Tiago 4
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 သင်တို့အလယ်တွင် စစ်ပွဲများနှင့်ခိုက်ရန်ဖြစ်ပွားခြင်းတို့ကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ သင်တို့၏ ကိုယ်အင်္ဂါများအတွင်း ပြိုင်ဆိုင်တိုက် ခိုက်နေကြသော သင်တို့၏ရမ္မက်ဆန္ဒများပင် မဟုတ်ပါလော။-
1 De onde vêm as guerras e pelejas entre vós? Porventura não vêm disto, a saber, dos vossos deleites, que nos vossos membros guerreiam?
2 သင်အလိုရှိသောအရာသည် သင်၌မရှိသဖြင့် သင်သည် သူ့အသက်ကို သတ်၏။ ထို့အတူ သင်၌ လိုချင်သောလောဘ စိတ်ရှိပြီး သင်မရယူနိုင်သောအခါ သင်သည် တိုက်ခိုက်သတ်ပုတ်၏။ သင်သည် မတောင်း လျှောက်သောကြောင့်သာ မရရှိခြင်း ဖြစ်၏။-
2 Cobiçais, e nada tendes; matais, e sois invejosos, e nada podeis alcançar; combateis e guerreais, e nada tendes, porque não pedis.
3 သင်သည် တောင်းလျှောက်သော်လည်း မရနိုင်သည်မှာ သင်၏ ရမ္မက်ဆန္ဒများအတွက် အသုံးပြုရန် လွဲမှားစွာတောင်း လျှောက်သောကြောင့်ဖြစ်၏။
3 Pedis, e não recebeis, porque pedis mal, para o gastardes em vossos deleites.
4 သစ္စာမရှိသောသတ္တဝါတို့၊ လောကီအရာတို့ကို ခင်တွယ်ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းပင်ဖြစ်သည်ကို သင်တို့မသိကြသလော။ ထို့ကြောင့် လောကနှင့်မိတ်ဆွေဖြစ်လိုသောသူသည် မိမိကိုယ်ကို ဘုရားသခင်၏ရန်သူဖြစ်စေ၏။-
4 Adúlteros e adúlteras, não sabeis vós que a amizade do mundo é inimizade contra Deus? Portanto, qualquer que quiser ser amigo do mundo constitui-se inimigo de Deus.
5 ကျမ်းစာတော်မြတ်တွင်ဆို ထားသည်ကား ဘုရားသခင်က ငါတို့၌ တည်စေတော်မူ သောဝိညာဉ်တော်သည် မနာလိုသော လိုအင်ဆန္ဒများနှင့် ပြည့်၀လျက်ရှိသည်ဟူ၍ဖြစ်၏။ ကျမ်းစာတော်မြတ်သည် ထိုအချက်ကို အကြောင်းမဲ့ဆိုထားသည်ဟု သင် ထင်သလော။-
5 Ou cuidais vós que em vão diz a Escritura: O Espírito que em nós habita tem ciúmes?
6 သို့သော် ကိုယ်တော်သည် ငါတို့အား ကျေးဇူးတော်တို့ကို ပိုမိုပေးသနားတော်မူ၏။ ထို့ကြောင့် ကျမ်းစာတော်မြတ်က ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်သော်လည်း နိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုပေးတော်မူ၏ဟု ဆိုထား၏။-
6 Antes, ele dá maior graça. Portanto diz: Deus resiste aos soberbos, mas dá graça aos humildes.
7 ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်နာကြလော့။ နတ်ဆိုးကိုခုခံကြလော့။ သို့ဖြစ်လျှင် သူသည် သင်တို့ထံမှ ထွက်ပြေးလိမ့်မည်။-
7 Sujeitai-vos, pois, a Deus, resisti ao diabo, e ele fugirá de vós.
8 ဘုရားသခင် ထံတော်ပါးသို့ ချဉ်းကပ်လော့။ ထိုအခါ ကိုယ်တော်သည် သင်တို့ထံသို့ချဉ်းကပ်တော်မူလိမ့်မည်။ အသင်အပြစ် သားတို့၊ သင်တို့၏လက်များကို သန့်ရှင်းစေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့၏စိတ်နှလုံးများကို စင်ကြယ်စေကြ လော့။-
8 Chegai-vos a Deus, e ele se chegará a vós. Alimpai as mãos, pecadores; e, vós de duplo ânimo, purificai os corações.
9 စိတ်မသာမယာဖြင့် ဝမ်းနည်းပူ ဆွေးကြလော့။ ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ရယ်မောခြင်းကို ငိုကြွေးခြင်းသို့ လည်းကောင်း၊ သင်တို့၏ ဝမ်းမြောက်ခြင်းကို စိတ်မချမ်းမြေ့စရာအဖြစ်သို့လည်း ကောင်း ပြောင်းလဲကြလော့။-
9 Senti as vossas misérias, e lamentai e chorai; converta-se o vosso riso em pranto, e o vosso gozo em tristeza.
10 ထာ၀ရဘုရား သခင်၏ရှေ့ မှောက်တော်၌ မိမိတို့ကိုယ်ကို နှိမ့်ချကြလော့။ ထိုအခါ ကိုယ်တော်သည် သင်တို့ကို ချီးမြှောက် တော်မူလိမ့်မည်။
10 Humilhai-vos perante o Senhor, e ele vos exaltará.
11 ညီအစ်ကိုတို့၊ သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး မကောင်းကြောင်း မပြောဆိုကြနှင့်။ မိမိ၏ညီအစ်ကို အကြောင်း မကောင်းပြောသောသူ၊ သို့မဟုတ် မိမိ၏ညီ အစ်ကိုအား ပြစ်တင်စီရင်သောသူသည် ပညတ်တရား ကိုလည်း မကောင်းပြော၍ ပြစ်တင်စီရင်လေပြီ။ သို့ရာ တွင် သင်သည် ပညတ်တရားကို စီရင်လျှင် ပညတ်တရား ကိုလိုက်နာသူမဟုတ်တော့ဘဲ ယင်းကို စီရင်သောသူ ဖြစ်လေပြီ။-
11 Irmãos, não faleis mal uns dos outros. Quem fala mal de um irmão, e julga a seu irmão, fala mal da lei, e julga a lei; e, se tu julgas a lei, já não és observador da lei, mas juiz.
12 ပညတ်တရားကို ပေးပိုင်သောသူနှင့် စီရင် ပိုင်သောသူတစ်ပါးတည်းသာရှိတော်မူ၏။ ထိုအရှင်သည် ကယ်တင်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်းရှိတော်မူ၏။ သို့သော် သင်နှင့်နီးစပ်သောသူကို စီရင်ဆုံးဖြတ်အံ့သော ငှာ သင်သည် အဘယ်သူဖြစ်သနည်း။
12 Há só um legislador que pode salvar e destruir. Tu, porém, quem és, que julgas a outrem?
13 ယနေ့၊ သို့မဟုတ် မနက်ဖြန်တွင် ဤမည်သောမြို့ သို့သွားကြစို့၊ ထိုအရပ်တွင် တစ်နှစ်နေ၍ ကုန်သွယ်ပြီး အမြတ်အစွန်းရ အောင်ပြုလုပ်ကြစို့ဟု ပြောဆိုကြသော သင်တို့၊ ယခုလာကြလော့။-
13 Eia agora vós, que dizeis: Hoje, ou amanhã, iremos a tal cidade, e lá passaremos um ano, e contrataremos, e ganharemos;
14 မနက်ဖြန်မည်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့၏ဘ၀အသက်တာကား မည်ကဲ့သို့သောအရာဖြစ်သနည်း။ အကြောင်းမူကား သင်သည် ခေတ္တခဏမျှသာပေါ်လာပြီးနောက် ပျောက် ကွယ်သွားသောမြူခိုးနှင့်တူ၏။-
14 Digo-vos que não sabeis o que acontecerá amanhã. Porque, que é a vossa vida? É um vapor que aparece por um pouco, e depois se desvanece.
15 အမှန်မှာ သင်တို့အနေ ဖြင့် ထာ၀ရဘုရားသခင်အလိုရှိတော်မူလျှင် ငါတို့သည် အသက်ရှင်ပြီး ဤအရာကိုပြုလုပ်မည်၊ ထိုအရာကိုပြု လုပ်မည်ဟု ဆိုသင့်၏။- ၁၆ ။ ယခုမူကား သင်တို့သည် သင် တို့၏မာနစိတ်ဖြင့် ကြွားဝါကြ၏။ ထိုသို့သောကြွားဝါမှု မှန်သမျှသည် မကောင်းမှုဖြစ်၏။-
15 Em lugar do que devíeis dizer: Se o Senhor quiser, e se vivermos, faremos isto ou aquilo.
16 — ausente —
16 Mas agora vos gloriais em vossas presunções; toda a glória tal como esta é maligna.
17 မည်သူမဆို ကောင်း သောအကျင့်ကိုသိလျက်နှင့် မကျင့်ပါက သူ့ ၌ အပြစ်ရှိ လေ၏။
17 Aquele, pois, que sabe fazer o bem e não o faz, comete pecado.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Tiago 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.