2 Coríntios 11

dnv (DNV) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ငါရဲ့ ကတစ်သော မိုက်မဲမှုဟို နင်လို့ သည်းခံကြလိမ့်မယ်ဟု မျော်လင့်အယ်။ ကျေးဇူးပြုပင်း ငါ့ဟို သည်းခံကြလော့။
1 Espero que vocês suportem um pouco da minha insensatez. Sim, por favor, sejam pacientes comigo.
2 ဘုရားသခင်ဟ နင်လို့ဟို သဝန်တိုစိတ်ဆိသလို ငါဟ နင်လို့ဟို သဝန်တိုစိတ် ဆိအယ်၊ နင်လို့ဟ ခရစ်တော် တဦးတည်းနဲ့ စုံဖက်ထိမ်းမြားရန် ငါကတိပြုထားလဲ့ အပျိုစင်နဲ့ တူကြအယ်။
2 O zelo que tenho por vocês é um zelo que vem de Deus. Eu os prometi a um único marido, Cristo, querendo apresentá-los a ele como uma virgem pura.
3 အားပေမဲ့ မြွေဟ မိမိရဲ့ ပရိယာယ်အားဖြင့် ဧဝဟို လှည့်ဖြားသလို အကျောန်းတစုံတခုကျောန့် နင်လို့ရဲ့ စိတ်နေလုံးဟ ခရစ်တော်အပေါ်နှိုက် ထားဆိလဲ့ ရိုးသားဖြူစင်ခြင်းမှ သွေဖယ်သွားမယ်ဟို ငါ စိုးရိမ်အယ်။
3 O que receio, e quero evitar, é que assim como a serpente enganou Eva com astúcia, a mente de vocês seja corrompida e se desvie da sua sincera e pura devoção a Cristo.
4 အကျောန်းမှာ တစုံတယောက်သောသူဟ လာယွေ့ ငါလို့ မဟောပြောခဲ့လဲ့ အခြားသော ယေရှုအကျောန်းဟို ဟောပြောရင် ဖြစ်စေ အဲဟာမဟုတ်ရင် နင်လို့ မရဆိဝူးသော အခြားသော ဝိညာဉ်ဟို နင်လို့ ရဆိရင် ဖြစ်စေ အဲဟာမဟုတ်ရင် နင်လို့ မခံယူခဲ့သော သတင်းကောင်းဟို နင်လို့ ခံယူရင်ဖြစ်စေ နင်လို့ဟ လွယ်လွယ်နဲ့ လက်ခံနေကြအယ်။
4 Pois, se alguém lhes vem pregando um Jesus que não é aquele que pregamos, ou se vocês acolhem um espírito diferente do que acolheram ou um evangelho diferente do que aceitaram, vocês o suportam facilmente.
5 ငါဟ နင်လို့ရဲ့ ကြီးမြတ်လဲ့ တမန်တော်များထက် ကတစ်မျှ မနိမ့်ဟု ငါမထင်မန့်။
5 Todavia, não me julgo nem um pouco inferior a esses "super-apóstolos".
6 ငါဟ အဟောပြော ညံ့ပေမဲ့ အသိပညာ မညံ့၊ ငါလို့ဟ ဟေအရာအား အချိန်တိုင်းနဲ့ အခြေနေအရပ်ရပ်တွင် နင့်အား ဆှင်းလင်းတင်ပြထားပါအယ်။
6 Eu posso não ser um orador eloqüente; contudo tenho conhecimento. De fato, já manifestamos isso a vocês em todo tipo de situação.
7 နင်လို့ ချီးမြှောက်ခြင်း ခံရဖို့ရန် ငါဟ မိမိတတ်တိုင်း နှိမ့်ချလျက် ဘုရားသခင်ရဲ့ သတင်းကောင်းဟို နင်လို့အား အခမဲ့ ဟောပြောခြင်းဖြင့် အပစ်ကျူးလွန်ခဲ့သလော။
7 Será que cometi algum pecado ao humilhar-me a fim de elevá-los, pregando-lhes gratuitamente o evangelho de Deus?
8 ငါဟ နင်လို့ဆေတွင် အမှုတော်ဆောင်စဉ် ပေးသောစရိတ်ဟို အခြားအသင်းတော်များမှ ပေးဆောင်ခဲ့အယ်။ ငါလို့ဟ နင်လို့ဟို ကူညီထောက်ပံ့နိန်ရန် အဲအသင်းတော်များဟို လုယူရသလို ဖြစ်အယ်။
8 Despojei outras igrejas, recebendo delas sustento, a fim de servi-los.
9 မာကေဒေါနိပြေမှ လာသော ယုံကြည်သူလို့ဟ ငါလိုအပ်လဲ့အရာဟို ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ယွေ့ ငါဟ နင်လို့နဲ့အတူဆိစဉ် လိုအပ်ချက်ဆိလဲ့အခါ စသူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့၊ ငါဟ နင်လို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် မိမိတတ်တိုင်း အရာရာနှိုက် စောင့်စည်းခဲ့လဲ့နည်းတူ နောင်နှိုက်လည်း စောင့်စည်းမယ်ဖြစ်အယ်။
9 Quando estive entre vocês e passei por alguma necessidade, não fui um peso para ninguém; pois os irmãos, quando vieram da Macedônia, supriram aquilo de que eu necessitava. Fiz tudo para não ser pesado a vocês, e continuarei a agir assim.
10 ခရစ်တော်ရဲ့ သမ္မာတရားဟ ငါနှိုက် ဆိတာနဲ့အညီ ငါနှိုက်ဆိလဲ့ ဟေဝါကြွားခြင်းဟို အခါယပြေ တဆှောက်နှိုက် စသူမျှ ပိတ်ပင်ယွေ့ ရမယ်မဟုတ်။
10 Tão certo como a verdade de Cristo está em mim, ninguém na região da Acaia poderá privar-me deste orgulho.
11 ပစာကျောန့် ငါဟ နင်လို့ဟို မချစ်သောကျောန့်လော။ ငါ ချစ်ကျောန်းဟို ဘုရားသခင် သိအယ်။
11 Por quê? Por que não os amo? Deus sabe que os amo!
12 အခြားသော တမန်တော်များဟို ဝါကြွားယွေ့ ငါလို့ လုပ်လဲ့အတိုင်း လုပ်တာဟု အကျောန်းပြချက် မဆိစေခြင်းငှာ၊ အခု ငါလုပ်နေသောအရာဟို ငါဆက်ယွေ့ လုပ်မယ်။
12 E continuarei fazendo o que faço, a fim de não dar oportunidade àqueles que desejam encontrar ocasião de serem considerados iguais a nós nas coisas de que se orgulham.
13 အကျောန်းမှာ အဲသူလို့ဟ ခရစ်တော်ရဲ့ တမန်တော်များအဖြစ် အယောင်ဆောင်နေကြလဲ့ တမန်တော် အတုယောင်များ၊ လှည့်စားတတ်သော လုပ်သားများ ဖြစ်ကြအယ်။
13 Pois tais homens são falsos apóstolos, obreiros enganosos, fingindo-se apóstolos de Cristo.
14 ဟေသို့ ပြုကြတာဟ အံ့ဩစရာ မဆိဝူး။ စာတန်ပင် အလင်းရဲ့ ခေါန်းခင်တမန်အဖြစ် အယောင်ဆောင်တတ်အယ်။
14 Isto não é de admirar, pois o próprio Satanás se disfarça de anjo de luz.
15 အဲလိုမို့ စာတန်ရဲ့ အစေခံများဟ ဖြောင့်မတ်ခြင်းရဲ့ အစေခံများလို အယောင်ဆောင်ကြရင် အံ့ဩစရာ မဟုတ်။ အဲသူလို့ရဲ့ နိဂုံးဟ သူလို့ပြုသောအမှုများအတိုင်း ဖြစ်လိမ့်မယ်။
15 Portanto, não é surpresa que os seus servos finjam que são servos da justiça. O fim deles será o que as suas ações merecem.
16 တဖန် ငါဆိုတာဟ ငါ့ဟို သူရူးဖြစ်အယ်ဟု စသူမျှ မထင်မှတ်စေနဲ့။ အားပေမဲ့ နင်လို့ဟ အဲသို့ ထင်မှတ်ခဲ့ရင် ငါနှိုက် ဝါကြွားစရာအခွင့် ကတစ်မျှဆိစေရန် ငါ့ဟို သူရူးအဖြစ်ပင် လက်ခံကြလော့။
16 Faço questão de repetir: ninguém me considere insensato. Mas se vocês assim me consideram, recebam-me como receberiam um insensato, a fim de que eu me orgulhe um pouco.
17 ငါဟ ဟေသို့ မိမိတတ်တိုင်း စိတ်ချယုံကြည်စွာ ဝါကြွားခြင်းဟ သခင်ဘုရား အလိုတော်အတိုင်း ပြောနေတာ မဟုတ်ဘဲ၊ သူရူးတယောက်အနေနဲ့ ပြောတာပါ။
17 Ao ostentar este orgulho, não estou falando segundo o Senhor, mas como insensato.
18 အားပေမဲ့ လူ့အကျောန်းပြချက် သက်သက်အတွက် ဝါကြွားသူတွေ အများကြီးဆိတာကျောန့် ငါလည်း အေးလိုဘဲ လုပ်မယ်။
18 Visto que muitos estão se vangloriando de modo bem humano, eu também me orgulharei.
19 နင်လို့ဟ ရမ်းဆာ့ ပညာဆိသောသူများ ဖြစ်ယွေ့ သူရူးလို့ဟို ဝမ်းမြောက်စွာ သည်းခံတတ်အယ်။
19 Vocês, por serem tão sábios, suportam de boa vontade os insensatos!
20 တစုံတယောက်ဟ နင့်ဟို ကျွန်ပြုတာ ဖြစ်စေ၊ အခွင့်ကောင်းယူခြင်း၊ လုယူတာ ဖြစ်စေ၊ အထင်မြင်သေးတာ ဖြစ်စေ အဲဟာမဟုတ်ရင် ပါးဟို ရိုက်တာ ဖြစ်စေ နင်လို့ဟ သည်းခံကြအယ်။
20 De fato, vocês suportam até quem os escraviza ou os explora, ou quem se exalta ou lhes fere a face.
21 ငါလို့ဟ အဲအရာဟို လုပ်ရမှာ ရမ်းဆာ့ ဆှက်နေတယ်ဆိုတာ ဝန်ခံဖို့ ဆှက်မိအယ်။
21 Para minha vergonha, admito que fomos fracos demais para isso! Naquilo em que todos os outros se atrevem a gloriar-se — falo como insensato — eu também me atrevo.
22 သူလို့ဟ ဟေဗြဲလူ ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။ သူလို့ဟ ဣသရေလလူမျိုး ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။ သူလို့ဟ အာဗြဟံအမျိုးအနွယ် ဖြစ်ကြသလော၊ ငါလည်း ဖြစ်အယ်။
22 São eles hebreus? Eu também. São israelitas? Eu também. São descendentes de Abraão? Eu também.
23 သူလို့ဟ ခရစ်တော်ရဲ့ အစေခံ ဖြစ်ကြသလော။ ငါဟ သူရူးတယောက်လို ထင်ရပေမဲ့ ငါဟ သူလို့ထက် ပိုကောင်းလဲ့ အစေခံတယောက်ပါ။ ငါဟ အလုပ်ပိုကြိုးစားအယ်၊ ထောင်ထဲမှာ အကြိမ်များစွာ နေခဲ့အယ်၊ ကြိမ်ဒဏ်တွေလည်း ခံရအယ်၊ သေလုမျောပါးလည်း မကြာခဏ ရင်ဆိုင်ရအယ်။
23 São eles servos de Cristo? — estou fora de mim para falar desta forma — eu ainda mais: trabalhei muito mais, fui encarcerado mais vezes, fui açoitado mais severamente e exposto à morte repetidas vezes.
24 ယုဒအမျိုးသားလို့ဟ ငါ့အား သုံးဆယ့်ကိုးချက် ကြိမ်ဒဏ်ဟို ငါးကြိမ်တိုင်တိုင် ပေးခဲ့ကြအယ်၊
24 Cinco vezes recebi dos judeus trinta e nove açoites.
25 ကြိမ်လုံးနဲ့ ရိုက်နှက်ခြင်းဟို သုံးကြိမ်၊ ခဲနဲ့ပေါက်ခြင်းဟို တကြိမ်ခံခဲ့ရအယ်၊ သင်္ဘောပျက်စီးရာနှိုက် သုံးကြိမ်ပါယွေ့ ပင်လယ်ပြင်တွင် တနေ့နဲ့ တည မျောခဲ့ရအယ်။
25 Três vezes fui golpeado com varas, uma vez apedrejado, três vezes sofri naufrágio, passei uma noite e um dia exposto à fúria do mar.
26 ငါဟ အကြိမ်ကြိမ်ပြုရာတွင် မြစ်ယေလျှံလဲ့ဘေး၊ ထားပြများရဲ့ဘေး၊ ငါ့လူမျိုးလို့ပြုလဲ့ဘေး၊ လူမျိုးခြားလို့ ပြုသောဘေး၊ မြို့ကြီးများတွင် တွေ့ရလဲ့ဘေး၊ တောနှိုက် ရောက်သောဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်လို့ရဲ့ ဘေးများနဲ့ ကြုံတွေ့ခဲ့ရအယ်။
26 Estive continuamente viajando de uma parte a outra, enfrentei perigos nos rios, perigos de assaltantes, perigos dos meus compatriotas, perigos dos gentios; perigos na cidade, perigos no deserto, perigos no mar, e perigos dos falsos irmãos.
27 အလုပ်ဟို ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ရခြင်း မကြာခဏ အိပ်ရေးပျက်ခြင်း၊ မွတ်ခြင်း၊ ယေငတ်ခြင်း၊ မကြာခဏ အစာမစားရခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာလည်း လုံလောက်စွာ မဆိခြင်းများဟို ငါခံရအယ်။
27 Trabalhei arduamente; muitas vezes fiquei sem dormir, passei fome e sede, e muitas vezes fiquei em jejum; suportei frio e nudez.
28 ဟေပြင်ပမှ ဘေးဒုက္ခများအပြင် အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းဟလည်း နေ့စဉ်နဲ့အမျှ ငါ့ဟို ဖိစီးနေအယ်။
28 Além disso, enfrento diariamente uma pressão interior, a saber, a minha preocupação com todas as igrejas.
29 တစုံတဦးအားနည်းလဲ့အခါ ငါဟ အားမနည်းဘဲ နေနိန်မယ်လော၊ တစုံတဦး မားယွင်းလဲ့အခါ ငါဟ ပူပန်ခြင်း မဆိဘဲ နေနိန်မယ်လော။
29 Quem está fraco, que eu não me sinta fraco? Quem não se escandaliza, que eu não me queime por dentro?
30 ငါဟ ဝါကြွားရမယ်ဆိုရင် ငါရဲ့ အားနည်းခြင်းနဲ့ ပတ်သက်သောအရာများဟို ငါ ဝါကြွားမယ်။
30 Se devo me orgulhar, que seja nas coisas que mostram a minha fraqueza.
31 ငါဟ ဝါမပြောကျောန်းဟို သခင် ယေရှုရဲ့ ခမည်းတော်ဖြစ်သော ထာဝရ မင်္ဂလာဆိလဲ့ ဘုရားသခင် သိအယ်။
31 O Deus e Pai do Senhor Jesus, que é bendito para sempre, sabe que não estou mentindo.
32 ငါဟ ဒမာသက်မြို့နှိုက် ဆိစဉ် အရေတဘုရင်ရဲ့ လက်အောက်ခံ မြို့ဝန်ဟ ငါ့အား ဖမ်းဆီးရန် မြို့ထင်ခါးများတွင် တပ်သားများဟို အစောင့်ချထားအယ်။
32 Em Damasco, o governador nomeado pelo rei Aretas mandou que se vigiasse a cidade para me prender.
33 အားပေမဲ့ ငါ့ဟို တောင်းထဲထည့်ယွေ့ ပြတင်းပေါက်မှ တဆင့် မြို့ရိုးပေါ်မှ လျှောချခဲ့သောကျောန့် ငါဟ သူရဲ့ လက်မှ လွတ်မြောက်ခဲ့ရအယ်။
33 Mas de uma janela na muralha fui baixado numa cesta e escapei das mãos dele.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.