Salmos 96

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 ထာ၀ရဘုရားသခင်ထံသို့ သီချင်းသစ်ကို သီဆိုကြလော့။ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ထံသို့ သီဆိုကျူးအေးကြလော့။-
1 Ó cantai ao SENHOR uma nova canção; cantai ao SENHOR toda a terra.
2 ထာ၀ရဘုရားသခင်ထံသို့ သီဆိုကျူးအေး၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏ကယ်တင်တော် မူခြင်းအကြောင်းကို နေ့စဉ်နေ့တိုင်းကြေညာဟောပြောကြလော့။-
2 Cantai ao SENHOR, bendizei o seu nome, proclamai a sua salvação dia a dia.
3 ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို လူမျိုးတကာတို့ အလယ်၌လည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်အမှုတော်တို့ကို လူအပေါင်းတို့အလယ်၌လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။-
3 Declarai a sua glória entre os pagãos, suas maravilhas entre todos os povos.
4 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကြီးမြတ်တော်မူ၍ ချီးမွမ်းခြင်းကို လွန်စွာခံထိုက်လှပေ၏။ ကိုယ်တော်သည် ရှိသမျှသောဘုရားတို့ထက် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူ၏။-
4 Pois o SENHOR é grande, e grandemente para ser louvado; ele é para ser temido acima de todos os deuses.
5 အကြောင်းမူကား တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် ရုပ်တုများသာဖြစ်ကြ၏။ ထာ၀ရဘုရားသခင်မူကား ကောင်းကင်တို့ကို ဖန်ဆင်းတော်မူ၏။-
5 Pois todos os deuses das nações são ídolos; mas o SENHOR fez os céus.
6 ဘုန်းအရှိန်အဝါနှင့် ဂုဏ်ကျက်သရေတို့သည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏။ ခွန်အားတန်ခိုးနှင့် ဘုန်းဂုဏ်တော်သည် ကိုယ်တော်၏ သန့်ရှင်းရာဌာန၌ တည်ရှိပါ၏။
6 Honra e majestade estão diante dele; força e beleza estão no seu santuário.
7 လူမျိုးနွယ်အပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို သိမှတ်ဝန်ခံကြလော့။ ထာ၀ရဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ခွန်အားတန်ခိုးတော်တို့ကို သိမှတ်ဝန်ခံကြလော့။-
7 Dai ao SENHOR, ó vós famílias dos povos; dai ao SENHOR glória e força.
8 ထာ၀ရဘုရားသခင်၏ နာမတော်နှင့်ထိုက်တန်သော ဘုန်းဂုဏ်တော်ကိုသိမှတ်ဝန်ခံကြလော့။ ပူဇော်သကာကို ယူဆောင် လာ၍ ထာ၀ရဘုရားသခင်၏ အိမ်တော်တွင်းသို့ ဝင်ကြလော့။-
8 Dai ao SENHOR a glória devida ao seu nome; trazei uma oferta e chegai aos seus átrios.
9 သန့်ရှင်းသောဘုန်းအသရေတော်၌ စံပယ်တော်မူသော ထာ၀ရဘုရားသခင်အား ဝတ်ပြုကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။
9 Ó, adorai ao SENHOR na beleza da santidade; temei diante dele, toda a terra.
10 ထာ၀ရဘုရားသခင်သည် စိုးစံတော်မူသည်ဟု လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။ ကမ္ဘာမြေကြီးကို ခိုင်မြဲစွာ တည်ဆောက်ထားသည်ဖြစ်၍ ၎င်းကို မည်သည့်အခါမျှမရွှေ့နိုင်ချေ။ ကိုယ်တော်သည် လူအပေါင်းတို့အား တရားမျှတစွာ စီရင်တော်မူလိမ့်မည်။-
10 Dizei entre os pagãos que o SENHOR reina; o mundo também se estabelecerá para que não seja movido; ele julgará os povos retamente.
11 ကောင်းကင်သည် ဝမ်းမြောက်ရွှင်လန်းပါစေ။ မြေကြီးသည်လည်း ပျော်ရွှင်ဝမ်းမြောက်ပါစေ။ ပင်လယ်နှင့် ပင်လယ်အတွင်း၌ ရှိသမျှတို့သည်လည်း မြည်ဟည်းကြပါစေ။-
11 Regozijem-se os céus, e fique feliz a terra; ruja o mar, e a sua plenitude.
12 လယ်ကွင်းများနှင့် ၎င်း၌ရှိသမျှတို့သည် အားရရွှင်လန်းကြပါစေ။ သစ်တော၌ရှိသော သစ်ပင်အပေါင်းတို့သည်လည်း ရွှင်လန်းစွာဖြင့်သီဆိုကြလိမ့်မည်။-
12 Alegre-se o campo, e tudo o que há nele; então todas as árvores da floresta se regozijarão.
13 သူတို့သည် ထာ၀ရဘုရားသခင်၏ရှေ့တော်တွင် သီဆိုကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူလေပြီ။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူရန် ကိုယ်တော်ကြွလာတော်မူလေပြီ။ ကိုယ်တော်သည် ကမ္ဘာမြေကြီးအား ဖြောင့်မတ် မှန်ကန်ခြင်းဖြင့်လည်းကောင်း၊ လူတို့အား သမ္မာတရားတော်ဖြင့်လည်းကောင်း စီရင်တော်မူလိမ့်မည်။ အုပ်စိုးတော်မူခြင်း၏ဂုဏ်ကျက်သရေ
13 Perante o SENHOR; pois ele vem, pois ele vem para julgar a terra; ele julgará o mundo com justiça. E o povo com a sua verdade.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 96, comparar traduções ou montar um estudo — tudo direto pelo WhatsApp.