1 Coríntios 12
Common Language Bible (MYA) vs ARA
1 ညီအစ်ကိုတို့၊ သင်တို့ရေးသားမေးမြန်း သည့်ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ပတ်သက်၍ သင်တို့အားသိစေလိုသော အချက်များရှိ၏။-
1 A respeito dos dons espirituais, não quero, irmãos, que sejais ignorantes.
2 သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။-
2 Sabeis que, outrora, quando éreis gentios, deixáveis conduzir-vos aos ídolos mudos, segundo éreis guiados.
3 အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
3 Por isso, vos faço compreender que ninguém que fala pelo Espírito de Deus afirma: Anátema, Jesus! Por outro lado, ninguém pode dizer: Senhor Jesus!, senão pelo Espírito Santo.
4 ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။-
4 Ora, os dons são diversos, mas o Espírito é o mesmo.
5 အစေခံရန်နည်းအမျိုးမျိုးရှိသော်လည်း အစေခံရသည့်သခင်ကားတစ်ပါးတည်းရှိ၏။-
5 E também há diversidade nos serviços, mas o Senhor é o mesmo.
6 အမှုတော်ဆောင်ရန်စွမ်းရည်အမျိုးမျိုးရှိသော် လည်း လူအသီးသီး၌ရှိသောစွမ်းရည်များကို ပေးတော်မူသောအရှင်ကားတစ်ပါးတည်းရှိ၏။-
6 E há diversidade nas realizações, mas o mesmo Deus é quem opera tudo em todos.
7 အများကောင်းကျိုးအတွက်လူအသီးသီး တို့နှင့်ဝိညာဉ်တော်ပါရှိကြောင်းတစ်နည်း တစ်ဖုံအားဖြင့်ဖော်ပြ၏။-
7 A manifestação do Espírito é concedida a cada um visando a um fim proveitoso.
8 ဝိညာဉ်တော်သည်လူတစ်ယောက်အားဉာဏ် ပညာဖြင့်ပြောဆိုနိုင်သောစွမ်းရည်ကိုပေး တော်မူ၏။ အခြားတစ်ယောက်အားအသိ ဉာဏ်ဖြင့်ခက်ခဲသောအရာတို့ကိုထုတ်ဖော် ပြောဆိုနိုင်သောစွမ်းရည်ကိုပေးတော်မူ၏။-
8 Porque a um é dada, mediante o Espírito, a palavra da sabedoria; e a outro, segundo o mesmo Espírito, a palavra do conhecimento;
9 ဝိညာဉ်တော်ကပင်တစ်ယောက်အားယုံကြည်မှု ပါရမီကိုလည်းကောင်း၊ အခြားတစ်ယောက် အားအနာရောဂါများပျောက်ကင်းစေနိုင် သောတန်ခိုးကိုလည်းကောင်းပေးတော်မူ၏။-
9 a outro, no mesmo Espírito, a fé; e a outro, no mesmo Espírito, dons de curar;
10 ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။-
10 a outro, operações de milagres; a outro, profecia; a outro, discernimento de espíritos; a um, variedade de línguas; e a outro, capacidade para interpretá-las.
11 သို့ရာတွင်ဤတန်ခိုးစွမ်းရည်အပေါင်းတို့ ကိုချပေးတော်မူသောအရှင်ကားဝိညာဉ် တော်တစ်ပါးတည်းဖြစ်၏။ ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်းလူတစ်ဦးစီအား ထူးခြားသည့်ဆုကျေးဇူးကိုချပေးတော် မူသတည်း။
11 Mas um só e o mesmo Espírito realiza todas estas coisas, distribuindo-as, como lhe apraz, a cada um, individualmente.
12 ခရစ်တော်သည်အင်္ဂါအစိတ်အပိုင်းများရှိ သည့်ကိုယ်ခန္ဓာနှင့်တူ၏။ ကိုယ်ခန္ဓာသည်အင်္ဂါ အစိတ်အပိုင်းများရှိသော်လည်းတစ်ကိုယ် တည်းသာဖြစ်၏။-
12 Porque, assim como o corpo é um e tem muitos membros, e todos os membros, sendo muitos, constituem um só corpo, assim também com respeito a Cristo.
13 ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
13 Pois, em um só Espírito, todos nós fomos batizados em um corpo, quer judeus, quer gregos, quer escravos, quer livres. E a todos nós foi dado beber de um só Espírito.
14 လူ၏ကိုယ်ခန္ဓာတွင်အင်္ဂါအစိတ်အပိုင်းတစ် ခုတည်းရှိသည်မဟုတ်။ အများပင်ရှိပေ သည်။-
14 Porque também o corpo não é um só membro, mas muitos.
15 ခြေက ``ငါသည်လက်မဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကခြေသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။-
15 Se disser o pé: Porque não sou mão, não sou do corpo; nem por isso deixa de ser do corpo.
16 နားက``ငါသည်မျက်စိမဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကနားသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။-
16 Se o ouvido disser: Porque não sou olho, não sou do corpo; nem por isso deixa de o ser.
17 ကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။-
17 Se todo o corpo fosse olho, onde estaria o ouvido? Se todo fosse ouvido, onde, o olfato?
18 သို့ရာတွင်ဘုရားသခင်သည်အလိုတော် ရှိသည့်အတိုင်းကိုယ်ခန္ဓာတွင် အင်္ဂါအစိတ် အပိုင်းအသီးသီးတို့သူ့နေရာနှင့်သူ ရှိစေတော်မူ၏။-
18 Mas Deus dispôs os membros, colocando cada um deles no corpo, como lhe aprouve.
19 အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာလျှင် ရှိခဲ့သော်ကိုယ်ခန္ဓာဖြစ်လာနိုင်မည်မဟုတ်။-
19 Se todos, porém, fossem um só membro, onde estaria o corpo?
20 အမှန်အားဖြင့်ဆိုသော်အင်္ဂါအစိတ်အပိုင်း အများရှိသော်လည်းကိုယ်ခန္ဓာတစ်ခုတည်း သာရှိသတည်း။
20 O certo é que há muitos membros, mas um só corpo.
21 ထိုကြောင့်မျက်စိကလက်အား ``သင့်ကိုငါ အလိုမရှိ'' ဟုမဆိုနိုင်။ ဦးခေါင်းကလည်း ခြေအား ``သင့်ကိုငါအလိုမရှိ'' ဟုမဆို နိုင်။-
21 Não podem os olhos dizer à mão: Não precisamos de ti; nem ainda a cabeça, aos pés: Não preciso de vós.
22 အားနည်းသောလက္ခဏာရှိသောကိုယ်အင်္ဂါ အစိတ်အပိုင်းများမှာမရှိလျှင်မဖြစ်။-
22 Pelo contrário, os membros do corpo que parecem ser mais fracos são necessários;
23 ယုတ်သည်ဟုထင်ရသောအင်္ဂါအစိတ်အပိုင်း များကိုပို၍ပင်ငါတို့ဂရုစိုက်ကြရ၏။ တင့်တယ်ခြင်းမရှိသည့်အင်္ဂါအစိတ်အပိုင်း များကိုပို၍တင့်တယ်အောင်မွမ်းမံကြရ၏။-
23 e os que nos parecem menos dignos no corpo, a estes damos muito maior honra; também os que em nós não são decorosos revestimos de especial honra.
24 တင့်တယ်ပြီးဖြစ်သည့်အင်္ဂါအစိတ်အပိုင်း များကိုမူကားမွမ်းမံနေစရာမလို။ ဂုဏ် အသရေလိုသည့်အင်္ဂါအစိတ်အပိုင်းတို့ ကိုပို၍ဂုဏ်အသရေရှိစေရန်ဘုရား သခင်ကိုယ်တော်တိုင်ကိုယ်ခန္ဓာကိုစေ့စပ် ပြုပြင်ထားတော်မူ၏။-
24 Mas os nossos membros nobres não têm necessidade disso. Contudo, Deus coordenou o corpo, concedendo muito mais honra àquilo que menos tinha,
25 သို့ဖြစ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းအချင်း ချင်းစိတ်ဝမ်းကွဲပြားမှုမရှိဘဲ အချင်းချင်း ၏အကျိုးကိုပြုစုလျက်ရှိပေသည်။-
25 para que não haja divisão no corpo; pelo contrário, cooperem os membros, com igual cuidado, em favor uns dos outros.
26 အကယ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုက ဝေဒနာခံရလျှင်အခြားအစိတ်အပိုင်းများ သည်လည်းအတူခံရကြ၏။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုကချီးမွမ်းခြင်းခံရလျှင် အခြားအစိတ်အပိုင်းများသည်လည်းအတူ ဝမ်းမြောက်ရကြ၏။
26 De maneira que, se um membro sofre, todos sofrem com ele; e, se um deles é honrado, com ele todos se regozijam.
27 သင်တို့အပေါင်းသည်ခရစ်တော်၏ကိုယ်ခန္ဓာ တော်ဖြစ်၏။ သင်တို့အသီးသီးသည်ကား ကိုယ်ခန္ဓာတော်၏အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။-
27 Ora, vós sois corpo de Cristo; e, individualmente, membros desse corpo.
28 ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။-
28 A uns estabeleceu Deus na igreja, primeiramente, apóstolos; em segundo lugar, profetas; em terceiro lugar, mestres; depois, operadores de milagres; depois, dons de curar, socorros, governos, variedades de línguas.
29 သူတို့အားလုံးပင်တမန်တော်များဖြစ်ကြ သလော။ သူတို့အားလုံးပင်ပရောဖက်များ ဖြစ်ကြသလော။ သူတို့အားလုံးပင်ဆရာ များဖြစ်ကြသလော။ သူတို့အားလုံးပင် နိမိတ်လက္ခဏာပြနိုင်သူများဖြစ်ကြ သလော။-
29 Porventura, são todos apóstolos? Ou, todos profetas? São todos mestres? Ou, operadores de milagres?
30 သူတို့အားလုံးပင်အနာရောဂါများကို ပျောက်ကင်းစေနိုင်သောတန်ခိုးကိုရရှိသူ များဖြစ်ကြသလော။ သူတို့အားလုံးပင် ထူးဆန်းသောဘာသာစကားအမျိုးမျိုး ကိုအနက်အဋ္ဌိပ္ပါယ်ပြန်ဆိုနိုင်သူများ ဖြစ်ကြသလော။-
30 Têm todos dons de curar? Falam todos em outras línguas? Interpretam-nas todos?
31 သို့ဖြစ်၍သင်တို့သည်ပို၍မြတ်သည့်ဆု ကျေးဇူးများကိုစွဲလမ်းကြလော့။
31 Entretanto, procurai, com zelo, os melhores dons. E eu passo a mostrar-vos ainda um caminho sobremodo excelente.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.