Tiago 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်၏အစေခံဖြစ်သူ ယာကုပ်သည် အရပ်ရပ်တွင် နေထိုင်ကြသည့် တစ်ဆယ့်နှစ်မျိုး သော အမျိုးအနွယ်တို့ထံသို့ နှုတ် ခွန်းဆက်သလိုက်ပါသည်။
1 Eu, Tiago, servo de Deus e do Senhor Jesus Cristo, envio saudações a todo o povo de Deus espalhado pelo mundo inteiro.
2 ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးတို့နှင့်ကြုံတွေ့ရသောအခါ ဝမ်းမြောက်ကြပါလော့။-
2 Meus irmãos, sintam-se felizes quando passarem por todo tipo de aflições.
3 အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းသည် စမ်းသပ်ခြင်းခံရသောအခါ သင်တို့၌ တည်ကြည် ခိုင်မာသော စိတ်တိုးပွားလာ ကြောင်းကို သင်တို့သိကြသောကြောင့်တည်း။-
3 Pois vocês sabem que, quando a sua fé vence essas provações, ela produz perseverança.
4 ထိုတည်ကြည်ခိုင်မာသောစိတ်၌ အကျိုးသက်ရောက်မှု အပြည့်အဝရှိပါစေ။ ထိုအခါ သင်တို့၌ မည်သည့်အရာမျှလိုအပ်မည် မဟုတ်ဘဲ သင်တို့ သည် စုံလင်ပြည့်၀ကြလိမ့်မည်ဖြစ်၏။
4 Que essa perseverança seja perfeita a fim de que vocês sejam maduros e corretos, não falhando em nada!
5 သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာ ကိုလိုအပ်လျှင် ဘုရားသခင်ထံ တောင်းလျှောက်ပါစေ။ ကိုယ်တော်သည် အပြစ်တင်ခြင်းမရှိဘဲ လူတို့အား ရက် ရောစွာ ပေးလေ့ရှိသဖြင့် သူ့အား ဉာဏ်ပညာကို ပေး သနားတော်မူလိမ့်မည်။-
5 Mas, se alguém tem falta de sabedoria, peça a Deus, e ele a dará porque é generoso e dá com bondade a todos.
6 သို့ရာတွင် သူသည် သံသယ စိတ်မရှိဘဲ ယုံကြည်ခြင်းနှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသော သူသည် လေတိုက်၍ လှုပ်ရှားသောပင်လယ်လှိုင်းတံပိုးနှင့်တူ၏။- ၇-၈။ အကြောင်းမူကား ထိုကဲ့သို့သောသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလုပ်သမျှ၌ တည်ကြည်မှုမရှိသောကြောင့် ထာ၀ရဘုရား သခင်ထံမှ တစ်စုံတစ်ရာကိုရရှိလိမ့်မည်ဟု မထင် မှတ်သင့်ပေ။
6 Porém peçam com fé e não duvidem de modo nenhum, pois quem duvida é como as ondas do mar, que o vento leva de um lado para o outro.
7 — ausente —
7 Quem é assim não pense que vai receber alguma coisa do Senhor,
8 — ausente —
8 pois não tem firmeza e nunca sabe o que deve fazer.
9 နှိမ့်ချသောညီအစ်ကိုသည် မိမိချီးမြှောက်ခံရသည့်အတွက် ကြွားဝါဝမ်းမြောက်ပါစေ။-
9 O irmão que é pobre deve ficar contente quando Deus faz com que melhore de vida;
10 ချမ်းသာကြွယ်၀ သောညီအစ်ကိုသည်လည်း မိမိ၏နှိမ့်ချခံရခြင်းအတွက် ဝမ်းမြောက်ပါစေ။ အကြောင်းမူကား သူသည် မြက်ပင်၌ ပွင့်သောပန်းကဲ့သို့ပင် ပျောက်ကွယ်သွားလိမ့်မည်။-
10 e quem é rico deve sentir o mesmo quando Deus faz com que piore de vida. Pois quem é rico desaparecerá como a flor da erva do campo.
11 အကြောင်းမူကား နေသည် တောက်လောင်သောအပူရှိန်နှင့် ထွက်လာသောအခါ မြက်ပင်ကိုညှိုးခြောက်စေ၍ ယင်း၏ အပွင့်သည်လည်းကြွေကျသဖြင့် ယင်း၏အလှအပသည်လည်း ပျောက်ကွယ်လေ၏။ ထိုနည်းတူပင်ချမ်းသာကြွယ်၀သော သူသည်လည်း မိမိကြိုးစားရှာဖွေ ထားသောအရာများအကြားတွင် မှေးမှိန်ပျောက်ကွယ် သွားလိမ့်မည်။
11 Quando o sol brilha forte, e o seu calor queima a planta, aí a flor cai, e a sua beleza é destruída. Do mesmo modo, quem é rico será destruído no meio dos seus negócios.
12 စုံစမ်းနှောင့်ယှက်ခြင်းကို ခံထမ်းနိုင်သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် နှောင့်ယှက်ခြင်း ကိုကြံ့ကြံ့ခံ နိုင်သောအခါ ဘုရားသခင်ကိုချစ်သောသူ တို့အား ကိုယ်တော်ကတိထားတော်မူသည့် အသက် သရဖူကိုခံယူရရှိလိမ့်မည်။-
12 Feliz é aquele que nas aflições continua fiel! Porque, depois de sair aprovado dessas aflições, receberá como prêmio a vida que Deus promete aos que o amam.
13 မည်သူမဆို နှောင့်ယှက်ခြင်း ခံရသောအခါ ဘုရားသခင်သည် ငါ့ကိုစုံစမ်းနှောင့်ယှက်တော်မူသည်ဟူ၍ မပြောဆိုစေနှင့်။ အကြောင်းမူကား မကောင်းမှုသည် ဘုရားသခင်ကို သွေးဆောင်နှောင့် ယှက်ခြင်းမပြုနိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည် သူ့ကိုမျှ သွေးဆောင်နှောင့်ယှက်ခြင်းပြုတော်မမူပေ။-
13 Quando alguém for tentado, não diga: “Esta tentação vem de Deus.” Pois Deus não pode ser tentado pelo mal e ele mesmo não tenta ninguém.
14 သို့သော် လူတစ်ဦးစီသည် မိမိ၏အလိုဆန္ဒအားဖြင့် သွေးဆောင်ဖြားယောင်းခံရချိန်၌ စုံစမ်းနှောင့်ယှက်ခံရခြင်း ဖြစ်လေ၏။-
14 Mas as pessoas são tentadas quando são atraídas e enganadas pelos seus próprios maus desejos.
15 ထို့နောက် အလိုဆန္ဒဖြစ်ပေါ်လာသောအခါ ၎င်းသည် မကောင်းမှုကို ဖန်တီးလေ၏။ မကောင်းမှုသည်လည်း ကြီးမား လာသောအခါ သေခြင်းကို ဖြစ်ပေါ်လာစေ၏။
15 Então esses desejos fazem com que o pecado nasça, e o pecado, quando já está maduro, produz a morte.
16 ငါချစ်ရသောညီအစ်ကိုတို့၊ လှည့်ဖြားခြင်းမခံကြရစေနှင့်။-
16 Não se enganem, meus queridos irmãos.
17 ကောင်းမြတ်သောလက်ဆောင်နှင့် စုံလင်သော ဆုကျေးဇူးမှန်သမျှသည် အထက်ကောင်းကင်မှလာ၏။ယင်းတို့သည် ပြောင်းလဲခြင်းနှင့် မှောင်မိုက်ခြင်းတို့ဖြင့် ကင်းသောကောင်းကင်အလင်းတို့၏အဖထံတော်မှ လာခြင်းဖြစ်၏။-
17 Tudo de bom que recebemos e tudo o que é perfeito vêm do céu, vêm de Deus, o Criador das luzes do céu. Ele não muda, nem varia de posição, o que causaria a escuridão.
18 ငါတို့သည် ကိုယ်တော်ဖန်ဆင်းသမျှတို့တွင် ပထမဦးဆုံးသောအသီးအပွင့်များဖြစ်လာရန် ကိုယ်တော်သည် မိမိအလိုတော် အတိုင်း သမ္မာတရား တော်အားဖြင့် ငါတို့ကို ဖြစ်ပေါ်စေတော်မူ၏။
18 Pela sua própria vontade ele fez com que nós nascêssemos , por meio da palavra da verdade, a fim de ocuparmos o primeiro lugar entre todas as suas criaturas.
19 ငါချစ်ရသောညီအစ်ကိုတို့၊ ဤအချက်ကိုသိမှတ် ကြလော့။ လူတိုင်းသည် ကြားနာခြင်း၌ လျင်မြန်ကြရမည်။ ပြောဆိုခြင်းနှင့် အမျက်ထွက်ခြင်း၌ကား နှေးကွေး ကြရမည်။-
19 Lembrem disto, meus queridos irmãos: cada um esteja pronto para ouvir, mas demore para falar e ficar com raiva.
20 အကြောင်းမူကား လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ဖြောင့်မတ်တော်မူခြင်းကို မဖော်ပြနိုင်ပေ။-
20 Porque a raiva humana não produz o que Deus aprova.
21 ထို့ကြောင့် သင်တို့သည် ညစ်ညူးခြင်းနှင့် မကောင်း မှုအကြွင်းအကျန်ရှိသမျှတို့ကို ဖယ်ရှားကြလော့။ သင်တို့တွင် ထည့်သွင်းထားပြီးဖြစ်သောနှုတ်တော်ထွက် စကားကို သိမ်မွေ့စွာခံယူကြလော့။ ၎င်းသည် သင်တို့၏ ဝိညာဉ်ကို ကယ်တင်နိုင် စွမ်းရှိလေ၏။
21 Portanto, deixem todo costume imoral e toda má conduta. Aceitem com humildade a mensagem que Deus planta no coração de vocês, a qual pode salvá-los.
22 သို့သော် နှုတ်တော်ထွက်စကားကိုကျင့်ကြံသော သူများဖြစ်စေကြလော့။ မိမိကိုယ်ကို လှည့်ဖြားလျက် ၎င်းကို ကြားနာသူ သက်သက်မဖြစ်စေကြနှင့်။-
22 Não se enganem; não sejam apenas ouvintes dessa mensagem, mas a ponham em prática.
23 အကြောင်း မူကား တစ်စုံတစ်ယောက်သည် နှုတ်တော်ထွက်စကား ကို ကြားနာပြီး မကျင့်သုံးလျှင် ထိုသူသည် မိမိ၏ပကတိ မျက်နှာကို မှန်တွင်ကြည့်သောသူနှင့်တူ၏။-
23 Porque aquele que ouve a mensagem e não a põe em prática é como uma pessoa que olha no espelho e vê como é.
24 အဘယ်ကြောင့်ဆိုသော် သူသည် မိမိကိုယ်ကို ကြည့်ပြီးထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက် မိမိ၏ပုံရိပ်ကို မေ့လျော့သွား လေ၏။-
24 Dá uma boa olhada, depois vai embora e logo esquece a sua aparência.
25 သို့သော် လွတ်လပ်ခြင်း၏တရားတော်တည်းဟူသော ပြီးပြည့်စုံသည့်တရားတော်ကို သေချာစွာ ကြည့်ရှုလေ့လာ၍ စောင့်ထိန်းသောသူသည် တရားတော်ကို ကြားနာပြီး မေ့လျော့သွားသူမဟုတ်ဘဲ ကျင့်ကြံသော သူဖြစ်သောကြောင့် သူသည် မိမိပြုလုပ်သမျှအရာတို့ အတွက် ကောင်းချီးခံရလိမ့်မည်။
25 O evangelho é a lei perfeita que dá liberdade às pessoas. Se alguém examina bem essa lei e não a esquece, mas a põe em prática, Deus vai abençoar tudo o que essa pessoa fizer.
26 မည်သူမဆို မိမိသည် ဘုရားတရားရှိသူဟု ယူဆ ပြီး မိမိ၏နှုတ်လျှာကို မထိန်းသိမ်းနိုင်လျှင် သူသည် မိမိ ၏စိတ်နှလုံးကို လှည့်စားသောသူဖြစ်၏။ ဤသူ၏ဘုရား တရားကြည်ညိုခြင်းသည် အချည်းနှီးသာဖြစ်၏။-
26 Alguém está pensando que é religioso? Se não souber controlar a língua, a sua religião não vale nada, e ele está enganando a si mesmo.
27 ဘုရား သခင်၏ရှေ့တော်၌ စစ်မှန်ပြီး သန့်ရှင်းသောဘုရားတရား ကြည်ညိုမှုသည်ကား ဒုက္ခရောက်နေသောမိဘမဲ့တို့နှင့် မုဆိုးမများကိုသွားရောက်ကြည့်ရှုခြင်းနှင့် မိမိကိုယ်ကို လောကီမကောင်းမှုများမှ ကင်းစင်စေရန် စောင့်ထိန်း ခြင်းတို့ဖြစ်ကြ၏။
27 Para Deus, o Pai, a religião pura e verdadeira é esta: ajudar os órfãos e as viúvas nas suas aflições e não se manchar com as coisas más deste mundo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tiago 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.