1 Coríntios 12

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။-
1 A respeito dos dons espirituais, irmãos, não quero que vivais na ignorância.
2 သင်​တို့​သည်​ယုံ​ကြည်​သူ​မ​ဖြစ်​မီ​က စိတ် လှုပ်​ရှား​ရာ​သို့​လိုက်​ပါ​ကာ​လမ်း​လွဲ​လျက် သက်​မဲ့​ရုပ်​တု​များ​ကို​ကိုး​ကွယ်​ခဲ့​ကြ​ကြောင်း သင်​တို့​အ​သိ​ပင်​ဖြစ်​၏။-
2 Sabeis que, quando éreis pagãos, vos deixáveis levar, conforme vossas tendências, aos ídolos mudos.
3 အ​ဘယ်​သူ​မ​ဆို​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​ဦး​ဆောင်​မှု​ကို​ခံ​ယူ​ရ​ရှိ​လျှင် သ​ခင် ယေ​ရှု​အား​ကျိန်​စာ​မ​သင့်​စေ​နိုင်။ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို မ​ခံ​ယူ​မ​ရ​ရှိ​လျှင် ``ယေ​ရှု​သည်​အ​ရှင် သ​ခင်​ဖြစ်​ပါ​သည်'' ဟု​မည်​သူ​မျှ​ဝန်​မ​ခံ နိုင်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။
3 Por isso, eu vos declaro: ninguém, falando sob a ação divina, pode dizer: Jesus seja maldito e ninguém pode dizer: Jesus é o Senhor, senão sob a ação do Espírito Santo.
4 ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကား​အ​မျိုး​မျိုး​ရှိ​၏။ သို့ သော်​ထို​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​သော​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။-
4 Há diversidade de dons, mas um só Espírito.
5 အ​စေ​ခံ​ရန်​နည်း​အ​မျိုး​မျိုး​ရှိ​သော်​လည်း အ​စေ​ခံ​ရ​သည့်​သ​ခင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-
5 Os ministérios são diversos, mas um só é o Senhor.
6 အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-
6 Há também diversas operações, mas é o mesmo Deus que opera tudo em todos.
7 အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။-
7 A cada um é dada a manifestação do Espírito para proveito comum.
8 ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။-
8 A um é dada pelo Espírito uma palavra de sabedoria; a outro, uma palavra de ciência, por esse mesmo Espírito;
9 ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-
9 a outro, a fé, pelo mesmo Espírito; a outro, a graça de curar as doenças, no mesmo Espírito;
10 ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။-
10 a outro, o dom de milagres; a outro, a profecia; a outro, o discernimento dos espíritos; a outro, a variedade de línguas; a outro, por fim, a interpretação das línguas.
11 သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။
11 Mas um e o mesmo Espírito distribui todos estes dons, repartindo a cada um como lhe apraz.
12 ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-
12 Porque, como o corpo é um todo tendo muitos membros, e todos os membros do corpo, embora muitos, formam um só corpo, assim também é Cristo.
13 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။
13 Em um só Espírito fomos batizados todos nós, para formar um só corpo, judeus ou gregos, escravos ou livres; e todos fomos impregnados do mesmo Espírito.
14 လူ​၏​ကိုယ်​ခန္ဓာ​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ် ခု​တည်း​ရှိ​သည်​မ​ဟုတ်။ အ​များ​ပင်​ရှိ​ပေ သည်။-
14 Assim o corpo não consiste em um só membro, mas em muitos.
15 ခြေ​က ``ငါ​သည်​လက်​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​ခြေ​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-
15 Se o pé dissesse: Eu não sou a mão; por isso, não sou do corpo, acaso deixaria ele de ser do corpo?
16 နား​က``ငါ​သည်​မျက်​စိ​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​နား​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-
16 E se a orelha dissesse: Eu não sou o olho; por isso, não sou do corpo, deixaria ela de ser do corpo?
17 ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မျက်​စိ​သာ​လျှင် ဖြစ်​ပါ​က​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​နား​သာ​လျှင် ဖြစ်​ပါ​မူ​အ​ဘယ်​သို့​အ​နံ့​ခံ​နိုင်​မည်​နည်း။-
17 Se o corpo todo fosse olho, onde estaria o ouvido? Se fosse todo ouvido, onde estaria o olfato?
18 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ကိုယ်​ခန္ဓာ​တွင် အင်္ဂါ​အ​စိတ် အ​ပိုင်း​အ​သီး​သီး​တို့​သူ့​နေ​ရာ​နှင့်​သူ ရှိ​စေ​တော်​မူ​၏။-
18 Mas Deus dispôs no corpo cada um dos membros como lhe aprouve.
19 အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​လျှင် ရှိ​ခဲ့​သော်​ကိုယ်​ခန္ဓာ​ဖြစ်​လာ​နိုင်​မည်​မ​ဟုတ်။-
19 Se todos fossem um só membro, onde estaria o corpo?
20 အ​မှန်​အား​ဖြင့်​ဆို​သော်​အင်္ဂါ​အ​စိတ်​အ​ပိုင်း အ​များ​ရှိ​သော်​လည်း​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း သာ​ရှိ​သ​တည်း။
20 Há, pois, muitos membros, mas um só corpo.
21 ထို​ကြောင့်​မျက်​စိ​က​လက်​အား ``သင့်​ကို​ငါ အ​လို​မ​ရှိ'' ဟု​မ​ဆို​နိုင်။ ဦး​ခေါင်း​က​လည်း ခြေ​အား ``သင့်​ကို​ငါ​အ​လို​မ​ရှိ'' ဟု​မ​ဆို နိုင်။-
21 O olho não pode dizer à mão: Eu não preciso de ti; nem a cabeça aos pés: Não necessito de vós.
22 အား​နည်း​သော​လက္ခ​ဏာ​ရှိ​သော​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​မှာ​မ​ရှိ​လျှင်​မ​ဖြစ်။-
22 Antes, pelo contrário, os membros do corpo que parecem os mais fracos, são os mais necessários.
23 ယုတ်​သည်​ဟု​ထင်​ရ​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​ပင်​ငါ​တို့​ဂ​ရု​စိုက်​ကြ​ရ​၏။ တင့်​တယ်​ခြင်း​မ​ရှိ​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​တင့်​တယ်​အောင်​မွမ်း​မံ​ကြ​ရ​၏။-
23 E os membros do corpo que temos por menos honrosos, a esses cobrimos com mais decoro. Os que em nós são menos decentes, recatamo-los com maior empenho,
24 တင့်​တယ်​ပြီး​ဖြစ်​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​မူ​ကား​မွမ်း​မံ​နေ​စ​ရာ​မ​လို။ ဂုဏ် အ​သ​ရေ​လို​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့ ကို​ပို​၍​ဂုဏ်​အ​သ​ရေ​ရှိ​စေ​ရန်​ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ကိုယ်​ခန္ဓာ​ကို​စေ့​စပ် ပြု​ပြင်​ထား​တော်​မူ​၏။-
24 ao passo que os membros decentes não reclamam tal cuidado. Deus dispôs o corpo de tal modo que deu maior honra aos membros que não a têm,
25 သို့​ဖြစ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​ဘဲ အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ပြု​စု​လျက်​ရှိ​ပေ​သည်။-
25 para que não haja dissensões no corpo e que os membros tenham o mesmo cuidado uns para com os outros.
26 အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။
26 Se um membro sofre, todos os membros padecem com ele; e se um membro é tratado com carinho, todos os outros se congratulam por ele.
27 သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ဖြစ်​၏။ သင်​တို့​အ​သီး​သီး​သည်​ကား ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ဖြစ်​ကြ​၏။-
27 Ora, vós sois o corpo de Cristo e cada um, de sua parte, é um dos seus membros.
28 ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။-
28 Na Igreja, Deus constituiu primeiramente os apóstolos, em segundo lugar os profetas, em terceiro lugar os doutores, depois os que têm o dom dos milagres, o dom de curar, de socorrer, de governar, de falar diversas línguas.
29 သူ​တို့​အား​လုံး​ပင်​တ​မန်​တော်​များ​ဖြစ်​ကြ သ​လော။ သူ​တို့​အား​လုံး​ပင်​ပ​ရော​ဖက်​များ ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင်​ဆ​ရာ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် နိ​မိတ်​လက္ခ​ဏာ​ပြ​နိုင်​သူ​များ​ဖြစ်​ကြ သ​လော။-
29 São todos apóstolos? São todos profetas? São todos doutores?
30 သူ​တို့​အား​လုံး​ပင်​အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​နိုင်​သော​တန်​ခိုး​ကို​ရ​ရှိ​သူ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို​နိုင်​သူ​များ ဖြစ်​ကြ​သ​လော။-
30 Fazem todos milagres? Têm todos a graça de curar? Falam todos em diversas línguas? Interpretam todos?
31 သို့​ဖြစ်​၍​သင်​တို့​သည်​ပို​၍​မြတ်​သည့်​ဆု ကျေး​ဇူး​များ​ကို​စွဲ​လမ်း​ကြ​လော့။
31 Aspirai aos dons superiores. E agora, ainda vou indicar-vos o caminho mais excelente de todos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.