Hebreus 7

dnv (DNV) vs VC

Sair da comparação
VC Versão Católica
1 ဟေမေလခိဇေဒက်ဟ ဆှာလင်မင်း ဖြစ်ပင်း အမြင့်ဆုံးသော ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ သူဟ ဘုရင်လေးပါးဟို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံဟို ကြိုဆိုလျက် ကောင်းချီးပေးလေအယ်၊
1 Este Melquisedec, rei de Salém, sacerdote do Deus Altíssimo, que saiu ao encontro de Abraão quando este regressava da derrota dos reis e o abençoou,
2 အာဗြဟံဟလည်း လက်ရဥစ္စာဆိသမျှဟို ဆယ်ဖို့တဖို့ဟို သူ့အား ပေးလှူအယ်။ မေလခိဇေဒက် ပထမနာမယ်ရဲ့ အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်းရဲ့ ဘုရင်” ဟု ဖြစ်ပင်း၊ အဲပင်းရင် “ငြိမ်သက်ခြင်းရဲ့ ဘုရင်” တည်းဟူသော ဆှာလင် ဘုရင် ဟုလည်း ဖြစ်အယ်။
2 ao qual Abraão ofereceu o dízimo de todos os seus despojos, é, conforme seu nome indica, primeiramente "rei de justiça" e, depois, rei de Salém, isto é, "rei de paz".
3 သူနှိုက် အဖ မဆိ၊ အမေ့ မဆိ၊ မျိုးရိုးစဉ်ဆက် မဆိ၊ အသက်တာရဲ့ အစလည်း မဆိ၊ အဆုံးလည်း မဆိ။ သူဟ ဘုရားသခင်ရဲ့ သားတော်လိုဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ် တည်နေအယ်။
3 Sem pai, sem mãe, sem genealogia, a sua vida não tem começo nem fim; comparável sob todos os pontos ao Filho de Deus, permanece sacerdote para sempre.
4 ငါလို့ လူမျိုးလို့ရဲ့ ထင်ဆှားသော ဖိုးဖေး အာဗြဟံဟ စစ်ပွဲမှ မိမိသိမ်းယူရဆိခဲ့လဲ့ ဥစ္စာပစ္စည်းများရဲ့ ဆယ်ဖို့တဖို့ဟို မေလခိဇေဒက်အား ပေးလှူခဲ့တာဖြစ်ရာ ဟေလို ပေးလှူခြင်း ခံရသူဟ စလောက် ကြီးမြတ်မယ်ဟို ဆင်ခြင်ကြလော့။
4 Considerai, pois, quão grande é aquele a quem até o patriarca Abraão deu o dízimo dos seus mais ricos espólios.
5 အဲလူလို့မှာ အာဗြဟံမှ ဆင်းသက်လာလဲ့ မိမိလို့ ညီအကိုများ ဖြစ်ကြသော်လည်း လေဝိအမျိုးသားထဲမှ ယဇ်ပုရောဟိတ် ဖြစ်လာသောသူလို့ဟ ပညတ်တရားအရ လူလို့ဆေမှ ဆယ်ဖို့တဖို့ ကောက်ခံရမယ် ဟူသော ပညတ်ချက်ဟို ရဆိထားကြအယ်။
5 Os filhos de Levi, revestidos do sacerdócio, na qualidade de filhos de Abraão, têm por missão receber o dízimo legal do povo, isto é, de seus irmãos.
6 မေလခိဇေဒက်ဟ လေဝိအမျိုး မဟုတ်သော်လည်း အာဗြဟံဆေမှ ဆယ်ဖို့တဖို့အလှူဟို ခံယူလျက် ဘုရားသခင်ရဲ့ ကတိတော်များ ရဆိထားသူ အာဗြဟံဟို ကောင်းချီးပေးခဲ့အယ်။
6 Naquele caso, porém, foi um estrangeiro que recebeu os dízimos de Abraão e abençoou o detentor das promessas.
7 ကြီးသောသူဟ ငယ်သောသူအား ကောင်းချီးပေးတတ်တာဟို ငြင်းဆိုဖွယ် မဆိ။
7 Ora, é indiscutível: é o inferior que recebe a. bênção do que é superior.
8 အဲအရာနှိုက်လည်း ယဇ်ပုရောဟိတ်များအနေဖြင့် ဆယ်ဖို့တဖို့ အလှူဟို ခံယူခြင်းဟ သေမျိုးဖြစ်သော လူသားလို့ဟ ခံယူကြခြင်း ဖြစ်အယ်၊ အားပေမဲ့ မေလခိဇေဒက်မူ ကျမ်းစာတော်တွင် ဖော်ပြတာနဲ့အညီ အသက်ဆှင်သူအနေဖြင့် ဆယ်ဖို့တဖို့အလှူဟို ခံယူခြင်း ဖြစ်အယ်။
8 De mais, aqui, os levitas que recebem os dízimos são homens mortais; lá, porém, se trata de alguém do qual é atestado que vive.
9 အဲကျောန့် ဆယ်ဖို့တဖို့ဟို ခံယူသူ လေဝိဟ အာဗြဟံမှ တဆင့် မေလခိဇေဒက်အား ဆယ်ဖို့တဖို့ ပေးလှူတာဟု ဆိုနိန်အယ်။
9 Por fim, por assim dizer, também Levi, que recebe os dízimos, pagou-os na pessoa de Abraão,
10 အကျောန်းမှာ အာဗြဟံဟ မေလခိဇေဒက်နဲ့ တွေ့ဆုံစဉ်အခါဟ လေဝိဟ မမွေးဖွားသေးဘဲ အာဗြဟံရဲ့ ကိုယ်နှိုက် ဆိနေတာဟု ဆိုနိန်သောကျောန့် ဖြစ်အယ်။
10 pois ele já estava em germe no íntimo deste, quando aconteceu o encontro com Melquisedec.
11 ဣသရေလအမျိုးသားလို့ရဲ့ ပညတ်တရားဟို ပေးအပ်ရာနှိုက် လေဝိအမျိုးနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ်များဟို အခြေခံယွေ့ ပေးအပ်ခြင်း ဖြစ်အယ်၊ အဲလိုမို့ လေဝိအမျိုး ယဇ်ပုရောဟိတ်လို့ဟ ပီးပြေ့စုံလင်အောန် ဆောင်ရွက်နိန်ရင် အာရုန်ရဲ့ အရိုက်အရာအစား မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူ အခြား ယဇ်ပုရောဟိတ်တပါး ပေါ်ထွန်းလာရန် မလိုပေ။
11 Se a perfeição tivesse sido realizada pelo sacerdócio levítico {porque é sobre este que se funda a legislação dada ao povo}, que necessidade havia ainda de que surgisse outro sacerdote segundo a ordem de Melquisedec, e não segundo a ordem de Aarão?
12 ယဇ်ပုရောဟိတ် အရိုက်အရာနှိုက် ပြောင်းလဲခြင်း ဆိရင် ပညတ်တရားနှိုက်လည်း ပြောင်းလဲခြင်း ဆိရန် လိုအပ်အယ်။
12 Pois, transferido o sacerdócio, forçoso é que se faça também a mudança da lei.
13 ဟေအကျောန်းအရာများဟ ဖော်ပြနေလဲ့ ငါလို့ရဲ့ သခင်ဘုရားဟ လေဝိအမျိုး မဟုတ်၊ အခြားတပါးသော အမျိုးအနွယ်မှ ဆင်းသက်သောသူ ဖြစ်အယ်၊ အဲအမျိုးအနွယ်ဝင် တယောက်မျှ ယဇ်ပုရောဟိတ်အဖြစ် မဆောင်ရွက်ခဲ့။
13 De fato, aquele ao qual se aplicam estas palavras é de outra tribo, da qual ninguém foi encarregado do serviço do altar.
14 ငါလို့ရဲ့ သခင်ဟ ယုဒအမျိုးထဲမှ ပေါ်ထွန်းကျောန်း သိသာထင်ဆှားအယ်၊ မောရှေဟ အဲယုဒအမျိုးနဲ့ ပတ်သက်ယွေ့ ယဇ်ပုရောဟိတ်နဲ့ စပ်ဆိုင်လဲ့အရာ တစုံတခုဟိုမျှ မပြောဆိုခဲ့ပေ။
14 E é notório que nosso Senhor nasceu da tribo de Judá, tribo à qual Moisés nada encarregou ao falar do sacerdócio.
15 မေလခိဇေဒက်လိုမျိုး အခြား ယဇ်ပုရောဟိတ်တပါး ပေါ်ထွန်းတာဆိုရင် ဟေအကျောန်းအရာဟ ပိုယွေ့ သိသာ ထင်ဆှားအယ်။
15 Isto se torna ainda mais evidente se se tem em conta que este outro sacerdote, que surge à semelhança de Melquisedec,
16 အဲသူဟ ယဇ်ပုရောဟိတ် အရိုက်အရာဟို လူသားလို့ ချမှတ်ထားလဲ့ ပညတ်များအရ ခံယူရဆိထားတာ မဟုတ်၊ ပစာအခါနှိုက်မျှ မကုန်ဆုံးနိန်လဲ့ အသက်ရဲ့ တန်ခိုးတော်အားဖြင့် ခံယူရဆိထားခြင်း ဖြစ်အယ်။
16 foi constituído não por prescrição de uma lei humana, mas pela sua imortalidade.
17 အကျောန်းမှာ “နင်ဟ မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူနဲ့တူသော ထာဝရ ယဇ်ပုရောဟိတ် ဖြစ်အယ်” ဟု သက်သေခံထားအယ်။
17 Porque está escrito: Tu és sacerdote eternamente, segundo a ordem de Melquisedec.
18 ပညတ်ဟောင်းဟ အားနည်းယွေ့ အကျိုးဟို မပေးနိန်သောကျောန့် ပယ်ဆှားခြင်းဟို ခံရအယ်။
18 Com isso, está abolida a antiga legislação, por causa de sua ineficácia e inutilidade.
19 မောရှေရဲ့ ပညတ်တရားဟ ပစာအရာဟိုမျှ ပြေ့စုံအောန် မပြုနိန်။ အခုအခါနှိုက် ငါလို့ဟ အဲပညတ်တရားထက် ပိုမိုကောင်းမြတ်လဲ့ မျော်လင့်ချက်ဟို ရဆိကြပီဖြစ်ရာ အဲမျော်လင့်ချက်အားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်ကြအယ်။
19 Pois a lei nada levou à perfeição. Apenas foi portadora de uma esperança melhor que nos leva a Deus.
20 အဲမျှမက ဟေအမှုအရာဟ ကတိသစ္စာပြုခြင်း မပါဘဲ ဖြစ်လာတာ မဟုတ်။ အကျောန်းမှာ အခြားသော ယဇ်ပုရောဟိတ်လို့ဟ ကတိသစ္စာပြုခြင်း မပါဘဲ ယဇ်ပုရောဟိတ်များ ဖြစ်လာကြအယ်။
20 E isso não foi feito sem juramento. Os outros sacerdotes foram instituídos sem juramento.
21 အားပေမဲ့ ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားသောအခါနှိုက်
21 Para ele, ao contrário, interveio o juramento daquele que disse: Jurou o Senhor e não se arrependerá: tu és sacerdote eternamente.
22 ဟေလိုဖြင့် ယေရှုဟ သာယွေ့ မြတ်သော ပဋိညာဉ်တရားရဲ့ အာမခံ ဖြစ်အယ်။
22 E esta aliança da qual Jesus é o Senhor, é-lhe muito superior.
23 အခြားသော ယဇ်ပုရောဟိတ်လို့ဟ သေခြင်းတရားကျောန့် တာဝန်ဟို ဆက်လက်ယွေ့ မထမ်းဆောင်နိန်ကြသဖြင့် ရမ်းဆာ့သောသူလို့ဟ ယဇ်ပုရောဟိတ် ဖြစ်လာကြအယ်။
23 Além disso, os primeiros sacerdotes deviam suceder-se em grande número, porquanto a morte não permitia que permanecessem sempre.
24 ယေရှုဟ ထာဝရ အသက်ဆှင်တာ ဖြစ်ယွေ့ မပြောင်းလဲသော ယဇ်ပုရောဟိတ် အရိုက်အရာဟို ရဆိအယ်။
24 Este, porque vive para sempre, possui um sacerdócio eterno.
25 အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။
25 É por isso que lhe é possível levar a termo a salvação daqueles que por ele vão a Deus, porque vive sempre para interceder em seu favor.
26 အဲလိုမို့ ယေရှုဟ ငါလို့နဲ့ သင့်လျော်သော ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ ကိုယ်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ အပစ်ကင်းလွတ်အယ်၊ အပစ်သားလို့နဲ့ ခွဲခြားထားခြင်း ခံရကာ ခေါန်းခင်သားအပေါင်းလို့ထက် ချီးမြှောက်ခြင်းဟို ခံအယ်။
26 Tal é, com efeito, o Pontífice que nos convinha: santo, inocente, imaculado, separado dos pecadores e elevado além dos céus,
27 ယဇ်ပုရောဟိတ်မင်းလို့ဟ နေ့စဉ် ဦးရင် မိမိလို့ အပစ်များအတွက် လည်းကောင်း၊ အဲပင်းရင် လူလို့ရဲ့ အပစ်များအတွက် လည်းကောင်း၊ ယဇ်ပူဇော်ကြရအယ်။ ကိုယ်တော်ဟ ဟေလိုပြုရန် မလို၊ အကျောန်းမှာ ကိုယ်တော်ဟ မိမိကိုယ်ဟို တကြိမ်တည်း ယဇ်ပူဇော်ယွေ့ အဲအမှုဟို ပီးစီးစေပီ။
27 que não tem necessidade, como os outros sumos sacerdotes, de oferecer todos os dias sacrifícios, primeiro pelos pecados próprios, depois pelos do povo; pois isto o fez de uma só vez para sempre, oferecendo-se a si mesmo.
28 မောရှေရဲ့ ပညတ်တရားဟ အားနည်းယွေ့ မစုံလင်သော လူသားလို့ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားအယ်၊ အားပေမဲ့ ပညတ်တရား ပေါ်ပေါက်ပင်းလဲ့ နောက်ပိုင်း ထာဝရ ကာလပတ်လုံး စုံလင်သော သားတော်ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုချက်ဖြင့် ခန့်ထားအယ်။
28 Enquanto a lei elevava ao sacerdócio homens sujeitos às fraquezas, o juramento, que sucedeu à lei, constitui o Filho, que é eternamente perfeito.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.