Tito 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 သင်မူကား မှန်ကန်သောအယူဝါဒနှင့် ကိုက်ညီသည့်အရာတို့ကို သွန်သင်ပါလော့။-
1 Tu, porém, fala o que convém à sã doutrina.
2 အသက်အရွယ်ကြီးရင့်သောသူတို့ကို တည်ကြည်လေးနက်စေ ရန်၊ သိက္ခာသမာဓိရှိစေရန်၊ ဣန္ဒြေစောင့်စည်းနိုင်ကြစေ ရန်လည်းကောင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာတရား နှင့် သည်းခံကြိုးပမ်းခြင်းစသည်တို့၌ ပြည့်စုံနိုင်ကြရန် လည်းကောင်း သွန်သင်လော့။-
2 Exorta os velhos a que sejam temperantes, sérios, sóbrios, sãos na fé, no amor, e na constância;
3 ထိုနည်းတူပင် အသက် ကြီးသောအမျိုးသမီးများကိုလည်း ဘုရားတရားကြည် ညိုသူများပြုမူသကဲ့သို့ နေထိုင်ပြုမူကြရန် သွန်သင်ဆုံးမ ပါလော့။ သူတို့သည် သူတစ်ပါး၏အသရေကိုဖျက်သူများနှင့် သောက်စားခြင်း၏ကျေးကျွန်များမဖြစ်စေရ။ သူ တို့သည် ကောင်းမြတ်သောအရာကို သင်ကြားပေးကြရ မည်။-
3 as mulheres idosas, semelhantemente, que sejam reverentes no seu viver, não caluniadoras, não dadas a muito vinho, mestras do bem,
4 သူတို့သည် ငယ်ရွယ်သူအမျိုးသမီးများအား ၎င်း တို့၏ခင်ပွန်းနှင့် သားသမီးများကိုချစ်မြတ်နိုးကြရန်လည်းကောင်း၊-
4 para que ensinem as mulheres novas a amarem aos seus maridos e filhos,
5 စဉ်းစားချင့်ချိန်တတ်ရန်၊ သန့်ရှင်းဖြူစင်ရန်၊ အိမ်မှုကိစ္စများကို ကောင်းစွာဆောင်ရွက်ရန်၊ သနားကြင်နာခြင်းရှိရန်နှင့် မိမိတို့၏ခင်ပွန်းများကိုနာခံကြစေရန်လည်းကောင်း လေ့ကျင့်သင်ကြားပေးကြရမည်။ ဤသို့ ဖြင့် ဘုရားသခင်၏နှုတ်တော် ထွက်စကား သည် ထိခိုက် စော်ကားခြင်းခံရလိမ့်မည်မဟုတ်ပေ။
5 a serem moderadas, castas, operosas donas de casa, bondosas, submissas a seus maridos, para que a palavra de Deus não seja blasfemada.
6 ထိုနည်းတူပင် ငယ်ရွယ်သောယောက်ျm;တို့ကို လည်း မိမိတို့ကိုယ်ကို ချုပ်တီးကြရန် တိုက်တွန်းနှိုးဆော်လော့။-
6 Exorta semelhantemente os moços a que sejam moderados.
7 ကောင်းမြတ်သောအမှုအရာတို့၏စံနမူနာအဖြစ် အရာခပ်သိမ်းတို့၌ သင်ကိုယ်တိုင်လမ်းပြဦးဆောင်ပါလော့။ သွန်သင်ဟော ပြောရာတွင်လည်းတည်ကြည်မှုနှင့်လေးနက်မှုတို့ကိုပြသ၍၊-
7 Em tudo te dá por exemplo de boas obras; na doutrina mostra integridade, sobriedade,
8 ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်ကင်း လွတ်သည့် မှန်ကန်သင့်လျော်သောစကားကိုပြောဆို ပါလော့။ သို့မှသာ အတိုက်အခံပြုသောသ ူတို့သည် ငါတို့ အပေါ် အပြစ်တင်စရာမရှိသဖြင့် အရှက်ရကြလိမ့်မည်။
8 linguagem sã e irrepreensível, para que o adversário se confunda, não tendo nenhum mal que dizer de nós.
9 အစေခံကျွန်တို့ကိုလည်း မိမိတို့၏သခင်များကို နာခံစေ၍ အရာရာ၌ သူတို့ကျေနပ်နှစ်သက်စေခြင်းငှာ ပြုမူကြရန် သွန်သင် ဆုံးမလော့။ သူတို့သည် မိမိတို့၏ သခင်များအား တုံ့ပြန်ပြောဆိုခြင်းမပြုရ။-
9 Exorta os servos a que sejam submissos a seus senhores em tudo, sendo-lhes agradáveis, não os contradizendo
10 ထို့အတူ သူတို့ သည် ခိုးဝှက်ထိမ်ချန်ခြင်းကိုလည်း မပြုဘဲ မိမိတို့သည် အစဉ်သစ္စာရှိကြောင်းကို ပြသရမည်။ သို့မှသာ သူတို့ သည် ငါတို့ကယ်တင်ရှင် ဘုရားသခင်၏တရားတော်ကို အရာရာ၌ တင့်တယ်စေကြလိမ့်မည်။
10 nem defraudando, antes mostrando perfeita lealdade, para que em tudo sejam ornamento da doutrina de Deus nosso Salvador.
11 အကြောင်းမူကား ဘုရားသခင်၏ကျေးဇူးတော် သည် လူသားအပေါင်းတို့၏ကယ်တင်ခြင်းအတွက် ထင်ရှားပေါ်ထွန်း လေပြီ။-
11 Porque a graça de Deus se manifestou, trazendo salvação a todos os homens,
12 ထိုကျေးဇူးတော်သည် ငါတို့အား ဘုရားတရားမဲ့ခြင်းနှင့် လောကီဆိုင်ရာတပ်မက်ခြင်းတို့ ကိုစွန့်ပစ်ရန်လည်းကောင်း၊ တည်ငြိမ်ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဘုရားတရားကြည်ညိုခြင်းစသည်တို့ဖြင့် ဤလော ကတွင် နေထိုင်အသက်ရှင်ရန်လည်းကောင်း သွန်သင် ဆုံးမလျက်ရှိ၏။-
12 ensinando-nos, para que, renunciando à impiedade e às paixões mundanas, vivamos no presente mundo sóbria, e justa, e piamente,
13 ဤသို့ဖြင့် ငါတို့သည် ငါတို့၏ကြီးမြတ် တော်မူသောဘုရားသခင်နှင့် ကယ်တင်ရှင်ယေဇူးခရစ် တော်၏ဘုန်းဂုဏ်တော် ထင်ရှားခြင်းကိုစောင့်မျှော်လျက်ရှိကြ၏။ ဤသည်ကား ငါတို့၏မွန်မြတ်သောမျှော်လင့် ချက်ပင်ဖြစ်၏။-
13 aguardando a bem-aventurada esperança e o aparecimento da glória do nosso grande Deus e Salvador Cristo Jesus,
14 ကိုယ်တော်သည် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူခဲ့၏။ သို့မှသာ ကိုယ်တော်သည် ငါတို့အားအပြစ်မကောင်းမှု အပေါင်းမှ ကယ်တင်နိုင်မည်ဖြစ်ပြီး ငါတို့ကို သန့်ရှင်းစင်ကြယ်စေနိုင်မည်ဖြစ်၏။ ထိုအခါ ငါတို့သည် ကောင်းသောအရာ တို့ကိုပြုမူလိုသော ကိုယ်တော်၏လူမျိုးတော်ဖြစ်လာပေလိမ့်မည်။
14 que se deu a si mesmo por nós para nos remir de toda a iniqüidade, e purificar para si um povo todo seu, zeloso de boas obras.
15 ဤအကြောင်းအရာတို့ကို ကြေညာဟောပြောလော့။ အားပေးတိုက်တွန်းလျက် အမိန့်အာဏာနှင့် ဆုံးမသွန်သင်လော့။ မည်သူကမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။
15 Fala estas coisas, exorta e repreende com toda autoridade. Ninguém te despreze.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Tito 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.