Marcos 2
dnv (DNV) vs NAA
1 ရက်နဲနဲကြာသောအခါ ယေရှုဟ ကပေရနောင်မြို့ဟို လဲ့ပြန်လာပင်း၊ နေအိုင်မှာ ကိုယ်တော် ရောက်ဆိနေလဲ့ သတင်းဟ ပျံ့နှံ့သွားလေအယ်။
1 Dias depois, Jesus entrou de novo em Cafarnaum, e logo se ouviu dizer que ele estava em casa.
2 ရမ်းဆာ့သော လူလို့ဟ စုဝေးလာကြသဖြင့် အဲမှာ အခန်းလွတ်များ မကျန်တော့သာမက၊ ထင်ခါး အပြင်ဖက်မှာ နေရာပင် မဆိတော့ပေ။ ယေရှုဟ သူလို့အား တရားတော်ဟို ဟောလျက် နေလေအယ်။
2 Muitos se reuniram ali, a ponto de não haver lugar nem mesmo junto à porta. E Jesus anunciava-lhes a palavra.
3 အဲအခါ လူလေးယောက်လို့ဟ လာပင်း လေဖြတ်သူ တဦးဟို ကိုယ်တော်ဆေဟို မကြအယ်။
3 Trouxeram-lhe, então, um paralítico, carregado por quatro homens.
4 လူအုပ်ကြီးကျောန့် သူလို့ဟ သူ့ဟို ယေရှုဆေဟို မ မလာနိန်ကြ။ သူလို့ဟ ယေရှုဆိလဲ့ နေရာအပေါ်မှ ခေါင်မိုးဟို ဖွင့်ယွေ့ အပေါက်ဖောက်ကာ လေဖြတ်နေသောသူ လဲလျောင်းနေသော ထမ်းစင်ဟို လျှောချကြအယ်။
4 E, não podendo aproximar-se de Jesus, por causa da multidão, removeram o telhado no ponto correspondente ao lugar onde Jesus se encontrava e, pela abertura, desceram o leito em que o paralítico estava deitado.
5 ယေရှုဟ သူလို့ရဲ့ ယုံကြည်ခြင်းဟို မျော်ရင် “ငါ့သား၊ နင့်ရဲ့ အပစ်များဟို လွှတ်စေပီ” ဟု လေဖြတ်သူအား ပြောလေအယ်။
5 Vendo-lhes a fé, Jesus disse ao paralítico:
6 အဲနေရာမှာ ထိန်နေကြသော ကျမ်းတတ်ဆရာအချို့လို့ဟ သူလို့ တတ်တိုင်း တွေးနေကြအယ်၊
6 Alguns escribas estavam sentados ali e pensavam em seu coração:
7 “ဟေသူဟ ပစာကျောန့် ဟေလို့ ပြောဝံ့လုန်း။ သူဟ ဘုရားသခင်ဟို စော်ကား ပြောဆိုလေပီ၊ ဘုရားသခင်ဟ အပစ်များဟို ခွင့်လွတ်နိန်သော တဦးတည်းသောသူ ဖြစ်အယ်။”
7 — Como ele se atreve a falar assim? Isto é blasfêmia! Quem pode perdoar pecados, a não ser um, que é Deus?
8 ယေရှုဟ အဲသူလို့ ပစာတွေးနေလဲဆိုတာဟို ခုတုံးသိသောကျောန့် ယေရှုဟ သူလို့အား ပြောတာဟ၊ “နင်လို့ဟာ ပစာကျောန့် ဟေအရာဟို တွေးနေကြလုန်း။
8 E Jesus, percebendo imediatamente em seu espírito que eles assim pensavam, disse-lhes:
9 ဟေလေဖြတ်သူအား ‘နင်ရဲ့ အပစ်များဟို ခွင့်လွှတ်ပီ’ အားမှမဟုတ် ‘ထလော့၊ နင့်ထမ်းစင်ဟို ကောက်ယူယွေ့ လမ်းဆှောက်လော့’ ဟု ပြောရန် ပိုလွယ်သလော။
9 O que é mais fácil? Dizer ao paralítico: “Os seus pecados estão perdoados”, ou dizer: “Levante-se, tome o seu leito e ande”?
10 အဲလိုလဲ လူသားဟ မြေကြီးပေါ်တွင် အပစ်များ ခွင့်လွှတ်ပိုင်ခွင့် အာဏာဆိတာဟို နင်လို့အား ငါ သက်သေပြမယ်။”
10 Mas isto é para que vocês saibam que o Filho do Homem tem autoridade sobre a terra para perdoar pecados. E disse ao paralítico:
11 “နင့်ဟို ငါပြောမယ်၊ ထလော့၊ နင့်ထမ်းစင်ဟို ကောက်ယူယွေ့ နေအိုင်ဟို ပြန်လော့” ဟု သူဟ လက်ခြေသေသောသူအား ပြောအယ်။
11 — Eu digo a você: Levante-se, pegue o seu leito e vá para casa.
12 သူလို့အားလုံး ကျေ့နေခါ၊ အဲသူဟ ထယွေ့၊ သူရဲ့ ထမ်းစင်ဟို ကောက်ယူယွေ့ အမြန် ထွက်သွားလေအယ်။ သူလို့အားလုံးဟ လုံးဝအံ့ဩယွေ့ ဘုရားသခင်ဟို ချီးမွန်းပင်း “ငါလို့ ဟေလိုမျိုး တခါမှ မမြင်ဖူးဝူး” ဟု ပြောကြအယ်။
12 Ele se levantou e, no mesmo instante, pegando o leito, retirou-se à vista de todos, a ponto de todos se admirarem e darem glória a Deus, dizendo: — Jamais vimos coisa assim!
13 ယေရှုဟ ဂါလိလဲအိန်နားဟို နောက်တခါ လဲ့ပြန်လာအယ်။ လူအုပ်လို့ဟ ကိုယ်တော်ဆေဟို လာကြယွေ့ သူလို့ဟို စတင်သွန်သင်လေအယ်။
13 De novo, Jesus foi para junto do mar, e toda a multidão vinha ao encontro dele, e ele os ensinava.
14 ကိုယ်တော်ဟ ဆှောက်လာခါ၊ အခွန်ခံ လေဝိဟ ရုံးခန်းတွင် အာလဖဲရဲ့သား လေဝိ ထိန်နေတာဟို မျော်ပင်း “ငါ့ နောက်လိုက်လော့” ဟု ယေရှုဟ သူဟို ပြောယွေ့၊ လေဝိဟ ထယွေ့ ကိုယ်တော် နောက်ဟို လိုက်လေအယ်။
14 Quando ia passando, viu Levi, filho de Alfeu, sentado na coletoria e lhe disse: Ele se levantou e o seguiu.
15 ယေရှုဟ လေဝိရဲ့ နေအိုင်တွင်ညနေစာ စားသောက်လျက်နေစဉ်၊ ရမ်းဆာ့သော အခွန်ခံများနဲ့ အပစ်သားများဟ တဘဲ့တော်များနဲ့တကွ ကိုယ်တော်နဲ့အတူ စားသောက်လျက် ဆိကြအယ် အကျောန်းမှာ ကိုယ်တော် နောက်ဟို လိုက်သောသူ ရမ်းဆာ့ ဆိကြအယ်။
15 Achando-se Jesus à mesa, na casa de Levi, estavam junto com ele e com os seus discípulos muitos publicanos e pecadores; porque estes eram muitos e também o seguiam.
16 ကိုယ်တော်ဟ အပစ်သားများ၊ အခွန်ခံများနဲ့အတူ စားသောက်နေတာဟို ဖာရိရှဲလို့ ထဲမှ ကျမ်းတတ်ဆရာများ မျော်သောအခါ “ပစာကျောန့် ကိုယ်တော်ဟ အပစ်သားများ၊ အခွန်ခံများနဲ့အတူ စားသောက်လုန်း” ဟု သူလို့ဟ ကိုယ်တော်ရဲ့ တဘဲ့များဟို မေးကြအယ်။
16 Os escribas dos fariseus, vendo Jesus comer em companhia dos pecadores e publicanos, perguntavam aos discípulos dele: — Por que ele come e bebe com os publicanos e pecadores?
17 ယေရှုဟ အေးအရာဟို ကြားရင်၊ “ကျန်းမာသူလို့ဟ ဆရာဝန်ဟို မလိုအပ်ကြ၊ ဖျားနေသူသာလျှင် လိုအပ်ကြအယ်။ ဖြောင့်မတ်သောသူဟို ခေါ်ရန် ငါ လာတာ မဟုတ်၊ အပစ်သားများဟို ခေါ်ရန်လာအယ်” ဟု သူလို့အား ပြောလေအယ်။
17 Tendo ouvido isto, Jesus lhes respondeu:
18 ယောဟန်ရဲ့ တဘဲ့များနဲ့ ဖာရိရှဲလို့ဟ အစာဆှောင်လျက် နေကြအယ်။ လူအချို့လို့ဟ ယေရှု ဆေဟိုလာယွေ့ “ယောဟန်ရဲ့ တဘဲ့များနဲ့ ဖာရိရှဲရဲ့ တဘဲ့များဟ အစာဆှောင်ကြသော်လည်း ကိုယ်တော်ရဲ့ တဘဲ့များဟ ပစာကျောန့် အစာမဆှောင်ကြလုန်း” ဟု မေးကြအယ်။
18 Ora, os discípulos de João e os fariseus estavam jejuando. Algumas pessoas foram perguntar a Jesus: — Por que os discípulos de João e os discípulos dos fariseus jejuam, mas os seus discípulos não jejuam?
19 ယေရှုဟ “သတို့သားရဲ့ အပေါင်းအဖော်များဟ သူနဲ့တူတူ ဆိနေစဉ်နှိုက် စလိုအစာဆှောင်ဖို့ မျော်လင့်နိန်သလော။ သူလို့ဟ သတို့သား ဆိနေသမျှ ကာလပတ်လုံး အစာမဆှောင်နိန်ကြ။
19 Jesus respondeu:
20 အားပင်မဲ့ သူလို့ဆေမှ သတို့သားဟို ယူဆောင်သွားမယ့်အချိန် ရောက်ဆိလာလိမ့်မယ်၊ အေးနေ့ရက် ရောက်လာတဲ့အခါ သူလို့ဟ အစာဆှောင်ကြလိမ့်မယ်။
20 No entanto, virão dias em que o noivo lhes será tirado, e então, naquele dia, eles vão jejuar.
21 “စသူမျှ အဝတ်ဟောင်းဟို ပိတ်စသစ်နဲ့ မဖာတတ်။ မဟုတ်ရင် အသစ်ဖာထားသော ပိတ်စဟ အဝတ်ဟောင်းဟို ရုန်းသဖြင့် အပေါက်ဟ ပိုကြီးစေတတ်အယ်။
21 Ninguém costura um remendo de pano novo em roupa velha; porque o remendo novo tira um pedaço da roupa velha, e o buraco fica ainda maior.
22 စသူမှ စပျစ်ယေသစ်ဟို သားယေဖူးဟောင်းတွင် ထည့်လေ့ မဆိ။ မဟုတ်ရင် စပျစ်ယေဟ သားယေဖူးဟို ပေါက်ပြဲသဖြင့် စပျစ်ယေနဲ့ သားယေဖူးရော ပျက်စီးသွားလိမ့်မယ်။ အဲအစား စပျစ်ယေသစ်ဟို သားယေဖူး အသစ်နှိုက်သာ ထည့်ကြအယ်။”
22 E ninguém põe vinho novo em odres velhos, porque, se fizer isso, o vinho romperá os odres e se perdem tanto o vinho como os odres. Mas põe-se vinho novo em odres novos.
23 ယေရှုဟ တနေ့သော ဥပုပ်နေ့နှိုက် ဂျုံခင်းဟို ဖြတ်ဆှောက်သွားခဲ့အယ်။ သူရဲ့ တဘဲ့တော်လို့နဲ့အတူ သွားနေကြစဉ်၊ သူလို့ဟ ဂျုံနှံများဟို စတင်ပင်း ဆွတ်ကြအယ်။
23 Aconteceu que, num sábado, Jesus atravessava as searas, e os seus discípulos, ao passar, começaram a colher espigas.
24 ဖာရိရှဲများဟ “ကျေ့မန့်၊ ပညတ်တရားအရ ဥပုသ်နေ့နှိုက် မပြုသင့်သော အမှုဟို သူလို့ဟ ပစာကျောန့် လုပ်ကြလုန်း” ဟု ကိုယ်တော်ဟို မေးကြအယ်။
24 Então os fariseus disseram a Jesus: — Olhe! Por que eles estão fazendo o que não é lícito aos sábados?
25 ယေရှုဟလည်း “ဒါဝိဒ်ဟ သူနှိုက် စားစရာမဆိသဖြင့် သူနဲ့ သူ့အဖော်တစုလို့ မွတ်သောအခါ စလိုပြုခဲ့ကျောန်းဟို နင်လို့ တခါမှ မဖတ်ဖူးသလော။
25 Ele lhes respondeu:
26 ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်တွင် ဒါဝိဒ်ဟ ဘုရားသခင်ရဲ့ ဗိမာန်တော်သို့ဝင်ယွေ့ ယဇ်ပုရောဟိတ်များမှအပ ပညတ်အရ စသူမျှ မစားရသော ဆေ့တော်မုန့်ဟို စားယွေ့ သူနဲ့အတူဆိသော အပေါင်းအဖော်များအားလည်း ပေးခဲ့အယ်” ဟု ပြောလေအယ်။
26 Como entrou na Casa de Deus, no tempo do sumo sacerdote Abiatar, e comeu os pães da proposição, os quais só aos sacerdotes era lícito comer, e ainda deu esses pães aos seus companheiros?
27 အဲပင်းရင် ယေရှုဟ “ဥပုသ်နေ့ဟ လူသားအတွက် ဖြစ်အယ်၊ လူဟ ဥပုသ်နေ့အတွက် ဖြစ်အယ် မဟုတ်။
27 E Jesus acrescentou:
28 အေးလို့မို့ လူသားဟ ဥပုသ်နေ့ရဲ့ အဆှင်ပင် ဖြစ်အယ်” ဟု ပြောလေအယ်။
28 Assim, o Filho do Homem é senhor também do sábado.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.