတ္တိ​မြို့​သား​သြ​ဗ ဒေ​ဒုံ​နာ​မည်​ရှိ​သူ​တစ်​ဦး​၏​အိမ်​၌​ထား​ခဲ့​၏။-
13 Assim, não transferiu a arca do S enhor para a Cidade de Davi. Em vez disso, levou-a para a casa de Obede-Edom, na cidade de Gate.
14 သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ရှိ​နေ တော်​မူ​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဗ​ဒေ​ဒုံ​၏ အိမ်​ထောင်​စု​နှင့်​သူ​ပိုင်​ဆိုင်​သည့်​အ​ရာ​ရှိ​သ​မျှ တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။
14 A arca do S enhor ficou na casa de Obede-Edom por três meses, e o S enhor abençoou a família de Obede-Edom e tudo que ele possuía.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Crônicas 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.