1 Coríntios 15
dnv (DNV) vs NVT
1 ညီအကို မောင်နှမလို့၊ နင်လို့အား ငါပြောလဲ့ သတင်းကောင်းဟို ပြန်လည်သတိရ စေလိုအယ်။ အဲသတင်းကောင်းဟို နင်လို့ ခံယူပင်း အေးအပေါ်နှိုက် နင်လို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲစွာ အမြစ်စွဲလျက် ဆိကြအယ်။
1 Agora, irmãos, quero lembrá-los das boas-novas que lhes anunciei anteriormente. Vocês as receberam e nelas permanecem firmes.
2 အေးသတင်းကောင်းဟ နင်လို့အား ငါဟောပြောလဲ့ တရားဖြစ်အယ်။ နင်လို့ဟ အေးသတင်းကောင်းဟို စွဲမြဲစွာ ယုံကြည်လက်ခံလျှင် ကယ်တင်ခြင်းဟို ခံရကြမယ်၊ အဲဟာမဟုတ်ရင် နင်လို့ ယုံကြည်ခဲ့တာဟ အချည်းနှီး ဖြစ်အယ်။
2 São essas boas-novas que os salvam, se continuarem a crer na mensagem como lhes anunciei; do contrário, sua fé é inútil.
3 ငါဟ မိမိခံယူရဆိယွေ့ နင်လို့အား ပေးအပ်လဲ့ အရေးကြီးသော အကျောန်းအရာမှာ ကျမ်းစာလာလဲ့အတိုင်း ခရစ်တော်ဟ ငါလို့ အပစ်အတွက် အသေခံကျောန်း
3 Eu lhes transmiti o que era mais importante e o que também me foi transmitido: Cristo morreu por nossos pecados, como dizem as Escrituras.
4 ကိုယ်တော်ဟ သင်္ဂြိုဟ်ခြင်းဟို ခံပင်းနောက် ကျမ်းစာလာလဲ့အတိုင်း သုံးရက်မြောက်သောနေ့နှိုက် သေခြင်းမှ ဆှင်ပြန်ထမြောက်လေအယ်။
4 Ele foi sepultado e ressuscitou no terceiro dia, como dizem as Escrituras.
5 ကိုယ်တော်အား ပေတရု မျော်ရကျောန်း အဲပင်းရင် တမန်တော် တဆယ့်နေပါးလို့ ဟ မျော်ရကျောန်းဟို တွေ့ရအယ်။
5 Apareceu a Pedro e, mais tarde, aos Doze.
6 အဲပင်းရင် ကိုယ်တော်အား ညီအကို ငါးရာကျော်လို့ဟ တပြိုင်နက် မျော်ရကြအယ်။ အဲသူလို့တွင် လူတချို့လို့ဟ သေလွန်ပင်း ဖြစ်သော်လည်း လူအများစုမှာ အခုတိုင်အောန် အသက်ဆှင်လျက် ဆိကြအယ်။
6 Depois disso, apareceu a mais de quinhentos irmãos de uma só vez, a maioria dos quais ainda está viva, embora alguns já tenham adormecido.
7 အဲပင်းရင် ကိုယ်တော်အား ယာကုပ် မျော်ရအယ်။ ပင်းနောက် တမန်တော်အပေါင်းလို့ဟ မျော်ရကြအယ်။
7 Mais tarde, apareceu a Tiago e, posteriormente, a todos os apóstolos.
8 နောက်ဆုံးနှိုက် အချိန်မတော်မတန် ဖွားမျော်သောသူ လိုဖြစ်သော ငါပင် မျော်ရအယ်။
8 Por último, apareceu também a mim, como se eu tivesse nascido fora de tempo.
9 ငါဟ တမန်တော်လို့တွင် အညံ့ဆုံး ဖြစ်အယ်။ ဘုရားသခင်ရဲ့ အသင်းတော်ဟို နှိပ်စက်ညှဉ်းဆဲခဲ့သူ ဖြစ်သဖြင့် တမန်တော်ဟူယွေ့ အခေါ်မခံထိုက်။
9 Pois sou o mais insignificante dos apóstolos. Aliás, nem sou digno de ser chamado apóstolo, pois persegui a igreja de Deus.
10 အားပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ငါ ဖြစ်လဲ့အတိုင်း ငါ ဖြစ်အယ်။ ငါခံရသော ကျေးဇူးတော်ဟိုလည်း အကျိုးမဲ့ခံရတာ မဟုတ်။ အခြားသော တမန်တော်အပေါင်းလို့ထက် ငါဟ သာယွေ့ ကြိုးစားခြင်းဟို ပြုအယ်။ ဟေသို့ ဆိုသော်လည်း ငါ ကြိုးစားတာ မဟုတ်၊ ငါနဲ့အတူ ဆိသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ဖြစ်အယ်။
10 O que agora sou, porém, deve-se inteiramente à graça que Deus derramou sobre mim, e que não foi inútil. Trabalhei com mais dedicação que qualquer outro apóstolo e, no entanto, não fui eu, mas Deus que, em sua graça, operou por meu intermédio.
11 အဲလိုမို့ ငါ ဖြစ်စေ၊ သူလို့ ဖြစ်စေ၊ ဟေတိုင်းတိုင်း ဟောပြောကြအယ်။ နင်လို့ဟလည်း ဟေတိုင်းတိုင်းပင် ယုံကြည်ကြအယ်။
11 Logo, não faz diferença se eu prego ou se eles pregam, pois todos nós anunciamos a mesma mensagem na qual vocês já creram.
12 ခရစ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ကျောန်းဟို ငါလို့ ဟောပြောလျက် ဆိတာ ဖြစ်ရာ ပစာကျောန့် နင်လို့တွင် အချို့သောသူလို့ဟ “သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်း မဆိ” ဟု ပြောဆိုကြလုန်း။
12 Pois bem, se proclamamos que Cristo ressuscitou dos mortos, por que alguns de vocês afirmam não haver ressurreição dos mortos?
13 သေသောသူလို့ဟ ထမြောက်ခြင်း မဆိရင် ခရစ်တော်ဟလည်း ထမြောက်ခဲ့မယ် မဟုတ်။
13 Pois, se não existe ressurreição dos mortos, Cristo não ressuscitou.
14 ခရစ်တော် ထမြောက်တော်မမူရင် ဟောပြောခြင်းဟ အကျိုးမဆိ၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟလည်း အကျိုး မဆိ။
14 E, se Cristo não ressuscitou, nossa pregação é inútil, e a fé que vocês têm também é inútil.
15 အကယ်ယွေ့ သေသူလို့ ဆှင်ပြန်ထမြောက်မှု မဆိဟု ဆိုတာဟ မန်ခဲ့သော် ဘုရားသခင်ဟ ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက် စေတော်မမူ။ အဲလိုမို့ ငါလို့ဟ ဘုရားသခင်သည် ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေပီဟု ဟောပြောရာနှိုက် ငါလို့ဟ ဘုရားသခင်ရဲ့ အကျောန်း မုသားသက်သေများ ဖြစ်ကြအယ်။
15 Então estamos todos mentindo a respeito de Deus, pois afirmamos que ele ressuscitou a Cristo. Mas, se não existe ressurreição dos mortos, isso não pode ser verdade.
16 အကယ်ယွေ့ သေလွန်သောသူလို့ ဆှင်ပြန်ထမြောက်ခြင်း မဆိရင် ဘုရားသခင်ဟ ခရစ်တော်အား ဆှင်ပြန်ထမြောက်စေခဲ့မှာ မဟုတ်။
16 E, se não existe ressurreição dos mortos, então Cristo também não ressuscitou.
17 ခရစ်တော်ဟ ထမြောက်တော်မမူခဲ့ရင် နင်လို့ဟ ယုံကြည်သော်လည်း အကျိုးမဆိ၊ ဒုစရိုက် အပစ်အောက်နှိုက် ဆိကြသေးအယ်။
17 E, se Cristo não ressuscitou, a fé que vocês têm é inútil, e vocês ainda estão em seus pecados.
18 အဲအပြင် ခရစ်တော်ဟို ယုံကြည်ယွေ့ သေလွန်သွားသော သူလို့ဟလည်း ဆုံးရှုံးခြင်းသို့ ရောက်ကြပီ။
18 Nesse caso, todos que adormeceram crendo em Cristo estão perdidos!
19 ငါလို့ဟ ခရစ်တော်ဟို အမှီပြုယွေ့ အခု ဖဝါ့နှိုက်သာ မျှော်လင့်စရာ ဆိရင်၊ အခြားသောသူအပေါင်းလို့ထက် သာယွေ့ သနားစရာကောင်းသူများ ဖြစ်ကြအယ်။
19 Se nossa esperança em Cristo vale apenas para esta vida, somos os mais dignos de pena em todo o mundo.
20 အားပေမဲ့ ခရစ်တော်ဟ သေခြင်းမှ အမန်တကယ် ထမြောက်ယွေ့ အိပ်မွေ့သော သူလို့တွင် အဦးသီးသော အသီး ဖြစ်အယ်။
20 Mas Cristo de fato ressuscitou dos mortos. Ele é o primeiro fruto da colheita de todos que adormeceram.
21 အဲလိုမို့ လူတယောက်ကျောန့် ကမ္ဘာပေါ်တွင် သေခြင်းတရား ဖြစ်လာသလို လူတယောက်ကျောန့်ပင် သေခြင်းမှ ထမြောက်ခြင်း တရားဟလည်း ဖြစ်လာအယ်။
21 Uma vez que a morte entrou no mundo por meio de um único homem, agora a ressurreição dos mortos começou por meio de um só homem.
22 လူအပေါင်းလို့ဟ အာဒံအားဖြင့် သေခြင်းသို့ ရောက်လဲ့နည်းတူ၊ လူအပေါင်းလို့ဟ ခရစ်တော်အားဖြင့် အသက်ဆှင်ခြင်းသို့ ရောက်ရကြလိမ့်မယ်။
22 Assim como todos morremos em Adão, todos que são de Cristo receberão nova vida.
23 အားပေမဲ့ လူအသီးသီးလို့ဟ မိမိလို့ အလှည့်အတိုင်း ဆှင်ပြန်ထမြောက်ရကြမယ်။ ခရစ်တော်ဟ အဦးသီးသော အသီးဖြစ်အယ်။ ခရစ်တော်ဟ ကြွလာသောအခါ တဘဲ့တော်ဖြစ်သော သူလို့ဟ ဆှင်ပြန်ထမြောက်ခြင်းသို့ ရောက်ကြလိမ့်မယ်။
23 Mas essa ressurreição tem uma sequência: Cristo ressuscitou como o primeiro fruto da colheita, e depois todos que são de Cristo ressuscitarão quando ele voltar.
24 အဲပင်းရင် ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။ အဲအခါ ခရစ်တော်ဟ ဆိဆိသမျှသော ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးများ၊ အာဏာပိုင်များနဲ့ အုပ်ချုပ်သူများဟို နှိမ်နင်းယွေ့ နိုင်ငံတော်ဟို ခမည်းတော် ဘုရားသခင်ရဲ့ လက်တော်သို့ ပေးအပ်လိမ့်မယ်။
24 Então virá o fim, quando ele entregará o reino a Deus, o Pai, depois de ter destruído todos os governantes e autoridades e todo poder.
25 ဘုရားသခင်ဟ ရန်သူအပေါင်းဟို နှိမ်နင်းယွေ့ ခရစ်တော်ရဲ့ ခြေဖဝါးအောက်သို့ ရောက်စေမဲ့ အချိန်မရောက်မီ ခရစ်တော်ဟ အုပ်စိုးရမယ်။
25 Pois é necessário que Cristo reine até que tenha colocado todos os seus inimigos debaixo de seus pés.
26 ပျက်စီးခြင်း ခံရမဲ့ နောက်ဆုံးသော ရန်သူဟ သေမင်း ဖြစ်အယ်။
26 E o último inimigo a ser destruído é a morte.
27 ကျမ်းစာတော်တွင် ဘုရားသခင်ဟ ခပ်သိမ်းသောအရာလို့ဟို ကိုယ်တော်ရဲ့ ခြေဖဝါးအောက်သို့ ချထားတာ ဟု လာအယ်။ ခပ်သိမ်းသောအရာလို့တွင် ဘုရားသခင် မပါဝင်ကျောန်း ထင်ဆှားအယ်။ ခပ်သိမ်းသောအရာတွင် ခရစ်တော်ရဲ့ ခြေဖဝါးအောက်သို့ ချထားသော အဆှင်ဟ ဘုရားသခင် ဖြစ်သောကျောန့်တည်း။
27 Pois as Escrituras dizem: “Deus pôs todas as coisas sob a autoridade dele”. Claro que, quando se diz que “todas as coisas estão sob a autoridade dele”, isso não inclui aquele que conferiu essa autoridade a Cristo.
28 အားပေမဲ့ ခပ်သိမ်းသောအရာလို့ဟို သားတော်အား အုပ်စိုးစေသောအခါ မိမိခြေဖဝါးအောက်သို့ ခပ်သိမ်းသောအရာဟို ချထားသော ဘုရားသခင်ရဲ့ အုပ်စိုးခြင်းဟို သားတော်တတ်တိုင်းပင် ခံယူလိမ့်မယ်။ အဲအခါ ဘုရားသခင်ဟ ခပ်သိမ်းသောအရာလို့ဟို လုံးလုံး အုပ်စိုးလိမ့်မယ်။
28 Então, quando todas as coisas estiverem sob a autoridade do Filho, ele se colocará sob a autoridade de Deus, para que Deus, que deu a seu Filho autoridade sobre todas as coisas, seja absolutamente supremo sobre todas as coisas em toda parte.
29 ဆှင်ပြန်ထမြောက်ခြင်း မဆိရင်၊ သေသောသူလို့အတွက် နှစ်ခြင်းဟို ခံသောသူလို့ဟ စလို ပြုကြရမှာလုန်း။ သေလွန်သောသူလို့ဟ လုံးဝထမြောက်ခြင်း မဆိရင် လူလို့ဟ သူလို့အတွက် ပစာကျောန့် နှစ်ခြင်း ခံကြလုန်း။
29 E o que dizer dos que se batizam em favor dos mortos? Se os mortos não ressuscitam, como dizem eles, por que se batizam em favor dos que já morreram?
30 ငါလို့ဟလည်း ဘေးရောက်အံ့သောအရာနဲ့ ပစာကျောန့် တွေ့ရကြလုန်း။
30 E nós, por que arriscamos a vida o tempo todo?
31 ညီအကို မောင်နှမလို့၊ ငါဟ သေဘေးနဲ့ နေ့တိုင်း ရင်ဆိုင်ရအယ်။ ငါဟ နင်လို့အတွက် ဂုဏ်ယူဝါကြွားသဖြင့်၊ ငါဟ ငါလို့ သခင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သဖြင့် ဟေသို့ ပြောဆိုရခြင်း ဖြစ်အယ်။
31 Pois eu afirmo, irmãos, que enfrento a morte diariamente, assim como afirmo meu orgulho daquilo que Cristo Jesus, nosso Senhor, fez em vocês.
32 ငါဟ ဧဖက်မြို့တွင် “သားရဲ တိရစ္ဆာန်လို့” နဲ့ တိုက်ခိုက်ခဲ့သော် လူအနေဖြင့် ငါ့အဖို့ ပစာ အကျိုးမဆိမှာလုန်း။ သေလွန်သောသူလို့ ဆှင်ပြန်ထမြောက်ခြင်း မဆိရင် “နက်ဖြန်သေကြမယ် ဖြစ်ယွေ့ ငါလို့ဟ စားလျက် သောက်လျက် နေကြကုန်အံ့” ဟု ဆိုလဲ့အတိုင်း ပြုကြစို့။
32 E, se não haverá ressurreição dos mortos, de que me adiantou ter lutado contra feras, isto é, aquela gente de Éfeso? Se não há ressurreição, “comamos e bebamos, porque amanhã morreremos!”.
33 အလွဲမယူကြနဲ့။ “မကောင်းသောသူလို့နဲ့ အပေါင်းဖော်အားဖြင့် ကောင်းသောအကျင့်များ ယိုယွင်းတတ်အယ်။”
33 Não se deixem enganar pelos que dizem essas coisas, pois “as más companhias corrompem o bom caráter”.
34 အမြင်မန် ရကြလော့။ ဆက်ပင်း အပစ် မလုပ်ကြနဲ့။ နင်လို့တွင် အချို့သောသူလို့ဟ ဘုရားသခင်ဟို မသိကြ။ ဟေသို့ ငါဆိုရာနှိုက် နင်လို့ အဆှက်ရစေရန်အတွက် ဖြစ်အယ်။
34 Pensem bem sobre o que é certo e parem de pecar. Pois, para sua vergonha, eu lhes digo que alguns de vocês não têm o menor conhecimento de Deus.
35 လူတစုံတယောက်ဟ “သေလွန်သောသူလို့ဟ စလို ဆှင်ပြန်ထမြောက်ကြမှာလုန်း။ ပစာသို့သော ကိုယ်ခန္ဓာနဲ့ သူလို့ပေါ်လာကြမှာလုန်း” ဟု မေးလိမ့်မယ်။
35 Alguém pode perguntar: “Como os mortos ressuscitarão? Que tipo de corpo terão?”.
36 အချင်းလူမိုက်၊ နင်စိုက်သော မျိုးစေ့ မပျက်ရင် မဆှင်တတ်။
36 Que perguntas tolas! A semente só cresce e se transforma em planta depois que morre.
37 အဲမှတပါး မျိုးစေ့ဟို စိုက်သောအခါ နောက်ဖြစ်လာမဲ့ ကိုယ်ဟို မစိုက်၊ ဂျုံစေ့ ဖြစ်စေ၊ အခြားသောစပါး ဖြစ်စေ၊ အစေ့သက်သက်ဟို စိုက်တတ်အယ်။
37 E aquilo que se coloca no solo não é a planta que crescerá, mas apenas uma semente de trigo ou de alguma outra planta.
38 ဘုရားသခင်ဟ အလိုတော်ဆိလဲ့အတိုင်း ကိုယ်ထည်ဟို ပေးအယ်။ မျိုးစေ့ အသီးသီးလို့အားလည်း မိမိလို့ မျိုးစေ့အတိုင်း ကိုယ်ထည်ဟို ပေးအယ်။
38 Então Deus lhe dá o novo corpo como ele quer. Um tipo diferente de planta cresce de cada tipo de semente.
39 သက်ဆိသတ္တဝါ ဆိသမျှလို့ဟ တမျိုးတည်း မဟုတ်။ လူလို့ရဲ့ အသား တမျိုး၊ တိရစ္ဆာန်လို့ရဲ့ အသား တမျိုး၊ ငါးလို့ရဲ့ အသား တမျိုး၊ ငက်လို့ရဲ့ အသား တမျိုး အသီးသီး ဆိကြအယ်။
39 Da mesma forma, há tipos diferentes de carne: um tipo para os seres humanos, outro para os animais, outro para as aves e outro para os peixes.
40 ခေါန်းခင် ကိုယ်ထည်လည်း ဆိအယ်။ မြေကြီး ကိုယ်ထည်လည်း ဆိအယ်။ ခေါန်းခင် ကိုယ်ထည်ရဲ့ ဂုဏ်အသရေလည်း တမျိုး၊ မြေကြီးကိုယ်ထည်ရဲ့ ဂုဏ်အသရေလည်း တမျိုး ဖြစ်အယ်။
40 Também há corpos celestes e corpos terrestres. A glória dos corpos celestes é diferente da glória dos corpos terrestres.
41 နေရဲ့ ဂုဏ်အသရေတမျိုး၊ လရဲ့ ဂုဏ်အသရေတမျိုး၊ ကြယ်ရဲ့ ဂုဏ်အသရေတမျိုး အသီးသီး ဆိကြအယ်၊ ကြယ်တလုံးနဲ့တလုံး ဂုဏ်အသရေလည်း အသီးသီး မတူညီကြပေ။
41 O sol tem um tipo de glória, enquanto a lua e as estrelas têm outro. E até mesmo as estrelas diferem em glória umas das outras.
42 အဲနည်းတူ သေလွန်သောသူလို့ ဆှင်ပြန်ထမြောက်ခြင်းလည်း ဟေတိုင်းတိုင်း ဖြစ်အယ်။ ကိုယ်ခန္ဓာဟ မြေနှိုက် မြှပ်နှံခြင်း ခံရသောအခါ ပုပ်တတ်သောအဖြစ်တွင် ဆိအယ်၊ ဆှင်ပြန်ထမြောက်သောအခါနှိုက် မပုပ်မပျက်တတ်သောအဖြစ်တွင် ဆိလိမ့်မယ်။
42 O mesmo acontece com a ressurreição dos mortos. Quando morremos, o corpo terreno é plantado no solo, mas ressuscitará para viver para sempre.
43 မြှပ်နှံခြင်း ခံရသောအခါ အသရေပျက်ယွေ့ စွမ်းအားမဆိ၊ ဆှင်ပြန်ထမြောက်သောအခါနှိုက် ဂုဏ်အသရေနဲ့ ပြေ့စုံလိမ့်မယ်။
43 Nosso corpo é enterrado em desonra, mas ressuscitará em glória. É enterrado em fraqueza, mas ressuscitará em força.
44 မြှပ်နှံခြင်း ခံရသောအခါ ဇာတိပကတိ ခန္ဓာ ဖြစ်အယ်။ ဆှင်ပြန်ထမြောက်သောအခါ ဝိညာဏခန္ဓာ ဖြစ်အယ်။ ရုပ်ခန္ဓာ ဆိသဖြင့် ဝိညာဏခန္ဓာလည်း ဆိရပေအယ်။
44 É enterrado como corpo humano natural, mas ressuscitará como corpo espiritual. Pois, assim como há corpos naturais, também há corpos espirituais.
45 ကျမ်းစာလာတာဟ “ပထမ လူအာဒံဟ အသက်ဆှင်သောသူ ဖြစ်လာအယ်” ဟု ဖော်ပြအယ်။ နောက်ဆုံးဖြစ်သော အာဒံဟလည်း အသက်ဟို ရဆိစေသော ဝိညာဉ် ဖြစ်အယ်။
45 As Escrituras nos dizem: “O primeiro homem, Adão, se tornou ser vivo”. Mas o último Adão é espírito que dá vida.
46 ဝိညာဏခန္ဓာဟ ပထမဖြစ်တာ မဟုတ်၊ ရုပ်ခန္ဓာဖြစ်လာပင်းမှ ဝိညာဏခန္ဓာ ဖြစ်လာအယ်။
46 Primeiro vem o corpo natural, depois o corpo espiritual.
47 ပထမလူ အာဒံဟ မြေမှုန့်မှ ဖန်ဆင်းထားသောသူ ဖြစ်သောကျောန့် မြေကြီးသား ဖြစ်အယ်။ ဒုတိယလူ အာဒံဟ ခေါန်းခင်ဘုံမှ လာသောသူ ဖြစ်အယ်။
47 O primeiro homem foi feito do pó da terra, enquanto o segundo homem veio do céu.
48 မြေကြီးသားလို့ဟ မြေမှုန့်မှ ဖန်ဆင်းထားသောသူနဲ့ တူကြအယ်။ ခေါန်းခင်ဘုံနဲ့ ဆိုင်သောသူလို့ဟ ခေါန်းခင်ဘုံမှ လာသောသူနဲ့ တူကြအယ်။
48 Os que são da terra são como o homem terreno, e os que são do céu são como o homem celestial.
49 ငါလို့ဟ မြေမှုန့်မှ ဖန်ဆင်းထားသူရဲ့ ပုံသဏ္ဌာန်ဟို ဆောင်သလို ခေါန်းခင်ဘုံမှ ကြွလာသော သူရဲ့ ပုံသဏ္ဌာန်ဟို ငါလို့ ဆောင်ကြလိမ့်မယ်။
49 Da mesma forma que agora somos como o homem terreno, algum dia seremos como o homem celestial.
50 ညီအကို မောင်နှမလို့၊ နင်လို့အား ငါ ဆိုအယ်။ အသွေးအသားဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံနိန်။ ပုပ်ပျက်တတ်သောအရာဟ မပုပ်ပျက်နိန်သော အဖြစ်ဟို အမွေမခံနိန်။
50 Estou dizendo, irmãos, que nosso corpo físico não pode herdar o reino de Deus. Este corpo mortal não pode herdar aquilo que durará para sempre.
51 — ausente —
51 Mas eu lhes revelarei um segredo maravilhoso: nem todos dormiremos, mas todos seremos transformados!
52 — ausente —
52 Acontecerá num instante, num piscar de olhos, ao som da última trombeta. Pois, quando a última trombeta soar, aqueles que morreram ressuscitarão a fim de viver para sempre. E nós que estivermos vivos também seremos transformados.
53 အကျောန်းမှာ ပုပ်ပျက်တတ်သောအရာဟ မပုပ်ပျက်နိန်သော အဖြစ်သို့ ပြောင်းလဲရမယ်။ သေတတ်သောအရာဟ မသေနိန်သောအဖြစ်သို့ ပြောင်းလဲရမယ်။
53 Pois nosso corpo mortal precisa ser transformado em corpo imortal.
54 ပုပ်ပျက်တတ်သောအရာဟ မပုပ်ပျက်နိန်သော အဖြစ်သို့ လည်းကောင်း၊ သေတတ်သောအရာဟ မသေနိန်သော အဖြစ်သို့ လည်းကောင်း၊ ပြောင်းလဲသောအခါ “သေခြင်းဟို ဖျက်ဆီးပစ်ပီ၊ သေခြင်းဟို အောင်မြင်လေပီ” ဟူသော ကျမ်းစာနှိုက် ဖော်ပြချက် ပြေ့စုံလိမ့်မယ်။
54 Então, quando nosso corpo mortal tiver sido transformado em corpo imortal, se cumprirá a passagem das Escrituras que diz: “A morte foi engolida na vitória.
55 “အို သေခြင်း၊ နင်ရဲ့ အောင်မြင်ခြင်းဟ ပစာမှာဆိလုန်း။
55 Ó morte, onde está sua vitória? Ó morte, onde está seu aguilhão?”.
56 သေမင်းရဲ့ အဆိပ်ဆူးဟ အပစ် ဖြစ်ယွေ့ အပစ်ရဲ့ တန်ခိုးဟ ပညတ်တရား ဖြစ်အယ်။
56 O pecado é o aguilhão da morte que nos fere, e a lei é o que torna o pecado mais forte.
57 အားပေမဲ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ငါလို့အား အောင်ခြင်းအခွင့်ဟို ပေးသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းကြပါစို့။
57 Mas graças a Deus, que nos dá vitória sobre o pecado e sobre a morte por meio de nosso Senhor Jesus Cristo!
58 အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
58 Portanto, meus amados irmãos, sejam fortes e firmes. Trabalhem sempre para o Senhor com entusiasmo, pois vocês sabem que nada do que fazem para o Senhor é inútil.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.