Salmos 88
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အကျွန်ုပ်၏ဘုရားဖြစ်တော်မူသော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ နေ့ညမပြတ် အော်ဟစ် တောင်းလျှောက်ပါ၏။-
1 Ó Senhor, Deus que me salva, a ti clamo dia e noite.
2 အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။
2 Que a minha oração chegue diante de ti; inclina os teus ouvidos ao meu clamor.
3 အကြောင်းမူကား အကျွန်ုပ်၏ဝိညာဉ်သည် ဒုက္ခဆင်းရဲခြင်းများဖြင့် ပြည့်လျက်ရှိပါ၏။ အကျွန်ုပ်၏ ဘ၀အသက်တာ သည်လည်း မရဏသေခြင်းသို့ ချဉ်းကပ်နေပါပြီ။-
3 Tenho sofrido tanto que a minha vida está à beira da sepultura!
4 အကျွန်ုပ်သည် တွင်းနက်ထဲသို့ ဆင်းသောသူများနှင့်အတူ ရေးမှတ်ခံရပြီး ခွန်အားမရှိသောသူကဲ့သို့ ဖြစ်နေပါပြီ။-
4 Sou contado entre os que descem à cova; sou como um homem que já não tem forças.
5 အကျွန်ုပ်သည် သေသူတို့အလယ်တွင် စွန့်ပစ်ခံရသူကဲ့သို့လည်းကောင်း၊ အသတ်ခံရပြီး သခင်္ျိုင်းတွင် လဲလျောင်းနေသူ ကဲ့သို့လည်းကောင်း၊ ကိုယ်တော် လုံး၀မေ့လျော့နေသော သူတို့ကဲ့သို့လည်းကောင်းဖြစ်ပါ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်၏လက်တော်မှ ဝေးကွာနေကြပါ၏။-
5 Fui colocado junto aos mortos, sou como os cadáveres que jazem no túmulo, dos quais já não te lembras, pois foram tirados de tua mão.
6 ကိုယ်တော်သည် အကျွန်ုပ်ကို မှောင်မဲ၍ နက်ရှိုင်းလှသောတွင်းကြီးထဲသို့ ချတော်မူခဲ့လေပြီ။-
6 Puseste-me na cova mais profunda, na escuridão das profundezas.
7 ကိုယ်တော်၏အမျက်တော်သည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။ ကိုယ်တော်၏လှိုင်းတံပိုးတော်များဖြင့် အကျွန်ုပ်ကို နစ်မြုပ်စေပါပြီ။
7 Tua ira pesa sobre mim; com todas as tuas ondas me afligiste. Pausa
8 ကိုယ်တော်သည် အကျွန်ုပ်၏ အရင်းနှီးဆုံးမိတ်ဆွေများကို အကျွန်ုပ်ထံမှ ခေါ်ယူသွားခဲ့ပြီ။ အကျွန်ုပ်ကို သူတို့အတွက် ရွံရှာဖွယ်ဖြစ်စေတော်မူခဲ့ပြီ။ အကျွန်ုပ်သည် လှောင်ပိတ်ခြင်းခံရ၍ ထွက်မပြေးနိုင်တော့ပါ။-
8 Afastaste de mim os meus melhores amigos e me tornaste repugnante para eles. Estou como um preso que não pode fugir;
9 အကျွန်ုပ်၏မျက်စိများသည် ပူဆွေးဝမ်းနည်းရခြင်းဖြင့် မှုန်ဝါးနေပါ၏။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ကိုယ်တော်ထံတောင်းလျှောက်၍ အထံတော်သို့ အကျွန်ုပ်၏လက်များကို ဆန့်တန်းပါ၏။-
9 minhas vistas já estão fracas de tristeza. A ti, Senhor, clamo cada dia; a ti ergo as minhas mãos.
10 ကိုယ်တော်သည် သေသောသူတို့အတွက် ကိုယ်တော်၏အံ့ဖွယ်အမှုတို့ကို ပြုလုပ်ပါသလော။ သေသောသူတို့သည် ထ၍ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြပါသလော။
10 Acaso mostras as tuas maravilhas aos mortos? Acaso os mortos se levantam e te louvam? Pausa
11 ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကို သခင်္ျိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော် အကြောင်းကို ပျက်စီးရာဌာန၌လည်းကောင်း ထုတ်ဖော်ပြောဆိုကြပါသလော။-
11 Será que o teu amor é anunciado no túmulo, e a tua fidelidade, no Abismo da Morte?
12 ကိုယ်တော်၏ အံ့ဖွယ်တန်ခိုးလက္ခဏာများသည် မှောင်မိုက်သောနေရာ၌လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ် မှန်ကန်သော အမှုများသည် မေ့ပျောက်ခံရသော ဒေသ၌လည်းကောင်း အသိအမှတ်ပြုခြင်း ခံရပါသလော။
12 Acaso são conhecidas as tuas maravilhas na região das trevas, e os teus feitos de justiça, na terra do esquecimento?
13 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အား ကူညီမစတော်မူပါရန် ကိုယ်တော့်ထံတော်သို့ အကျွန်ုပ်အော်ဟစ် တောင်းလျှောက်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသည် ကိုယ်တော်၏ ရှေ့တော်သို့ရောက်ပါ၏။-
13 Mas eu, Senhor, a ti clamo por socorro; já de manhã a minha oração chega à tua presença.
14 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်ထားတော်မူသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူပါသနည်း။-
14 Por que, Senhor, me rejeitas e escondes de mim o teu rosto?
15 အကျွန်ုပ်သည် ငယ်စဉ်ကပင် ဝေဒနာခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်၏ထိတ် လန့်ဖွယ်ရာများကို တွေ့ကြုံခံစားရသဖြင့် အကျွန်ုပ်သည် စိတ်ပျက်အားငယ်လျက်ရှိပါ၏။-
15 Desde moço tenho sofrido e ando perto da morte; os teus terrores levaram-me ao desespero.
16 ကိုယ်တော်၏ အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါ၏။ ကိုယ်တော်၏ ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖျက်ဆီးခဲ့ကြပါ၏။-
16 Sobre mim se abateu a tua ira; os pavores que me causas me destruíram.
17 ယင်းတို့သည် မြစ်ရေလျှံသကဲ့သို့ တစ်နေ့လုံး အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိပြီးလျှင် အဘက်ဘက်မှနေ၍ အကျွန်ုပ်အနီးသို့ ချဉ်းကပ်လာကြပါ၏။-
17 Cercam-me o dia todo como uma inundação; envolvem-me por completo.
18 ကိုယ်တော်သည် အကျွန်ုပ်၏မိတ်ဆွေများနှင့် အိမ်နီးချင်းများအား အကျွန်ုပ်ကို ရှောင်ရှားစေခဲ့ပါပြီ။ မှောင်မိုက်ခြင်းသာလျှင် အကျွန်ုပ်၏အရင်းနှီးဆုံးသော မိတ်ဆွေဖြစ်ပါ၏။
18 Tiraste de mim os meus amigos e os meus companheiros; as trevas são a minha única companhia.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 88, comparar traduções ou montar um estudo — tudo direto pelo WhatsApp.