João 5

dnv (DNV) vs VC

Sair da comparação
VC Versão Católica
1 အဲပင်းရင် ယုဒအမျိုးသားလို့ရဲ့ ဘာသာရေးပွဲတော်အတွက် ယေရှုဟ ယေရုရှလင်မြို့ဟို သွားလေအယ်။
1 Depois disso, houve uma festa dos judeus, e Jesus subiu a Jerusalém.
2 ယေရုရှလင်မြို့နှိုက် သိုးထင်ခါးအနီးမှာ ယေကန် ဆိအယ်၊ အေးယေကန်ဟို ဟေဗြဲစကားဖြင့် ဗေသေသဒဟု ခေါ်အယ်၊ အေးယေကန်ဟို မုခ်ငါးခုဖြင့် ခြံရံထားအယ်။
2 Há em Jerusalém, junto à porta das Ovelhas, um tanque, chamado em hebraico Betesda, que tem cinco pórticos.
3 အဲမုခ်များအောက်တွင် — မျက်စေ့ကန်းသူ၊ ခြေမစွမ်းသူ၊ လေဖြတ်သူမှစယွေ့ လူနာအမြောက်အမြား လဲလျောင်းလျက် နေကြအယ်။
3 Nestes pórticos jazia um grande número de enfermos, de cegos, de coxos e de paralíticos, que esperavam o movimento da água.
4 — ausente —
4 {Pois de tempos em tempos um anjo do Senhor descia ao tanque e a água se punha em movimento. E o primeiro que entrasse no tanque, depois da agitação da água, ficava curado de qualquer doença que tivesse.}
5 အဲနေရာတွင် သုံးဆယ့်ဆစ်နေပတ်လုံး မကျန်းမာသောသူ လူတယောက် ဆိအယ်။
5 Estava ali um homem enfermo havia trinta e oito anos.
6 အဲသူလဲလျောင်းနေတာဟို ယေရှု မျော်သောအခါ ကာလကြာမြင့်စွာ ဟေလို လဲလျောင်းနေခဲ့တာဟို သိအယ်၊ အေးလိုမို့ ကိုယ်တော်ဟ “နင်ဟ ကျန်းမာလိုပါသလော” ဟု မေးအယ်။
6 Vendo-o deitado e sabendo que já havia muito tempo que estava enfermo, perguntou-lhe Jesus: Queres ficar curado?
7 အဲသူဟ “ဆရာ၊ ယေ လှုပ်ဆှားလာသောအခါ ငါ့ဟို ယေကန်ထဲသို့ ချပေးမဲ့သူ တယောက်မျှ မဆိမန့်။ ငါဆင်းမယ်ပြုနေစဉ် အခြားသူတယောက်ဟ ဦးရင် ယေကန်ထဲဟို ဆင်းသွားတတ်ပါအယ်” ဟု ပြန်ပြောအယ်။
7 O enfermo respondeu-lhe: Senhor, não tenho ninguém que me ponha no tanque, quando a água é agitada; enquanto vou, já outro desceu antes de mim.
8 ယေရှုဟ “ထလော့၊ နင့်အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့” ဟု အေးသူအား မိန့်အယ်။
8 Ordenou-lhe Jesus: Levanta-te, toma o teu leito e anda.
9 အဲသူဟ ခုတုံး ကျန်းမာလာသဖြင့် မိမိရဲ့ အိပ်ယာဟို ယူယွေ့ လှမ်းသွားလေအယ်။
9 No mesmo instante, aquele homem ficou curado, tomou o seu leito e foi andando. Ora, aquele dia era sábado.
10 အဲလိုမို့ ယုဒအာဏာပိုင်လို့ဟ ကျန်းမာလာသူအား “ခနေ့ဟ ဥပုသ်နေ့ ဖြစ်ယွေ့ နင့်အိပ်ယာဟို ဆောင်ယူခြင်းမှာ ငါလို့ ပညတ်တော်နဲ့ ဆန့်ကျင်နေအယ်” ဟု ဆိုအယ်။
10 E os judeus diziam ao homem curado: E sábado, não te é permitido carregar o teu leito.
11 အဲလိုလဲ သူဟ “ငါ့အား ကျန်းမာစေသူဟ ‘နင့်အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့’ လို့ ခိုင်းပါအယ်” ဟု ပြန်ပြောအယ်။
11 Respondeu-lhes ele: Aquele que me curou disse: Toma o teu leito e anda.
12 အဲလိုမို့ သူလို့ဟ “နင့်အား အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့ဟု ဆိုသူဟ စသူလဲ” ဟု သူ့အား မေးကြအယ်။
12 Perguntaram-lhe eles: Quem é o homem que te disse: Toma o teu leito e anda?
13 အဲလိုလဲ ကျန်းမာလာသောသူသည် ယေရှုဟ စသူဖြစ်တယ်ဆိုတာဟို မသိ၊ အကျောန်းမှာ အဲအရပ်နှိုက် လူအများဆိယွေ့ ယေရှုဟ မထင်မဆှား ထွက်သွားအယ်။
13 O que havia sido curado, porém, não sabia quem era, porque Jesus se havia retirado da multidão que estava naquele lugar.
14 အဲပင်းရင် ယေရှုဟ အေးသူဟို ဗိမာန်တော်ထဲတွင် တွေ့ဆိသဖြင့် “နားထောင်လော့၊ နင်ဟ အခု ကျန်းမာလာလေပီ၊ နောက်ထပ် အပစ်မလုပ်နဲ့ အဲဟာမဟုတ်ရင် နင်ဟ ဟေထက် ဆိုးရွားသောအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်” ဟု မိန့်လေအယ်။
14 Mais tarde, Jesus o achou no templo e lhe disse: Eis que ficaste são; já não peques, para não te acontecer coisa pior.
15 အဲပင်းရင် သူဟ ထွက်သွားယွေ့ မိမိအား ကျန်းမာစေသောသူမှာ ယေရှုဖြစ်ကျောန်း ယုဒအာဏာပိုင်လို့အား ပြောလေအယ်။
15 Aquele homem foi então contar aos judeus que fora Jesus quem o havia curado.
16 အေးလိုမို့ ဟေအမှုအရာဟို ဥပုသ်နေ့နှိုက် ပြုသောကျောန့် ယုဒအာဏာပိုင်လို့ဟ ယေရှုအား ညှဉ်းဆဲကြအယ်။
16 Por esse motivo, os judeus perseguiam Jesus, porque fazia esses milagres no dia de sábado.
17 ယေရှုဟလည်း “ငါ့ခမည်းတော်ဟ အခုတိုင်အောန် အလုပ်လုပ်တာ ဖြစ်ယွေ့ ငါလည်း အလုပ်လုပ်အယ်” ဟု သူလို့အား ပြန်ပြောလေအယ်။
17 Mas ele lhes disse: Meu Pai continua agindo até agora, e eu ajo também.
18 အဲအကျောန်းကျောန့် ယုဒအာဏာပိုင်လို့ဟ ကိုယ်တော်ဟို သတ်ရန် ပိုယွေ့ ကြိုးစားဆှာကြအယ်၊ ဥပုသ်နေ့ဟို ဖောက်ဖျက်ရုံမက ဘုရားသခင်ဟို မိမိရဲ့ အဖဟုခေါ်လျက် မိမိတတ်တိုင်း ဘုရားနဲ့ တန်းတူထားသောကျောန့် ဖြစ်အယ်။
18 Por esta razão os judeus, com maior ardor, procuravam tirar-lhe a vida, porque não somente violava o repouso do sábado, mas afirmava ainda que Deus era seu Pai e se fazia igual a Deus.
19 ယေရှုဟ ယုဒအာဏာပိုင်လို့အား “နင်လို့အား ငါ အမန်ဆိုအယ်၊ ခမည်းတော်ပြုလဲ့ အမှုအရာများဟို မျော်ယွေ့ ပြုခြင်းမှတပါး အခြားစလိုအရာဟိုမျှ မိမိတတ်တိုင်း မပြုနိန်၊ ပစာကို့ ခမည်းတော်ပြုသမျှအတိုင်း သားတော်လည်း ပြုအယ်။
19 Jesus tomou a palavra e disse-lhes: Em verdade, em verdade vos digo: o Filho de si mesmo não pode fazer coisa alguma; ele só faz o que vê fazer o Pai; e tudo o que o Pai faz, o faz também semelhantemente o Filho.
20 ခမည်းတော်ဟ သားတော်ဟို ချစ်သဖြင့် မိမိပြုသမျှသောအမှုအရာများဟို သားတော်အား ပြသအယ်။ ဟေအမှုအရာများထက်ပင် ကြီးစွာသောအမှုအရာများဟို ပြုရန် ခမည်းတော်ဟ သားတော်အား ပြသပေးမယ် ဖြစ်ယွေ့ နင်လို့ဟ အံ့ဩကြလိမ့်မယ်။
20 Pois o Pai ama o Filho e mostra-lhe tudo o que faz; e maiores obras do que esta lhe mostrará, para que fiqueis admirados.
21 ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆိသူလို့ဟို အသက်ဆှင်စေအယ်။
21 Com efeito, como o Pai ressuscita os mortos e lhes dá vida, assim também o Filho dá vida a quem ele quer.
22 ခမည်းတော်ဟ စသူဟိုမျှ တရားစီရင်တော်မမူ။ သားတော်အား တရားစီရင် ပိုင်ခွင့်ဆိသမျှဟို ပေးအပ်ထားအယ်၊
22 Assim também o Pai não julga ninguém, mas entregou todo o julgamento ao Filho.
23 အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။
23 Desse modo, todos honrarão o Filho, bem como honram o Pai. Aquele que não honra o Filho, não honra o Pai, que o enviou.
24 “နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။
24 Em verdade, em verdade vos digo: quem ouve a minha palavra e crê naquele que me enviou tem a vida eterna e não incorre na condenação, mas passou da morte para a vida.
25 နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။
25 Em verdade, em verdade vos digo: vem a hora, e já está aí, em que os mortos ouvirão a voz do Filho de Deus; e os que a ouvirem viverão.
26 အကျောန်းမှာ ခမည်းတော်ဟ မိမိနှိုက် အသက်ဆှင်လဲ့တိုင်းတိုင်း သားတော်ဟိုလည်း မိမိနှိုက် အသက်ဆှင်စေခြင်းငှာ အခွင့်ပေးအယ်။
26 Pois como o Pai tem a vida em si mesmo, assim também deu ao Filho o ter a vida em si mesmo,
27 သားတော်ဟ လူသားဖြစ်သောကျောန့် ခမည်းတော်ဟ တရားစီရင်ခြင်း အခွင့်ဟိုလည်း သားတော်အား ပေးပီ။
27 e lhe conferiu o poder de julgar, porque é o Filho do Homem.
28 ဟေအမှုအရာဟို နင်လို့ မအံ့သြကြနဲ့၊ လုတ်တိုင်းမှ လူသေလို့ဟ သားတော်ရဲ့ အသံတော်ဟို ကြားယွေ့၊
28 Não vos maravilheis disso, porque vem a hora em que todos os que se acham nos sepulcros sairão deles ao som de sua voz:
29 ထွက်လာကြမဲ့အချိန် ကျရောက်လိမ့်မယ်။ အကျင့်ကောင်းဟို ပြုခဲ့သူလို့ဟ ထမြောက်ယွေ့ အသက်ဆှင်လိမ့်မယ်၊ ဆိုးညစ်သောအမှုဟို ပြုကျင့်သောသူလို့ဟလည်း ထမြောက်ယွေ့ အပစ်စီရင်ခြင်းဟို ခံရလိမ့်မယ်။
29 os que praticaram o bem irão para a ressurreição da vida, e aqueles que praticaram o mal ressuscitarão para serem condenados.
30 “ငါဟ မိမိအလိုအလျောက် စလိုအရာဟိုမှ မပြုနိန်၊ ငါဟ ကြားရလဲ့အတိုင်းသာ တရားစီရင်ယွေ့ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်ဟို လိုက်နာသောကျောန့် ငါရဲ့ စီရင် ဆုံးဖြတ်ချက်ဟ မန်ကန်အယ်။
30 De mim mesmo não posso fazer coisa alguma. Julgo como ouço; e o meu julgamento é justo, porque não busco a minha vontade, mas a vontade daquele que me enviou.
31 “ငါဟ မိမိရဲ့အကျောန်းဟို သက်သေခံရင် ငါရဲ့ သက်သေခံချက်ဟ မန်ကန်မှု မဆိ။
31 Se eu der testemunho de mim mesmo, não é digno de fé o meu testemunho.
32 အဲလိုလဲ ငါ့အကျောန်းဟို သက်သေခံသောသူ တပါးဆိအယ်၊ သူဟ ငါ့အကျောန်း သက်သေခံချက်ဟ မန်အယ်ဆိုတာ ငါသိအယ်။
32 Há outro que dá testemunho de mim, e sei que é digno de fé o testemunho que dá de mim.
33 နင်လို့ဟ ယောဟန်ဆေဟို နင်လို့ရဲ့ သတင်းသယ်ဆောင်သူများ စေလွှတ်ခဲ့ကြအယ်၊ သူဟ သမ္မာတရားဘက်နှိုက် သက်သေခံအယ်။
33 Vós enviastes mensageiros a João, e ele deu testemunho da verdade.
34 အဲကျောန့် လူရဲ့ သက်သေခံချက်ဟို ငါ ခံယူတာ မဟုတ်၊ အဲလိုလဲ နင်လို့ ကယ်တင်ခြင်း ခံရစေရန် ဟေစကားဟို ငါပြောအယ်။
34 Não invoco, porém, o testemunho de homem algum. Digo-vos essas coisas, a fim de que sejais salvos.
35 ယောဟန်ဟ တောက်လောင်ယွေ့ ထွန်းလင်းသော မီးဖူးလိုမျိုး ဖြစ်အယ်၊ နင်လို့ဟ သူရဲ့ အလင်းနှိုက် ခဏသာပျော်မွေ့ လိုကြအယ်။
35 João era uma lâmpada que arde e ilumina; vós, porém, só por uma hora quisestes alegrar-vos com a sua luz.
36 အဲလိုလဲ ယောဟန်ရဲ့ သက်သေခံချက်ထက် ကြီးမြတ်လဲ့ သက်သေခံချက် ငါ့မှာ ဆိအယ်၊ ခမည်းတော် ငါ့အား ပေးအပ်သဖြင့် ခုတုံး ငါ ပီးမြောက်အောန် လုပ်ဆောင်ဖို့ ဆိလဲ့အရာများဟ ငါ့ဟို ခမည်းတော်စေလွှတ်ကျောန်း သက်သေခံကြအယ်။
36 Mas tenho maior testemunho do que o de João, porque as obras que meu Pai me deu para executar - essas mesmas obras que faço - testemunham a meu respeito que o Pai me enviou.
37 ငါ့ဟို စေလွှတ်သော ခမည်းတော်တတ်တိုင်းဟလည်း ငါ့အကျောန်းဟို သက်သေခံအယ်။ နင်လို့ဟ ခမည်းတော်ရဲ့အသံဟို ပစာအခါမျှ မကြားဝူးကြ အဲဟာမဟုတ်ရင် ပုံသဏ္ဌာန်တော်ဟိုလည်း မမျော်ဝူးကြ၊
37 E o Pai que me enviou, ele mesmo deu testemunho de mim. Vós nunca ouvistes a sua voz nem vistes a sua face...
38 ခမည်းတော် စေလွှတ်သောသူဟို မယုံကြည်ကြလဲ့အတွက် နှုတ်ကပတ်တော်ဟ နင်လို့ရဲ့ စိတ်နေလုံးတွင် မကိန်းအောင်း။
38 e não tendes a sua palavra permanente em vós, pois não credes naquele que ele enviou.
39 ကျမ်းစာဟို ဆာဖွေယွေ့ ထာဝရအသက်ဟို တွေ့ဆိလိမ့်မယ်ဟု နင်လို့ ထင်မှတ်ကြသောကျောန့် ကျမ်းစာဟို လေ့လာကြအယ်။ အေးကျမ်းစာပင် ငါ့အကျောန်းဟို သက်သေခံအယ်၊
39 Vós perscrutais as Escrituras, julgando encontrar nelas a vida eterna. Pois bem! São elas mesmas que dão testemunho de mim.
40 အဲလိုလဲ နင်လို့ဟ အသက်ဟို ရဆိရန် ငါ့ဆေဟို လာခြင်းငှာ အလိုမဆိ။
40 E vós não quereis vir a mim para que tenhais a vida...
41 “ငါဟ လူလို့ဆေမှရသော ဘုန်းအသရေဟို မခံမယူ၊
41 Não espero a minha glória dos homens,
42 အဲလိုလဲ နင်လို့အကျောန်းဟို ငါ သိအယ်။ နင်လို့စိတ်နေလုံးတွင် ဘုရားသခင်ဟို ချစ်ခြင်း မဆိကြ။
42 mas sei que não tendes em vós o amor de Deus.
43 ငါဟ ခမည်းတော်ရဲ့ အခွင့်အာဏာနဲ့ ရောက်ဆိလာသော်လည်း နင်လို့ဟ ငါ့ဟို လက်မခံကြ၊ အခြားသူတဦးတယောက်ဟ ကိုယ်ပိုင်အခွင့်အာဏာနဲ့ ရောက်ဆိလာပါမူ နင်လို့ လက်ခံကြလိမ့်မယ်။
43 Vim em nome de meu Pai, mas não me recebeis. Se vier outro em seu próprio nome, haveis de recebê-lo...
44 နင်လို့ဟ အခြားသူတယောက်ရဲ့ ဘုန်းအသရေဟို လက်ခံလိုကြအယ်၊ အဲလိုလဲ တဆူတည်းဆိသော ဘုရားသခင်ရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းဟို ခံရရန် မကြိုးစားကြ၊ အဲလိုမို့ နင်လို့ဟ ငါ့ဟို စလို ယုံကြည်နိန်ကြမှာတုန်း။
44 Como podeis crer, vós que recebeis a glória uns dos outros, e não buscais a glória que é só de Deus?
45 ငါဟ နင်လို့အား ခမည်းတော်ရဲ့ ဆေ့တော်နှိုက် အပစ်တင်စွပ်စွဲလိမ့်မယ်ဟု မထင်ကြနဲ့။ နင်လို့အား အပစ်တင်မဲ့သူဟ နင်လို့ ကိုးစားသော မောရှေပင် ဖြစ်အယ်။
45 Não julgueis que vos hei de acusar diante do Pai; há quem vos acusa: Moisés, no qual colocais a vossa esperança.
46 မောရှေဟ ငါအကျောန်းဟို ရေးထားတာဖြစ်ယွေ့ နင်လို့ဟ မောရှေဟို ယုံကြည်ခဲ့ရင် ငါ့ဟိုလည်း ယုံကြည်ကြလိမ့်မယ်။
46 Pois se crêsseis em Moisés, certamente creríeis em mim, porque ele escreveu a meu respeito.
47 အဲလိုလဲ နင်လို့ဟ မောရှေ ရေးသားဖော်ပြချက်များဟို မယုံကြည်ကြသဖြင့် စလို ငါ့စကားဟို ယုံနိန်ကြမှာတုန်း” ဟု မိန့်လေအယ်။
47 Mas, se não acreditais nos seus escritos, como acreditareis nas minhas palavras?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.