Salmos 86
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏စကားကို နားညောင်း၍ ဖြေကြားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ဆင်းရဲနွမ်းပါး၍ ချို့တဲ့နေပါ၏။-
1 Inclina os teus ouvidos, ó Senhor, e responde-me, pois sou pobre e necessitado.
2 အကျွန်ုပ်သည် ကိုယ်တော့်ကို ကြည်ညိုလေးစားသူဖြစ်၍ အကျွန်ုပ်၏အသက်ကို စောင့်ရှောက်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော့်ကို ယုံကြည်အားကိုးသော ကိုယ်တော်၏အစေခံကို ကယ်တော်မူပါ။-
2 Guarda a minha vida, pois sou fiel a ti. Tu és o meu Deus; salva o teu servo que em ti confia!
3 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တစ်နေ့လုံး ကိုယ်တော့်ကို တမ်းတပါ၏။-
3 Misericórdia, Senhor, pois clamo a ti sem cessar.
4 ကိုယ်တော့် အစေခံ၏ဝိညာဉ်ကို ဝမ်းမြောက်စေတော်မူပါ။ အကြောင်းမူကား အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော့်ထံသို့ ဆက်ကပ်ပူဇော်ပါ၏။-
4 Alegra o coração do teu servo, pois a ti, Senhor, elevo a minha alma.
5 အို ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူသောအရှင်ဖြစ်ပြီး ကိုယ်တော့်ကိုချဉ်းကပ်သော သူအပေါင်းတို့အား တည်ကြည်ခိုင်မြဲသော မေတ္တာတော်ဖြင့် အပြည့်အဝချစ်တော်မူ၏။-
5 Tu és bondoso e perdoador, Senhor, rico em graça para com todos os que te invocam.
6 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းပတ္ထနာကို ကြားနာတော်မူပါ။ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။-
6 Escuta a minha oração, Senhor; atenta para a minha súplica!
7 ကိုယ်တော်သည် အကျွန်ုပ်ကို ဖြေကြားတော်မူမည်ဖြစ်သောကြောင့် ဒုက္ခရောက်ချိန်တွင် ကိုယ်တော့်ကို ခေါ်တပါမည်။
7 No dia da minha angústia clamarei a ti, pois tu me responderás.
8 အိုထာ၀ရဘုရားသခင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့် တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုလုပ်တော်မူသော အမှုအရာများနှင့် နှိုင်းယှဉ်နိုင်သည့်အမှုအရာများလည်း မရှိပါ။-
8 Nenhum dos deuses é comparável a ti, Senhor, nenhum deles pode fazer o que tu fazes.
9 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ရှေ့တော်သို့ လာရောက်၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်အား ချီးမွမ်းထောမနာပြုကြပါလိမ့်မည်။-
9 Todas as nações que tu formaste virão e te adorarão, Senhor, glorificarão o teu nome.
10 အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်တော်မူ၍ အံ့ဖွယ်အမှုတို့ကို ပြုလုပ်တော်မူပါ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင် ဘုရားဖြစ်တော်မူပါ၏။-
10 Pois tu és grande e realizas feitos maravilhosos; só tu és Deus!
11 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ သမ္မာတရားလမ်း၌ လျှောက်လှမ်းပါမည်။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေသော စိတ်နှလုံးကို ပေးသနားတော်မူပါ။-
11 Ensina-me o teu caminho, Senhor, para que eu ande na tua verdade; dá-me um coração inteiramente fiel, para que eu tema o teu nome.
12 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ချီးမွမ်း ပါ၏။ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်အစဉ်ထာ၀ရ ချီးမွမ်းထောမနာပြုပါမည်။-
12 De todo o meu coração te louvarei, Senhor, meu Deus; glorificarei o teu nome para sempre.
13 အကြောင်းမူကား အကျွန်ုပ်အပေါ်ထားရှိသော ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၏ နက်ရှိုင်းရာအရပ်မှ ကယ်နုတ်တော်မူခဲ့ပါ၏။
13 Pois grande é o teu amor para comigo; tu me livraste das profundezas do Sheol.
14 အိုဘုရားသခင်၊ မောက်မာထောင်လွှားသောသူတို့သည် အကျွန်ုပ်ကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိကြပါ၏။ ရက်စက် ကြမ်းကြုတ်သော လူတစ်စုသည် ကိုယ်တော့်ကို ဥပေက္ခာပြုကာ အကျွန်ုပ်၏အသက်ကို ရန်ရှာကြပါ၏။-
14 Os arrogantes estão me atacando, ó Deus; um bando de homens cruéis, gente que não faz caso de ti procura tirar-me a vida.
15 သို့သော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် သနားကြင်နာတတ်သော၊ ကျေးဇူးပြုတတ်သော၊ စိတ်ရှည်သည်းခံ တတ်သော၊ မေတ္တာတရားနှင့်ပြည့်၀သော၊ သစ္စာရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။-
15 Mas tu, Senhor, és Deus compassivo e misericordioso, muito paciente, rico em amor e em fidelidade.
16 အကျွန်ုပ်ကို လှည့်ကြည့်၍ သနားတော်မူပါ။ ကိုယ်တော်၏အစေခံကို ခွန်အားဖြည့်ပေးတော်မူပါ။ ကိုယ်တော့်အစေခံမ၏ သားကို ကယ်တော်မူပါ။-
16 Volta-te para mim! Tem misericórdia de mim! Concede a tua força a teu servo e salva o filho da tua serva.
17 အိုထာ၀ရဘုရားသခင်၊ ကောင်းမြတ်ခြင်း၏ အမှတ်လက္ခဏာကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ်ကိုမုန်းသော သူတို့သည် ၎င်းကိုမြင်ကြ၍ ရှက်ကြောက်ကြပါစေ။ အဘယ်ကြောင့်ဆိုသော် အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကူညီမစပြီး နှစ်သိမ့်တော်မူခဲ့လေပြီ။
17 Dá-me um sinal da tua bondade, para que os meus inimigos vejam e sejam humilhados, pois tu, Senhor, me ajudaste e me consolaste.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 86, comparar traduções ou montar um estudo — tudo direto pelo WhatsApp.