Salmos 91

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အမြင့်မြတ်ဆုံးသောအရှင်၏ အကွယ်အကာအောက်တွင် နေထိုင်ရသောသူသည် အနန္တတန်ခိုးတော်ရှင်၏ အရိပ်တော်တွင် နားနေရလိမ့်မည်။-
1 Aquele que habita no abrigo do Altíssimo encontrará descanso à sombra do Todo-poderoso.
2 ထာ၀ရဘုရားသခင်သည် ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါယုံကြည်ကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါဆိုမည်။-
2 Isto eu declaro a respeito do S enhor : ele é meu refúgio, meu lugar seguro, ele é meu Deus e nele confio.
3 အကြောင်းမူကား ကိုယ်တော်သည် သင့်ကို မုဆိုး၏ကျော့ကွင်းမှလည်းကောင်း၊ ကပ်ရောဂါဘေးမှလည်းကောင်း လွတ်မြောက်စေတော်မူလိမ့်မည်။-
3 Pois ele o livrará das armadilhas da vida e o protegerá de doenças mortais.
4 ကိုယ်တော်သည် သင့်ကို မိမိ၏အမွေးအတောင်တော်များဖြင့် ဖုံးအုပ်တော်မူလိမ့်မည်။ သင်သည်လည်း ကိုယ်တော်၏ အတောင်တော်များအောက်တွင် ခိုလှုံရာကိုတွေ့ရှိလိမ့်မည်။ ကိုယ်တော်၏ သစ္စာတည်ကြည်ခြင်းသည် သင်၏ အကာအကွယ် ဒိုင်းလွှားဖြစ်တော်မူ၏။-
4 Ele o cobrirá com as suas penas e o abrigará sob as suas asas; a sua fidelidade é armadura e proteção.
5 သင်သည် ညအခါ၌ ဖြစ်တတ်သော ကြောက်လန့်ဖွယ်ရာကိုလည်းကောင်း၊ နေ့အချိန်၌ ပျံဝဲသောမြားကိုလည်းကောင်း၊-
5 Não tenha medo dos terrores da noite, nem da flecha que voa durante o dia.
6 အမှောင်တွင် ကျရောက်တတ်သော ကပ်ရောဂါဘေးကိုလည်းကောင်း၊ နေ့အချိန်တွင် ဆုံးပါးစေတတ်သော ဖျက်ဆီးခြင်းကို လည်းကောင်း ကြောက်ရလိမ့်မည်မဟုတ်။
6 Não tema a praga que se aproxima na escuridão, nem a calamidade que devasta ao meio-dia.
7 သင်၏အနီးတွင် လူတစ်ထောင်၊ သင်၏လက်ယာဘက်တွင် လူတစ်သောင်းကျဆုံးကြသော်လည်း ထိုအန္တရာယ်သည် သင့်အနီးသို့ ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။-
7 Ainda que mil caiam ao seu lado e dez mil morram ao seu redor, você não será atingido.
8 သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ဘေးဒဏ်ကို မြင်နိုင်ရန် မိမိ၏မျက်စိဖြင့် ကြည့်ရုံမျှသာ ကြည့်ရမည်။
8 Basta abrir os olhos, e verá como são castigados os perversos.
9 သင်သည် ထာ၀ရဘုရားသခင်ကို သင်၏ခိုလှုံရာအဖြစ်လည်းကောင်း၊ အမြင့်ဆုံးသောအရှင်ကို သင်၏မှီခိုရာဌာနအဖြစ် လည်းကောင်း ထားရှိစေသောကြောင့်၊-
9 Se você se refugiar no S enhor , se fizer do Altíssimo seu abrigo,
10 သင့်အပေါ်သို့ မည်သည့်ဒုက္ခမျှမကျရောက်ပေ။ မည်သည့်အပြစ်ဒဏ်မျှလည်း သင်၏တဲအနီးသို့ ချဉ်းကပ်လိမ့် မည်မဟုတ်ပေ။
10 nenhum mal o atingirá, nenhuma praga se aproximará de sua casa.
11 အကြောင်းမူကား သင်သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေရန် ကိုယ်တော်သည် မိမိ၏ကောင်းကင် တမန်တော်များအား အမိန့်ပေးတော်မူလိမ့်မည်။-
11 Pois ele ordenará a seus anjos que o protejam aonde quer que você vá.
12 သူတို့သည် သင်၏ခြေကို ကျောက်နှင့်မထိခိုက်စေခြင်းငှာ သင့်ကို မိမိတို့၏ လက်များဖြင့် ချီပင့်ထားကြလိမ့်မည်။-
12 Eles o sustentarão com as mãos, para que não machuque o pé em alguma pedra.
13 သင်သည် ခြင်္သေ့နှင့် မြွေဟောက်တို့အပေါ် လျှောက်လှမ်းသွား၍ ခြင်္သေ့ပျိုနှင့် မြွေနဂါးတို့ကို နင်းချေလိမ့်မည်။
13 Você pisará leões e cobras, esmagará leões ferozes e serpentes debaixo dos pés.
14 သူသည် ငါ့ကိုချစ်မြတ်နိုးသောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမတော်ကို အသိအမှတ်ပြုသောကြောင့် ငါသည် သူ့ကိုစောင့်ရှောက်မည်။-
14 O S enhor diz: “Livrarei aquele que me ama, protegerei o que confia em meu nome.
15 သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ သူဒုက္ခရောက်သောအခါ သူ့ဘက်၌ ငါရပ်တည်မည်။ ငါသည် သူ့အား ကယ်တင်၍ ဂုဏ်ပြုချီးမြှင့်မည်။-
15 Quando clamar por mim, eu responderei e estarei com ele em meio às dificuldades; eu o resgatarei e lhe darei honra.
16 ငါသည် သူ့အား အသက်ရှည်စေခြင်းဖြင့် တင်းတိမ်ရောင့်ရဲစေပြီး ငါ၏ကယ်တင်တော်မူခြင်းကို သူ့အား ငါပြသမည်။
16 Com vida longa o recompensarei e lhe darei minha salvação”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 91, comparar traduções ou montar um estudo — tudo direto pelo WhatsApp.