Mateus 17

dnv (DNV) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ခြောက်ရက်ကြာသောအခါ ယေရှုဟ သူနဲ့အတူ ပေတရု၊ ယာကုပ်၊ ယာကုပ်ရဲ့ညီ ယောဟန်လို့ဟို ယိုးကာ တောင်အမြင့်ပေါ်ဟို ခေါ်သွားအယ်။
1 Seis dias depois, Jesus tomou consigo Pedro, Tiago e João, irmão de Tiago, e os levou, em particular, a um alto monte.
2 အဲမှာ ကိုယ်တော်ဟ သူလို့ရဲ့ ဆေ့တွင် အရောင်အဆင်း ပြောင်းလဲသွားအယ်။ မျက်နှာတော်ဟ နေလိုမျိုးတောက်ပလျက် အဝတ်ဟလည်း အလင်းလို ဖြူလျက်နေအယ်။
2 Ali ele foi transfigurado diante deles. Sua face brilhou como o sol, e suas roupas se tornaram brancas como a luz.
3 အဲပင်းရင် မောရှေနဲ့ ဧလိယဟ ယေရှုနဲ့ စကားပြောလျက်နေတာဟို တဘဲ့တော် သုံးယောက်ဟ မျော်ကြအယ်။
3 Naquele mesmo momento apareceram diante deles Moisés e Elias, conversando com Jesus.
4 အဲအခါ ပေတရုဟ ယေရှုဟို “သခင်ဘုရား၊ ဟေအရပ်နှိုက် ငါလို့အတွက် နေဖွယ်ကောင်းအယ်။ ကိုယ်တော် အလိုတော်ဆိရင် ကိုယ်တော်အတွက် တဲတဆောင်၊ မောရှေအတွက် တဆောင်၊ ဧလိယအတွက် တဆောင်၊ တဲသုံးဆောင်ဟို ငါလို့ ဆောက်လုပ်မယ်” ဟု ဆှောက်ထားအယ်။
4 Então Pedro disse a Jesus: "Senhor, é bom estarmos aqui. Se quiseres, farei três tendas: uma para ti, uma para Moisés e outra para Elias".
5 အေးလို့ ပေတရု ဆှောက်ထားစဉ်ပင် တောက်ပသော မိုးသားတုန်းဟ သူလို့ အပေါ်ဟို ကျလာအယ်။ မိုးသားတုန်းထဲမှ အသံတော်ဟ “ဟေသူဟ ငါနှစ်သက်မြတ်နိုးရာ ငါရဲ့ ချစ်သားပေတည်း — သူရဲ့ စကားဟို နားထောင်ကြလော့” ဟု မိန့်အယ်။
5 Enquanto ele ainda estava falando, uma nuvem resplandecente os envolveu, e dela saiu uma voz, que dizia: "Este é o meu Filho amado em quem me agrado. Ouçam-no! "
6 အဲအသံဟို တဘဲ့တော်လို့ ကြားသောအခါ ရမ်းဆာ့ ကြောက်လန့်ပင်း သူလို့ မျက်နှာဟို မြေကြီးပေါ်မှာ အပ်ထားကြအယ်။
6 Ouvindo isso, os discípulos prostraram-se com o rosto em terra e ficaram aterrorizados.
7 ယေရှုဟ လာယွေ့ သူလို့ဟို တို့ထိပင်းလျှင် “ထကြ၊ မကြောက်ကြနဲ့” ဟု မိန့်အယ်။
7 Mas Jesus se aproximou, tocou neles e disse: "Levantem-se! Não tenham medo! "
8 အဲလိုမို့ သူလို့ဟ မော်ကျေ့ပင်း ယေရှု မှလွဲယွေ့ အခြားစသူဟိုမျှ မမျော်ကြတော့ချေ။
8 E erguendo eles os olhos, não viram mais ninguém a não ser Jesus.
9 သူလို့ တောင်ပေါ်မှ ဆင်းကြစဉ်၊ ယေရှုဟ သူလို့အား “နင်လို့ မျော်ခဲ့ကြလဲ့ ရူပါရုံဟို လူသား သေခြင်းမှ မထမြောက်ခင် စသူမျှ မပြောကြနဲ့” ဟု မှာထားအယ်။
9 Enquanto desciam do monte, Jesus lhes ordenou: "Não contem a ninguém o que vocês viram, até que o Filho do homem tenha sido ressuscitado dos mortos".
10 အဲပင်းရင် တဘဲ့တော်လို့ဟ “ဧလိယသည် အရင် လာရမယ်ဟု ကျမ်းပြုဆရာလို့ဟ မစာကျောန့် ဆိုလုန်း” ဟု ယေရှုအား မေးဆှောက်ကြအယ်။
10 Os discípulos lhe perguntaram: "Então, por que os mestres da lei dizem que é necessário que Elias venha primeiro? "
11 ယေရှုဟ “ဧလိယသည် အရင်လာပင်း အမှုအရာအားလုံးဟို အသင့်ပြင်ဆင်ရမယ် မန်အယ်။
11 Jesus respondeu: "De fato, Elias vem e restaurará todas as coisas.
12 အဲလိုလဲ နင်လို့အား ငါပြောတာဟ ဧလိယဟ ရောက်လာပေမဲ့ လူလို့ဟ သူ့ဟို မသိကြသဖြင့် သူ့အား လုပ်ချင်ရာဟို လုပ်ခဲ့ကြပီ။ အဲတိုင်းတိုင်းပင် လူသားဟလည်း အဲသူလို့ရဲ့လက်တွင် ဒုက္ခဆင်းရဲ ခံရလိမ့်မယ်” ဟု မိန့်အယ်။
12 Mas eu lhes digo: Elias já veio, e eles não o reconheceram, mas fizeram com ele tudo o que quiseram. Da mesma forma o Filho do homem será maltratado por eles".
13 အဲအခါမှ တဘဲ့တော်လို့ဟ နှစ်ခြင်းဆရာယောဟန်ဟို ညွန်းပင်း ယေရှု မိန့်ကျောန်း နားလည်လာကြလေအယ်။
13 Então os discípulos entenderam que era de João Batista que ele tinha falado.
14 သူလို့ဟ လူအုပ်ဆိရာဟို ပြန်လာကြသောအခါ လူတယောက်ဟ ယေရှုဆေဟို လာယွေ့ ဆေ့တော်နှိုက် ဒူးထောက်ကာ၊
14 Quando chegaram onde estava a multidão, um homem aproximou-se de Jesus, ajoelhou-se diante dele e disse:
15 “ဆရာ၊ ငါ့ရဲ့ သားဟို သနားမန့်။ သူဟ ဝက်ရူးပြန်ရောဂါစွဲပင်း မီးထဲ အဲဟာမဟုတ်ရင် ရေထဲဟို ဖြစ်စေ ခဏခဏ လဲကျတတ်အယ်။
15 "Senhor, tem misericórdia do meu filho. Ele tem ataques e está sofrendo muito. Muitas vezes cai no fogo ou na água.
16 သူ့အား ကိုယ်တော်ရဲ့ တဘဲ့များဆေဟို ခေါ်ခဲ့သော်လည်း သူလို့ဟ မကျန်းမာစေနိန်ပါ” ဟု ဆှောက်အယ်။
16 Eu o trouxe aos teus discípulos, mas eles não puderam curá-lo".
17 ယေရှုဟ “ယုံကြည်ခြင်း ကင်းယွေ့ ဖောက်ပြန်ကြသော လူလို့၊ ငါဟ နင်လို့နဲ့ စလောက်ကြာအောန် နေရမလုန်း။ စလောက်ကြာအောန် နင်လို့အား သည်းခံရမလုန်း။ လူပဲ့သငယ်ဟို ငါ့ဆေဟို ခေါ်ခဲ့ကြလော့” ဟု မိန့်အယ်။
17 Respondeu Jesus: "Ó geração incrédula e perversa, até quando estarei com vocês? Até quando terei que suportá-los? Tragam-me o menino".
18 ယေရှုဟ နတ်ဆိုးအား အမိန့်ပေးလျှင် နတ်ဆိုးဟ လူပဲ့သငယ်ဆေမှ ထွက်သွားပင်း ခုတုံးပင် သူငယ်ဟ ကျန်းမာလာအယ်။
18 Jesus repreendeu o demônio; este saiu do menino e, desde aquele momento, ele ficou curado.
19 အဲပင်းရင် တဘဲ့တော်လို့ဟ ယေရှုတယောက်တည်း ဆိသောအခါ အထံတော်ဟို ချဉ်းကပ်ယွေ့ “ငါလို့ဟ အဲနတ်ဟို မစာကျောန့် မောင်းထုတ်ယွေ့ မရလုန်း” ဟု မေးဆှောက်ကြအယ်။
19 Então os discípulos aproximaram-se de Jesus em particular e perguntaram: "Por que não conseguimos expulsá-lo? "
20 ယေရှုဟ “နင်လို့သည် ယုံကြည်ခြင်း အားနည်းသောကျောန့် ဖြစ်အယ်။ နင်လို့အား ငါ အမန်အကန် ပြောတာဟ၊ နင်လို့ဟ မုန်ညင်းစေ့လောက် ယုံကြည်ခြင်းဆိပါက ဟေတောင်အား ‘ဟေနေရာမှ အဲနေရာဟို ရွေ့ပြောင်းလော့’ ဟုဆိုလျှင် ပြောင်းရွေ့လိမ့်မယ်။ နင်လို့ မတတ်နိန်လဲ့ အရာမဆိ။”
20 Ele respondeu: "Por que a fé que vocês têm é pequena. Eu lhes asseguro que se vocês tiverem fé do tamanho de um grão de mostarda, poderão dizer a este monte: ‘Vá daqui para lá’, e ele irá. Nada lhes será impossível.
21 — ausente —
21 Mas esta espécie só sai pela oração e pelo jejum".
22 တဘဲ့တော် အားလုံးလို့ဟ ဂါလိလဲပြေဟို အတူလာကြသောအခါ ယေရှုဟ သူလို့အား “လူလို့ရဲ့ လက်တွင်းသို့ လူသားဟို အပ်ကြလိမ့်မယ်။
22 Reunindo-se eles na Galiléia, Jesus lhes disse: "O Filho do homem será entregue nas mãos dos homens.
23 သူ့ဟို သတ်ကြပေမဲ့ သုံးရက်မြောက်သောနေ့တွင် လူသားဟ သေခြင်းမှ ဆှင်ပြန်ထမြောက်လိမ့်မယ်” ဟု မိန့်အယ်။
23 Eles o matarão, e no terceiro dia ele ressuscitará". E os discípulos ficaram cheios de tristeza.
24 ယေရှုနဲ့ တဘဲ့တော်လို့ဟ ကပေနောင်မြို့ဟို ရောက်ကြသောအခါ ဗိမာန်တော်ခွန်အတွက် ကောက်ခံသူများဟ လာပင်း ပေတရုအား “နင်ရဲ့ဆရာဟ ဗိမာန်တော်ခွန် ပေးဆောင်မန့်သလော” ဟု မေးမြန်းကြအယ်။
24 Quando Jesus e seus discípulos chegaram a Cafarnaum, os coletores do imposto de duas dracmas vieram a Pedro e perguntaram: "O mestre de vocês não paga o imposto do templo? "
25 ပေတရုဟ “ပေးဆောင်အယ်” ဟု ဆိုအယ်။
25 "Sim, paga", respondeu ele. Quando Pedro entrou na casa, Jesus foi o primeiro a falar, perguntando-lhe: "O que você acha, Simão? De quem os reis da terra cobram tributos e impostos: de seus próprios filhos ou dos outros? "
26 ပေတရုဟ “အခြားသူများဆေမှ ကောက်ခံအယ်” ဟုဆှောက်အယ်။
26 "Dos outros", respondeu Pedro. Disse-lhe Jesus: "Então os filhos estão isentos.
27 အဲလိုလဲ သူလို့ စိတ်မနာသွားစေရန် နင်ဟ အိန်ဟို သွားပင်း ငါးမျှားလော့။ နင်ပထမ မိသော ငါးကို ယူပင်း ငါးစလောင်ဟို ဖွင့်လော့။ ငွေဒင်္ဂါးတပြားဟို တွေ့လိမ့်မယ်။ အဲငွေဟိုယူပင်း နင်နဲ့ ငါ့အတွက် အခွန်တော်ဟို သူလို့အား ပေးဆောင်လော့” ဟု မိန့်အယ်။
27 Mas, para não escandalizá-los, vá ao mar e jogue o anzol. Tire o primeiro peixe que você pegar, abra-lhe a boca, e você encontrará uma moeda de quatro dracmas. Pegue-a e entregue-a a eles, para pagar o meu imposto e o seu".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.