1 Coríntios 2

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 သို့​ဖြစ်​သော​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​သို့​လာ​ရောက်​၍ ဘု​ရား​သ​ခင်​၏ နက်​နဲ​သော​သမ္မာ​တရား​တော်​ကို​ဟော​ပြော​စဉ် အ​ခါ​က​ထည်​ဝါ​သော​စ​ကား​များ၊ အ​သိ ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ဖြင့်​ဟော ပြော​သည်​မဟုတ်။-
1 Meus irmãos, quando fui anunciar a vocês a verdade secreta de Deus, não usei muitas palavras nem grande sabedoria.
2 သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​သည် ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း၊ အ​ထူး​သ​ဖြင့်​လက် ဝါး​ကပ်​တိုင်​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ သည့်​အ​ကြောင်း​မှ​လွဲ​၍ အ​ခြား​အ​ရာ​မှန် သ​မျှ​ကို​မေ့​ပျောက်​ပစ်​ရန်​စိတ်​ပိုင်း​ဖြတ် ထား​၏။-
2 Porque, quando estive com vocês, resolvi esquecer tudo, a não ser Jesus Cristo e principalmente a sua morte na cruz.
3 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ထံ​သို့​လာ​ချိန် ၌ အား​နည်း​၍​ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊-
3 Quando visitei vocês, eu estava fraco e tremia de medo.
4 ဟော​ပြော​သွန်​သင်​ရာ​၌​လူ​တို့​၏​ဉာဏ်​ပညာ နှင့်​ယှဉ်​သော​စ​ကား​များ​ကို​အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​ပါ​ရှိ သည့်​စ​ကား​များ​ကို​သာ​အ​သုံး​ပြု​၏။-
4 O meu ensinamento e a minha mensagem não foram dados com a linguagem da sabedoria humana, mas com provas firmes do poder do Espírito de Deus.
5 သို့​ဖြစ်​၍​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လူ​တို့​၏ အ​သိ​ဉာဏ်​အ​ပေါ်​တွင်​အ​မှီ​မ​ပြု​ဘဲ ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​အ​ပေါ်​တွင်​အ​မှီ​ပြု ပေ​သည်။
5 Portanto, a fé que vocês têm não se baseia na sabedoria humana, mas no poder de Deus.
6 သို့​သော်​လည်း​ငါ​သည်​ဉာဏ်​ပညာ​နှင့်​ယှဉ်​သော စ​ကား​ကို​ဝိ​ညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​အား ပြော​ဆို​ပါ​၏။ သို့​ရာ​တွင်​ထို​ဉာဏ်​ပညာ​ကား ဤ​လော​က​နှင့်​မ​သက်​ဆိုင်။ လော​ကီ​မင်း​များ နှင့်​လည်း​မ​သက်​ဆိုင်။ လော​ကီ​မင်း​တို့​၏ တန်​ခိုး​အာ​ဏာ​ကား​လျော့​နည်း​လျက်​နေ ပေ​သည်။-
6 Porém, para os que são espiritualmente maduros, anunciamos uma mensagem de sabedoria. Mas não é de uma sabedoria deste mundo nem a dos poderes que o governam e que estão perdendo o seu poder.
7 ငါ​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​ဉာဏ်​ပညာ တော်​အ​ကြောင်း​ကို​ဟော​ပြော​၏။ ထို​ဉာဏ်​ပ​ညာ ကား​လူ​သား​တို့​ထံ​မှ​ဘု​ရား​သ​ခင်​လျှို့​ဝှက် ထား​သော​အ​ရာ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ဘုန်း အ​သ​ရေ​ခံ​စား​ရ​စေ​ရန် ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် ဘု​ရား သ​ခင်​စီ​ရင်​သော​ဉာဏ်​ပညာ​ဖြစ်​၏။-
7 A sabedoria que anunciamos é a sabedoria secreta de Deus, escondida dos seres humanos, a sabedoria que o próprio Deus, antes mesmo da criação do mundo, já havia escolhido para a nossa glória .
8 လော​ကီ​မင်း​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ဤ ဉာဏ်​ပညာ​တော်​အ​ကြောင်း​ကို​မ​သိ​နား​မ​လည် ကြ။ အ​ကယ်​၍​သိ​ရှိ​နား​လည်​ကြ​ပါ​မူ​သူ တို့​သည်​ဘုန်း​အ​သ​ရေ​တော်​ရှင်​ကို​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​မည်​မ​ဟုတ်။-
8 Nenhum dos poderes que agora governam o mundo conheceu essa sabedoria. Pois, se a tivessem conhecido, não teriam crucificado o glorioso Senhor.
9 သို့​သော်​လည်း​ကျမ်း​စာ​လာ​သည်​အ​တိုင်း၊
9 Porém, como dizem as Escrituras Sagradas : “O que ninguém nunca viu nem ouviu, e o que jamais alguém pensou que podia acontecer, foi isso o que Deus preparou para aqueles que o amam.”
10 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ ၏​လျှို့​ဝှက်​ချက်​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖော်​ပြ တော်​မူ​၏။ ဝိ​ညာဉ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို သာ​မ​က ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပင်​စူး​စမ်း​ရှာ​ဖွေ တော်​မူ​ပေ​သည်။-
10 Mas foi a nós que Deus, por meio do Espírito, revelou o seu segredo. O Espírito Santo examina tudo, até mesmo os planos mais profundos e escondidos de Deus.
11 လူ​တစ်​စုံ​တစ်​ယောက်​၏​အ​ကြောင်း​အ​လုံး​စုံ ကို ထို​လူ​အ​တွင်း​၌​ရှိ​သော​စိတ်​ဝိ​ညာဉ်​ကသာ သိ​၏။ ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​အ​ကြောင်း တော်​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် က​သာ​သိ​တော်​မူ​၏။-
11 Quanto ao ser humano, somente o espírito que está nele é que conhece tudo a respeito dele. E, quanto a Deus, somente o seu próprio Espírito conhece tudo a respeito dele.
12 ငါ​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် ဝိ​ညာဉ်​ကို​ခံ​ယူ​ကြ​ရ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သ​မျှ​ကို​သိ​ခြင်း ငှာ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သည့်​ဝိ​ညာဉ် တော်​ကို​ခံ​ယူ​ကြ​ရ​ပြီ။
12 Não foi o espírito deste mundo que nós recebemos, mas o Espírito mandado por Deus, para que possamos entender tudo o que Deus nos tem dado.
13 သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​တို့ အား ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သစ္စာ​တရား​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​လင်း​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​လူ့​အ​သိ​ဉာဏ်​နှင့်​ယှဉ်​သည့် စ​ကား​များ​ကို​အ​သုံး​မ​ပြု။ ဝိ​ညာဉ်​တော် သွန်​သင်​ပေး​သည့်​စ​ကား​များ​ကို​သာ အ​သုံး​ပြု​ကြ​၏။-
13 Portanto, quando falamos, nós usamos palavras ensinadas pelo Espírito de Deus e não palavras ensinadas pela sabedoria humana. Assim explicamos as verdades espirituais aos que são espirituais.
14 ဝိ​ညာဉ်​တော်​ကို​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် တော်​ချ​ပေး​သည့်​ဆု​ကျေး​ဇူး​များ​ကို​မ​ခံ စား​နိုင်။ ဝိ​ညာဉ်​ရေး​ကို​အ​ခြေ​ခံ​မှ​သာ​လျှင် ထို​အ​ရာ​များ​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင် သ​ဖြင့် ဝိ​ညာဉ်​တော်​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် ဆု​ကျေး​ဇူး​များ​အ​ကြောင်း​ကို​အ​ကယ်​ပင် နား​မ​လည်​နိုင်။ သူ​၏​အ​တွက်​ထို​အ​ရာ​တို့ သည်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သော​အ​ရာ များ​သာ​လျှင်​ဖြစ်​ပေ​သည်။-
14 Mas quem não tem o Espírito de Deus não pode receber os dons que vêm do Espírito e, de fato, nem mesmo pode entendê-los. Essas verdades são loucura para essa pessoa porque o sentido delas só pode ser entendido de modo espiritual.
15 ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​သည်​အ​ရာ ခပ်​သိမ်း​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင်​၏။ သို့ ရာ​တွင်​ထို​သူ့​အား​မည်​သူ​မျှ​အ​ကဲ​ဖြတ် ၍​မရ။-
15 A pessoa que tem o Espírito Santo pode julgar o valor de todas as coisas, porém ela mesma não pode ser julgada por ninguém.
16 ကျမ်း​စာ​တော်​တွင်၊
16 Como dizem as Escrituras Sagradas: “Quem pode conhecer a mente do Senhor? Quem é capaz de lhe dar conselhos?” Mas nós pensamos como Cristo pensa.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.