Salmos 89
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်ကို ကာလအဆက်ဆက် သီဆိုချီးမွမ်းပါမည်။ အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏သစ္စာတော်ကို လူမျိုးအဆက်ဆက်တို့အား ထုတ်ဖော်ကြေညာပါမည်။-
1 Cantarei para sempre o amor do Senhor; com minha boca anunciarei a tua fidelidade por todas as gerações.
2 အကြောင်းမူကား ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်သည် ကာလအစဉ်အဆက် တည်တော်မူ၍ ကိုယ်တော်၏ သစ္စာတော်သည်လည်း ကောင်းကင်ကဲ့သို့ တည်မြဲတော်မူသောကြောင့်ဖြစ်ပါ၏။-
2 Sei que firme está o teu amor para sempre, e que firmaste nos céus a tua fidelidade.
3 ကိုယ်တော်က ငါသည် ငါရွေးချယ်တော်မူသောသူနှင့် ပဋိညာဉ်ပြုခဲ့လေပြီ။ ငါ၏အစေခံဖြစ်သော ဒါဝိဒ်မင်းကြီးအားလည်း ကျိန်ဆိုကတိပေးခဲ့သည်မှာ၊-
3 Tu disseste: "Fiz aliança com o meu escolhido, jurei ao meu servo Davi:
4 ငါသည် သင်၏အမျိုးအနွယ်ကို ထာ၀စဉ်တည်နေစေမည်။ သင်၏ရာဇပလ္လင်ကိုလည်း သားစဉ်မြေးဆက် ခိုင်မြဲစေမည်ဟူ၍ ဖြစ်သည်ဟု မိန့်တော်မူ၏။
4 Estabelecerei a tua linhagem para sempre e firmarei o teu trono por todas as gerações". Pausa
5 အိုထာ၀ရဘုရားသခင်၊ ကောင်းကင်တို့သည် ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်ရာတို့ကို ချီးမွမ်းထောမနာပြုကြပါစေ။ သူတော်သူမြတ်တို့၏ စုဝေးရာတွင်လည်း ကိုယ်တော်၏သစ္စာတော်ကို ချီးမွမ်းထောမနာပြုကြပါစေ။-
5 Os céus louvam as tuas maravilhas, Senhor, e a tua fidelidade na assembléia dos santos.
6 အိုထာ၀ရဘုရားသခင်၊ ကောင်းကင်တွင် မည်သူသည် ကိုယ်တော်နှင့် နှိုင်းယှဉ်နိုင်ပါသနည်း။ ကောင်းကင်သားတို့ အလယ်တွင် မည်သူသည် ထာ၀ရဘုရားသခင်နှင့်တူပါသနည်း။-
6 Pois, quem nos céus poderá comparar-se ao Senhor? Quem dentre os seres celestiais assemelha-se ao Senhor?
7 ကိုယ်တော်သည် သူတော်သူမြတ်တို့၏အစုအဝေးတွင် ကြောက်ရွံ့ရိုသေခြင်းခံရသော ဘုရားဖြစ်ပါ၏။ ကိုယ်တော်၏ ပတ်ဝန်းကျင်တွင်ရှိသည့် အရာအားလုံးထက် ကိုယ်တော်သည် ကြီးမြတ်တော်မူ၍ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်ပါ၏။-
7 Na assembléia dos santos Deus é temível, mais do que todos os que o rodeiam.
8 ကောင်းကင်ဗိုလ်ခြေတို့၏အရှင် အိုထာ၀ရဘုရားသခင်၊ မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားကြီးပါသနည်း။ ကိုယ်တော်၏သစ္စာတော်သည် ကိုယ်တော့်ကို ဝိုင်းရံလျက်ရှိပါ၏။-
8 Ó Senhor, Deus dos Exércitos, quem é semelhante a ti? És poderoso, Senhor, envolto em tua fidelidade.
9 ကိုယ်တော်သည် လှိုင်းကြီးသောပင်လယ်ကို အစိုးရတော်မူပါ၏။ လှိုင်းတံပိုးတို့ထလာသောအခါ ကိုယ်တော်သည် ၎င်းတို့ကို ငြိမ်စေတော်မူ၏။-
9 Tu dominas o revolto mar; quando se agigantam as suas ondas, tu as acalmas.
10 ကိုယ်တော်သည် ရာဟပ်ကို အသေကောင်ကဲ့သို့ ချေမုန်းခဲ့ပါ၏။ ကိုယ်တော်၏ ခွန်အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို ကွဲလွင့်စေခဲ့ပါ၏။-
10 Esmagaste e mataste o Monstro dos Mares; com teu braço forte dispersaste os teus inimigos.
11 မိုးကောင်ကင်သည်လည်းကောင်း၊ ကမ္ဘာမြေကြီးသည်လည်းကောင်း ကိုယ်တော်ပိုင်ဆိုင်ရာများဖြစ်ကြ၏။ ကမ္ဘာမြေကြီးနှင့် ၎င်းအပေါ်တွင်ရှိသမျှတို့ကို ကိုယ်တော်တည်ဆောက်ထားတော်မူ၏။-
11 Os céus são teus, e tua também é a terra; fundaste o mundo e tudo o que nele existe.
12 ကိုယ်တော်သည် မြောက်အရပ်နှင့် တောင်အရပ်တို့ကို ဖန်ဆင်းထားတော်မူ၏။ တာဘော်နှင့် ဟေမွန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာသီဆိုကျူးအေးကြပါ၏။-
12 Tu criaste o Norte e o Sul; o Tabor e o Hermom cantam de alegria pelo teu nome.
13 ကိုယ်တော်၏လက်ရုံးတော်သည် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်၏လက်တော်သည် သန်စွမ်း၍ လက်ယာ လက်တော်သည် ချီးမြှောက်ခြင်းခံရပါ၏။-
13 O teu braço é poderoso; a tua mão é forte, exaltada é tua mão direita.
14 ဖြောင့်မတ်မှန်ကန်မှုနှင့် တရားမျှတမှုတို့သည် ကိုယ်တော့်ရာဇပလ္လင်တော်၏ အခြေခံအုတ်မြစ်ဖြစ်ကြပါ၏။ ခိုင်မြဲသော မေတ္တာနှင့်သစ္စာတော်သည် ကိုယ်တော်၏ရှေ့တော်မှ သွားကြပါ၏။-
14 A retidão e a justiça são os alicerces do teu trono; o amor e a fidelidade vão à tua frente.
15 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော့်ကို ချီးမွမ်းဩဘာပေးတတ်သော သူတို့သည် မင်္ဂလာရှိကြပါ၏။ သူတို့သည် ရွှေမျက်နှာတော်၏ အလင်းတွင် သွားလာကြကုန်၏။-
15 Como é feliz o povo que aprendeu a aclamar-te, Senhor, e que anda na luz da tua presença!
16 သူတို့သည် ကိုယ်တော်၏ နာမတော်၌ တစ်နေ့လုံး ရွှင်လန်းဝမ်းမြောက်ကြ၍ ကိုယ်တော်၏ ဖြောင့်မတ်မှန်ကန်မှု၌ အားရဝမ်းသာကြပါ၏။-
16 Sem cessar exultam no teu nome, e alegram-se na tua retidão,
17 အကြောင်းမူကား ကိုယ်တော်သည် သူတို့၏ခွန်အားတန်ခိုးအတွက် ဘုန်းဂုဏ်တော်ဖြစ်တော်မူပါ၏။ ကိုယ်တော်၏ ကျေးဇူးပြုတော်မူခြင်းအားဖြင့် အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်ခြင်းခံရပါ၏။-
17 pois tu és a nossa glória e a nossa força, e pelo teu favor exaltas a nossa força.
18 အကြောင်းမူကား အကျွန်ုပ်တို့၏ အကာအကွယ်ဒိုင်းလွှားသည် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး အကျွန်ုပ်တို့၏ ဘုရင်သည်လည်း အစ္စရာအဲလ်လူမျိုး၏ သန့်ရှင်းသောသူနှင့် သက်ဆိုင်လေ၏။
18 Sim, Senhor, tu és o nosso escudo, ó Santo de Israel, tu és o nosso rei.
19 ရှေးကာလက ကိုယ်တော့်ကို သစ္စာစောင့်သိသော သူအားရူပါရုံ၌ မိန့်မြွက်ခဲ့သည်မှာ ငါသည် ခွန်အားကြီးသောသူတစ်ဦး အပေါ်၌ သရဖူကို အပ်နှင်းလေပြီ။ လူတို့အလယ်မှ ရွေးချယ်ထားသော သူတစ်ဦးကို ငါချီးမွမ်းလေ ပြီဟူ၍ဖြစ်၏။-
19 Numa visão falaste um dia, e aos teus fiéis disseste: "Cobri de forças um guerreiro, exaltei um homem escolhido dentre o povo.
20 ငါ၏အစေခံဒါဝိဒ်ကို ငါရှာတွေ့ခဲ့ပြီး ငါ၏သန့်ရှင်းသောဆီဖြင့် သူ့ကိုဘိသိက်ပေးခဲ့ပြီ။-
20 Encontrei o meu servo Davi; ungi-o com o meu óleo sagrado.
21 ငါ၏လက်တော်သည် သူ့ကိုထောက်မတော်မူ၍ ငါ၏လက်ရုံးတော်သည်လည်း သူ့ကို အားဖြည့်ပေးတော်မူလိမ့်မည်။-
21 A minha mão o susterá, e o meu braço o fará forte.
22 မည်သည့်ရန်သူကမျှ သူ့ကို မအောင်နိုင်စေရ။ ဆိုးယုတ်သောသူ မည်သူမျှလည်း သူ့ကိုမဖိနှိပ်စေရ။-
22 Nenhum inimigo o sujeitará a tributos; nenhum injusto o oprimirá.
23 ငါသည် သူ၏ရန်ဘက်များကို သူ၏ရှေ့မှောက်တွင် ချေမှုန်းတော်မူမည်။ သူ့ကိုမုန်းတီးသောသူတို့ကို ကျဆုံးစေ တော်မူမည်။-
23 Esmagarei diante dele os seus adversários e destruirei os seus inimigos.
24 ငါ၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်သည် သူနှင့်အတူရှိမည်။ ငါ၏နာမတော်အားဖြင့် သူ၏ဦးချိုသည် ချီးမြှောက်ခြင်းခံရလိမ့်မည်။-
24 A minha fidelidade e o meu amor o acompanharão, e pelo meu nome aumentará o seu poder.
25 ငါသည် သူ၏လက်ကို ပင်လယ်ပြင်ပေါ်တွင်လည်းကောင်း၊ သူ၏လက်ယာလက်ကို မြစ်များပေါ်တွင်လည်းကောင်း တည်စေမည်။-
25 A sua mão dominará até o mar, e a sua mão direita, até os rios.
26 သူသည် ငါ့ထံသို့ ကြွေးကြော်မည်မှာ ကိုယ်တော်သည် အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ဘုရားနှင့် အကျွန်ုပ်၏ကယ်တင်ခြင်း ကျောက်ဆောင်ဖြစ်တော်မူပါ၏ ဟူ၍ဖြစ်၏။-
26 Ele me dirá: ‘Tu és o meu Pai, o meu Deus, a Rocha que me salva’.
27 ငါသည် သူ့အား ငါ၏သားဦးအဖြစ်လည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိ ဘုရင်အပေါင်းတို့တွင် အမြင့်မြတ်ဆုံးအဖြစ် လည်းကောင်း ခန့်ထားတော်မူမည်။-
27 Também o nomearei meu primogênito, o mais exaltado dos reis da terra.
28 သူ့အပေါ်ထားရှိသော ငါ၏မေတ္တာတော်ကို ငါအစဉ်ထာ၀ရထိန်းသိမ်းမည်။ သူနှင့်ပြုထားသော ငါ၏ပဋိညာဉ်သည်လည်း အစဉ်တည်တံ့လိမ့်မည်။-
28 Manterei o meu amor por ele para sempre, e a minha aliança com ele jamais se quebrará.
29 ငါသည် သူ၏မျိုးဆက်ကို ထာ၀ရအစဉ်အဆက်တည်ထောင်မည်။ သူ၏ရာဇပလ္လင်ကိုလည်း ကောင်းကင်တည်သရွေ့ တည်စေမည်။-
29 Firmarei a sua linhagem para sempre, o seu trono durará enquanto existirem céus.
30 သူ၏သားတို့သည် ငါ၏ပညတ်တရားကိုစွန့်ပယ်၍ ငါ၏ဥပဒေများကို မလိုက်နာကြလျှင်သော်လည်းကောင်း၊-
30 Se os seus filhos abandonarem a minha lei e não seguirem as minhas ordenanças,
31 ငါ၏အမိန့်ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ ငါ၏ပညတ်တော်များကို စောင့်ထိန်းခြင်းမပြုကြလျှင်သော်လည်းကောင်း၊-
31 se violarem os meus decretos e deixarem de obedecer aos meus mandamentos,
32 ငါသည် သူတို့၏အပြစ်ကို တုတ်နှင့်ဒဏ်ခတ်၍ သူတို့၏ ဒုစရိုက်အတွက် ကြိမ်ဖြင့်ရိုက်မည်။-
32 com a vara castigarei o seu pecado, e a sua iniqüidade com açoites;
33 သို့သော် ငါ၏ခိုင်မြဲသော မေတ္တာတော်ကို သူ့ထံမှဖယ်ရှားလိမ့်မည်မဟုတ်။ ငါသည် သူ့အပေါ် မည်သည့်အခါမျှ သစ္စာဖောက်လိမ့်မည်မဟုတ်။-
33 mas não afastarei dele o meu amor; jamais desistirei da minha fidelidade.
34 ငါ၏ပဋိညာဉ်တော်ကို ငါချိုးဖောက်လိမ့်မည်မဟုတ်။ ငါ၏နှုတ်ခမ်းဖျားမှထွက်သော စကားကိုပြောင်းလဲလိမ့်မည်မဟုတ်။-
34 Não violarei a minha aliança nem modificarei as promessas dos meus lábios.
35 ငါသည် ဒါဝိဒ်မင်းကြီးကို လိမ်ညာပြောဆိုလိမ့်မည်မဟုတ်ဟု ငါ၏သန့်ရှင်းမွန်မြတ်မှုကို တိုင်တည်၍ တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ကျိန်ဆိုခဲ့ပြီ။-
35 De uma vez para sempre jurei pela minha santidade, e não mentirei a Davi,
36 သူ၏အမျိုးအနွယ်သည် အစဉ်အမြဲဆက်လက်တည်တံ့မည်။ သူ၏ရာဇပလ္လင်သည်လည်း ငါ၏ရှေ့တော်မှောက်တွင် နေမင်းကဲ့သို့ တည်မြဲမည်။-
36 que a sua linhagem permanecerá para sempre, e o seu trono durará como o sol;
37 လမင်းကဲ့သို့ပင် သူ၏ရာဇပလ္လင်သည် အစဉ်အမြဲတည်လိမ့်မည်။ ယင်းသည် ကောင်းကင်တည်သရွေ့ အခိုင်အမာတည်ရှိလိမ့်မည်။
37 e será estabelecido para sempre como a lua, a fiel testemunha no céu". Pausa
38 သို့ရာတွင် ကိုယ်တော်သည် ကိုယ်တော်ဘိသိက်ပေးထားသူအား အလွန်အမျက်ထွက်ခဲ့၍ သူ့ကိုစွန့်ပစ်ကာ ငြင်းပယ် တော်မူလေပြီ။-
38 Mas tu o rejeitaste, recusaste-o e te enfureceste com o teu ungido.
39 ကိုယ်တော်၏အစေခံနှင့် ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်း ကိုယ်တော် ပယ်ဖျက်တော်မူလေပြီ။ သူ၏သရဖူ ကိုလည်း ဖုန်မှုန့်ထဲတွင် ညစ်ညူးစေလေပြီ။-
39 Revogaste a aliança com o teu servo e desonraste a sua coroa, lançando-a ao chão.
40 ကိုယ်တော်သည် သူ၏တံတိုင်းများကို ချိုးဖောက်၍ သူ၏ခံတပ်များကိုလည်း ပျက်စီးစေခဲ့လေပြီ။-
40 Derrubaste todos os seus muros e reduziste a ruínas as suas fortalezas.
41 ဖြတ်သန်းသွားလာသူအပေါင်းတို့သည် သူ့ကိုလုယက်တိုက်ခိုက်ကြပါ၏။ သူသည် အိမ်နီးချင်းတို့၏ ကဲ့ရဲ့ဖွယ်ရာဖြစ်ပါ၏။-
41 Todos os que passam o saqueiam; tornou-se motivo de zombaria para os seus vizinhos.
42 ကိုယ်တော်သည် သူ့ရန်သူတို့၏ လက်ယာလက်ကို ချီးမြှောက်တော်မူပြီး သူ၏ရန်သူအပေါင်းတို့အား ရွှင်လန်းဝမ်းမြောက် စေလေပြီ။-
42 Tu exaltaste a mão direita dos seus adversários e encheste de alegria todos os seus inimigos.
43 ထိုမျှမက ကိုယ်တော်သည် သူ၏ဓားသွားကိုလိမ်စေပြီး သူ့ကိုစစ်ပွဲတွင် ကူညီထောက်မခြင်း မပြုခဲ့ပေ။-
43 Tiraste o fio da sua espada e não o apoiaste na batalha.
44 ကိုယ်တော်သည် သူ၏လက်မှ ရာဇလှံတံကို ဖယ်ရှားတော်မူ၍ သူ၏ရာဇပလ္လင်ကို မြေကြီးသို့ ချတော်မူ၏။-
44 Deste fim ao seu esplendor e atiraste ao chão o seu trono.
45 ကိုယ်တော်သည် သူ၏ငယ်ရွယ်သောဘ၀ကို တိုတောင်းစေပြီးလျှင် သူ့ကိုအရှက်ဖြင့် ဖုံးလွှမ်းခဲ့လေပြီ။
45 Encurtaste os dias da sua juventude; com um manto de vergonha o cobriste. Pausa
46 အို ထာ၀ရဘုရားသခင်၊ မည်မျှကြာပါဦးမည်နည်း။ ကိုယ်တော်သည် အစဉ်ထာ၀ရပုန်းကွယ်၍ နေပါမည်လော။ ကိုယ်တော်၏အမျက်တော်သည် မည်မျှကြာအောင် မီးကဲ့သို့တောက်လောင်ပါမည်နည်း။-
46 Até quando, Senhor? Para sempre te esconderás? Até quando a tua ira queimará como fogo?
47 အကျွန်ုပ်၏ဘ၀သည် မည်မျှတိုတောင်းသည်ကို သတိရတော်မူပါ။ သေမျိုးဖြစ်သော လူတို့ကို ကိုယ်တော်ဖန်ဆင်းခဲ့ခြင်း သည် အချည်းနှီးဖြစ်ပါသလော။-
47 Lembra-te de como é passageira a minha vida. Terás criado em vão todos os homens?
48 မည်သူသည် သေခြင်းကို မည်သည့်အခါမျှမမြင်ရဘဲ အသက်ရှင်နေနိုင်ပါသနည်း။ သို့မဟုတ် မိမိကိုယ်ကို မရဏ၏ တန်ခိုးအာဏာမှ ကယ်တင်နိုင်ပါသနည်း။
48 Que homem pode viver e não ver a morte, ou livrar-se do poder da sepultura? Pausa
49 အိုထာ၀ရဘုရားသခင်၊ ဒါဝိဒ်မင်းကြီးအား သစ္စာရှိစွာကျိန်ဆိုခဲ့သော ရှေးယခင်က ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်သည် အဘယ်မှာနည်း။-
49 Ó Senhor, onde está o teu antigo amor, que com fidelidade juraste a Davi?
50 ကိုယ်တော်၏အစေခံ အကျွန်ုပ်သည် မည်ကဲ့သို့ အစော်ကားခံရသည်ကိုလည်းကောင်း၊ လူတို့၏ စော်ကားမှုတို့ကို အကျွန်ုပ်၏ရင်၌ မည်မျှခံစားရသည်ကိုလည်းကောင်း သတိရတော်မူပါ။-
50 Lembra-te, Senhor, das afrontas que o teu servo tem sofrido, das zombarias que no íntimo tenho que suportar de todos os povos,
51 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ရန်သူတို့သည် ထိုအရာတို့နှင့် စော်ကားကြပါ၏။ သူတို့သည် ကိုယ်တော် ဘိသိက်ပေးထားသောသူ၏ ခြေလှမ်းတို့ကိုလည်း ထိုအရာတို့နှင့် စော်ကားကြပါ၏။
51 das zombarias dos teus inimigos, Senhor, com que afrontam a cada passo o teu ungido.
52 ထာ၀ရဘုရားသခင်အား ကာလအဆက်ဆက် ချီးမွမ်းထောမနာရှိစေသတည်း။ အာမင်၊ အာမင်။
52 Bendito seja o Senhor para sempre! Amém e amém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 89, comparar traduções ou montar um estudo — tudo direto pelo WhatsApp.