Tiago 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ငါ၏ညီအစ်ကိုတို့၊ ငါတို့တွင် များစွာသောသူတို့ သည် ဆရာမဖြစ်ကြပါစေနှင့်။အကြောင်းမူကား သွန်သင်ပေးသောငါတို့သည် ပိုမိုတင်းကြပ်စွာစီရင်ခြင်းခံရမည်ကို သင်တို့သိကြသောကြောင့်တည်း။-
1 Meus irmãos, não haja muitos entre vós a se arvorar em mestres; sabeis que seremos julgados mais severamente,
2 အဘယ်ကြောင့်ဆိုသော် ငါတို့အားလုံးသည် အမှားများစွာပြု လုပ်တတ်ကြ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် မိမိပြောဆိုသောအရာ၌ အမှားမပြုလုပ်မိလျှင် ထိုသူသည် စုံလင်သောသူဖြစ်၍ မိမိကိုယ်ကို ချုပ်တည်းနိုင် စွမ်းရှိသူလည်းဖြစ် ပေ၏။-
2 porque todos nós caímos em muitos pontos. Se alguém não cair por palavra, este é um homem perfeito, capaz de refrear todo o seu corpo.
3 ငါတို့သည် မြင်းများ၏ပါးစပ် အတွင်းသို့ ဇက်ခွံ့၍ ငါတို့ကို နာခံစေကြလျက် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ညွှန်ကြားကြ၏။ သင်္ဘောများ ကိုလည်း ကြည့်ကြလော့။-
3 Quando pomos o freio na boca dos cavalos, para que nos obedeçam, governamos também todo o seu corpo.
4 သင်္ဘောများသည် အလွန်ကြီးမားပြီး ပြင်းထန်သောလေနှင့် ရွက်လွှင့်သွားသော်လည်း မောင်းနှင်သူအလိုရှိရာအရပ်သို့ သေးငယ်သည့် တက်မနှင့်လမ်းညွှန်နိုင်၏။-
4 Vede também os navios: por grandes que sejam e embora agitados por ventos impetuosos, são governados com um pequeno leme à vontade do piloto.
5 ထိုနည်းတူပင် လျှာသည် သေးငယ်သော်လည်း ကြီးကျယ်သောအရာများကို ကြွားဝါတတ်၏။ ကြီးမားသောသစ်တောကို သေးငယ်သောမီးတောက်ကလေးက လောင်ကျွမ်းစေနိုင်၏။-
5 Assim também a língua é um pequeno membro, mas pode gloriar-se de grandes coisas. Considerai como uma pequena chama pode incendiar uma grande floresta!
6 လျှာသည် မီးဖြစ်၏။ လျှာသည် ငါတို့၏ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း များအလယ်တွင် မဖြောင့်မှန်သောနယ်ပယ်တစ်ခုဖြစ်၍ ခန္ဓာကိုယ်တစ်ခုလုံးကို ညစ်ညူးစေနိုင်၏။ လျှာသည် ငရဲ မှ မီးစွဲလောင်ခြင်းကို ကိုယ်တိုင်ခံရပြီး ဤလောကတစ်ခု လုံးကိုလည်း လောင်ကျွမ်းစေလေ၏။-
6 Também a língua é um fogo, um mundo de iniqüidade. A língua está entre os nossos membros e contamina todo o corpo; e sendo inflamada pelo inferno, incendeia o curso da nossa vida.
7 အကြောင်းမူကား သားရဲတိရ စ္ဆာန်များ၊ ငှက်များ၊ တွားသွားသတ္တဝါများနှင့် ပင်လယ်သတ္တဝါများကို ယဉ်ပါးအောင် ပြုလုပ်နိုင်ပြီး လူတို့သည် ယင်းတို့ကို ယဉ်ပါးစေခဲ့ကြ၏။-
7 Todas as espécies de feras selvagens, de aves, de répteis e de peixes do mar se domam e têm sido domadas pela espécie humana.
8 သို့သော် မည်သည့်လူသားကမျှ လျှာကိုယဉ်ကျေးအောင် မဆုံးမနိုင်ချေ။ လျှာသည် သေစေနိုင်သောအဆိပ်ဖြင့် ပြည့်နေ သည့် အမြဲလှုပ်ရှားနေသောမကောင်းဆိုးဝါးဖြစ်၏။-
8 A língua, porém, nenhum homem a pode domar. É um mal irrequieto, cheia de veneno mortífero.
9 ငါတို့သည် ခမည်းတော်ဖြစ်သော ထာ၀ရဘုရားသခင်ကို ဤလျှာဖြင့် ကောင်းချီးပေးကြပြီး ဤလျှာဖြင့်ပင် ဘုရား သခင်၏ ရွှေပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းထားသော လူများကို ကျိန်ဆဲကြ၏။-
9 Com ela bendizemos o Senhor, nosso Pai, e com ela amaldiçoamos os homens, feitos à semelhança de Deus.
10 ဤပါးစပ်တစ်ခုထဲမှ ကောင်း ချီးပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ထွက်ပေါ်လာ၏။ ငါ၏ညီ အစ်ကိုတို့၊ ဤသို့ မဖြစ်သင့်ပေ။-
10 De uma mesma boca procede a bênção e a maldição. Não convém, meus irmãos, que seja assim.
11 စမ်းပေါက်တစ်ခုထဲမှ ရေချိုနှင့် ရေငန်ထွက်ပါသလော။-
11 Porventura lança uma fonte por uma mesma bica água doce e água amargosa?
12 ငါ၏ညီအစ်ကိုတို့၊ သဖန်းပင်သည် သံလွင်သီးများကို သီးနိုင်သလော။ သို့တည်းမဟုတ် စပျစ်ပင်သည် သဖန်းသီးကို သီးနိုင်ပါသ လော။ ဆားငန်ရေမှလည်း ရေချိုကိုမရရှိနိုင်ပေ။
12 Acaso, meus irmãos, pode a figueira dar azeitonas ou a videira dar figos? Do mesmo modo a fonte de água salobra não pode dar água doce.
13 သင်တို့တွင် မည်သူသည် ဉာဏ်ပညာနှင့်နားလည်တတ်ခြင်းတို့ကို ပိုင်ဆိုင်သနည်း။ သူသည် ဉာဏ်ပညာဖြင့်သိမ်မွေ့ လျက်ရှိသော မိမိ၏လုပ်ရပ်များကို မိမိ၏ ကောင်းသောဘ၀ဖြင့်ပြပါစေ။-
13 Quem dentre vós é sábio e inteligente? Mostre com um bom proceder as suas obras repassadas de doçura e de sabedoria.
14 သို့သော် သင်၏စိတ်နှလုံးတွင် ခါးသီးသော မနာလိုစိတ်နှင့်တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်တို့ရှိပါလျှင် အမှန်တရားကိုဆန့်ကျင်၍ ကြွားဝါခြင်းမပြုလေနှင့်။-
14 Mas, se tendes no coração um ciúme amargo e gosto pelas contendas, não vos glorieis, nem mintais contra a verdade.
15 ထိုသို့သောဉာဏ်ပညာသည် အထက်ကောင်းကင်မှလာသော အရာမဟုတ်။ ၎င်းသည် ကမ္ဘာလောကမှလာ၍ ဝိညာဉ်ရေး နှင့်ဆန့်ကျင်ပြီး နတ်ဆိုးနှင့်ဆိုင်သောပညာသာဖြစ်ပေလိမ့်မည်။-
15 Esta não é a sabedoria que vem do alto, mas é uma sabedoria terrena, humana, diabólica.
16 အကြောင်းမူကား မနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန် သောရည်မှန်းချက်တို့ရှိသည့်နေရာ၌ မငြိမ်မသက်ရှိပြီး ဆိုးယုတ်မှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့်တည်း။-
16 Onde houver ciúme e contenda, ali há também perturbação e toda espécie de vícios.
17 အထက်ကောင်းကင်မှလာသောဉာဏ်ပညာမူကား ပထမဦးဆုံးအနေဖြင့် စင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသာယာပြီး နူးညံ့သိမ်မွေ့ကာ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိ၏။ ၎င်းသည် သနားကြင်နာခြင်းဖြင့်ပြည့်၀၍ ကောင်းသောအမှုကိုပြုစေပြီး မျက်နှာလိုက်ခြင်းမရှိဘဲ သူတော်ကောင်းယောင်ဆောင်ခြင်းလည်းမရှိပေ။-
17 A sabedoria, porém, que vem de cima, é primeiramente pura, depois pacífica, condescendente, conciliadora, cheia de misericórdia e de bons frutos, sem parcialidade, nem fingimento.
18 ငြိမ်းချမ်းရေးဆောင်ရွက်သူတို့သည်လည်း ဖြောင့်မတ်ခြင်း၏ အသီးအပွင့်များကို ငြိမ်းချမ်းသာယာစွာ မျိုးစေ့ကြဲတတ် ကြ၏။
18 O fruto da justiça semeia-se na paz para aqueles que praticam a paz.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tiago 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.