1 Coríntios 2
Common Language Bible (MYA) vs BKJ
1 သို့ဖြစ်သောကြောင့်ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာရောက်၍ ဘုရားသခင်၏ နက်နဲသောသမ္မာတရားတော်ကိုဟောပြောစဉ် အခါကထည်ဝါသောစကားများ၊ အသိ ပညာနှင့်ယှဉ်သောစကားများဖြင့်ဟော ပြောသည်မဟုတ်။-
1 E eu, irmãos, quando eu fui até vós, não fui com excelência de discurso ou de sabedoria, declarando-vos o testemunho de Deus.
2 သင်တို့နှင့်အတူရှိစဉ်အခါကငါသည် ယေရှုခရစ်၏အကြောင်း၊ အထူးသဖြင့်လက် ဝါးကပ်တိုင်တွင်ကိုယ်တော်အသေခံတော်မူ သည့်အကြောင်းမှလွဲ၍ အခြားအရာမှန် သမျှကိုမေ့ပျောက်ပစ်ရန်စိတ်ပိုင်းဖြတ် ထား၏။-
2 Porque eu decidi não saber coisa alguma entre vós, senão a Jesus Cristo, e este crucificado.
3 သို့ဖြစ်၍ငါသည်သင်တို့ထံသို့လာချိန် ၌ အားနည်း၍ကြောက်ရွံ့တုန်လှုပ်လျက်၊-
3 E eu estive convosco em fraqueza, e em temor, e em grande tremor.
4 ဟောပြောသွန်သင်ရာ၌လူတို့၏ဉာဏ်ပညာ နှင့်ယှဉ်သောစကားများကိုအသုံးမပြုဘဲ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးပါရှိ သည့်စကားများကိုသာအသုံးပြု၏။-
4 E meu discurso e a minha pregação não estava em palavras persuasivas de sabedoria humana, mas em demonstração do Espírito e de poder,
5 သို့ဖြစ်၍သင်တို့၏ယုံကြည်မှုသည်လူတို့၏ အသိဉာဏ်အပေါ်တွင်အမှီမပြုဘဲ ဘုရား သခင်၏တန်ခိုးတော်အပေါ်တွင်အမှီပြု ပေသည်။
5 para que a vossa fé não esteja na sabedoria dos homens, mas no poder de Deus.
6 သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။-
6 Todavia, falamos sabedoria entre os que são perfeitos; porém, não a sabedoria deste mundo, nem dos príncipes deste mundo, que são reduzidos a nada,
7 ငါသည်ဘုရားသခင်၏နက်နဲသောဉာဏ်ပညာ တော်အကြောင်းကိုဟောပြော၏။ ထိုဉာဏ်ပညာ ကားလူသားတို့ထံမှဘုရားသခင်လျှို့ဝှက် ထားသောအရာဖြစ်၏။ သို့သော်ငါတို့ဘုန်း အသရေခံစားရစေရန် ကမ္ဘာလောကကို ဖန်ဆင်းတော်မမူမီကပင်လျှင် ဘုရား သခင်စီရင်သောဉာဏ်ပညာဖြစ်၏။-
7 mas nós falamos a sabedoria de Deus em um mistério, mesmo a sabedoria escondida, a qual Deus ordenou antes do mundo para nossa glória;
8 လောကီမင်းတို့အနက်အဘယ်သူမျှဤ ဉာဏ်ပညာတော်အကြောင်းကိုမသိနားမလည် ကြ။ အကယ်၍သိရှိနားလည်ကြပါမူသူ တို့သည်ဘုန်းအသရေတော်ရှင်ကိုလက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြမည်မဟုတ်။-
8 a qual nenhum dos príncipes deste mundo conheceu; pois se a tivessem conhecido, eles não teriam crucificado ao Senhor da glória.
9 သို့သော်လည်းကျမ်းစာလာသည်အတိုင်း၊
9 Mas, como está escrito, olho não viu, nem ouvido ouviu, tampouco entraram no coração do homem as coisas que Deus preparou para aqueles que o amam.
10 သို့ရာတွင်ဘုရားသခင်သည်ငါတို့အား မိမိ ၏လျှို့ဝှက်ချက်ကိုဝိညာဉ်တော်အားဖြင့်ဖော်ပြ တော်မူ၏။ ဝိညာဉ်တော်သည်အရာခပ်သိမ်းကို သာမက ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အကြံအစည်တော်တို့ကိုပင်စူးစမ်းရှာဖွေ တော်မူပေသည်။-
10 Mas Deus nos revelou pelo seu Espírito; porque o Espírito busca todas as coisas, sim, as coisas profundas de Deus.
11 လူတစ်စုံတစ်ယောက်၏အကြောင်းအလုံးစုံ ကို ထိုလူအတွင်း၌ရှိသောစိတ်ဝိညာဉ်ကသာ သိ၏။ ထိုနည်းတူဘုရားသခင်၏အကြောင်း တော်အလုံးစုံကို ကိုယ်တော်၏ဝိညာဉ်တော် ကသာသိတော်မူ၏။-
11 Porque qual dos homens conhece as coisas do homem, senão o espírito do homem que está nele? Assim também nenhum homem conhece as coisas de Deus, senão o Espírito de Deus.
12 ငါတို့သည်ဤလောကနှင့်သက်ဆိုင်သည့် ဝိညာဉ်ကိုခံယူကြရသည်မဟုတ်။ ဘုရား သခင်ပေးသနားတော်မူသမျှကိုသိခြင်း ငှာ ကိုယ်တော်စေလွှတ်တော်မူသည့်ဝိညာဉ် တော်ကိုခံယူကြရပြီ။
12 Ora, nós não temos recebido o espírito do mundo, mas o Espírito que é de Deus, para que pudéssemos conhecer as coisas que nos são dadas gratuitamente por Deus.
13 သို့ဖြစ်၍ဝိညာဉ်တော်ကိုခံယူရရှိသူတို့ အား ဝိညာဉ်ရေးဆိုင်ရာသစ္စာတရားများ၏ အနက်အဋ္ဌိပ္ပါယ်ကိုရှင်းလင်းဖော်ပြရာ၌ ငါတို့သည်လူ့အသိဉာဏ်နှင့်ယှဉ်သည့် စကားများကိုအသုံးမပြု။ ဝိညာဉ်တော် သွန်သင်ပေးသည့်စကားများကိုသာ အသုံးပြုကြ၏။-
13 As coisas que nós também falamos, não com palavras de ensino de sabedoria humana, mas com as ensinadas pelo Santo Espírito, comparando as coisas espirituais com as espirituais.
14 ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
14 Mas o homem natural não recebe as coisas do Espírito de Deus, porque lhe parecem loucura; nem pode conhecê-las, porque elas são discernidas espiritualmente.
15 ဝိညာဉ်တော်ကိုခံယူရရှိသူသည်အရာ ခပ်သိမ်း၏တန်ဖိုးကိုအကဲဖြတ်နိုင်၏။ သို့ ရာတွင်ထိုသူ့အားမည်သူမျှအကဲဖြတ် ၍မရ။-
15 Mas aquele que é espiritual julga todas as coisas, mas ele mesmo não é julgado por homem algum.
16 ကျမ်းစာတော်တွင်၊
16 Porque quem conheceu a mente do Senhor, para que possa instruí-lo? Mas nós temos a mente de Cristo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.