Salmos 97

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ထာ၀ရဘုရားသခင်သည် စိုးစံတော်မူ၏။ ကမ္ဘာမြေကြီးသည် ရွှင်လန်းဝမ်းမြောက်၍ ကျွန်းနိုင်ငံတို့သည်လည်း ပျော်ရွှင်ကြပါစေ။-
1 O Senhor reina! Que a terra exulte de alegria, que se rejubile a multidão das ilhas.
2 မိုးတိမ်နှင့် အမှောင်ထုတို့သည် ကိုယ်တော့်ကို ဝန်းရံလျက် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် တရားမျှတခြင်းတို့သည် ပလ္လင်တော်၏ အခြေခံအုတ်မြစ်ဖြစ်ကြပါ၏။-
2 Está envolvido em escura nuvem, seu trono tem por fundamento a justiça e o direito.
3 မီးလျှံသည် ရှေ့တော်၌သွား၍ အဘက်ဘက်ရှိ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းစေ၏။-
3 Ele é precedido por um fogo que devora em redor os inimigos.
4 ကိုယ်တော်၏ လျှပ်စီးလျှပ်နွယ်တို့သည် ကမ္ဘာတစ်ခွင်ကို လင်းလက်စေ၏။ ကမ္ဘာမြေကြီးသည်လည်း မြင်ရ၍ တုန်လှုပ်လေ၏။-
4 Seus relâmpagos iluminam o mundo, a terra estremece ao vê-los.
5 တောင်တန်းများသည် ကမ္ဘာမြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသည့် အရှင်သခင်တည်းဟူသော ထာ၀ရဘုရားသခင်၏ ရှေ့တော်မှောက်၌ ဖယောင်းကဲ့သို့ အရည်ပျော်ကျကြ၏။
5 Na presença do Senhor, fundem-se as montanhas como a cera, em presença do Senhor de toda a terra.
6 ကောင်းကင်တို့သည် ကိုယ်တော်၏ဖြောင့်မတ်မှန်ကန်ခြင်းကို ကြွေးကြော်ကြ၍ လူအပေါင်းတို့သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ဖူးမြင်ကြရ၏။-
6 Os céus anunciam a sua justiça e todos os povos contemplam a sua glória.
7 ရုပ်တုကိုးကွယ်သူများ၊ တန်ဖိုးမရှိသောရုပ်တုများအပေါ် ဂုဏ်ယူဝါကြွားသောသူများသည် အရှက်တကွဲဖြစ်ကြရလေ၏။ ဘုရားအပေါင်းတို့သည်၊ ထာ၀ရဘုရားသခင်အား ပျပ်ဝပ်ရှိခိုးကြ၏။-
7 São confundidos os que adoram estátuas e se gloriam em seus ídolos; pois os deuses se prostram diante do Senhor.
8 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏တရားစီရင်တော်မူခြင်းတို့ကြောင့် ဂျုဒပြည်ရှိ ရပ်ရွာအပေါင်းတို့သည် ပျော်ရွှင်မြူးထူး ကြ၏။ ဇီအွန်မြို့သည်လည်း ကြားရ၍ ရွှင်လန်းဝမ်းမြောက်လေ၏။-
8 Ouve e se alegra Sião, exultam as cidades de Judá por causa de vossos juízos, Senhor.
9 အကြောင်းမူကား အိုထာ၀ရဘုရားသခင်၊ ကိုယ်တော် သည် ကမ္ဘာမြေတစ်ဝန်းလုံးတွင် အမြင့်မြတ်ဆုံး ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုရားအပေါင်းတို့ထက် သာလွန်စွာ ချီးမြှောက်ခြင်း ခံရလေ၏။
9 Porque vós, Senhor, sois o soberano de toda a terra, vós sois o Altíssimo entre todos os deuses.
10 ထာ၀ရဘုရားသခင်သည် မကောင်းမှုကို မုန်းတီးသောသူများကို ချစ်မြတ်နိုးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ယုံကြည်သူတို့၏အသက်ကို လုံခြုံစွာစောင့်ရှောက်ထား၍ ဆိုးယုတ်သောသူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။-
10 O Senhor ama os que detestam o mal, ele vela pelas almas de seus servos e os livra das mãos dos ímpios.
11 အလင်းသည် ဖြောင့်မတ်မှန်ကန်သူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ရွှင်လန်းခြင်းသည် စိတ်နှလုံးရိုးဖြောင့်သော သူတို့အပေါ်၌လည်းကောင်း သက်ရောက်လေ၏။-
11 A luz resplandece para o justo, e a alegria é concedida ao homem de coração reto.
12 အိုဖြောင့်မတ်သူအပေါင်းတို့၊ ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသော နာမတော်အား ချီးမွမ်းထောမနာပြုကြလော့။
12 Alegrai-vos, ó justo, no Senhor, e dai glória ao seu santo nome.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 97, comparar traduções ou montar um estudo — tudo direto pelo WhatsApp.