Salmos 90

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် လူမျိုးအစဉ်အဆက်တို့၌ အကျွန်ုပ်တို့၏ခိုလှုံရာ ဖြစ်တော်မူပါ၏။-
1 Senhor, tu tens sido nosso refúgio ao longo das gerações.
2 တောင်ကုန်းများမဖြစ်ပေါ်မီ၊ မြေကြီးနှင့်ဝေနေယျသတ္တဝါအပေါင်းတို့ ဖန်ဆင်းခြင်းမခံရမီ ကိုယ်တော်သည် ကာလအစဉ် အဆက်ကပင် ဘုရားဖြစ်တော်မူပါ၏။
2 Antes que os montes nascessem, antes que formasses a terra e o mundo, de eternidade a eternidade, tu és Deus.
3 ကိုယ်တော်သည် အကျွန်ုပ်တို့အား မြေမှုန့်အဖြစ်သို့ ပြန်သွားစေလျက် မိန့်တော်မူသည်မှာ သေမျိုးဖြစ်သောသင်တို့၊ မြေမှုန့်သို့ ပြန်သွားလော့ဟူ၍ဖြစ်၏။-
3 Fazes as pessoas voltarem ao pó quando dizes: “Retornem ao pó, mortais”.
4 နှစ်ပေါင်းတစ်ထောင်သည် ကိုယ်တော်၏ရှေ့မျက်မှောက်တွင် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဉ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
4 Para ti, mil anos são como um dia que passa, breves como algumas horas da noite.
5 ကိုယ်တော်သည် လူတို့အား လျင်မြန်စွာ ပျောက်ကွယ်သွားစေတော်မူ၏။ သူတို့သည် အိပ်မက်ပမာဖြစ်ကြရပါ၏။ နံနက်အချိန်တွင် အသစ်တစ်ဖန် ပေါ်ထွက်လာသည့် မြက်ပင်ပမာသာဖြစ်ပါ၏။-
5 Arrastas as pessoas como numa enchente; elas são como sonhos que desaparecem. São como a grama que nasce pela manhã;
6 နံနက်အချိန်တွင် မြက်ပင်သည် ပွင့်လန်း၍ အသစ်ပြန်ဖြစ်လာပြီး ညဉ့့််ဦးယံ၌မူကား ညှိုးခြောက်သွားပါ၏။
6 pela manhã, brota e floresce, mas, à tarde, murcha e seca.
7 အကြောင်းမူကား အကျွန်ုပ်တို့သည် ကိုယ်တော်၏အမျက်တော်ဖြင့် လောင်ကျွမ်းခံရပြီး စိတ်တော်မပြေသောကြောင့် စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။-
7 Somos consumidos por tua ira, ficamos apavorados com tua fúria.
8 အကျွန်ုပ်တို့၏ ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ အကျွန်ုပ်တို့လျှို့ဝှက်စွာ ကျူးလွန်ထားသော အပြစ်များကို ရွှေမျက် နှာတော်၏ အလင်းရောင်တွင်လည်းကောင်း ဖော်ထုတ်ထားတော်မူပြီ။
8 Tu pões diante de ti os nossos pecados, nossos pecados secretos, e vês todos eles.
9 အကြောင်းမူကား အကျွန်ုပ်တို့၏ နေ့ရက်များအားလုံးသည် ကိုယ်တော်၏ အမျက်တော်အောက်၌ ကုန်လွန်ကြပြီး အကျွန်ုပ်တို့၏ နှစ်များသည်လည်း သက်ပြင်းတစ်ချက်မျှအတွင်းပင် ကုန်ဆုံးကြပါ၏။-
9 Passamos a vida debaixo de tua ira e terminamos nossos dias com um gemido.
10 အကျွန်ုပ်တို့၏ ဘ၀အသက်တာသည် ခုနစ်ဆယ်မျှသာဖြစ်ပါ၏။ ခွန်အားကောင်းသူဖြစ်ပါလျှင် ရှစ်ဆယ်ဖြစ်ပေလိမ့်မည်။ သို့ပင်သော်လည်း ထိုဘ၀အသက်တာသည် ဒုက္ခနှင့် ဝမ်းနည်းပူဆွေးခြင်းတို့ဖြင့်သာ ပြည့်လျက်ရှိ၏။ ထိုနေ့ရက်များသည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည်လည်း လွင့်ပျောက်သွားကြရပါ၏။
10 Recebemos setenta anos, alguns chegam aos oitenta. Mas até os melhores anos são cheios de dor e desgosto; logo desaparecem, e nós voamos.
11 မည်သူသည် ကိုယ်တော့်အမျက်တော်၏ စွမ်းအားတန်ခိုးကို သိနားလည်ပါသနည်း။ ကိုယ်တော်၏ အမျက်တော်သည် ကိုယ်တော့်ကို ကြောက်ရွံ့သင့်သည့်ပမာဏအတိုင်း ကြီးမားပါ၏။-
11 Quem conhece o poder de tua ira? Grande é a tua fúria, como o temor de que és digno.
12 အကျွန်ုပ်၏နေ့ရက်များကို ရေတွက်တတ်ရန် သွန်သင်ပေးတော်မူပါ။ သို့မှသာလျှင် အကျွန်ုပ်သည် ပညာအမြော်အမြင် ရှိသော နှလုံးသားကို ပိုင်ဆိုင်ရပါလိမ့်မည်။
12 Ajuda-nos a entender como a vida é breve, para que vivamos com sabedoria.
13 အိုထာ၀ရဘုရားသခင်၊ ပြန်ကြွလာတော်မူပါ။ အကျွန်ုပ်တို့သည် မည်မျှကြာအောင်စောင့်ရမည်နည်း။ ကိုယ်တော်၏အစေခံများအပေါ် သနားကရုဏာထားတော်မူပါ။-
13 Ó S enhor , volta-te para nós! Até quando te demorarás? Tem compaixão de teus servos.
14 နံနက်အချိန်၌ အကျွန်ုပ်တို့အား ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာဖြင့် ကျေနပ်အားရစေတော်မူပါ။ သို့မှသာလျှင် အကျွန်ုပ်တို့သည် တစ်သက်လုံးဝမ်းမြောက် ရွှင်လန်းနိုင်ကြပေလိမ့်မည်။-
14 Satisfaze-nos a cada manhã com o teu amor, para que cantemos de alegria até o final da vida.
15 ကိုယ်တော်သည် အကျွန်ုပ်တို့အား ဒုက္ခရောက်စေခဲ့သည့်နေ့ရက်များ၏ ပမာဏအတိုင်းသော်လည်းကောင်း၊ အကျွန်ုပ်တို့ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည့်နှစ်များ၏ ပမာဏအတိုင်းသော်လည်းကောင်း အကျွန်ုပ်တို့ကို ရွှင်လန်းဝမ်းမြောက် စေတော်မူပါ။-
15 Dá-nos alegria proporcional aos dias de aflição; compensa-nos pelos anos em que sofremos.
16 ကိုယ်တော်၏အံ့ဖွယ်အမှုတို့ကို ကိုယ်တော်၏ အစေခံတို့၌လည်းကောင်း၊ ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို သူတို့၏ သားသမီးတို့၌လည်းကောင်း ထင်ရှားပါစေ။-
16 Que nós, teus servos, vejamos teus feitos outra vez; que nossos filhos vejam a tua glória.
17 အကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်၏ ကျေးဇူးတော်သည် အကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေသော်။ အကျွန်ုပ်တို့၏ လက်များဖြင့်ပြုလုပ်သမျှကို ကျွန်ုပ်တို့အဖို့ အောင်မြင်စေတော်မူပါ။ မှန်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏လက်များဖြင့် ပြုလုပ်သမျှကို အောင်မြင်စေတော်မူပါ။
17 Seja sobre nós a bondade do Senhor, nosso Deus; faze prosperar nossos esforços, sim, faze prosperar nossos esforços.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 90, comparar traduções ou montar um estudo — tudo direto pelo WhatsApp.