Tito 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 အုပ်ချုပ်သူမင်းများနှင့်အာဏာပိုင်များ၏ဩဇာကိုခံယူကြရန် သူတို့အားသတိပေးလော့။ ထို့ အတူသူတို့အား နာခံခြင်း ရှိရန်၊ ကောင်းမြတ်သောအမှု ကိစ္စဟူသမျှကို လုပ်ဆောင်ခြင်းငှာ အသင့်ရှိကြရန်၊-
1 Admoesta-os a que sejam submissos aos principados e potestades, que obedeçam os magistrados e estejam preparados para toda boa obra.
2 မည်သူ့အကြောင်းကိုမှ မကောင်းမပြောရန်၊ ခိုက်ရန်ဖြစ် ပွားခြင်းကိုရှောင်ကြဉ်ရန်၊ နူးညံ့သိမ်မွေ့ ရန်နှင့် လူအပေါင်း တို့ကို နှိမ့်ချစွာဆက်ဆံရန် သတိပေးနှိုးဆော်လော့။-
2 Que de ninguém falem mal, nem sejam contenciosos, mas bondosos, mostrando toda mansidão para com todos os homens.
3 အကြောင်းမူကား ငါတို့သည် တစ်ချိန်က ကိုယ်တိုင်မိုက် မဲခဲ့၍ နာခံခြင်းမရှိဘဲ လမ်းမှားသို့ရောက်ခဲ့ကြ၏။ ငါတို့ သည် တပ်မက်မှုအမျိုးမျိုးနှင့် အပျော်အပါးတို့၏ကျေးကျွန်ဖြစ်ခဲ့ကြပြီး မကောင်းမှုနှင့် မနာလိုဝန်တိုခြင်းတို့ဖြင့် အချိန်ကုန်လွန်စေ ခဲ့ကြသဖြင့် လူတို့၏မုန်းတီးခြင်းကိုခံခဲ့ရပြီး ငါတို့အချင်းချင်းလည်း တစ်ဦးကိုတစ်ဦး မုန်းတီးခဲ့ကြ၏။-
3 Porque também nós éramos, noutro tempo, tolos, desobedientes, enganadores, servindo a várias concupiscências e prazeres, vivendo em malícia e inveja, odiosos, e odiando uns aos outros.
4 သို့သော် ငါတို့၏ ကယ်တင်ရှင် ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းနှင့် ကရုဏာမေတ္တာတော်တို့ ပေါ်လွင်ထင်ရှားလာ သောအခါ၊-
4 Mas, quando a benignidade e o amor de Deus, nosso Salvador, para com os homens, apareceu,
5 ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤသို့ကယ်တင်ခဲ့ခြင်းမှာ ငါတို့ဖြောင့်မတ်စွာပြုမူခဲ့သည့် ကုသိုလ်ကောင်း မှုများကြောင့် မဟုတ်ဘဲ ကိုယ်တော်၏သနားကရုဏာတော်ကြောင့်သာဖြစ်၏။ ကိုယ်တော်သည် ငါတို့အား ဆေးကြောခြင်း၌ အသစ်တစ်ဖန်မွေးဖွားစေပြီး ဝိညာဉ်တော်မြတ်၌ အသစ်ပြုပြင်ပေးခြင်းအားဖြင့် ကယ်တင်ခဲ့လေ၏။-
5 não pelas obras de justiça que houvéssemos feito, mas, segundo a sua misericórdia, nos salvou pela lavagem da regeneração e da renovação do Espírito Santo,
6 ကိုယ်တော်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင် ယေဇူး ခရစ်တော်အားဖြင့် ငါတို့အပေါ်သို့ ကြွယ်၀စွာသွန်း လောင်းပေးတော်မူ၏။-
6 que abundantemente ele derramou sobre nós por Jesus Cristo, nosso Salvador,
7 ဤသို့ဖြင့် ငါတို့သည် ကိုယ် တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ကြ၍ ထာ၀ရအသက်၏မျှော်လင့်ခြင်း ကို အမွေခံရသူ များဖြစ်လာကြလိမ့်မည်။-
7 para que, sendo justificados por sua graça, sejamos feitos herdeiros, segundo a esperança da vida eterna.
8 ဤသွန်သင်ချက်သည် မှန် ကန်သောသွန်သင်ချက်ဖြစ်၏။ ဘုရားသခင်၌ ယုံကြည်သောသူတို့သည်ကောင်း သောအမူအကျင့်တို့ကို မိမိတို့ကိုယ်တိုင်လိုက်နာကျင့်ကြံနိုင်စေ ခြင်းငှာ ဤအရာများကိုပြုလုပ်ကြရန် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုပါ၏။ ဤအရာတို့သည် ကောင်းမြတ်၍ လူတို့ကို အကျိုးဖြစ်ထွန်းစေကြ၏။-
8 Esta é uma palavra fiel, e estas coisas quero que deveras afirmes constantemente, para que os que creem em Deus procurem manter as boas obras; estas coisas são boas e proveitosas aos homens.
9 သို့ ရာတွင် မိုက်မဲသောအငြင်းပွားမှုများ၊ ဆွေစဉ်မျိုးဆက် စာရင်းများ၊ သဘောထားကွဲလွဲမှုများ၊ ပညတ်တရားကြောင့် အငြင်းအခုံဖြစ်ခြင်းများကို ရှောင်ကြလော့။ အ ကြောင်းမူကား ဤအရာတို့သည် အကျိုးမဖြစ်ထွန်းစေဘဲ အချည်းနှီးသက်သက် သာဖြစ်ကြ၏။-
9 Mas evita questões tolas, genealogias e contendas e debates acerca da lei; porque são inúteis e vãs.
10 စိတ်ဝမ်းကွဲ ပြားမှုကိုဖြစ်ပေါ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ်ဆုံးမ သတိပေးပြီးနောက် သူနှင့်လုံး၀မပတ်သက်လေနှင့်။-
10 Ao homem que é herege, depois da primeira e segunda admoestação, rejeita.
11 ထိုကဲ့သို့သောသူသည် ဖောက်ပြန်တတ်သောသူဖြစ်၍ အပြစ်ရှိကြောင်းကို သင်သိ၏။ သူ၏အပြစ်များကပင် သူ့ကိုစီရင် လေပြီ။
11 Sabendo que aquele que é assim está pervertido e peca, estando condenado em si mesmo.
12 ငါသည် အာတီမကိုဖြစ်စေ၊ တိခိကုကိုဖြစ်စေသင့် ထံသို့စေလွှတ်လိုက်သောအခါ ငါရှိရာ နီကိုပိုလစ်မြို့သို့ လာနိုင်ရန် အစွမ်း ကုန်ကြိုးစားပါလော့။ အကြောင်းမူကား ငါသည် ဆောင်းရာသီ၌ ထိုမြို့တွင်နေထိုင်ရန် ဆုံးဖြတ်ပြီး ဖြစ်၏။-
12 Quando eu te enviar Ártemas, ou Tíquico, sê diligente ao vir ter comigo em Nicópolis; porque determinei invernar ali.
13 ပညတ်ဥပဒေတတ်ကျွမ်းသူ ဇေနတ်နှင့် အာပိုလိုတို့ အလျင်အမြန်ခရီးဆက်နိုင်ရန် အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးလော့။ သူတို့အတွက် မည်သည့်အရာမျှ မချို့တဲ့စေရန် ကူညီပါလော့။-
13 Conduza diligentemente Zenas, o advogado, e Apolo, em sua viagem, para que nada lhes falte.
14 ငါတို့၏လူများသည် မိမိတို့၏ဘ၀ကို အချည်းနှီးမဖြစ်စေဘဲ မိမိတို့၏အကူအညီကို အမှန်တကယ်လိုအပ်နေသော သူများ အား ကူညီ ထောက်ပံ့ကြရန် သင်ယူလေ့လာကြရမည်။
14 E os nossos aprendam também a manter as boas obras nas coisas necessárias, para que eles não sejam infrutíferos.
15 ငါနှင့်အတူရှိကြသောသူအားလုံးတို့က သင့်ကိုနှုတ်ဆက်လိုက်ကြ၏။ ယုံကြည်ခြင်းအားဖြင့် ငါတို့အား ချစ်ခင်သောသူများ ကိုလည်း နှုတ်ဆက်ပေးပါလော့။ ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါ စေသော်။ အာမင်။
15 Todos os que estão comigo saúdam-te. Saúda tu os que nos amam na fé. A graça seja com todos vós. Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tito 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.