Salmos 9
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းပါမည်။ အကျွန်ုပ်သည် ကိုယ်တော် လုပ်ဆောင်တော်မူသော အံ့ဖွယ်ရာ အမှုအရာတို့၏အကြောင်းကို ပြောဆိုပါမည်။-
1 Ó Senhor Deus, eu te louvarei com todo o coração e contarei todas as coisas maravilhosas que tens feito.
2 အကျွန်ုပ်သည် ဝမ်းမြောက်ရွှင်လန်း၍ ကိုယ်တော်၌ ချီးမွမ်းပါမည်။ အကျွန်ုပ်တို့၏ အမြင့်ဆုံးသော ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို သီဆိုချီးမွမ်းပါမည်။
2 Por causa de ti eu me alegrarei e ficarei feliz. Cantarei louvores a ti, ó Deus Altíssimo.
3 အကျွန်ုပ်၏ရန်သူများ ပြန်လှည့်လာကြသောအခါ သူတို့သည် ကိုယ်တော်၏ ရှေ့မျက်မှောက်တော်၌ လဲကျ၍ သေဆုံးကြ လေပြီ။-
3 Quando apareces, os meus inimigos fogem; eles caem e morrem.
4 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ဘက်မှရပ်တည်၍ တရားစီရင်တော်မူ လေပြီ။ ကိုယ်တော်သည် ပလ္လင်တော်ပေါ်တွင် ထိုင်လျက် ဖြောင့်မတ်စွာ တရားစီရင်တော်မူ၏။
4 Tu és um juiz justo e, sentado no teu trono, fizeste justiça, julgando a meu favor.
5 ကိုယ်တော်သည် ဘုရားတရားမဲ့သော လူမျိုးတို့ကို ပြစ်တင်ရှုတ်ချတော်မူ၍ ဆိုးယုတ်သောသူတို့ကို ဖျက်ဆီးတော်မူခဲ့ပြီ။ ကိုယ်တော်သည် သူတို့၏အမည်များကို အစဉ်ထာ၀ရ ပယ်ဖျက်တော်မူလေပြီ။-
5 Tu condenaste os pagãos e destruíste os maus; eles nunca mais serão lembrados.
6 ရန်သူတို့သည် အဆုံးမသတ်နိုင်သော ပျက်စီးခြင်း၌ ကွယ်ပျောက်သွားကြလေပြီ။ ကိုယ်တော်သည် သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူ၍ ၎င်းတို့ကို မည်သူကမျ ှအောက်မေ့သတိရတော့မည် မဟုတ်ပေ။
6 Arrasaste as cidades dos nossos inimigos; elas foram destruídas para sempre, e eles estão completamente esquecidos.
7 သို့သော်လည်း ထာ၀ရဘုရားသခင်သည် ကာလအဆက်ဆက် စိုးစံတော်မူ၏။ ကိုယ်တော်သည် တရားစီရင်ရန် ပလ္လင်တော်ကို တည်တော်မူလေပြီ။-
7 Mas o Senhor é Rei para sempre. Sentado no seu trono, ele faz os seus julgamentos.
8 ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မှန်စွာစီရင်တော်မူ၍ လူမျိုးအပေါင်းတို့ကို တရားမျှတစွာ စီရင်တော်မူလေပြီ။
8 Deus governa o mundo com justiça e julga os povos de acordo com o que é direito.
9 ကိုယ်တော်သည် ဖိနှိပ်ချုပ်ချယ်ခြင်း ခံရသူတို့၏ ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်သော အချိန်များ၌ ဘေးကင်းလုံခြုံရာလည်း ဖြစ်တော်မူ၏။-
9 O Senhor é um abrigo para os que são perseguidos; ele os protege em tempos de aflição.
10 ကိုယ်တော်၏နာမတော်ကို သိရှိသောသူတို့သည် ကိုယ်တော်၌ ယုံကြည်အားကိုးကြလိမ့်မည်။ အကြောင်းမူကား အိုထာ၀ရ ဘုရားသခင်၊ ကိုယ်တော်သည် မိမိကိုရှာဖွေသောသူတို့အား စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။
10 Ó Senhor , aqueles que te conhecem confiam em ti, pois não abandonas os que procuram a tua ajuda.
11 ဇီအွန်မြို့တွင် စိုးစံတော်မူသေ ာထာ၀ရဘုရားသခင်အား သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသော အမှုအရာ တို့အား လူမျိုးတကာတို့အလယ်တွင် ဟောပြောကြလော့။-
11 Cantem louvores ao Senhor , que reina em Jerusalém. Anunciem às nações o que ele tem feito.
12 အကြောင်းမူကား သွေးအတွက် လက်စားချေသော ကိုယ်တော်သည် ထိုသူတို့ကို အောက်မေ့တော်မူ၏။ ကိုယ်တော်သည် ညှဉ်းပန်းနှိပ်စက်ခံရသော သူတို့၏ငိုကြွးသံကိုလည်း လျစ်လျူရှုတော်မမူပေ။
12 Pois Deus lembra dos que são perseguidos; ele não esquece os seus gemidos e castiga aqueles que os tratam com violência.
13 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ ရန်သူများသည် အကျွန်ုပ်အား မည်မျှညှဉ်းဆဲသည်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်ကို သေခြင်းတံခါးမှ ကယ်တင်တော်မူသော အိုအရှင်ဘုရား၊-
13 Ó Senhor Deus, tem compaixão de mim! Vê como me fazem sofrer os que me odeiam. Livra-me da morte
14 ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်အပေါင်းတို့ကို ချီးမွမ်းဖော်ပြနိုင်၍ ကိုယ်တော် ပေးသနားတော်မူသော ကယ်တင်ခြင်း အတွက်ကြောင့် အကျွန်ုပ်သည် ဇီအွန်သမီး၏ တံခါးများ၌ ရွှင်လန်းဝမ်းမြောက်နိုင်ပါလိမ့်မည်။
14 a fim de que eu, na presença do povo de Jerusalém, possa me levantar para anunciar o motivo por que te louvo e dizer que sou feliz porque me salvaste da morte.
15 လူမျိုးခြားတို့သည် မိမိတို့တူးထားသော ကျင်းထဲသို့ ကျကြလိမ့်မည်။ သူတို့၏ ခြေများသည်လည်း သူတို့ ထောင်ထားသော ကျော့ကွင်း၌ ပြန်၍မိကြလိမ့်မည်။-
15 Os pagãos caíram na cova que fizeram; foram apanhados na armadilha que eles mesmos armaram.
16 ထာ၀ရဘုရားသခင်သည် ဖြောင့်မှန်စွာတရားစီရင်ခြင်းအားဖြင့် မိမိကိုယ်ကို ထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သော သူတို့သည် မိမိတို့ပြုလုပ်ထားသော ကျော့ကွင်း၌ ပြန်၍မိကြလေပြီ။
16 O Senhor se torna conhecido por causa dos seus julgamentos justos, e os maus caem nas suas próprias armadilhas.
17 ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော လူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ သွားကြရလိမ့်မည်။
17 Eles acabarão no mundo dos mortos ; para lá irão todos os que rejeitam a Deus.
18 အကြောင်းမူကား ချို့တဲ့နွမ်းပါးသော သူတို့သည် အစဉ်ထာ၀ရ မေ့လျော့ခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဆင်းရဲသားတို့၏ မျှော်လင့်ချက်သည်လည်း အစဉ်ထာ ၀ရပျောက်ဆုံးသွားလိမ့်မည်မဟုတ်။
18 Os pobres não serão esquecidos para sempre, e os necessitados não perderão para sempre a esperança.
19 အိုထာ၀ရဘုရားသခင်၊ ကြွလာတော်မူပါ။ လူတို့အား အနိုင်မယူပါစေနှင့်။ လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ရှေ့တော်၌ တရားစီရင်ခြင်းခံကြရပါစေ။-
19 Vem, ó Senhor , e não deixes que os seres humanos te desafiem! Põe os povos pagãos diante de ti e julga-os.
20 အို ထာ၀ရဘုရားသခင်၊ သူတို့ကို ကြောက်လန့်စေတော်မူပါ။ မိမိတို့သည် လူသားသက်သက်သာ ဖြစ်ကြောင်းကို လူမျိုးအပေါင်းတို့အား သိစေတော်မူပါ။
20 Faze, ó Senhor Deus, com que sintam medo! Que eles fiquem sabendo que são simples criaturas mortais!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.