1 Crônicas 13
Common Language Bible (MYA) vs NVI
1 ဒါဝိဒ်မင်းသည်တစ်ထောင်တပ်နှင့် တစ်ရာတပ် တို့၏တပ်မှူးအားလုံးနှင့်ဆွေးနွေးတိုင်ပင်၏။-
1 Depois de consultar todos os seus oficiais, os comandantes de mil e de cem,
2 ထိုနောက်စုရုံးလျက်ရှိသောဣသရေလပြည် သားတို့အား``သင်တို့သဘောတူညီ၍ငါတို့ ဘုရားသခင်ထာဝရဘုရားကလည်းအလို တော်ရှိမည်ဆိုပါက ကျန်ရှိနေသောအခြား ငါတို့အမျိုးသားအပေါင်းနှင့်မြို့ရွာများ ရှိယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များအား ဤအရပ်သို့အရောက်စုဝေးကြ ရန်စေတမန်များလွှတ်၍ခေါ်ဖိတ်ကြ ကုန်အံ့။-
2 Davi disse a toda a assembléia de Israel: "Se vocês estão de acordo e se esta é a vontade do Senhor nosso Deus, enviemos uma mensagem a nossos irmãos em todo o território de Israel, e também aos sacerdotes e aos levitas que estão com eles em suas cidades, para virem unir-se a nós.
3 ထိုနောက်ရှောလုနန်းစံခဲ့စဉ်အခါက လျစ် လူရှုထားခဲ့သည့်ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့သွား၍ယူဆောင်ကြကုန် အံ့'' ဟုကြေညာ၏။-
3 Vamos trazer de volta a arca de nosso Deus, pois não nos importamos com ela durante o reinado de Saul".
4 လူတို့သည်ဤအကြံကိုနှစ်သက်သဖြင့် သဘောတူလက်ခံကြ၏။
4 Toda a assembléia concordou, pois isso pareceu bem a todo o povo.
5 သို့ဖြစ်၍ဒါဝိဒ်သည်တောင်ဘက်အီဂျစ်နယ် စပ်မှ မြောက်ဘက်ဟာမတ်တောင်ကြားလမ်းသို့ တိုင်အောင် နိုင်ငံတစ်ဝှမ်းလုံးမှဣသရေလ ပြည်သားအပေါင်းတို့အားလာရောက်စုဝေး ကြရန်ခေါ်ယူလေသည်။ သူတို့သည်ကိရ ယတ်ယာရိမ်မြို့မှ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ယူကြရန်စုဝေးကြ၏။-
5 Então Davi reuniu todos os israelitas, desde o rio Sior, no Egito, até Lebo-Hamate, para trazerem de Quiriate-Jearim a arca de Deus.
6 ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့သည် ခေရုဗိမ်များထက်တွင်စံပယ်တော်မူသည့် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ယူဆောင်ရန် ယုဒပြည်ရှိဗာလာမြို့တည်း ဟူသောကိရိယတ်ယာရိမ်မြို့သို့သွား ကြ၏။-
6 Davi e todos os israelitas foram a Baalá, que é Quiriate-Jearim, em Judá, para buscar a arca de Deus, o Senhor, entronizado entre os querubins; a arca sobre a qual seu nome é invocado.
7 သူတို့သည်အဘိနဒပ်၏အိမ်မှ ပဋိညာဉ် သေတ္တာတော်ကိုထုတ်ယူပြီးနောက်လှည်းသစ် ပေါ်သို့တင်ကြ၏။ သြဇနှင့်အဟိသြတို့ ကထိုလှည်းကိုမောင်းလျက်-
7 Da casa de Abinadabe levaram a arca de Deus num carroção novo, conduzido por Uzá e Aiô.
8 ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့ကအစွမ်း ကုန်ကလျက် ဘုရားသခင်၏ဂုဏ်တော်ကိုချီး ကူးလျက်လာကြ၏။ သူတို့သည်သီချင်းဆို ၍စောင်း၊ ပတ်သာ၊ လင်းကွင်းနှင့်တံပိုးခရာ များကိုတီးမှုတ်ကြ၏။
8 Davi e todos os israelitas iam dançando e cantando com todo o vigor diante de Deus, ao som de harpas, liras, tamborins, címbalos e cornetas.
9 ထိုသူတို့ခိဒုန်ကောက်နယ်တလင်းသို့ရောက် သောအခါနွားတို့သည်ခြေချော်လဲသဖြင့် သြဇသည်လက်ကိုဆန့်၍ပဋိညာဉ်သေတ္တာ တော်ကိုထိန်းထားလိုက်၏။-
9 Quando chegaram à eira de Quidom, Uzá esticou o braço e segurou a arca, porque os bois haviam tropeçado.
10 ထာဝရဘုရားသည်ထိုခဏ၌အမျက်ထွက် တော်မူ၍ သြဇအားပဋိညာဉ်သေတ္တာတော်ကို တို့ထိသည့်အတွက်သေဒဏ်ပေးတော်မူ၏။ သြဇသည်ထိုအရပ်၌ပင်ဘုရားသခင်၏ ရှေ့တော်ဝယ်သေလေ၏။-
10 A ira do Senhor acendeu-se contra Uzá, e ele o feriu por ter tocado na arca. Uzá morreu ali mesmo, diante de Deus.
11 သို့ဖြစ်၍ထိုအရပ်ကိုပေရဇောဇဟုယနေ့ တိုင်အောင်ခေါ်ဝေါ်သမုတ်ကြသတည်း။ ယင်း သို့သြဇအားထာဝရဘုရားအမျက်တော် ထွက်၍ ဒဏ်ခတ်တော်မူသည့်အတွက်ဒါဝိဒ် သည်စိတ်နာလေ၏။
11 Davi ficou contrariado porque o Senhor, em sua ira, havia fulminado Uzá. Até hoje aquele lugar é chamado Perez-Uzá.
12 ထို့နောက်ဒါဝိဒ်သည်ဘုရားသခင်ကိုကြောက် ရွံ့တော်မူသဖြင့်``ယခုငါသည်ပဋိညာဉ် သေတ္တာတော်ကိုအဘယ်သို့လျှင်ယူဆောင် ရပါတော့မည်နည်း'' ဟုဆို၍။-
12 Naquele dia, Davi teve medo de Deus e se perguntou: "Como vou conseguir levar a arca de Deus? "
13 သေတ္တာတော်ကိုမိမိနှင့်အတူယေရုရှလင်မြို့ သို့မယူဆောင်တော့ချေ။ ယင်းသို့ယူဆောင်မည့် အစားသေတ္တာတော်ကိုဂိတ္တိမြို့သားသြဗ ဒေဒုံနာမည်ရှိသူတစ်ဦး၏အိမ်၌ထားခဲ့၏။-
13 Por isso desistiu de levar a arca para a cidade de Davi. Em vez disso, levou-a para a casa de Obede-Edom, de Gate.
14 သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှရှိနေ တော်မူ၍ ထာဝရဘုရားသည်သြဗဒေဒုံ၏ အိမ်ထောင်စုနှင့်သူပိုင်ဆိုင်သည့်အရာရှိသမျှ တို့ကိုကောင်းချီးပေးတော်မူ၏။
14 A arca de Deus ficou na casa dele por três meses, e o Senhor abençoou sua família e tudo o que possuía.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Crônicas 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.